Healthy

တစ္ေနကုန္ ေခါင္းေတြခဲၿပီး ေခါင္းကိုက္တာမ်ိဳး မျဖစ္ေစဖို႔ သတိထားသင့္တဲ့ အေျခအေနမ်ား

တစ္ေနကုန္ ေခါင္းေတြခဲၿပီး ေခါင္းကိုက္တာမ်ိဳး မျဖစ္ေစဖို႔ သတိထားသင့္တဲ့ အေျခအေနမ်ား

ေခါင္းကိုက္တယ္ဆိုတာကလည္း ေန႔စဥ္ အလုပ္ေတြကို ထိခိုက္ေစတဲ့ ေဝဒနာမ်ိဳး ျဖစ္ပါတယ္။ ေရာဂါ တစံုတရာေၾကာင့္ မဟုတ္ဘဲ ေရရွည္ ေခါင္းကိုက္ေနရတာမ်ိဳးလည္း ျဖစ္ေနတတ္ပါေသးတယ္။

ေခါင္းကိုက္တာက ေခါင္းကိုက္ျခင္း မတိုင္ခင္မွာ ေခါင္းေတြ ေနာက္ၿပီး အံုခဲေနတာမ်ိဳးေတြလည္း ျဖစ္ေစပါေသးတယ္။

ဒီလိုမ်ိဳး ေခါင္းကိုက္တတ္တာ ျဖစ္ေစ၊ ေခါင္းသိပ္မကိုက္တတ္တဲ့သူေတြ ျဖစ္ေစ လူတိုင္းက အခုေဖာ္ျပမယ့္ အရာေတြကို ၾကံဳေနမယ္ဆိုရင္ ေခါင္းေတြ အံုခဲၿပီး ကိုက္တတ္ပါတယ္။ ဒါေၾကာင့္ ေရွာင္ရွားေပးႏိုင္ရင္ အေကာင္းဆံုးပါပဲ။

(1) စိတ္ခံစားခ်က္ လြန္ကဲျခင္း

စိတ္ခံစားမႈေတြက လူေတြရဲ႕ က်န္းမာေရးနဲ႔ တိုက္ရိုက္ သက္ဆိုင္လို႔ ေနပါတယ္။ စိတ္ခြန္အားက လူေတြကို က်န္းမာေစႏုိင္သလို မက်န္းမာတာမ်ိဳးလည္း ျဖစ္ေစပါတယ္။

ဝမ္းနည္းတာမ်ိဳး၊ ေဒါသျဖစ္တာမ်ိဳးနဲ႔ မေက်မနပ္ျဖစ္တာမ်ိဳး စတဲ့ အျပဳသေဘာမေဆာင္တဲ့ ခံစားခ်က္ေတြက သင့္ကို ေခါင္းေတြ အံုခဲလာေစၿပီး ေခါင္းကိုက္တာမ်ိဳးျဖစ္လာေစပါတယ္။

မေကာင္းတဲ့ စိတ္ခံစားခ်က္ေတြ လြန္ကဲလာတာမ်ိဳးက သင့္ကို ထိခိုက္ေစတတ္တာမို႔ စိတ္ခံစားခ်က္ေတြကို အေကာင္းဆံုး ထိန္းညွိဖို႔ ႀကိဳးစားေပးသင့္ပါတယ္။

(2) စိတ္ဖိစီးမႈ မ်ားျခင္း

စိတ္ညစ္စရာ ရွိလာရင္ ပိုၿပီ ေခါင္းကိုက္ရမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ စိတ္ဖိစီးမႈေတြ အမ်ားအျပား ရွိေနတဲ့အခါမွာ စိတ္ဖိစီးမႈေတြကို သက္သာလာေအာင္ အနားယူေပးတာမ်ိဳး၊ စိတ္ေအးမယ့္ သီခ်င္းေတြ နားေထာင္တာမ်ိဳး လုပ္ေပးသင့္ပါတယ္္

စိတ္ဖိစီးမႈကို မေလွ်ာ့ခ်ႏိုင္တာနဲ႔ စိတ္ဖိစီးမႈ မ်ားလာၿပီး ေခါင္းေတြ အံုခဲလာမွာ ျဖစ္ပါတယ္။ တေန႔လံုး ေခါင္းကိုက္ေနတာမ်ိဳးေတြေတာင္ ျဖစ္ႏိုင္ပါေသးတယ္။

(3) အပူအေအး မညီမွ်ျခင္း

ခႏၶာကိုယ္ကို သက္ေရာက္တဲ့ အပူခ်ိန္ေတြက လူတစ္ေယာက္ကို ထိခုိက္ေစတဲ့ အခ်က္မ်ိဳးေတြ ရွိပါတယ္။ အထူးသျဖင့္ ဦးေခါင္းကို သက္ေရာက္တဲ့ အပူခ်ိန္ေတြေၾကာင့္ ေခါင္းကိုက္ျခင္းမ်ိဳး ျဖစ္ေစႏိုင္ပါတယ္။

အေအးထဲကေန အပူခ်ိန္ကို ရုတ္တရက္ ေရာက္သြားတာမ်ိဳး၊ ေနပူထဲကေန အဲကြန္းခန္းထဲကို ရုတ္တရက္ ဝင္လိုက္တာမ်ိဳးေတြေၾကာင့္လည္း ေခါင္းကိုက္ခဲမႈေတြ ျဖစ္ေစပါတယ္။

(4) အာရံု အရမ္းစိုက္ရျခင္း

ရံုးမွာ ကြန္ပ်ဴတာေရွ႕ တစ္ေနကုန္ထိုင္ၿပီး အလုပ္လုပ္ရတဲ့ သူအမ်ားစုကေတာ့ ဒီအေျခအေနကို ၾကံဳရေလ့ ရွိပါတယ္။ ဖုန္းနဲ႔ ကြန္ပ်ဴတာမ်က္ႏွာျပင္ကို နာရီေပါင္းမ်ားစြာ ၾကည့္ၿပီး အာရံုစိုက္ အလုပ္လုပ္ရတာေၾကာင့္ အာရံုေၾကာကို ထိၿပီး ေခါင္းကိုက္လာတာမ်ိဳးပါ။

ဒါ့အျပင္ တစ္ခုခုကို အာရံုအရမ္းစိုက္ၿပီး လုပ္ရတဲ့ အခ်ိန္မ်ိဳးမွာလည္း ျဖစ္တတ္ပါတယ္။ ဒါေပမယ့္ ဒီလို အေျခအေနမ်ိဳးေတြကေတာ့ ေရွာင္ဖို႔ မလြယ္ပါဘူး။ အျမဲတမ္း မျဖစ္ဖို႔ေတာ့ သတိထားသင့္ပါတယ္။

Crd

Unicode

တစ်နေကုန် ခေါင်းတွေခဲပြီး ခေါင်းကိုက်တာမျိုး မဖြစ်စေဖို့ သတိထားသင့်တဲ့ အခြေအနေများ

ခေါင်းကိုက်တယ်ဆိုတာကလည်း နေ့စဉ် အလုပ်တွေကို ထိခိုက်စေတဲ့ ဝေဒနာမျိုး ဖြစ်ပါတယ်။ ရောဂါ တစုံတရာကြောင့် မဟုတ်ဘဲ ရေရှည် ခေါင်းကိုက်နေရတာမျိုးလည်း ဖြစ်နေတတ်ပါသေးတယ်။

ခေါင်းကိုက်တာက ခေါင်းကိုက်ခြင်း မတိုင်ခင်မှာ ခေါင်းတွေ နောက်ပြီး အုံခဲနေတာမျိုးတွေလည်း ဖြစ်စေပါသေးတယ်။

ဒီလိုမျိုး ခေါင်းကိုက်တတ်တာ ဖြစ်စေ၊ ခေါင်းသိပ်မကိုက်တတ်တဲ့သူတွေ ဖြစ်စေ လူတိုင်းက အခုဖော်ပြမယ့် အရာတွေကို ကြုံနေမယ်ဆိုရင် ခေါင်းတွေ အုံခဲပြီး ကိုက်တတ်ပါတယ်။ ဒါကြောင့် ရှောင်ရှားပေးနိုင်ရင် အကောင်းဆုံးပါပဲ။

(1) စိတ်ခံစားချက် လွန်ကဲခြင်း

စိတ်ခံစားမှုတွေက လူတွေရဲ့ ကျန်းမာရေးနဲ့ တိုက်ရိုက် သက်ဆိုင်လို့ နေပါတယ်။ စိတ်ခွန်အားက လူတွေကို ကျန်းမာစေနိုင်သလို မကျန်းမာတာမျိုးလည်း ဖြစ်စေပါတယ်။

ဝမ်းနည်းတာမျိုး၊ ဒေါသဖြစ်တာမျိုးနဲ့ မကျေမနပ်ဖြစ်တာမျိုး စတဲ့ အပြုသဘောမဆောင်တဲ့ ခံစားချက်တွေက သင့်ကို ခေါင်းတွေ အုံခဲလာစေပြီး ခေါင်းကိုက်တာမျိုးဖြစ်လာစေပါတယ်။

မကောင်းတဲ့ စိတ်ခံစားချက်တွေ လွန်ကဲလာတာမျိုးက သင့်ကို ထိခိုက်စေတတ်တာမို့ စိတ်ခံစားချက်တွေကို အကောင်းဆုံး ထိန်းညှိဖို့ ကြိုးစားပေးသင့်ပါတယ်။

(2) စိတ်ဖိစီးမှု များခြင်း

စိတ်ညစ်စရာ ရှိလာရင် ပိုပြီ ခေါင်းကိုက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေ အများအပြား ရှိနေတဲ့အခါမှာ စိတ်ဖိစီးမှုတွေကို သက်သာလာအောင် အနားယူပေးတာမျိုး၊ စိတ်အေးမယ့် သီချင်းတွေ နားထောင်တာမျိုး လုပ်ပေးသင့်ပါတယ်

စိတ်ဖိစီးမှုကို မလျှော့ချနိုင်တာနဲ့ စိတ်ဖိစီးမှု များလာပြီး ခေါင်းတွေ အုံခဲလာမှာ ဖြစ်ပါတယ်။ တနေ့လုံး ခေါင်းကိုက်နေတာမျိုးတွေတောင် ဖြစ်နိုင်ပါသေးတယ်။

(3) အပူအအေး မညီမျှခြင်း

ခန္ဓာကိုယ်ကို သက်ရောက်တဲ့ အပူချိန်တွေက လူတစ်ယောက်ကို ထိခိုက်စေတဲ့ အချက်မျိုးတွေ ရှိပါတယ်။ အထူးသဖြင့် ဦးခေါင်းကို သက်ရောက်တဲ့ အပူချိန်တွေကြောင့် ခေါင်းကိုက်ခြင်းမျိုး ဖြစ်စေနိုင်ပါတယ်။

အအေးထဲကနေ အပူချိန်ကို ရုတ်တရက် ရောက်သွားတာမျိုး၊ နေပူထဲကနေ အဲကွန်းခန်းထဲကို ရုတ်တရက် ဝင်လိုက်တာမျိုးတွေကြောင့်လည်း ခေါင်းကိုက်ခဲမှုတွေ ဖြစ်စေပါတယ်။

(4) အာရုံ အရမ်းစိုက်ရခြင်း

ရုံးမှာ ကွန်ပျူတာရှေ့ တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်ရတဲ့ သူအများစုကတော့ ဒီအခြေအနေကို ကြုံရလေ့ ရှိပါတယ်။ ဖုန်းနဲ့ ကွန်ပျူတာမျက်နှာပြင်ကို နာရီပေါင်းများစွာ ကြည့်ပြီး အာရုံစိုက် အလုပ်လုပ်ရတာကြောင့် အာရုံကြောကို ထိပြီး ခေါင်းကိုက်လာတာမျိုးပါ။

ဒါ့အပြင် တစ်ခုခုကို အာရုံအရမ်းစိုက်ပြီး လုပ်ရတဲ့ အချိန်မျိုးမှာလည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီလို အခြေအနေမျိုးတွေကတော့ ရှောင်ဖို့ မလွယ်ပါဘူး။ အမြဲတမ်း မဖြစ်ဖို့တော့ သတိထားသင့်ပါတယ်။

Crd