Health Knowledge

နံနက်ခင်းမှာ ရေချိုးခြင်းရဲ့ကောင်းကျိုးများအကြောင်း

စာဖတ်ပရိသတ်ကြီးကို ယခုတင်ဆက်ပေးမှကတော့နံနက်ခင်းမှာ ရေချိုးခြင်းရဲ့ကောင်းကျိုးများအကြောင်းကိုတင်ဆက်ပေးလိုက်တာဖြစ်ပါတယ် ။

မနက်စောစောတွင် ရေချိုးခြင်းသည် လူကိုလန်းဆန်းစေသည်သာမက ကျန်းမာရေးအတွက်လည်း အထောင့်တစ်နေမှ အထောက်အကူပြုစေနိုင်တဲ့ အချက်များလည်းရှိပါသည် ။

၁ ။ သွေးလည်ပတ်မူကို ပိုမိုပြီး ကောင်းမွန်စေပါတယ်

နံနက်ခင်းမှာ ရေအေးနဲ့ ချိုးတာထက် ရေနွေးနဲ့ ချိုးတာကို ပိုမိုပြီး သွေးလည် ပတ်မူကို အားကောင်းစေပါတယ် ။ ဒါ့အပြင် ကြွက်သားများကို တောင့်တင်းသန်မာ စေနိုင်ပါတယ် ။ ရေနွေးနဲ့ ရေချိုးခြင်းဟာ ကျန်းမာရေး အတွက်လည်း များစွာ အထောက်အကူ ပြုစေပါတယ် ။

၂ ။ ပေါ့ပါး လွတ်လပ်စေတယ်

အိပ်ယာနိုးတဲ့ အခါမှာ ထိုင်းထိုင်းမှိုင်းမှိုင်းကြီး ဖြစ်နေရင် မနက်ခင်း ရေချိုးလိုက်တဲ့ အတွက်ကြောင့် ပေါ့ပါးလွတ်လပ် သွားပါတယ် ။

၃ ။ ဖိစီးမူတွေကို သက်သာစေပါတယ်

နံနက်ခင်း ရေချိုးခြင်းဟာ စိတ်ဖိစီးမူတွေကို သက်သာ ပျောက်ကင်းစေပါတယ် ။ ဒါကြောင့် စိတ်ဖိစီးမူတွေ ဖြစ်နေခဲ့ရင် မနက်ခင်း ရေချိုးခြင်းက များစွာ အထောက်အကူ ပြုစေမှာပါ ။

၄ ။  ကြွက်သားများ အတွက်လည်း ကောင်းမွန်စေပါတယ်

နံနက်ခင်းမှာ လမ်းလျောက်တာပဲ ဖြစ်ဖြစ်၊ gym ဆော့တာပဲ ဖြစ်ဖြစ် လေ့ကျင့်ခန်း တစ်စုံတစ်ခု လုပ်ပြီးတာနဲ့ ရေချိုးခြင်းဟာ ကြွက်သားများကို ပိုမိုပြီး သန်မာစေပါတယ်။

၅ ။ အမျိုးသားတွေ အတွက် အထူးပင် ကောင်းမွန်ပါတယ်

ကယ်လီဖိုးနီယား တက္ကသိုလ်မှ သုတေသန ပညာရှင်များ၏ အဆိုအရ တစ်ပတ်မှာ တစ်ကြိမ်ခန့် အေးတဲ့ရေနဲ့ နံနက်ခင်း ရေချိုးခြင်းဟာ သုပ်ပိုများကို ပိုမိုပြီး ဖွံဖြိုးစေနိုင်တယ်လို့ ဆိုပါတယ် ။

၆ ။ ဆံပင် အတွက်လည်း ကောင်းမွန်စေပါတယ်

ရေနွေး (သို့) ရေအေးနဲ့ နံနက်ခင်း ခေါင်းလျော်ခြင်းဟာ ဆံပင် မကျွတ်ခြင်း အတွက် အထူးပင် ကောင်းမွန်စေပါတယ်။ ဒါ့အပြင် ဆံပင်သား မကောင်းခြင်း၊ မွဲခြောက်ခြောက် ဖြစ်ခြင်းတို့အတွက်လည်း ကာကွယ် တားဆီးပေးပါတယ် ။