Knowledge

R2P (Responsibility to Protect) ဆိုတာ

R2P (Responsibility to Protect) ဆိုတာ

ဘာသိလို႔R2P ေတာင္းဆိုရတာလဲလို႔ ေမးေနၾကသူ တစ္ခ်ိဳ႕အတြက္

(၁) Responsibility to Protect (R2P) ဆိုတာ ဘာလဲ

Responsibility to Protect (R2P) ဆိုတာ 2005 ကုလသမဂၢ တြက္ ကမၻာထိပ္သီး အစည္းအေဝးမွာ အဖြဲ႕ဝင္ႏိုင္ငံအားလုံး

ခြၽင္းခ်က္မရွိေထာက္ခံလက္မွတ္ ေရးထိုးခဲ့တတြက္ ကမၻာ ႏိုင္ငံ ေရး ကတိကဝတ္ တခု (a global political commitment) ျဖစ္ပါတယ္။

(၂) R2P ထဲ ဘာေတြ အက်ဳံးဝင္လဲ

ေအာက္ပါ ရာဇဝတ္မႈ ၄ မ်ိဳးကို ေျဖရွင္းဖို႔ပါဝင္ပါတယ္။ ရာဇဝတ္မႈ ၄ မ်ိဳးဟာ ရက္စက္ယုတ္မာေသာ ရာဇဝတ္မႈ။

အစုအၿပဳံလိုက္ ရက္စက္ယုတ္မာေသာ ရာဇဝတ္မႈ (Atrocity crimes or mass atrocity crimes) အျဖစ္က်ဴးလြန္ရပါမယ္။

(က) လူမ်ိဳးတုန္းသတ္ျဖတ္မႈ (Genocides

(ခ) စစ္ရာဇဝတ္မႈ (War Crimes)

(ဂ) လူမ်ိဳးစုေပ်ာက္ကြယ္ေအာင္ျပဳလုပ္မႈ (Ethnic Cleansing)

(ဃ) ျပည္သူတရပ္လုံးအား ဆန႔္က်င္သည့္အမႈကို က်ယ္က်ယ္ျပန႔္ျပန႔္ (သို႔မဟုတ္)

စနစ္တက် မူဝါဒ ခ်မွတ္၍ ရည္႐ြယ္ခ်က္ရွိရွိ က်ဴးလြန္မႈ

(Crimes against humanity: Acts that are purposely committed as part of a widespread or systematic policy, directed against civilians, in times of war or peace)

(၃) R2P က ဘာလုပ္ေပးလဲ

(က) ညႇိႏႈိင္းဖ်န္ေျဖေပးျခင္း

(ခ) သတိေပးျခင္း

(ဂ) စီးပြါးေရးပိတ္ဆို႔ျခင္း

(ဃ) UN က UN charter အခန္း ၇ အရ လုံၿခဳံေရးေကာင္စီကို အာဏာလႊဲအပ္ျခင္း (ဒါကို ေနာက္ဆုံး မွလုပ္ရပါမယ္)

(၁ ) ၿငိမ္းခ်မ္းေရး ပ်က္စီးရန္ အႏၲရာယ္ရွိလ်င္၊

(၂) ၿငိမ္းခ်မ္းေရးကို ေဖာက္ဖ်က္လ်င္

(၃) ၿငိမ္းခ်မ္းေရးကို ေစာ္ကားက်ဴးေက်ာ္ေသာ လုပ္ရပ္ လုပ္လ်င္

UN က UN charter အခန္း ၇ အရ လုံၿခဳံေရးေကာင္စီကို အာဏာလႊဲ၍ စစ္ေရးအရ (သို႔မဟုတ္)

စစ္ေရးမပါဘဲ လုံၿခဳံေရးနဲ႔ ၿငိမ္းခ်မ္းေရးကို တည္ေဆာက္ေပးခြင့္ရွိပါတယ္။

R2P ေထာက္တိုင္ ၃ ခုက ဘာလဲ

(၁) ကိုယ္ႏိုင္ငံမွာ ေဖာ္ျပပါ ရာဇဝတ္မႈ ၄ ခုမရွိေအာင္ ႏိုင္ငံတိုင္း ကာကြယ္ရမယ္

(၂) သက္ဆိုင္ရာႏိုင္ငံက ကိုယ္တိုင္ ကာကြယ္လိုေသာ္လဲ ၊ မႏိုင္လ်င္ အျပည္ျပည္ဆိုင္ဆိုင္ရာ အကူအညီကို လႊတ္ေပးရမယ္

(၃) အျမန္ဆုံးနဲ႔အထိေရာက္ဆုံး ေဆာက္႐ြက္ရမယ္။

R2P ကို ဘယ္မွာ ဘယ္လိုသုံးခဲ့သလဲ

(၁) Kenya 2007/2008

ေ႐ြးေကာက္ပြဲ အျငင္းပြါးၿပီး သမၼတ တစ္ဦးတက္ၿပီးျခင္း အုံႂကြမႈျဖစ္ပြါးခဲ့တယ္။

လူမ်ိဳးစုေပ်ာက္ကြယ္ေအာင္ျပဳလုပ္မႈအက်ဳံးဝင္ခဲ့တယ္။ လူ ၁၀၀၀ေက်ာ္ေသဆုံးၿပီး ၅သိန္းေက်ာ္တိမ္းေရွာင္ရတယ္။

ျပင္သစ္ႏိုင္ငံျခားေရး ဝန္ႀကီးက UN လုံၿခဳံေရးေကာင္စီတင္ျပၿပီး ကုလၾကားဝင္ညႇိႏႈိင္းခဲ့ရပါတယ္။

(၂) Ivory Coast 2011

ေ႐ြးေကာက္ပြဲအလြန္ အုံႂကြမႈျဖစ္ၿပီး မဆင္းတဲ့ သမၼတေဟာင္းနဲ႔ အဖြဲ႕ကိုဖယ္ခ်ဖို႔ UN စစ္တပ္ ၅ရက္အတြင္းဝင္ေရာက္ခဲ့တယ္။

၁၁ ရက္အတြင္း သမၼတအသစ္က သမၼေတဟာင္းကို ဖမ္းၿပီး ICC ပို႔ခဲ့တယ္။

(၃) Libya 2011

UN တပ္ကို R2P အေနျဖင့္စသုံးခဲ့တယ္။ လုံၿခဳံေရး ေကာင္စီ အပစ္အခပ္ရပ္စဲေရး အမိန႔္ေပးၿပီး NATO တပ္ေတြဝင္လာခဲ့တယ္။

အာဏာရွင္ကတာဖီ ထြက္ေျပးၿပီး လမ္းေဘးမွာ ဘယ္လို ေသလဲဆိုတာေတာ့ အားလုံးသိၿပီးျဖစ္လိမ့္မယ္။

တျခား case ေတြလဲရွိပါေသးတယ္။

ၿငိမ္းခ်မ္းစြာ ဆႏၵျပေတာင္းဆိုတဲ့ အေျခအေနနဲ႔မရေတာ့ပါဘူး။

UN တပ္မ်ား စစ္ေရးနဲ႔ကာကြယ္ဖို႔ Responsible to Protect (R2P) ကို တစ္ျပည္လုံး

တညီတညာတည္း ေတာင္းဆိုၾကရမယ့္အခ်ိန္ ေရာက္႐ွိလာပါၿပီ။ သေဘာတူရင္ R2P Campaign ကို စၾကပါစို႔။

CRPH မွ R2P ကို ျပည္သူသန္း ၅၀ ကိုယ္စား ေတာင္းဆ္ိဳေပးပါရန္ ေမတၱာရပ္ခံအပ္ပါတယ္ ။

R2P ကိုသေဘာတူညီရင္ မွ်ေဝၾကပါ။

ထပ္ျဖည့္ ။ အခု Dr. Sa Sa ကေတာင္းဆိုလိုက္ၿပီဆိုေတာ့ အျမန္ဆုံးလက္ခံအေရးယူႏိုင္ဖို႔ ဆုေတာင္းၾကရေအာင္ပါ

Unicode

R2P (Responsibility to Protect) ဆိုတာ

ဘာသိလို့R2P တောင်းဆိုရတာလဲလို့ မေးနေကြသူ တစ်ချို့အတွက်

(၁) Responsibility to Protect (R2P) ဆိုတာ ဘာလဲ

Responsibility to Protect (R2P) ဆိုတာ 2005 ကုလသမဂ္ဂ တွက် ကမ္ဘာထိပ်သီး အစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံအားလုံး

ချွင်းချက်မရှိထောက်ခံလက်မှတ် ရေးထိုးခဲ့တတွက် ကမ္ဘာ နိုင်ငံ ရေး ကတိကဝတ် တခု (a global political commitment) ဖြစ်ပါတယ်။

(၂) R2P ထဲ ဘာတွေ အကျုံးဝင်လဲ

အောက်ပါ ရာဇဝတ်မှု ၄ မျိုးကို ဖြေရှင်းဖို့ပါဝင်ပါတယ်။ ရာဇဝတ်မှု ၄ မျိုးဟာ ရက်စက်ယုတ်မာသော ရာဇဝတ်မှု။

အစုအပြုံလိုက် ရက်စက်ယုတ်မာသော ရာဇဝတ်မှု (Atrocity crimes or mass atrocity crimes) အဖြစ်ကျူးလွန်ရပါမယ်။

(က) လူမျိုးတုန်းသတ်ဖြတ်မှု (Genocides

(ခ) စစ်ရာဇဝတ်မှု (War Crimes)

(ဂ) လူမျိုးစုပျောက်ကွယ်အောင်ပြုလုပ်မှု (Ethnic Cleansing)

(ဃ) ပြည်သူတရပ်လုံးအား ဆန့်ကျင်သည့်အမှုကို ကျယ်ကျယ်ပြန့်ပြန့် (သို့မဟုတ်)

စနစ်တကျ မူဝါဒ ချမှတ်၍ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်မှု

(Crimes against humanity: Acts that are purposely committed as part of a widespread or systematic policy, directed against civilians, in times of war or peace)

(၃) R2P က ဘာလုပ်ပေးလဲ

(က) ညှိနှိုင်းဖျန်ဖြေပေးခြင်း

(ခ) သတိပေးခြင်း

(ဂ) စီးပွါးရေးပိတ်ဆို့ခြင်း

(ဃ) UN က UN charter အခန်း ၇ အရ လုံခြုံရေးကောင်စီကို အာဏာလွှဲအပ်ခြင်း (ဒါကို နောက်ဆုံး မှလုပ်ရပါမယ်)

(၁ ) ငြိမ်းချမ်းရေး ပျက်စီးရန် အန္တရာယ်ရှိလျင်၊

(၂) ငြိမ်းချမ်းရေးကို ဖောက်ဖျက်လျင်

(၃) ငြိမ်းချမ်းရေးကို စော်ကားကျူးကျော်သော လုပ်ရပ် လုပ်လျင်

UN က UN charter အခန်း ၇ အရ လုံခြုံရေးကောင်စီကို အာဏာလွှဲ၍ စစ်ရေးအရ (သို့မဟုတ်)

စစ်ရေးမပါဘဲ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ပေးခွင့်ရှိပါတယ်။

R2P ထောက်တိုင် ၃ ခုက ဘာလဲ

(၁) ကိုယ်နိုင်ငံမှာ ဖော်ပြပါ ရာဇဝတ်မှု ၄ ခုမရှိအောင် နိုင်ငံတိုင်း ကာကွယ်ရမယ်

(၂) သက်ဆိုင်ရာနိုင်ငံက ကိုယ်တိုင် ကာကွယ်လိုသော်လဲ ၊ မနိုင်လျင် အပြည်ပြည်ဆိုင်ဆိုင်ရာ အကူအညီကို လွှတ်ပေးရမယ်

(၃) အမြန်ဆုံးနဲ့အထိရောက်ဆုံး ဆောက်ရွက်ရမယ်။

R2P ကို ဘယ်မှာ ဘယ်လိုသုံးခဲ့သလဲ

(၁) Kenya 2007/2008

ရွေးကောက်ပွဲ အငြင်းပွါးပြီး သမ္မတ တစ်ဦးတက်ပြီးခြင်း အုံကြွမှုဖြစ်ပွါးခဲ့တယ်။

လူမျိုးစုပျောက်ကွယ်အောင်ပြုလုပ်မှုအကျုံးဝင်ခဲ့တယ်။ လူ ၁၀၀၀ကျော်သေဆုံးပြီး ၅သိန်းကျော်တိမ်းရှောင်ရတယ်။

ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးက UN လုံခြုံရေးကောင်စီတင်ပြပြီး ကုလကြားဝင်ညှိနှိုင်းခဲ့ရပါတယ်။

(၂) Ivory Coast 2011

ရွေးကောက်ပွဲအလွန် အုံကြွမှုဖြစ်ပြီး မဆင်းတဲ့ သမ္မတဟောင်းနဲ့ အဖွဲ့ကိုဖယ်ချဖို့ UN စစ်တပ် ၅ရက်အတွင်းဝင်ရောက်ခဲ့တယ်။

၁၁ ရက်အတွင်း သမ္မတအသစ်က သမ္မတေဟာင်းကို ဖမ်းပြီး ICC ပို့ခဲ့တယ်။

(၃) Libya 2011

UN တပ်ကို R2P အနေဖြင့်စသုံးခဲ့တယ်။ လုံခြုံရေး ကောင်စီ အပစ်အခပ်ရပ်စဲရေး အမိန့်ပေးပြီး NATO တပ်တွေဝင်လာခဲ့တယ်။

အာဏာရှင်ကတာဖီ ထွက်ပြေးပြီး လမ်းဘေးမှာ ဘယ်လို သေလဲဆိုတာတော့ အားလုံးသိပြီးဖြစ်လိမ့်မယ်။

တခြား case တွေလဲရှိပါသေးတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုတဲ့ အခြေအနေနဲ့မရတော့ပါဘူး။

UN တပ်များ စစ်ရေးနဲ့ကာကွယ်ဖို့ Responsible to Protect (R2P) ကို တစ်ပြည်လုံး

တညီတညာတည်း တောင်းဆိုကြရမယ့်အချိန် ရောက်ရှိလာပါပြီ။ သဘောတူရင် R2P Campaign ကို စကြပါစို့။

CRPH မှ R2P ကို ပြည်သူသန်း ၅၀ ကိုယ်စား တောင်းဆ်ိုပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ် ။

R2P ကိုသဘောတူညီရင် မျှဝေကြပါ။

ထပ်ဖြည့် ။ အခု Dr. Sa Sa ကတောင်းဆိုလိုက်ပြီဆိုတော့ အမြန်ဆုံးလက်ခံအရေးယူနိုင်ဖို့ ဆုတောင်းကြရအောင်ပါ