Love



 



























မိဖုရား

Unicode

ယောက်ျား အများစုကအစပိုင်းမှာ အကောင်းဆုံးချစ်ပြတတ်ကြတယ်

 

ကိုယ်မျက်နှာတစ်ချက်ညိုးသွားမှာတောင် မခံနိုင်ပါဘူး

ယောက်ျား အများစုကအစပိုင်းမှာ အကောင်းဆုံးချစ်ပြတတ်ကြတယ်

အယုံလွယ်တဲ့ မိန်းကလေးတွေက တကယ်ကြီးယုံမှတ်ပြီး အချစ်တွေပုံအောပေးမိတယ် နောက်ဆုံး ရလဒ်က ဖောက်ပြန်ခံရခြင်းဂရုမစိုက် ခံရခြင်းတွေပါပဲ

တစ်ချို့ ယောက်ျား တွေက မာယာတွေသိပ်များတတ်တာ တစ်ချို့ ကျတော့ အရမ်းချစ်တတ်ပြန်ရော

မိန်းကလေးတွေအားလုံးက ကောင်းတဲ့သူပိုင်ဆိုင်ချင်ကြတာပဲလေ ဒါပေမယ့် ကံမကောင်းတော့အကြောင်းမလှရဘူးပေါ့

အားမငယ်ကြပါနဲ့ ဖောက်ပြန်ခံရရင်ဖြစ်ဖြစ် အသဲကွဲရင်ဖြစ်ဖြစ်မျက်ရည်ခမ်းတဲ့အထိ ဝအောင်ငိုလိုက်ပါ

အဆုံးစွန်ထိ ခံစားလိုက်ပါ တစ်ခုသတိထားရမှာက စိတ်လိုက်မာန်ပါ မလုပ်မိစေဖို့ပါ

ဆုံးရှုံးရမှာကြောက်တဲ့စိတ်နဲ့ ခယပြီးတော့ အတင်းဖက်တွယ်မနေပါနဲ့တော့ အချိန်တန်ရင် ကိုယ်နဲ့ထိုက်တန်သူရောက်လာမှာပါ

သို့မဟုတ် အချိန်ကြာသွားရင် သူမရှိလို့တောင် သင်ပိုပျော်နေရဦးမှာ သူက ကိုယ့်ကိုထားသွားခဲ့လိုက်လို့ ဖောက်ပြန်ခဲ့လိုက်လို့

ကိုယ်မရှုံးပါဘူး ကိုယ့်အချစ်ကို တန်ဖိုးမထားတဲ့သူကသာ ဆုံးရှုံးသွားခဲ့တာပါ

ကိုယ့်ရဲ့ ခြံခုန်နွားကို ကိုယ်ပြောတဲ့ စကားတစ်ခွန်း ကငါ့ထက်ချောတဲ့သူ နင်ရရင်ရလိမ့်မယ်

ဒါပေမယ့် ငါ့လောက်နင့်အပေါ်ကောင်းပေးနိုင်မယ့်သူ နားလည်ပေးနိုင်မယ့်သူ တော့ ရနိုင်မှာမဟုတ်ဘူး

ဘာလို့လဲ ဆိုတော့ ငါယုံကြည်လို့ပဲ နင့်အကျင့်တွေအားလုံး သိထားလို့ပဲ နင်ထင်ထားက

နင်ကငါ့အပေါ်သိပ်ကောင်းနေလို့ ဝေးရမှာ ကြောက်လို့ ဖက်တွယ်နေတယ်လို့ ထင်နေတာလား

မှားတယ်ငါက တစ်ယောကိပြီးတစ်ယောက်မပြောင်းချစ်ချင်လို့သည်းခံပြီး တွဲလာခဲ့တာ

နင်နဲ့ ပြတ်သွားရလို့နောင်တမရပါဘူး

ငါက ငါ့အပေါ်မကောင်းတဲ့သူကို ဆုံးရှုံးရတာနင်က နင့်အပေါ် အရာအားလုံးကောင်းပေးတဲ့သူကို ဆုံးရှုံးရတာ နင့်ရဲ့ ဆုံးရှုံးမှုက ပိုပါတယ်

အခုအချိန်မှာ နင်တန်ဖိုးမထားတဲ့ငါက နင့်ထက်အဆတစ်ရာသာတဲ့သူကဖူးဖူးမုတ်အလိုလိုက်ခံရတာ

နင်နဲ့ ပေးလွဲခဲ့တဲ့ ငါ့ကံကြမ္မာကို ငါကျေးဇူးအရမ်းတင်နေတာ

နင်ကတော့ အခု နင့်ဒဏ်ကို တစ်ယောက်ပြီးတစ်ယောက်ပြောင်းလဲ ဘယ်သူမှ ငါ့လောက်မခံနိုင်တာ စိတ်မကောင်းပါဘူး

အခုချိန်မှာ ငါ့ကို လာတောင်းပန်လည်း အပိုပဲ

ငါဆိုတဲ့မိန်းမက ချစ်ရင် အရူးအမူးချစ်တယ်စိတ်ကုန်ပြီဆို အသံတောင်မကြားချင်တဲ့အမျိုး

မုန်းပြီဆို ရင်ဘတ်ထဲမှာ အမြစ်တွယ်သွားတတ်တယ်

ငါ့ဘဝသာယာဖြောင့်ဖြူးတိုင်း နင်အလူးအလဲ နောင်တရနေတာကျေနပ်အားရလိုက်တာ အဲ့ဒါက. နင့်ကိုယ်နင်စီရင်ချက်ချခဲ့တာလေ

တကယ်တော့ ငါက နင်ပြစ်သွားလို့ ကျန်ခဲ့ရတဲ့သူမဟုတ်ဘူး ငါ့အချစ်ငါ့မေတ္တာက နင်လိုလူနဲ့မထိုက်တန်လို့ လွဲခဲ့ရတာ

စာရှည်သွားတာ sorry ပါ သစ္စာ မရှိတဲ့ယောက်ျားဆို အသေရွံ

မိဖုရား