Health Knowledge

စွန်ပလွံသီးရဲ့ဆေးဖက်ဝင်ပုံများ

စာဖတ်ပရိသတ်ကြီးကို ယခုတင်ဆက်ပေးမှကတော့ာစွန်ပလွံသီးရဲ့ ဆေးဖက်ဝင်ပုံများအကြောင်းကိုတင်ဆက်ပေးလိုက်တာဖြစ်ပါတယ် ။

စွန်ပလွံသီးကို ယိုထိုးစားကြသလို စွန်ပလွံသီးခြောက် အဖြစ် စားကြတာများပါတယ် ။ သရေစာ အဖြစ် စားကြတဲ့ အစားအစာ ဖြစ်ပေမယ့် ကျန်းမာရေး အကျိုးရှိပုံတွေကတော့ များပါတယ် ။ စွန်ပလွံပင်ဟာ ထန်းပင်နဲ့ ဆင်တူပါတယ် ။ အရွက်ကတော့ အုန်းရွက်နဲ့ တူပါတယ် ။

အသီးဟာ မှည့်လာတဲ့အခါမှာ လိမ္မော်ရောင်ဖြစ်နေပြီး အစေ့ကတော့ ရှည်ပါတယ် ။ အသီးကို အာဟာရ အဖြစ် စားလို့ရသလို ဆေးဝါး အဖြစ်လည်း သုံးကြပါတယ် ။ စွန်ပလွံသီးမှာ ကယ်လိုရီ ၊ ရေငွေ့ဓာတ် ၊ ပရိုတင်းဓာတ် ၊ အဆီဓာတ် ၊ ကာဗိုဟိုက်ဒရိတ် ၊ အမျှင်ဓာတ် ၊သတ္တုဓာတ် ၊ ကယ်လ်စီယမ် ၊ သံဓာတ် ၊ ဗီတာမင်အေ၊ ဗီတာမင်ဘေတို့ ပါဝင်ပါတယ် ။

စွန်ပလွံသီးဟာ ချို၏ ၊ အေး၏ ၊ နှလုံးကို နှစ်သက်စေပြီး သလိပ်နဲ့သုတ်ကို တိုးပွားစေနိုင်၏ ။ ခွန်အားကို ဖြစ်စေပြီး ကာမကို အားပေး၏ ။ ၀ဖြိုးစေပြီး လေ ၊ သ်ညးခြေက်ု နိုင်၏ ။ ရေငတ် ၊ ချောင်းဆိုး၊ မူးဝေနာ အော့အန့်ခြင်းကို ဖြစ်စေ၏ ။ ပန်းနာရောဂါကို သက်သာစေပြီး အရွယ်ကို နုပျိုစေပြီး အစာကြေညက်ခဲစေ၏ ။

ပူလောင်ခြင်းကို ပျောက်ကင်း စေနိုင်၏ ။ စွန်ပလွံသီး အခါးရည်ဟာ ထန်းရည်အရသာနဲ့ ဆင်တူ၏ ။ စွန်ပလွံသီးဟာ ရင်ကို အေးမြစေပြီး ၀မ်းချုပ်ခြင်းကို သက်သာစေပါတယ် ။ ၀မ်းချုပ်တတ်သူတွေ အတွက် နေ့စဉ် စားပေးသင့်ပါတယ် ။

အရက်အမူးလွန်နေသူတွေ အတွက် အသီးကို ရေစိမ်တိုက်ပေးရင် ဖြေဆေးအဖြစ် အသုံးဝင်ပါတယ် ။ နွားနို့နဲ့ ကျိုသောက်ပေးရင်တော့ လိုအပ်တဲ့ အာဟာရကိုဓာတ်ကို ပေးစွမ်းနိုင်ပါတယ် ။ စွန်ပလွံသီးဟာ သွေးအားကို ကောင်းစေပြီး သွားနဲ့အရိုးကို သန်မာစေနိုင်ပါတယ် ။ မျက်စိဝေဒနာကို ကာကွယ်ပေးနိုင်ပြီး အသားအရေ စိုပြည်စေနိုင်ပါတယ် ။ အာရုံကြောကို လန်းဆန်းစေပြီး အဖျားရောဂါကို သက်သာစေပါတယ် ။

ယခုပြောပြတဲ့သည့် စွန်ပလွံသီးရဲ့ ဆေးဖက်ဝင်ပုံများအကြောင်းကလည်း စာဖတ်ရင်း ရလာတဲ့ ဗဟုသုတပါ  ။ စာမဖတ် ဗဟုသုတ မရှာခဲ့ရင် ခုလိုကူညီနိုင်မှာ မဟုတ်ပါဘူး  ။

ယခုတင်ဆက်ပေးသော အကြောင်းအရာလေးကို သဘောကျတယ်ဆိုရင် ပြန်လည်မျှဝေပေးဖို့အတွက် တောင်းဆိုပါရစေ ။ လူကြီးမင်းတို့ရဲ့ အားပေးမှုတျွေက ကျွန်တော်၊ကျွန်မတို့အတွက် ဆက်လက်တင်ဆက်ပေးဖို့အတွက် ခွန်းအားသစ်တွေရရှိပါတယ် ။

ယခုတင်ဆက်ပေးသော အကြောင်းအရာလေးကို သဘောကျတယ်ဆိုရင် ပြန်လည်မျှဝေပေးဖို့အတွက် တောင်းဆိုပါရစေ ။ လူကြီးမင်းတို့ရဲ့ အားပေးမှုတျွေက ကျွန်တော်၊ကျွန်မတို့အတွက် ဆက်လက်တင်ဆက်ပေးဖို့အတွက် ခွန်းအားသစ်တွေရရှိပါတယ် ။