Astrology

ကိုယ့္ကိုတကယ္ခ်စ္မခ်စ္တြက္နည္း (ၿမန္မာ့ရိုးရာ လက္ဆန္းနည္းပါ။)

ကိုယ့္ကိုတကယ္ခ်စ္မခ်စ္တြက္နည္း (ၿမန္မာ့ရိုးရာ လက္ဆန္းနည္းပါ။)

မိန္းကေလးေတြ အတြက္ သီးသန္႕ပါ။ အရြယ္ေရာက္ၿပီး သား မိန္းကေလးေတြခ်စ္စကား ကမ္းလွမ္းခံရတာ ၊ လက္ထပ္ခြင့္ ပန္တာေတြ ရိွလာတတ္ ပါတယ္ ။

ရင္ခုန္ရတာ တစ္ဖက္ ၾကည္ႏူးရတာ တစ္မ်ိဳးနဲ႕ ေနာက္ဆံုး တကယ္ခ်စ္တာမွဟုတ္ရဲ႕လားဆိုတဲ့ စိုးရိမ္စိတ္ေတြက ၿဖစ္လာ ရစၿမဲေပါ့ ။

ဒီပညာေလးက လြယ္ပါတယ္။ဒါေပမဲ့ ေလွ်ာ့မတြက္ပါနဲ႕ ။

တကယ္မွန္တာ ။ ကဲ တကယ္ခ်စ္ မခ်စ္တြက္စစ္ ၾကည့္မယ္ေနာ္….

အဆင့္ (၁)

ကိုယ့္ကို ခ်စ္စကား လာေၿပာတဲ့ သူရဲ႕နာမည္ အၿပည့္အစံုကို ေဗဒင္သခ်ၤာ

ဂဏန္းေတြ အၿဖစ္ ေၿပာင္းပါ ။ ဗ်ည္းကိုသာယူပါ ။

အမည္ဗ်ည္း ေဗဒင္ သခ်ၤာဂဏန္း

အ ၊ ဥ ၊ၾသ ၁

က ၊ ခ ၊ ဂ ၊ ဃ ၊ င ၂

စ ၊ ဆ ၊ စ် ၊ ဇ ၊ ည ၃

ယ ၊ ရ ၊လ ၊၀ ၄

ပ ၊ ဖ ၊ ဗ ၊ ဘ ၊ မ ၅

သ ၊ ဟ ၆

တ ၊ ထ ၊ ဒ ၊ ဓ ၊ န ၇

ဥပမာ ကိုေအာင္ေက်ာ္ေဌး ဆိုပါေတာ့ အေရွ႕က ( ကို ၊ ေမာင္ ၊ဦး ၊ စိုင္း )

အစရိွ တာေတြကိုဖယ္

ေအာင္ေက်ာ္ေဌး = အ + က + ဌ

= ၁ + ၂ + ၇

=၁၀

ဒီသေဘာပါပဲ ။ တၿခား နာမည္ေတြလဲ ဒီသေဘာပါပဲ…..။

အဆင့္(၂)

ေနာက္ၿပီး ကိုယ္ေရာက္ေနတဲ့ အသက္ ၊ ကိုယ့္ရဲ႕ေမြးနံ သခ်ၤာ ဂဏန္းနဲ႕ေပါင္းထားပါ….။

ေမြးေန႕ ေမြးေန႕သခ်ၤာဂဏန္း

တနဂၤေႏြ – ၁

တနလာၤ – ၂

အဂၤါ – ၃

ဗုဒြဟူး – ၄

ၾကာသပေတး – ၅

ေသာၾကာ – ၆

စေန – ၇

မိမိရဲ႕အသက္က (၂၅) ဆိုပါစို႕ ။ (၂၄) ႏွစ္ ၿပည့္ၿပီးရင္လဲ (၂၅) ပဲေနာ္။

ၾကာသာပေတးေန႕ ေမြးတယ္ပဲ ထားပါေတာ့ ။

ခ်စ္ေရးဆိုခံရသူ အသက္ =၂၅

ခ်စ္ေရး ဆိုခံရသူ ေမြးေန႕သခ်ၤာနံ =ၾကာသပေတး = ၅

အသက္ + ေမြးေန႕သခ်ၤာ = ၂၅ + ၅ = ၃၀

အဆင့္ (၁) ကရလဒ္ နဲ႕ အဆင့္ (၂ ) ကရလဒ္နဲ႕ ႏွစ္ခုေပါင္းၿပီး ၇ နဲ႕စားပါ ။

အၾကြင္းကို ၾကည့္ပါ ။

အဆင့္ (၁) ရလဒ္ = ၁၀

အဆင့္(၂)ရလဒ္ = ၃၀

ႏွစ္ခုေပါင္းေတာ့ ၁၀ + ၃၀ = ၄၀

၄၀ ကို ၇ နဲ႕စားေတာ့ အၾကြင္းက ၅

အၾကြင္း ၁ ကေန ၀ ထိ ေရးေပးထားပါတယ္ ။ ကိုယ့္ကို ခ်စ္ေရးဆိုသူ ၂ ေယာက္ ၃ ေယာက္မက သူတို႕နာမည္နဲ႕ တြက္ၾကည့္ေပါ့ေနာ့္ ။

ေနာက္ဆံုး အၾကြင္းကို ၾကည့္ၿပီး လိုသလို အသံုးခ် ၾကေပေတာ့။

အၾကြင္း ၁ ….ရပါက သူ႕စကားက မွန္ပါတယ္ ။ ကုိယ့္ကို တကယ္ခ်စ္ေနတာပါ ။ ဒါေပမဲ့

လက္ထပ္တဲ့ အထိေတာ့ ကိုယ့္အေပၚ မစဥ္းစားေသးဘူးေနာ္…..

လက္ထပ္မယ္လို ႕ေၿပာလာရင္လဲ အေပၚယံေၿပာတာ ။ လတ္တေလာ လက္ထပ္ႏိုင္စရာသူ႕မွာမရိွေသးဘူး ။

သူ႕မွာေၿဖရွင္းစရာ ၊ ရင္ဆိုင္စရာ မိဘအသိုင္းအ၀ိုင္း ၾကားက ခ်စ္ေနရတာ ။

ခ်စ္သူဘ၀ တြဲသြားတြဲလာ အေဖာ္ အၿဖစ္ေတာ့ ေကာင္းပါတယ္ လက္ထပ္ဖို႕အထိေတာ့ မၿဖစ္ႏိုင္ပါဘူး ။

ခ်စ္တိုင္းလဲမညား ဆိုတဲ့စကားကို သတိရပါ။

အၾကြင္း ၂…….ရခဲ့ရင္ေတာ့ ဟန္က်တာပဲ ။ သူ႕အခ်စ္က စံတင္ေလာက္တယ္ ။

သူကိုယ့္ကို တကယ္ခ်စ္ေနတာပါ ။သူ႕ဘ၀ ၊ သူ႕အခ်စ္အားလံုးကို ပံုအပ္ၿပီး ကိုယ့္အေၿဖကိုေစာင့္ေနတာပါ ။

ကိုယ္သေဘာက် လက္ခံႏုိင္ေလာက္တဲ့ အေနအထား၇ိွရင္ လက္ခံလိုက္ပါ။

တစ္ခုေတာ့ရိွတယ္ေနာ္ ။ ကိုယ္က လက္ထပ္ဖို႕မစဥ္းစားေသးရင္ သူေနာက္ဆုတ္သြားမွာပါ ။

ကိုယ့္ကို အေႏွာက္အယွက္ေပးမဲ့သူ မဟုတ္ပါဘူး။

အၾကြင္း ၃…..ရရင္ေတာ့ ရွင္ေၿပာတာ က်ြန္မ က ဘယ္ႏွေယာက္ေၿမာက္လဲ လို႕သာ ေမးလိုက္ေတာ့ ။

တကယ္ မ်က္ႏွာမ်ားတဲ့သူပဲ ။ကိုယ့္ကို သေဘာက်လို႕ တြဲခ်င္တာပဲရိွပါတယ္ ။

ေလးေလးနက္နက္ ခ်စ္ေနတဲ့သူေတာ့မဟုတ္ပါဘူးေနာ္ ။

လက္ထပ္ေပါင္းသင္းဖို႕ေနေန သာသာ ေရရည္ ခ်စ္ပါ့မလားေတာင္ မသိ ။

ကိုယ္ကလက္ခံလိုက္မိရင္ ကိုယ့္အၿပင္ ေနာက္တစ္ေယာက္ တြဲေနတာတို႕

ကုိယ့္ကိုပစ္ထားလိုက္ ကိုယ့္ဆီ ၿပန္လာလိုက္နဲ႕ ခ်စ္တမ္းကစားေနမွာပါ ။

အသဲကြဲ ကာကြယ္ေဆးထိုးၿပီးမွ ခ်စ္ေပါ့ ။ ဒါေပမဲ့ အဲဒီေဆး မေပၚေသးဘူးေနာ္ ။

မိတ္ေဆြအဆင့္ေလာက္ပဲေကာင္းပါတယ္ ။

အၾကြင္း ၄…..ရရင္တကယ္ခ်စ္ေနတာပါ ။ သူတကယ္ေၿပာတာပါ ။

ကိုယ့္ကိုၿမတ္ႏိုးေနတာမွ သဲသဲလႈပ္ပါပဲ ။ ကိုယ့္အတြက္ဆို ဘာကိုရင္ဆိုင္ရပါေစ ။

ခိုင္ၿမဲတဲ့အခ်စ္နဲ႕ တစ္သက္လံုး လက္တြဲသြားမဲ့လူမ်ိဳးပါ ။ သူက စကားနည္းတယ္။

ဒီခ်စ္စကား ေၿပာဖို႕သူေတာ္ေတာ္ အရိွန္ယူရပံုပဲ။ ကိုယ့္ကို တင့္တင့္တယ္တယ္ ထားမွာအမွန္ပဲ။

သေဘာက်ရင္ စဥ္းစားဖို႕ တကယ္ေကာင္းတဲ့သူေပါ့ ။

သူ႕၀န္းက်င္ သူ႕အသိုင္းအ၀ိုင္ း သူ႕အေနအထားေတြကို မိန္းကေလးပီပီ ထည့္စဥ္းစားမယ္ ။

အခ်စ္ဘက္ကေတာ့ တကယ္အမွတ္ၿပည့္ ေပးထားတယ္။

ကိုယ့္သေဘာ ကိုယ့္အလိုကိုလိုက္ၿပီး ကိုယ့္မ်က္ႏွာအညိွဳးမခံရေအာင္

သူဘက္က တကယ္ေဆာင္ရြက္ေပးမွာပါ။ လက္ခံလို႕ရပါတယ္ ။

သူ႕ဘက္ကေတာ့ ေသခ်ာပါတယ္။ေသခ်ာစဥ္းစားၿပီးလက္ခံေပါ့။

အၾကြင္း ၅……ရပါက သူကိုယ္တိုင္ေတာင္ ဒီစကားေၿပာတာ ေသခ်ာရဲ႕လားလို႕ မသိႏိုင္ပါဘူး ။

တခါတေလ ကိုယ့္ကိုခ်စ္လိုက္ တခါတေလ ကိုယ့္ကိုေမ့ထားလိုက္ လုပ္မွာပါ။

ရည္းစား စကားေၿပာ ခ်စ္ခြင့္ပန္ၿပီး ဒီစကားပဲ သူ မေၿပာသလိုလို။

ကိုယ္ကမူၿပီး ဆြဲထားခ်ိန္ ၾကားထဲမွာ ထပ္အေၿဖေတာင္းေတာ့မွာ မဟုတ္ေတာ့ပါဘူး ။

သူတကယ္ ခ်စ္တတ္သူမွဟုတ္ရဲ႕လား ။ သူ႕ရင္ထဲမွာ အသဲႏွလံုးေရာရိွရဲ႕လား ဆိုတာကို ေလ့လာ ။

သူ႕စိတ္ သူ႕ပတ္၀န္းက်င္နဲ႕ ကိုယ္ အဆင္ေၿပပါ့မလား ဆိုတာ ဆံုးၿဖတ္ေပါ့။

ၿငင္းစရာ မရိွေလာက္ေအာင္ ၿပည့္စံုလို႕လက္ခံမယ္ ။

ကုိယ္က ခ်စ္သာေနၿပီး မစြတ္ခင္က ညြတ္ခ်င္ခ်င္ ၿဖစ္ၿပီး

သူလာေၿပာတာနဲ႕ အေၿဖေပးခဲ့မိရင္ လက္ထပ္ဖို႕အခ်ိန္ေလးေတာ့ ယူပါအံုး။

အၾကြင္း ၆ ….ရရင္ေတာ့တကယ္ေကာင္းတဲ့လူပါ ။

သူ႕အခ်စ္က အမွန္တကယ္ တည္ၿငိမ္ပါတယ္ ။

ကိုယ္မွတပါး ေနာက္တစ္ေယာက္ ထားမွာမဟုတ္ဘူး။

ၿဖစ္ၿပီးတဲ့အတိတ္မွာ ဘယ္ေလာက္ပဲရွုပ္ခဲ့ ရွဳပ္ခဲ့ ကိုယ္နဲ႕မွ တကယ္ တည္ၿငိမ္သြားမွာပါ။

အသက္အေနအထား ၿဖတ္သန္းရတဲ ့၀န္းက်င္ေတြ ၾကားထဲမွာ ေပါက္ဖြားလာတဲ့ အခ်စ္စစ္ ။

တကယ ္လက္ထပ္သင့္တဲ့သူေပါ့ ။ သူက သိပ္ခ်စ္တတ္တဲ့သူ။

ကိုယ့္အလို တကယ္လိုက္မွာ ။ သူ႕အခ်စ္က တည္ၿမဲပါတယ္။

ကိုယ့္မိဘ ကိုယ့္အသိုင္းအသိုင္း သူ႕မိဘ သူ႕အသိုင္းအ၀ုိင္းသာ စပ္ဟပ္လို႕ ရရင္ေတာ့…..

အေကာင္းလို႕သာ ေအာက္ေမ့လိုက္ေတာ့။

အၾကြင္း ၀……ရရင္ေတာ့ မဟန္ပါဘူး။ ကန္ေတာ့ဆြမ္းပါ ပဲလို႕လုပ္လိုက္ပါ ။

ကိုယ့္အခ်စ္က သူနဲ႕ မတန္ပါဘူး။ ဟိုမရွင္း ဒီမရွင္း အရွုပ္ထုပ္ထဲ ကိုယ့္ပါ ဆြဲသြင္းေနတာ ။

သူ႕သာ သြားၾကိဳက္မိရင္ေတာ့ ငါးပါးေမွာက္ၿပီသာ မွတ္လိုက္ေတာ့ ။

ေရွးစကား ေၿပာထားတာ မွတ္မိေသးတယ္။ ဒူးနဲ႕မ်က္ရည္ သုတ္ေနရမယ္။

သူ႕ခ်စ္စကား ေၿပာပံုကလဲ မဟန္။ ခ်စ္ေရးဆိုပံုကလဲ တစ္မ်ိဳးနဲ႕ မလည္မ၀ယ္

မိန္းကေလးမ်ား ဆိုရင္ေတာ့ တာ့တာပဲ။ ပညာပါပါနဲ႕သာ ဖယ္ထုတ္လိုက္ပါ။

ေယာင္လို႕မ်ား သြားမတြဲလိုက္နဲ႕။ ယူလို႕လဲ မေကာင္း ၊ မယူမိရင္လဲ

ေနာက္ လိုက္ေႏွာက္ယွက္ အရွက္ခြဲမဲ့သူပဲ ။ ပညာသား ပါပါနဲ႕သာ ၿငင္းလိုက္ပါ။

ဒီနည္းက ခ်စ္ေရးဆိုခ်ိန္ ကို အဓိက ထားၿပိိီး ၿပန္အေၿဖမေပးခင္ကို ခ်ိန္ဆႏိုင္ေအာင္ ေပးထာတာပါ။

ခ်စ္သူရိွၿပီးသား လူေတြနဲ႕ပတ္သက္ၿပီး တြက္ၾကည့္ခ်င္ရင္ တစ္ဖက္လူကို ခ်စ္စကားေၿပာခဲ့တဲ့ အသက္နဲ႕ခ်ိန္ၿပီးတြက္ ။

ရည္းစား မရိွေသးသူေတြကလဲ ဘယ္အသက္မွာဘယ္ နာမည္မ်ိဳးနဲ႕…..

လူက အခ်စ္စစ္ ကမ္းလွမ္းလာမယ္ ဆိုတာ ဥာဏ္ကစားၿပီး

တြက္ၾကည့္ေပါ့ေနာ့္………

ဖတ္ၿပီးရင္ မဖတ္ရေသးတဲ့မိန္းကေလးမ်ားဖတ္ရန္ ႏွင့္မိမိသူငယ္ခ်င္းမိန္းကေလးမ်ားဖတ္ရန္Tagတြဲ၍ျဖစ္ေစ Shareေပးၾကပါ။

only you

Unicode

ကိုယ့်ကိုတကယ်ချစ်မချစ်တွက်နည်း (မြန်မာ့ရိုးရာ လက်ဆန်းနည်းပါ။)

မိန်းကလေးတွေ အတွက် သီးသန့်ပါ။ အရွယ်ရောက်ပြီး သား မိန်းကလေးတွေချစ်စကား ကမ်းလှမ်းခံရတာ ၊ လက်ထပ်ခွင့် ပန်တာတွေ ရှိလာတတ် ပါတယ် ။

ရင်ခုန်ရတာ တစ်ဖက် ကြည်နူးရတာ တစ်မျိုးနဲ့ နောက်ဆုံး တကယ်ချစ်တာမှဟုတ်ရဲ့လားဆိုတဲ့ စိုးရိမ်စိတ်တွေက ဖြစ်လာ ရစမြဲပေါ့ ။

ဒီပညာလေးက လွယ်ပါတယ်။ဒါပေမဲ့ လျှော့မတွက်ပါနဲ့ ။

တကယ်မှန်တာ ။ ကဲ တကယ်ချစ် မချစ်တွက်စစ် ကြည့်မယ်နော်….

အဆင့် (၁)

ကိုယ့်ကို ချစ်စကား လာပြောတဲ့ သူရဲ့နာမည် အပြည့်အစုံကို ဗေဒင်သင်္ချာ

ဂဏန်းတွေ အဖြစ် ပြောင်းပါ ။ ဗျည်းကိုသာယူပါ ။

အမည်ဗျည်း ဗေဒင် သင်္ချာဂဏန်း

အ ၊ ဥ ၊သြ ၁

က ၊ ခ ၊ ဂ ၊ ဃ ၊ င ၂

စ ၊ ဆ ၊ ဈ ၊ ဇ ၊ ည ၃

ယ ၊ ရ ၊လ ၊၀ ၄

ပ ၊ ဖ ၊ ဗ ၊ ဘ ၊ မ ၅

သ ၊ ဟ ၆

တ ၊ ထ ၊ ဒ ၊ ဓ ၊ န ၇

ဥပမာ ကိုအောင်ကျော်ဌေး ဆိုပါတော့ အရှေ့က ( ကို ၊ မောင် ၊ဦး ၊ စိုင်း )

အစရှိ တာတွေကိုဖယ်

အောင်ကျော်ဌေး = အ + က + ဌ

= ၁ + ၂ + ၇

=၁၀

ဒီသဘောပါပဲ ။ တခြား နာမည်တွေလဲ ဒီသဘောပါပဲ…..။

အဆင့်(၂)

နောက်ပြီး ကိုယ်ရောက်နေတဲ့ အသက် ၊ ကိုယ့်ရဲ့မွေးနံ သင်္ချာ ဂဏန်းနဲ့ပေါင်းထားပါ….။

မွေးနေ့ မွေးနေ့သင်္ချာဂဏန်း

တနင်္ဂနွေ – ၁

တနလာင်္ – ၂

အင်္ဂါ – ၃

ဗုဒွဟူး – ၄

ကြာသပတေး – ၅

သောကြာ – ၆

စနေ – ၇

မိမိရဲ့အသက်က (၂၅) ဆိုပါစို့ ။ (၂၄) နှစ် ပြည့်ပြီးရင်လဲ (၂၅) ပဲနော်။

ကြာသာပတေးနေ့ မွေးတယ်ပဲ ထားပါတော့ ။

ချစ်ရေးဆိုခံရသူ အသက် =၂၅

ချစ်ရေး ဆိုခံရသူ မွေးနေ့သင်္ချာနံ =ကြာသပတေး = ၅

အသက် + မွေးနေ့သင်္ချာ = ၂၅ + ၅ = ၃၀

အဆင့် (၁) ကရလဒ် နဲ့ အဆင့် (၂ ) ကရလဒ်နဲ့ နှစ်ခုပေါင်းပြီး ၇ နဲ့စားပါ ။

အကြွင်းကို ကြည့်ပါ ။

အဆင့် (၁) ရလဒ် = ၁၀

အဆင့်(၂)ရလဒ် = ၃၀

နှစ်ခုပေါင်းတော့ ၁၀ + ၃၀ = ၄၀

၄၀ ကို ၇ နဲ့စားတော့ အကြွင်းက ၅

အကြွင်း ၁ ကနေ ၀ ထိ ရေးပေးထားပါတယ် ။ ကိုယ့်ကို ချစ်ရေးဆိုသူ ၂ ယောက် ၃ ယောက်မက သူတို့နာမည်နဲ့ တွက်ကြည့်ပေါ့နော့် ။

နောက်ဆုံး အကြွင်းကို ကြည့်ပြီး လိုသလို အသုံးချ ကြပေတော့။

အကြွင်း ၁ ….ရပါက သူ့စကားက မှန်ပါတယ် ။ ကိုယ့်ကို တကယ်ချစ်နေတာပါ ။ ဒါပေမဲ့

လက်ထပ်တဲ့ အထိတော့ ကိုယ့်အပေါ် မစဉ်းစားသေးဘူးနော်…..

လက်ထပ်မယ်လို့ပြောလာရင်လဲ အပေါ်ယံပြောတာ ။ လတ်တလော လက်ထပ်နိုင်စရာသူ့မှာမရှိသေးဘူး ။

သူ့မှာဖြေရှင်းစရာ ၊ ရင်ဆိုင်စရာ မိဘအသိုင်းအဝိုင်း ကြားက ချစ်နေရတာ ။

ချစ်သူဘ၀ တွဲသွားတွဲလာ အဖော် အဖြစ်တော့ ကောင်းပါတယ် လက်ထပ်ဖို့အထိတော့ မဖြစ်နိုင်ပါဘူး ။

ချစ်တိုင်းလဲမညား ဆိုတဲ့စကားကို သတိရပါ။

အကြွင်း ၂…….ရခဲ့ရင်တော့ ဟန်ကျတာပဲ ။ သူ့အချစ်က စံတင်လောက်တယ် ။

သူကိုယ့်ကို တကယ်ချစ်နေတာပါ ။သူ့ဘ၀ ၊ သူ့အချစ်အားလုံးကို ပုံအပ်ပြီး ကိုယ့်အဖြေကိုစောင့်နေတာပါ ။

ကိုယ်သဘောကျ လက်ခံနိုင်လောက်တဲ့ အနေအထား၇ှိရင် လက်ခံလိုက်ပါ။

တစ်ခုတော့ရှိတယ်နော် ။ ကိုယ်က လက်ထပ်ဖို့မစဉ်းစားသေးရင် သူနောက်ဆုတ်သွားမှာပါ ။

ကိုယ့်ကို အနှောက်အယှက်ပေးမဲ့သူ မဟုတ်ပါဘူး။

အကြွင်း ၃…..ရရင်တော့ ရှင်ပြောတာ ကျွန်မ က ဘယ်နှယောက်မြောက်လဲ လို့သာ မေးလိုက်တော့ ။

တကယ် မျက်နှာများတဲ့သူပဲ ။ကိုယ့်ကို သဘောကျလို့ တွဲချင်တာပဲရှိပါတယ် ။

လေးလေးနက်နက် ချစ်နေတဲ့သူတော့မဟုတ်ပါဘူးနော် ။

လက်ထပ်ပေါင်းသင်းဖို့နေနေ သာသာ ရေရည် ချစ်ပါ့မလားတောင် မသိ ။

ကိုယ်ကလက်ခံလိုက်မိရင် ကိုယ့်အပြင် နောက်တစ်ယောက် တွဲနေတာတို့

ကိုယ့်ကိုပစ်ထားလိုက် ကိုယ့်ဆီ ပြန်လာလိုက်နဲ့ ချစ်တမ်းကစားနေမှာပါ ။

အသဲကွဲ ကာကွယ်ဆေးထိုးပြီးမှ ချစ်ပေါ့ ။ ဒါပေမဲ့ အဲဒီဆေး မပေါ်သေးဘူးနော် ။

မိတ်ဆွေအဆင့်လောက်ပဲကောင်းပါတယ် ။

အကြွင်း ၄…..ရရင်တကယ်ချစ်နေတာပါ ။ သူတကယ်ပြောတာပါ ။

ကိုယ့်ကိုမြတ်နိုးနေတာမှ သဲသဲလှုပ်ပါပဲ ။ ကိုယ့်အတွက်ဆို ဘာကိုရင်ဆိုင်ရပါစေ ။

ခိုင်မြဲတဲ့အချစ်နဲ့ တစ်သက်လုံး လက်တွဲသွားမဲ့လူမျိုးပါ ။ သူက စကားနည်းတယ်။

ဒီချစ်စကား ပြောဖို့သူတော်တော် အရှိန်ယူရပုံပဲ။ ကိုယ့်ကို တင့်တင့်တယ်တယ် ထားမှာအမှန်ပဲ။

သဘောကျရင် စဉ်းစားဖို့ တကယ်ကောင်းတဲ့သူပေါ့ ။

သူ့ဝန်းကျင် သူ့အသိုင်းအဝိုင်း သူ့အနေအထားတွေကို မိန်းကလေးပီပီ ထည့်စဉ်းစားမယ် ။

အချစ်ဘက်ကတော့ တကယ်အမှတ်ပြည့် ပေးထားတယ်။

ကိုယ့်သဘော ကိုယ့်အလိုကိုလိုက်ပြီး ကိုယ့်မျက်နှာအညှိုးမခံရအောင်

သူဘက်က တကယ်ဆောင်ရွက်ပေးမှာပါ။ လက်ခံလို့ရပါတယ် ။

သူ့ဘက်ကတော့ သေချာပါတယ်။သေချာစဉ်းစားပြီးလက်ခံပေါ့။

အကြွင်း ၅……ရပါက သူကိုယ်တိုင်တောင် ဒီစကားပြောတာ သေချာရဲ့လားလို့ မသိနိုင်ပါဘူး ။

တခါတလေ ကိုယ့်ကိုချစ်လိုက် တခါတလေ ကိုယ့်ကိုမေ့ထားလိုက် လုပ်မှာပါ။

ရည်းစား စကားပြော ချစ်ခွင့်ပန်ပြီး ဒီစကားပဲ သူ မပြောသလိုလို။

ကိုယ်ကမူပြီး ဆွဲထားချိန် ကြားထဲမှာ ထပ်အဖြေတောင်းတော့မှာ မဟုတ်တော့ပါဘူး ။

သူတကယ် ချစ်တတ်သူမှဟုတ်ရဲ့လား ။ သူ့ရင်ထဲမှာ အသဲနှလုံးရောရှိရဲ့လား ဆိုတာကို လေ့လာ ။

သူ့စိတ် သူ့ပတ်ဝန်းကျင်နဲ့ ကိုယ် အဆင်ပြေပါ့မလား ဆိုတာ ဆုံးဖြတ်ပေါ့။

ငြင်းစရာ မရှိလောက်အောင် ပြည့်စုံလို့လက်ခံမယ် ။

ကိုယ်က ချစ်သာနေပြီး မစွတ်ခင်က ညွတ်ချင်ချင် ဖြစ်ပြီး

သူလာပြောတာနဲ့ အဖြေပေးခဲ့မိရင် လက်ထပ်ဖို့အချိန်လေးတော့ ယူပါအုံး။

အကြွင်း ၆ ….ရရင်တော့တကယ်ကောင်းတဲ့လူပါ ။

သူ့အချစ်က အမှန်တကယ် တည်ငြိမ်ပါတယ် ။

ကိုယ်မှတပါး နောက်တစ်ယောက် ထားမှာမဟုတ်ဘူး။

ဖြစ်ပြီးတဲ့အတိတ်မှာ ဘယ်လောက်ပဲရှုပ်ခဲ့ ရှုပ်ခဲ့ ကိုယ်နဲ့မှ တကယ် တည်ငြိမ်သွားမှာပါ။

အသက်အနေအထား ဖြတ်သန်းရတဲ့ဝန်းကျင်တွေ ကြားထဲမှာ ပေါက်ဖွားလာတဲ့ အချစ်စစ် ။

တကယ်လက်ထပ်သင့်တဲ့သူပေါ့ ။ သူက သိပ်ချစ်တတ်တဲ့သူ။

ကိုယ့်အလို တကယ်လိုက်မှာ ။ သူ့အချစ်က တည်မြဲပါတယ်။

ကိုယ့်မိဘ ကိုယ့်အသိုင်းအသိုင်း သူ့မိဘ သူ့အသိုင်းအဝိုင်းသာ စပ်ဟပ်လို့ ရရင်တော့…..

အကောင်းလို့သာ အောက်မေ့လိုက်တော့။

အကြွင်း ၀……ရရင်တော့ မဟန်ပါဘူး။ ကန်တော့ဆွမ်းပါ ပဲလို့လုပ်လိုက်ပါ ။

ကိုယ့်အချစ်က သူနဲ့ မတန်ပါဘူး။ ဟိုမရှင်း ဒီမရှင်း အရှုပ်ထုပ်ထဲ ကိုယ့်ပါ ဆွဲသွင်းနေတာ ။

သူ့သာ သွားကြိုက်မိရင်တော့ ငါးပါးမှောက်ပြီသာ မှတ်လိုက်တော့ ။

ရှေးစကား ပြောထားတာ မှတ်မိသေးတယ်။ ဒူးနဲ့မျက်ရည် သုတ်နေရမယ်။

သူ့ချစ်စကား ပြောပုံကလဲ မဟန်။ ချစ်ရေးဆိုပုံကလဲ တစ်မျိုးနဲ့ မလည်မဝယ်

မိန်းကလေးများ ဆိုရင်တော့ တာ့တာပဲ။ ပညာပါပါနဲ့သာ ဖယ်ထုတ်လိုက်ပါ။

ယောင်လို့များ သွားမတွဲလိုက်နဲ့။ ယူလို့လဲ မကောင်း ၊ မယူမိရင်လဲ

နောက် လိုက်နှောက်ယှက် အရှက်ခွဲမဲ့သူပဲ ။ ပညာသား ပါပါနဲ့သာ ငြင်းလိုက်ပါ။

ဒီနည်းက ချစ်ရေးဆိုချိန် ကို အဓိက ထားပြီး ပြန်အဖြေမပေးခင်ကို ချိန်ဆနိုင်အောင် ပေးထာတာပါ။

ချစ်သူရှိပြီးသား လူတွေနဲ့ပတ်သက်ပြီး တွက်ကြည့်ချင်ရင် တစ်ဖက်လူကို ချစ်စကားပြောခဲ့တဲ့ အသက်နဲ့ချိန်ပြီးတွက် ။

ရည်းစား မရှိသေးသူတွေကလဲ ဘယ်အသက်မှာဘယ် နာမည်မျိုးနဲ့…..

လူက အချစ်စစ် ကမ်းလှမ်းလာမယ် ဆိုတာ ဉာဏ်ကစားပြီး

တွက်ကြည့်ပေါ့နော့်………

ဖတ်ပြီးရင် မဖတ်ရသေးတဲ့မိန်းကလေးများဖတ်ရန် နှင့်မိမိသူငယ်ချင်းမိန်းကလေးများဖတ်ရန်Tagတွဲ၍ဖြစ်စေ Shareပေးကြပါ။

only you