Love

တကယ္ခ်စ္တဲ့ေယာက္်ား နဲ႔ ဟန္ေဆာင္တတ္တဲ့ေယာက္်ား

တကယ္ခ်စ္တဲ့ေယာက္်ား နဲ႔ ဟန္ေဆာင္တတ္တဲ့ေယာက္်ား

မိန္းခေလးတေယာက္က သူ႔ခ်စ္သူ ေကာင္ေလးနဲ႔ 6ႏွစ္ အၾကာလက္တြဲ ခဲ့တယ္။

ဒါေပမဲ့ ခ်စ္သူေကာင္ေလးကသူမကို လက္ထပ္ယူဖို႔ စိတ္ကူးမရွိခဲ့ဘူး။

အဲဒါေၾကာင့္ ဒီ 6 ႏွစ္ ၾကာ အခ်စ္ဇာတ္လမ္းကို သူမ ျဖတ္ေတာက္ျပစ္ဖို႔ ေ႐ြးခ်ယ္လိုက္တယ္။

သူမရဲ႕ အခုလက္ရွိလင္ေယာက်္ားကို အိမ္ေထာင္ဖက္ ေတြတဲ့အေနနဲ႔ စေတြ႕တဲ့ အခ်ိန္တုန္းကသူမ အိမ္ေထာင္ျပဳခ်င္ၿပီလို႔ ေျပာခဲ့တယ္။

သူမရဲ႕ ေယာက်္ားကတခ်က္ၿပဳံးသြားတယ္။

အတူတူထမင္း စားခဲ့ၾကၿပီး ေပ်ာ္႐ႊင္စြာစကားေတြ ေျပာခဲ့ၾကတယ္။

ေနာက္တေန႔ သူတို႔ ၂ ေယာက္လုံးက အိမ္မွာမိဘေတြကို ေျပာလိုက္ ၾကတယ္။

၁ပတ္ေလာက္ ၾကာေတာ့ သူတို႔ ေစ့စပ္ၾကတယ္။

၂ ပတ္ေလာက္ ၾကာၿပီးေနာက္ သူတို႔လက္ထပ္သြားၾကတယ္။ အခု4 ႏွစ္ ရွိသြားခဲ့ၿပီ။

သူတို႔မွာ ၃ႏွစ္ အ႐ြယ္ သားေလးတေယာက္နဲ႔ ေပ်ာ္႐ႊင္စြာအတူတူ ေနထိုင္ေနၾကတယ္။ အဲဒီမိန္းခေလးက ေျပာခဲ့တယ္။

လူတေယာက္က နင့္ကိုခ်စ္တယ္ မခ်စ္ဘူး ဆိုတာအတူတူ တြဲခဲ့တဲ့ အခ်ိန္ဘယ္ေလာက္ ၾကာခဲ့သလဲဆိုတာ မဟုတ္ပဲ သူကနင္ကိုကတိတခု ေပးႏိုင္တာ ပါပဲ။

ေနာက္ျပန္လွည့္တာ ျပန္အဖက္ ဆယ္တာေတြငါမသိဘူး။ငါသိတာက ငါ့ကိုခ်စ္တဲ့သူက ငါ့နားကထြက္သြားမွာ မဟုတ္ဘူး။

ဘာျဖစ္လို႔လဲ ဆိုေတာ့ ငါဝမ္းနည္းမယ္ဆိုတာ သူ သိေနလို႔ပဲ။

အိပ္ခ်င္ေယာင္ ေဆာင္သူကို ႏိုးရခက္တယ္။ မခ်စ္တတ္တဲ့ သူကို ေျပာရခက္တယ္။

ဒီေလာကႀကီးထဲမွာ မခ်စ္တဲ့ အေၾကာင္းျပခ်က္ေတြ အမ်ားႀကီးပဲ အလုပ္မအားတာ၊ ပင္ပန္းတာ နင့္အတြက္ ေကာင္းေစခ်င္လို႔ပါ ဆိုတာေတြေပါ့။

ခ်စ္တယ္ဆိုတာ က်ေတာ့ ေဖာ္ျပမႈ တခုပဲရွိတယ္။အဲဒါကနင္နဲ႔ အတူ ေနခ်င္တယ္။

နင့္ကိုသာယာေပ်ာ္႐ႊင္တဲ့မိသားစုေလး ေပးခ်င္တယ္။

မိန္းမေတြဗိုက္ဆာေလာင္ ေနခ်ိန္မွာ ဟန္ေဆာင္တတ္တဲ့ ေယာက်္ားက ” နင္စားဖို႔ တခုခုသြားဝယ္ေပးရမလား ” လို႔ ေျပာလိမ့္မယ္။

တကယ္ခ်စ္တဲ့ ေယာက်္ားက ” လာ .. ထမင္းသြား စားၾကမယ္ ” ဆိုၿပီး ေျပာလိမ့္မယ္။

မိန္းမေတြ ေမြးေန႔ကို ေရာက္ရင္ဟန္ေဆာင္တတ္တဲ့ ေယာက်္ားက ” နင္ဘာႀကိဳက္လဲ ” လို႔ ေမးတတ္တယ္။

တကယ္ခ်စ္တဲ့ ေယာက္်ားက ” မိန္းမေရွ႕မွာ လက္ေဆာင္ခ်ေပးၿပီး ဒါနင့္အတြက္ လက္ေဆာင္ ” လို႔ ေျပာတတ္ ၾကတယ္။

မိန္းမေတြခရီးသြားလို႔ ျပန္လာရင္ ဟန္ေဆာင္တတ္တဲ့ ေယာက္်ားက ” ကိုယ္လာႀကိဳရမလား ” လို႔ ေျပာတတ္ၾကတယ္။

တကယ္ခ်စ္တဲ့ ေယာက်္ားက ” ကားဂိတ္မွာ ကိုယ္ေစာင့္ေနမယ္ ” လို႔ ေျပာတယ္။

လူတေယာက္ အတြက္ တဘဝစာ မွန္ကန္တဲ့ ေ႐ြးျခယ္မႈကအေရးႀကီး ဆုံးပဲ။

သင့္ကို ေႏြးေထြးမႈ မေပးႏိုင္တဲ့ ေယာက်္ားတေယာက္ ဟာ သင့္ကို ျပသာနာေတြပဲ ဖန္တီးေပးေန ပါလိမ့္မယ္။

Credit

Unicode

တကယ်ချစ်တဲ့ယောက်ျား နဲ့ ဟန်ဆောင်တတ်တဲ့ယောက်ျား

မိန်းခလေးတယောက်က သူ့ချစ်သူ ကောင်လေးနဲ့ 6နှစ် အကြာလက်တွဲ ခဲ့တယ်။

ဒါပေမဲ့ ချစ်သူကောင်လေးကသူမကို လက်ထပ်ယူဖို့ စိတ်ကူးမရှိခဲ့ဘူး။

အဲဒါကြောင့် ဒီ 6 နှစ် ကြာ အချစ်ဇာတ်လမ်းကို သူမ ဖြတ်တောက်ပြစ်ဖို့ ရွေးချယ်လိုက်တယ်။

သူမရဲ့ အခုလက်ရှိလင်ယောက်ျားကို အိမ်ထောင်ဖက် တွေတဲ့အနေနဲ့ စတွေ့တဲ့ အချိန်တုန်းကသူမ အိမ်ထောင်ပြုချင်ပြီလို့ ပြောခဲ့တယ်။

သူမရဲ့ ယောက်ျားကတချက်ပြုံးသွားတယ်။

အတူတူထမင်း စားခဲ့ကြပြီး ပျော်ရွှင်စွာစကားတွေ ပြောခဲ့ကြတယ်။

နောက်တနေ့ သူတို့ ၂ ယောက်လုံးက အိမ်မှာမိဘတွေကို ပြောလိုက် ကြတယ်။

၁ပတ်လောက် ကြာတော့ သူတို့ စေ့စပ်ကြတယ်။

၂ ပတ်လောက် ကြာပြီးနောက် သူတို့လက်ထပ်သွားကြတယ်။ အခု4 နှစ် ရှိသွားခဲ့ပြီ။

သူတို့မှာ ၃နှစ် အရွယ် သားလေးတယောက်နဲ့ ပျော်ရွှင်စွာအတူတူ နေထိုင်နေကြတယ်။ အဲဒီမိန်းခလေးက ပြောခဲ့တယ်။

လူတယောက်က နင့်ကိုချစ်တယ် မချစ်ဘူး ဆိုတာအတူတူ တွဲခဲ့တဲ့ အချိန်ဘယ်လောက် ကြာခဲ့သလဲဆိုတာ မဟုတ်ပဲ သူကနင်ကိုကတိတခု ပေးနိုင်တာ ပါပဲ။

နောက်ပြန်လှည့်တာ ပြန်အဖက် ဆယ်တာတွေငါမသိဘူး။ငါသိတာက ငါ့ကိုချစ်တဲ့သူက ငါ့နားကထွက်သွားမှာ မဟုတ်ဘူး။

ဘာဖြစ်လို့လဲ ဆိုတော့ ငါဝမ်းနည်းမယ်ဆိုတာ သူ သိနေလို့ပဲ။

အိပ်ချင်ယောင် ဆောင်သူကို နိုးရခက်တယ်။ မချစ်တတ်တဲ့ သူကို ပြောရခက်တယ်။

ဒီလောကကြီးထဲမှာ မချစ်တဲ့ အကြောင်းပြချက်တွေ အများကြီးပဲ အလုပ်မအားတာ၊ ပင်ပန်းတာ နင့်အတွက် ကောင်းစေချင်လို့ပါ ဆိုတာတွေပေါ့။

ချစ်တယ်ဆိုတာ ကျတော့ ဖော်ပြမှု တခုပဲရှိတယ်။အဲဒါကနင်နဲ့ အတူ နေချင်တယ်။

နင့်ကိုသာယာပျော်ရွှင်တဲ့မိသားစုလေး ပေးချင်တယ်။

မိန်းမတွေဗိုက်ဆာလောင် နေချိန်မှာ ဟန်ဆောင်တတ်တဲ့ ယောက်ျားက ” နင်စားဖို့ တခုခုသွားဝယ်ပေးရမလား ” လို့ ပြောလိမ့်မယ်။

တကယ်ချစ်တဲ့ ယောက်ျားက ” လာ .. ထမင်းသွား စားကြမယ် ” ဆိုပြီး ပြောလိမ့်မယ်။

မိန်းမတွေ မွေးနေ့ကို ရောက်ရင်ဟန်ဆောင်တတ်တဲ့ ယောက်ျားက ” နင်ဘာကြိုက်လဲ ” လို့ မေးတတ်တယ်။

တကယ်ချစ်တဲ့ ယောက်ျားက ” မိန်းမရှေ့မှာ လက်ဆောင်ချပေးပြီး ဒါနင့်အတွက် လက်ဆောင် ” လို့ ပြောတတ် ကြတယ်။

မိန်းမတွေခရီးသွားလို့ ပြန်လာရင် ဟန်ဆောင်တတ်တဲ့ ယောက်ျားက ” ကိုယ်လာကြိုရမလား ” လို့ ပြောတတ်ကြတယ်။

တကယ်ချစ်တဲ့ ယောက်ျားက ” ကားဂိတ်မှာ ကိုယ်စောင့်နေမယ် ” လို့ ပြောတယ်။

လူတယောက် အတွက် တဘဝစာ မှန်ကန်တဲ့ ရွေးခြယ်မှုကအရေးကြီး ဆုံးပဲ။

သင့်ကို နွေးထွေးမှု မပေးနိုင်တဲ့ ယောက်ျားတယောက် ဟာ သင့်ကို ပြသာနာတွေပဲ ဖန်တီးပေးနေ ပါလိမ့်မယ်။

Credit