Beauty
5.ဆံပင်ညှပ်ကလစ် အမဲလေးတွေကို အေရာင်မိုင်းလာတာ သံချေးတက် လာတာမျိုးဖြစ်လာရင်
အာ့ခါမှ ပြန်စည်းပါ
9.နူတ်ခမ်းနီဆိုးလို့ ဘေးချော်သွားရင် လက်နဲ့ မဖျက်ပါနဲ့ ပြန့်ပြီး ပိုပေတက်ပါတယ် ဂွမ်းတံလေးနဲ့ ဖျက်ပေးပါ
21.ရေချိုးရင် ခေါင်းလျှော်ပြီးမှ မျက်နှာသေချာသစ်ပါ မျက်နှာသစ်ပြီးမှ ခေါင်းမလျှော်ပါနဲ့
40.အရွယ်မတိုင်ခင် မျက်အိတ် တွဲတာတွေ မျက်လုံးအောက် လိုင်းတွန့်တွေ ပေါ်လာတာတွေကို
41.အသားဖြူချင်တဲ့သူတွေအတွက် ရေချိုးရင်body scrub တစ်ပတ်နှစ်ကြိမ်လောက်လုပ်ပါ။
Credit:အိမ့်
Unicode
မိန်းကလေးတိုင်း အတွက် ပိုက်ဆံ မကုန်ပဲ လှနေစေမည့် လျှို့ဝှက်ချက်လေးများ
မိန်းခလေးတေ အတွက် အသုံးဝင်တဲ့ နည်းလေးတေ ပြန်တင်ပေးလိုက်တယ်အဆုံးထိ ဖတ်ကျိသွား
ပိုက်ဆံ မကုန်စေပဲ အလှအပရေးရာ အစုံပလုံ
1.မနက်ဖြန် ခေါင်းလျှော်မယ်ဆို ဒီနေ့ည ဘက်မှာ အုန်းဆီ များများလူးအိပ်ပါ
( Sheryl က သံလွင်ဆီ ပိုကြိုက်တယ်) မနက်ကြ ခေါင်းလျှော်ချပါ ဆံပင်ပျော့ပြောင်းပြီးသန်လာစေပါတယ်
2.ဆံပင် အရှည် မြန်ချင်ရင် အောက်ဖျားလေးတွေ ညှိပေးပါ
3.မကောင်းတဲ့ဆံပင်တွေ တိချင်တယ်ဆိုရင်
ဆံပင်အကုန်လုံးကို ပုခုံးတစ်ဖက်ထဲ ဘက်ကို သိမ်းယူပါ ပြီးရင် ဆံပင်ကို ၂ပတ် ၃ပတ်လိမ်လိုက်ပါ
လိမ်လိုက်ရင် ထိုးထိုးထောင်ထောင် ထွက်လာတဲ့ ဆံပင်အတိုအထွာအောက်ဖျားလေးတွေ လိုက်ညှပ်ပါ
4.မိတ်ကပ် primer မရှိရင် အလှဆီနဲ့ moisture ခရင်ရောပြီး မျက်နှာကိုလူးပါ ပြီးမှ မိတ်ကပ်လူးပါ
5.ဆံပင်ညှပ်ကလစ် အမဲလေးတွေကို အေရာင်မိူင်းလာတာ သံချေးတက် လာတာမျိူးဖြစ်လာရင်
လက်သည်းနီလေးကို ကလစ်မှာ ဆိုးပြီး ကလစ် အသစ်တစ်ချောင်းအဖြစ် ဖန်တီးနိုင်ပါတယ်
6.ဆံပင်ကို ပိုနီတေး စီးလဲစီးချင်တယ် စီးလိုက်ရင် အေရှ့ဆံပင် က ပြားပြီးကပ်နေလို့ မလှဘူး
မစီးရဲဘူး ဆိုရင် အေရှ့ဆံပင်ကို အပေါ်ကို ထောင်လိုက်ပါ
ပြီးရင် သွားတိုက်တံနဲ့ အပေါ် က နေ အောက်ကို ဆွဲချပါ ဆံပင်ပွပွဖောင်းဖောင်းလေး ဖြစ်သွားလိမ့်မယ်
အာ့ခါမှ ပြန်စည်းပါ
7.နှာခေါင်းမဖော်တတ်ရင် အလွယ်ဆုံးနည်းက ကပ်ထူ စက္ကူကို
အလယ် နှာခေါင်းရိုး အရွယ် အချောင်းလေး ဖြတ်ပါ
ပြီးရင် ဖြတ်ထားတဲ့ ကတ်ထူ စက္ကူချောင်းကို နှာရိုး အလယ်မှာထားပြီး
ဘေးကနေ brush နဲ့ အညိုကို ကတ်ထူလိုင်းအတိုင်း ခြယ်ပါ
8.ဆံပင်ကိုဆေးမသုံးပဲခဏကောက်ချင်တယ်ဆိုရင်ကျစ်ဆံမြီးကျစ်လိုက်ပါ
ကျစ်ထားတဲ့အပေါ်ကနေ ဖြောင့်စက်နဲ့ ဖိပေးပြီးရင် ဖြည်ချပါ hair wax spray ရှိရင် ဖြန်းပါ မရှိလဲရပါတယ်
9.နူတ်ခမ်းနီဆိုးလိို့ ဘေးချော်သွားရင် လက်နဲ့ မဖျက်ပါနဲ့ ပြန့်ပြီး ပိုပေတက်ပါတယ် ဂွမ်းတံလေးနဲ့ ဖျက်ပေးပါ
matte type နူတ်ခမ်းနီဆို ဂွမ်းတံကို ရေ သိုာမဟုတ် မိတ်ကပ်ဖျက်ဆေး စွတ်ပြီး ဖျက်ပေးပါ
အဲ့နေရာကိုတော့ ပြီးရင် ပေါင်ဒါပြန်ပုတ်ပါ ကွက်နေမှာစိုးလို့ပါ
10.two way သုံး၇ ကြိုက်တယ်ဆိုရင် အောက်ခံမိတ်ကပ်ကို cream ပါးပါးပဲလူးပါ
11.foundation လိမ်းပြီး two way လူးရင် မျက်နှာ က ထူအမ်းပြီး ပြာသွားစေပါတယ်
12.two way မှ two way ပါပဲ ဆိုရင်တော့
အောက်က skin care တခုခုလိမ်း ပြီး ဖော့ကို ရေနဲနဲစွတ်ပြီး two way သုံးပေးပါ ဒါဆ်ု မပြာတော့ဘူးပေါ့
(skin care …တိုနာ …နို့ရည်…. primer …moisture..sun cream..) တခုခုလိမ်းတာကို ဆိုလိုတာပါ
13.အဆီပြန်ရင် မိတ်ကပ်အရည် လိမ်းပေးပါ
14.အသားခြောက်ရင် မိတ်ကပ် ခရင်မ်လူးပါ
15.ဆံပင်ရှည်မြန်ချင်ရင် ကျစ်ဆံမြီး များများကျစ်ပါ
16.မိတ်ကပ်ဖျက်ဆေးမရှိရင် အုန်းဆီ နဲ့ ဖျက်လို့၇ပါတယ် အုန်းဆီကို အဆီမဟုတ်ပဲ
အခဲဆို ဖျက်၇အဆင်ပြေပါမယ်နော်
အုန်းဆီကို ဘူး အဝကျယ်တဲ့ ဘူးထဲထည့်ထားပြီး အဖုံးပုတ်ပြီး ရေခဲသေတ္တာထဲထည့်ထားပါ
အေးနေရင် အခဲလေးတွေဖြစ် နေပါလိမ့်မယ်
လိုသလောက်ယူပြီး မျက်နှာမသစ်ခင် အနှံ့ သေချာပွတ်ပြီး ပြီးမှ ဆပ်ပြာနဲ့ သစ်လိုက်ပါ
17.မျက်နှာသစ်ရင် မျက်နှာသစ်ဆေးကိုညစ်ပြီး တိုက်ရိုက် မျက်နှာပေါ် အပုံလိုက်လေး မတင်ပါနဲ့
မျက်နှာတစ်ခုလုံး မျက်နှာသစ်ဆေး မေရာက်နိုင်လို့ပါ မျက်နှာသစ်ဆေးကို လက်ဖဝါးထဲအနည်းငယ် ညစ်ပြီး
ရေနဲနဲစွတ်ကာ လက်နစ်ဖက်နဲ့ အမြူထွက်အောင် ပွတ်ပါ ပြီးမှ မျက်နှာအနှံ့ ပွတ်သစ်ပါ ပိုထိရောက်ပါတယ်
18.သွားတိုက်ရင်း သွားတိုက်တံလေးနဲ့ နူတ်ခမ်းကိုပါ အသာအယာ တိုက်ပေးနိုင်ပါတယ်
19.လိပ်စာကတ်လို ကတ်ထူ ကတ်လေးနဲ့ ပါးရိုးချတဲ့နေရာမှာ အရာပေးပြီး သုံးနိုင်ပါတယ်
20.လိပ်စာကတ်ကို masacara ကော့ရင် မျက်တောင်အပေါ်နားမှာ ထားပြီး
မျက်တောင်ကော့ပေးရင် အပေါ်ကို masacara ပေခြင်းမှ ကာကွယ်နိုင်ပါတယ်
အောက်မျက်တောင်ကိုလဲ ထိုနည်းလည်းကောင်း သုံးနိုင်ပါတယ်
21.ရေချိူးရင် ခေါင်းလျှော်ပြီးမှ မျက်နှာသေချာသစ်ပါ မျက်နှာသစ်ပြီးမှ ခေါင်းမလျှော်ပါနဲ့
ခေါင်းလျှော်ရည်က စီးကျလာတဲ့ chemical တွေက မျက်နှာအတွက် အန္တာရယ်ရှိစေနိုင်လို့ပါ
22.ပါးနီဆိုးရင် ပါးရိုး အပေါ်မှာပဲရှိပါစေ ။ပါးရိုးအောက်ကို မကျပါစေနဲ့။
23.eyeshadow ခြယ်ရင် blend လုပ်ဖို့မမေ့ပါနဲ့ (ခုထိလုပ်တတ်သေးဘူး) hee့
24.Eyeliner ကို ခပ်ပါးပါးသာခြယ်ပါ
အထူကြီးဆိုးရင် မိမိ ပင်ကိုယ် ရှိတဲ့ မျက်ရစ်ကို ဖုံး သွားစေလို့ အလှပျက်စေလိမ့်မယ်နော်
25.မျက်နှာအသား ပင်ကိုယ် ကွက်နေရင် မိတ်ကပ်နဲ့ ညီအောင် ဖြည့်လိမ်းပါရှင်
26.မျက်လုံးအောက် concelar သုံးမယ်ဆိုရင် တြိဂံ ပုံစံနေရာချပြီး blend လုပ်ပေးတာက သဘာဝကျပါတယ်
27.အသားအရည် ခြောက်သွေ့သူများ Aloe vera gel ကို အောက်ခံလူးပြီး မိတ်ကပ်လူး ရင် အသားစိုလာစေမှာပါ
28.အသားအရည်ကို skin care ဘာမှ မလိမ်းနိုင်ရင်တောင် ညဘက်အိပ်ခါနီး NNO အဆီလိမ်းအိပ်ပေးပါ
29.အိပ်ခန်း သို့ မိမိ အခန်းကို သန့်သန့်ရှင်းရှင်းထားခြင်းကြောင့် စိတ်ရွှင်စေပါတယ် ။သန့်ရှင်းမူရှိပါစေ။
30.ညအိပ်တဲ့အခါ အတွင်းခံ တွေ့ ဝတ်မအိပ်တာ ခန္ဓာကိုယ် လွတ်လပ်ပေါ့ပါးမူပိုရှိပြီး အဆင်ပြေစေပါတယ်
31.ဈေးကြီးတဲ့ ၁သိန်း ကပ်နေတဲ့ foundation တွေ ကို မဝယ်နိုင်လို့ ဖြစ်စေနှမြောလို့ ဖြစ်စေ ဝယ်စရာမလိုပါဘူး။
၁သောင်းကျော်လောက်နဲ့ brand ကောင်းကောင်းလေးတွေ သုံးနိုင်ပါတယ်။
32.မိတ်ကပ်ကွက်တာ မိတ်ကပ် မညီတာကလဲ အသားအရည်မကောင်းတာဖြစ်နိုင်သလို
အသားအရည်မှာ ချေးကပ်နေတာ ဖြစ်နိုင်ပါတယ်
တစ်ပတ်တစ်ခါ ချေးချွတ် Scrub လုပ်ပါ။ ready made ချေးချွတ် gel type လေးတွေရှိပါတယ်။
33.နနွင်းမူန့်အနံ့ ခံနိုင်ရင် ပျားရည်နဲ့ နနွင်းမူန့်ရောပြီး မျက်နှာပေါ် ပေါင်းတင်နိုင်ပါတယ်။
အသားအရည် ဝင်းမွတ်ပြီး မျက်နှာပေါ်က ဘက်တီးရီးယားတွေ သေစေနိုင်ပါတယ်။
34.မျက်နှာသုတ်ပုဝါတွေကို တစ်ပတ်တစ်ခါ လျှော်ပါ တစ်ယောက်တစ်ထည် သီးသန့်သုံးပါ
လူတိုင်း အသားအရည် မတူနိုင်ပါဘူး။
ထို့ကြောင့် အေ၇ပြား အနာတွေ ကူးစက်တာတွေဖြစ်စေနိုင်ပါတယ် ။ ဥပမာ ပွေး ဝဲ ညှင်း။
36.မိတ်ကပ် ခြောက်ဘူးထဲက ပေါင်ဒါတို့ပတ် တွေနဲ့ သူံးမယ်ဆ်ုရင် တို့ပတ်က အမြဲသန့်ရှင်းနေပါစေ။
ဝယ်ထဲက ပါလာတဲ့ တို့ပတ် တခုထဲကို စွဲစွဲမြဲမြဲ မသုံးပါနဲ့။
37.အကောင်းဆုံး က powder puff အစား Powder brush တချောင်း ဝယ်ထားပါ
အာ့လေးနဲ့ ပေါင်ဒါတင်ရာမှာ သုံးပါ
brush က လျှော်ဖို့ လွယ်ကူပါတယ်။brush set လိုက်ကြီး မဝယ်ချင်ဘူး မသုံးတတ်ဘူးဆိုရင်တောင်
powder brush တစ်ချောင်းတော့ ဝယ်ထားပါ။တချောင်းခြင်း သီးသန့် ဝယ်လို့၇ပါတယ်။
38.မိတ်ကပ်ပစ္စည်းထားတဲ့နေရာ က အမြဲသန့်ရှင်းမူရှိနေပါစေ
39.မိတ်ကပ်လိမ်းရင် ဘယ်တော့မှ ပွတ်ဆွဲပြီး မလိမ်းပါနဲ့ အရွယ် မတိုင်ခင် အသားအရည် ပျက်စီးတတ်ပါတယ်
40.အရွယ်မတိုင်ခင် မျက်အိတ် တွဲတာတွေ မျက်လုံးအောက် လိူင်းတွန့်တွေ ပေါ်လာတာတွေကို
အသက်နှစ်ဆယ်ကျော် ထဲက Eye cream လူးပြီး ကာကွယ် နိုင်ပါတယ်
41.အသားဖြူချင်တဲ့သူတွေအတွက် ရေချိူးရင်body scrub တစ်ပတ်နှစ်ကြိမ်လောက်လုပ်ပါ။
မနက်တစ်ခါ ညတစ်ခါ vaseline lotion တစ်ကိုယ်လုံးလူးပါ။ ရေများများသောက်ပါ ။
တစ်လလောက်ပုံမှန်လုပ်ပေးရင်သိသာတယ်နော်။
Scrub နဲ့ lotionလူးဖို့တော့မပျင်းပါနဲ့နော် ။
အိမ့်တောင်lotionလူးရမှာပျင်းလို့ တော်တော်သတိထားပြီးလုပ်တာ တစ်လကျော်ရင်
အသားစိုစိုလေးနဲ့သိသိသာသာကြည်လာပါတယ်
လှစေချင်လွန်းလို့ပါနော် .. ။
Credit:အိမ့်