Love























Credit

Unicode

သင်ဟာ လွယ်လွယ်မချစ်တတ်‌ပေမယ့် အချစ်ကြီးသြူဖစ်‌ကြောင်း သိနိုင်မယ့်အချက်များ

တစ်ချို့မိန်းကလေးတွေက အချစ်ဆိုတာကို အရမ်းကြီး မယုံကြည်သလို ထင်ရပြီး လွယ်လွယ်ကူကူ မချစ်တတ်ကြပါဘူး။

ဒီလို လွယ်လွယ်ကူကူ အချစ်မှာ မကျရှုံးတတ်တဲ့ မိန်းကလေးတွေဟာ တကယ်တမ်းမှာ

မချစ်တတ်တဲ့ သူတွေမဟုတ်ပဲ နက်နက်ရှိုင်းရှိုင်းကို ချစ်တတ်တဲ့ သူတွေ ဖြစ်နေတတ်ပါတယ်။

သူတို့ဆီမှာ လူတွေမသိနိုင်တဲ့ ဒီလိုအချက်လေးတွေ ရှိလို့နေပါတယ်။

(1) ချစ်တယ်ပြောလာတိုင်း မယုံတတ်ဘူး

လွယ်လွယ်မချစ်တတ်တဲ့ မိန်းကလေးဆိုတာ လွယ်လွယ်မယုံတတ်တဲ့ သူတွေဖြစ်နေလို့ပါပဲ။

အချစ်ဆိုတာ ပါးစပ်က လွယ်လွယ်ပြောတိုင်း ချစ်တယ်လို့ သတ်မှတ်လို့မရဘူးဆိုတာကို ကောင်းကောင်း နားလည်ထားတတ်ကြသူတွေပါ။

တစ်ချို့လူတွေက ချစ်တယ်လို့သာပြောပေမယ့် အချိန်လေးတစ်ခုတောင် မစောင့်ဆိုင်းနိုင်ကြတာမို့ သူတို့က ဒါကို အချစ်လို့ မယုံကြည်တတ်ကြတာ ဖြစ်ပါတယ်။

(2) စိတ်ကစားမလွယ် တတ်ဘူး

ဒီလိုမိန်းကလေးတွေက အလွယ်တကူ စိတ်မကစားတတ်ကြပါဘူး။

သူတို့ရဲ့ စိတ်ကို သူတို့လုံးဝ ထိန်းချုပ်နိုင်စွမ်းရှိတာမို့ ဘာမဟုတ်တဲ့ အထာပေးတာလောက်ကိုတော့ သူတို့က ဂရုကိုမစိုက်တတ်ကြတဲ့ သူတွေပါ။

သူတို့လိုချင်တာက တည်ငြိမ်လေးနက်တဲ့ ချစ်ခြင်းမျိုးတွေပဲ ဖြစ်တာမို့ ခဏတာ စိတ်ကစားမှုတွေကို အလေးမထားလို့ လွယ်လွယ်လည်း မချစ်မိတတ်ကြပါဘူး။

(3) အချစ်အကြောင်း နှောကြေထားတယ်

သူတို့လေးတွေက လွယ်လွယ်မချစ်တတ်တဲ့ သူတွေဆိုပေမယ့် အချစ်အကြောင်းကိုတော့ ကောင်းကောင်းသိထားကြတဲ့ သူတွေဖြစ်ပါတယ်။

ကိုယ့်သူငယ်ချင်းတွေရဲ့ relationship ပြသနာတွေ၊ ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတဲ့ အချစ်ရေး ရှုပ်ထွေးမှုတွေကို သိထားသူတွေဖြစ်တာကြောင့်

အချစ်ဆိုတာ လွယ်လွယ်ချစ်တတ်လေ မှားယွင်းတဲ့ ရွေးချယ်မှုဖြစ်လေဆိုတာကို သိထားကြသူတွေပါ။

(4) ကိုယ့်အတွက် စစ်မှန်တဲ့သူကို စောင့်ဆိုင်းတတ်တယ်

ဒီလိုမိန်းကလေးတွေက ကိုယ့်ဘဝရဲ့ တကယ့်ကို စစ်မှန်တဲ့ တစ်စုံတစ်ယောက်ကိုပဲ မျှော်လင့်တတ်ကြသူတွေပါ။

ချစ်သူရည်းစားတွေလည်း အများကြီးမထားချင်သလို သူတို့အပေါ် တကယ် ချစ်မချစ်ဆိုတာကို ကိုယ်တိုင် သေချာလေး လေ့လာတတ်ကြပါသေးတယ်။

ဒီအချက်ကပဲ သူတို့ကို လွယ်လွယ်မချစ်တတ်တဲ့ သူတွေ ဖြစ်လာစေတာပါ။

Credit