Love

ဒီအခ်က္ေတြရွိတဲ့ေကာင္ေလးမ်ိဳးကို ခ်စ္သူအျဖစ္ေရြးခ်ယ္ပါ

ဒီအခ်က္ေတြရွိတဲ့ေကာင္ေလးမ်ိဳးကို ခ်စ္သူအျဖစ္ေရြးခ်ယ္ပါ

 

မိန္းကေလးတစ္ခ်ိဳ႕ဟာ ခ်စ္သူေ႐ြးမယ္ဆိုရင္ အသားျဖဴရမယ္၊အရပ္ရွည္ ရမယ္၊႐ုပ္ေခ်ာရမယ္…စသျဖင့္ အခ်က္ေတြကိုစံထားၿပီး ေ႐ြးတတ္ၾကပါတယ္ ။

လူတစ္ေယာက္ကို ခ်စ္သူေတာ္မယ္ဆိုရင္ ဘာေတြကို ၾကည့္ရမလဲ၊ ဘာေတြကို စံထားၿပီး ခ်စ္သူအျဖစ္ သတ္မွတ္သင့္၊မသင့္ကို ဆုံးျဖတ္ ရမလဲဆိုၿပီး ေခါင္းစားေနတဲ့ ညီမငယ္ေလးေတြအတြက္ အႀကံျပဳေပးပါရေစေနာ္ ။

(၁) ၾကင္နာတတ္တဲ့ လူမ်ိဳး

ဒါကေတာ့ အေရးအႀကီးဆုံး အခ်က္ေတြထဲက တစ္ခုပါ။

ၾကင္နာတတ္ဆိုတာ မိန္းကေလးေတြရဲ႕ ျပယုဂ္တစ္ခုလို႔သာ သတ္မွတ္ လက္ခံထားသူေတြရွိၿပီး ေယာက္်ားဆိုရင္ေတာ့ ရဲရင့္၊ျပတ္သားရမယ္ဆိုတဲ့ စကားလုံးေတြနဲ႔ပဲ တြဲျမင္ပါ တယ္။

တကယ္ေတာ့ ၾကင္နာတတ္ျခင္းက လူသားအားလုံးနဲ႔ ပတ္သက္ပါတယ္ ။

ၾကင္နာသနားတတ္ၿပီး ကိုယ္ခ်င္းစာစိတ္ရွိတဲ့ ေယာက္်ားမ်ိဳးနဲ႔ေတြ႕ၿပီဆို ရင္ လုံးဝလက္ လြတ္မခံ သင့္ပါဘူး။

ဒီလိုလူမ်ိဳးက သင့္ကို ဘယ္ေတာ့မွ ထိခိုက္ပ်က္စီးေအာင္ လုပ္မွာ မဟုတ္တာတစ္ခုကေတာ့ လုံးဝေသခ်ာပါတယ္ ။

(၂) ႐ိုးသားမႈ

ဒါလည္း အေရးႀကီးပါတယ္။႐ိုးသားမႈရွိတဲ့ သူမ်ိဳးဟာ ဒီေန႔ေခတ္မွာ အင္မတန္ ရွားပါတယ္။

တစ္ခ်ိဳ႕က ႐ိုးသားတာကို ႏုံအတယ္လို႔ အယူမွားၾကတာေတြ ရွိပါတယ္။

ကိုယ္တိုင္ေတာင္ ႐ိုးသားမႈမရွိတဲ့ သူမ်ိဳးကို ဘယ္သူကမွ စိတ္ခ်ယုံၾက ည္မွ မဟုတ္ပါဘူး ။

မုသားေတြသုံးၿပီး လွည့္ဖ်ားတတ္တဲ့ ေယာက္်ားမ်ိဳးက သင့္အတြက္ ဘယ္ေတာ့မွ စိတ္ခ်ယုံၾကည္ရတဲ့ ခ်စ္သူေကာင္း၊ခင္ပြန္းေကာင္း ျဖစ္လာမွာ မဟုတ္ပါဘူးေနာ္ ။

(၃) ရည္မွန္းခ်က္ရွိသူ

ေယာက္်ားတစ္ေယာက္မွာ ပိုက္ဆံရွိျခင္း၊မရွိျခင္းက အေရးမႀကီးပါဘူး။ ခ်စ္သူေ႐ြးတဲ့ အခါေငြေၾကးဆိုတာ လုံးဝကိုထည့္သြင္း စဥ္းစားစားဖို႔ကို မလိုပါဘူး ။

ေငြအ စား သင္စဥ္းစားရမွာက ဒီလူဟာ ရည္မွန္းခ်က္ရွိသူလား …

ဒါမွမဟုတ္ ေလာေလာဆယ္မွာေတာ့ ေငြရွိေပမယ့္ ဘဝမွာ ရည္မွန္းခ်က္ရယ္လို႔ ဘာမွမည္ မည္ ရရမရွိဘူးဆိုရင္ေတာ့ မီးနီသာျပလိုက္ပါ။

ရည္မွန္းခ်က္ေတာ့ ရွိပါတယ္။ လ က္ေတြ႕ အေကာင္အထည္မေဖာ္တဲ့၊ ႀကိဳးစားမႈမရွိတဲ့ သူမ်ိဳးဆိုရင္လည္းမရပါဘူး။

ရည္မွန္းခ်က္လည္းရွိ၊ ကိုယ္တိုင္လည္း ႀကိဳးစားေနတဲ့ သူမ်ိဳးကိုသာ ေ႐ြးခ်ယ္ပါ ။

(၄) ယုံၾကၫ္မႈ ရိွသူ

မိန္းကေလးဆိုတာမ်ိဳးက ဘယ္ေလာက္ပဲ ထက္ျမက္ေနပါတယ္၊ကိုယ့္အား ကိုယ္ကိုးတယ္ဆိုအုံးေတာ့ ခ်စ္သူအေပၚ အနည္းနဲ႔အမ်ား အားကိုးမွီခိုခ်င္ စိတ္ရွိပါတယ္။

ကိုယ့္ကိုယ္ကိုေတာင္ ယုံၾကည္မႈမရွိတဲ့ ေယာက္်ားမ်ိဳးက သင့္အတြက္ အားကိုးအားထားစရာျပဳစရာ လူတစ္ေယာက္ ဘယ္ေတာ့မွ ျဖစ္လာမွာမဟုတ္ပါဘူးေနာ္ ။

(၅) ယုံၾကည္အားကိုးလို႔ရ

သင့္အတြက္ ယုံၾကည္အားကိုးလို႔ရတဲ့ သူမ်ိဳးကို ေ႐ြးပါ။

လူတစ္ေယာက္ကို ခ်စ္သူေတာ္မယ္ဆိုရင္ အနည္းဆုံးေတာ့ သူ႔အေပၚမွာ ကိုယ့္စိတ္က အခ်စ္ စိတ္အျပင္ ယုံၾကည္အားကိုးစိတ္ေလးပါ ရွိေနဖို႔ လိုပါတယ္။

အခ်စ္ကလည္း အေရးႀကီးေပမယ့္၊ ခ်စ္တာတစ္ခုတည္းနဲ႔ ေ႐ြးဖို႔ဆိုတာကလည္း မျဖစ္ႏိုင္ပါဘူး ။

(၆) ရက္ေရာေပးကမ္းတတ္သူ

ကပ္ေစးႏွဲတဲ့ ေယာက္်ားမ်ိဳးဟာ ခ်စ္သူေတာ္မယ္ဆိုရင္ေတာ့ ထည့္မစဥ္း စားသ င့္တဲ့ အထဲမွာ ပါတယ္လို႔ ေျပာလို႔ရပါတယ္။

ကပ္ေစးႏွဲတာနဲ႔ ေငြကို စနစ္တက် သုံးစြဲတာနဲ႔ေတာ့ မတူဘူးဆိုတာကိုေတာ့ သတိျပဳေစခ်င္ပါတယ္ ။

အလႉအ တန္းဆိုရင္လည္းေနာက္တြန႔္ၿပီး ကိုယ္အိတ္ထဲက ပိုက္ဆံကို အျပင္ထြက္မွာ ေသမေလာက္ ေၾကာက္ေနတဲ့ သူမ်ိဳးဆိုရင္ေတာ့ ခ်စ္သူေတာ္ဖို႔ကို နည္းနည္းျပန္ စဥ္းစားေစခ်င္ပါတယ္ ။

ရည္းစားျဖစ္ၿပီးမွ ကိုယ္ကခ်ည္းေငြထုတ္ရွင္းေနရရင္ ၊ကိုယ္က အေပးသမား၊ သူကေတာ့ ေတာက္ေလ်ာက္ အယူသမားဆိုရင္ေတာ့ ဒီလိုလူကို ေရရွည္လက္တြဲဖို႔က ဘယ္လိုမွမျဖစ္ႏိုင္ပါဘူး။

ဒါေၾကာင့္ ေစတနာေကာင္းၿပီး ရက္ေရာေပးကမ္းတတ္သူမ်ိဳး ကိုေ႐ြးခယ္ပါေနာ္ ။ ။

Credit

Unicode

ဒီအချက်တွေရှိတဲ့ကောင်လေးမျိုးကို ချစ်သူအဖြစ်ရွေးချယ်ပါ

 

မိန်းကလေးတစ်ချို့ဟာ ချစ်သူရွေးမယ်ဆိုရင် အသားဖြူရမယ်၊အရပ်ရှည် ရမယ်၊ရုပ်ချောရမယ်…စသဖြင့် အချက်တွေကိုစံထားပြီး ရွေးတတ်ကြပါတယ် ။

လူတစ်ယောက်ကို ချစ်သူတော်မယ်ဆိုရင် ဘာတွေကို ကြည့်ရမလဲ၊ ဘာတွေကို စံထားပြီး ချစ်သူအဖြစ် သတ်မှတ်သင့်၊မသင့်ကို ဆုံးဖြတ် ရမလဲဆိုပြီး ခေါင်းစားနေတဲ့ ညီမငယ်လေးတွေအတွက် အကြံပြုပေးပါရစေနော် ။

(၁) ကြင်နာတတ်တဲ့ လူမျိုး

ဒါကတော့ အရေးအကြီးဆုံး အချက်တွေထဲက တစ်ခုပါ။

ကြင်နာတတ်ဆိုတာ မိန်းကလေးတွေရဲ့ ပြယုဂ်တစ်ခုလို့သာ သတ်မှတ် လက်ခံထားသူတွေရှိပြီး ယောက်ျားဆိုရင်တော့ ရဲရင့်၊ပြတ်သားရမယ်ဆိုတဲ့ စကားလုံးတွေနဲ့ပဲ တွဲမြင်ပါ တယ်။

တကယ်တော့ ကြင်နာတတ်ခြင်းက လူသားအားလုံးနဲ့ ပတ်သက်ပါတယ် ။

ကြင်နာသနားတတ်ပြီး ကိုယ်ချင်းစာစိတ်ရှိတဲ့ ယောက်ျားမျိုးနဲ့တွေ့ပြီဆို ရင် လုံးဝလက် လွတ်မခံ သင့်ပါဘူး။

ဒီလိုလူမျိုးက သင့်ကို ဘယ်တော့မှ ထိခိုက်ပျက်စီးအောင် လုပ်မှာ မဟုတ်တာတစ်ခုကတော့ လုံးဝသေချာပါတယ် ။

(၂) ရိုးသားမှု

ဒါလည်း အရေးကြီးပါတယ်။ရိုးသားမှုရှိတဲ့ သူမျိုးဟာ ဒီနေ့ခေတ်မှာ အင်မတန် ရှားပါတယ်။

တစ်ချို့က ရိုးသားတာကို နုံအတယ်လို့ အယူမှားကြတာတွေ ရှိပါတယ်။

ကိုယ်တိုင်တောင် ရိုးသားမှုမရှိတဲ့ သူမျိုးကို ဘယ်သူကမှ စိတ်ချယုံကြ ည်မှ မဟုတ်ပါဘူး ။

မုသားတွေသုံးပြီး လှည့်ဖျားတတ်တဲ့ ယောက်ျားမျိုးက သင့်အတွက် ဘယ်တော့မှ စိတ်ချယုံကြည်ရတဲ့ ချစ်သူကောင်း၊ခင်ပွန်းကောင်း ဖြစ်လာမှာ မဟုတ်ပါဘူးနော် ။

(၃) ရည်မှန်းချက်ရှိသူ

ယောက်ျားတစ်ယောက်မှာ ပိုက်ဆံရှိခြင်း၊မရှိခြင်းက အရေးမကြီးပါဘူး။ ချစ်သူရွေးတဲ့ အခါငွေကြေးဆိုတာ လုံးဝကိုထည့်သွင်း စဉ်းစားစားဖို့ကို မလိုပါဘူး ။

ငွေအ စား သင်စဉ်းစားရမှာက ဒီလူဟာ ရည်မှန်းချက်ရှိသူလား …

ဒါမှမဟုတ် လောလောဆယ်မှာတော့ ငွေရှိပေမယ့် ဘဝမှာ ရည်မှန်းချက်ရယ်လို့ ဘာမှမည် မည် ရရမရှိဘူးဆိုရင်တော့ မီးနီသာပြလိုက်ပါ။

ရည်မှန်းချက်တော့ ရှိပါတယ်။ လ က်တွေ့ အကောင်အထည်မဖော်တဲ့၊ ကြိုးစားမှုမရှိတဲ့ သူမျိုးဆိုရင်လည်းမရပါဘူး။

ရည်မှန်းချက်လည်းရှိ၊ ကိုယ်တိုင်လည်း ကြိုးစားနေတဲ့ သူမျိုးကိုသာ ရွေးချယ်ပါ ။

(၄) ယုံကြည်မှု ရှိသူ

မိန်းကလေးဆိုတာမျိုးက ဘယ်လောက်ပဲ ထက်မြက်နေပါတယ်၊ကိုယ့်အား ကိုယ်ကိုးတယ်ဆိုအုံးတော့ ချစ်သူအပေါ် အနည်းနဲ့အများ အားကိုးမှီခိုချင် စိတ်ရှိပါတယ်။

ကိုယ့်ကိုယ်ကိုတောင် ယုံကြည်မှုမရှိတဲ့ ယောက်ျားမျိုးက သင့်အတွက် အားကိုးအားထားစရာပြုစရာ လူတစ်ယောက် ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ပါဘူးနော် ။

(၅) ယုံကြည်အားကိုးလို့ရ

သင့်အတွက် ယုံကြည်အားကိုးလို့ရတဲ့ သူမျိုးကို ရွေးပါ။

လူတစ်ယောက်ကို ချစ်သူတော်မယ်ဆိုရင် အနည်းဆုံးတော့ သူ့အပေါ်မှာ ကိုယ့်စိတ်က အချစ် စိတ်အပြင် ယုံကြည်အားကိုးစိတ်လေးပါ ရှိနေဖို့ လိုပါတယ်။

အချစ်ကလည်း အရေးကြီးပေမယ့်၊ ချစ်တာတစ်ခုတည်းနဲ့ ရွေးဖို့ဆိုတာကလည်း မဖြစ်နိုင်ပါဘူး ။

(၆) ရက်ရောပေးကမ်းတတ်သူ

ကပ်စေးနှဲတဲ့ ယောက်ျားမျိုးဟာ ချစ်သူတော်မယ်ဆိုရင်တော့ ထည့်မစဉ်း စားသ င့်တဲ့ အထဲမှာ ပါတယ်လို့ ပြောလို့ရပါတယ်။

ကပ်စေးနှဲတာနဲ့ ငွေကို စနစ်တကျ သုံးစွဲတာနဲ့တော့ မတူဘူးဆိုတာကိုတော့ သတိပြုစေချင်ပါတယ် ။

အလှူအ တန်းဆိုရင်လည်းနောက်တွန့်ပြီး ကိုယ်အိတ်ထဲက ပိုက်ဆံကို အပြင်ထွက်မှာ သေမလောက် ကြောက်နေတဲ့ သူမျိုးဆိုရင်တော့ ချစ်သူတော်ဖို့ကို နည်းနည်းပြန် စဉ်းစားစေချင်ပါတယ် ။

ရည်းစားဖြစ်ပြီးမှ ကိုယ်ကချည်းငွေထုတ်ရှင်းနေရရင် ၊ကိုယ်က အပေးသမား၊ သူကတော့ တောက်လျောက် အယူသမားဆိုရင်တော့ ဒီလိုလူကို ရေရှည်လက်တွဲဖို့က ဘယ်လိုမှမဖြစ်နိုင်ပါဘူး။

ဒါကြောင့် စေတနာကောင်းပြီး ရက်ရောပေးကမ်းတတ်သူမျိုး ကိုရွေးခယ်ပါနော် ။ ။

Credit