ရည္းစားအမ်ားၾကီးထားျခင္း၏ ေကာင္းက်ိဳးဆိုးက်ိဳးမ်ား
ရည္းစားအမ်ားၾကီးထားတယ္ဆိုတာ အဝတ္အစားဝယ္ဖို႕ shopping ထြက္ရတာနဲ႔တူပါတယ္။
ေရြးစရာေတြ အမ်ားၾကီးထဲကမွ ကိုယ္နဲ႔ အသင့္ေတာ္ဆံုး၊ ကိုယ္နဲ႔ အလိုက္ဖက္ဆံုးကို ေရြးခ်ယ္ရတာပါ။
ဒါေၾကာင့္ရည္းစား အမ်ားၾကီးထားသင့္တဲ့ အေၾကာင္းရင္းေလးေတြကို ေဖာ္ျပလိုက္ပါတယ္။
(၁) တစ္ခါပဲ လူျဖစ္ခြင့္ရတာ
လူျဖစ္လာျပီးေနာက္ အသက္ရွင္ရတာ ခဏေလးပါ။
ဒါေၾကာင့္ တစ္ေယာက္တည္းကိုပဲ စြဲစြဲလန္းလန္း ရူူးရူးမူးမူးၾကီး ခ်စ္ေနစရာမလိုပါဘူး။
အေကာင္းဆံုးသူနဲ႔ ေတြ႕ဆံုရဖို႕ကိုလည္း ေစာင့္မေနသင့္ပါဘူး။ ကိုယ့္ကိုလာခ်စ္တဲ့သူရွိရင္ တြဲလိုက္ပါ။
ဒီလိုနဲ႔ပဲ သင့္အတြက္ အေကာင္းဆံုးသူနဲ႔ ဆံုေတြ႔လာမွာပါ။
(၂) အျပိဳင္အဆိုင္ရွိသင့္တယ္
သင္ဟာ တစ္ေယာက္တည္းကိုပဲ အၾကာၾကီး တြဲမယ္ဆိုရင္ သူ႔မွာ ျပိဳင္ဖက္မရွိတဲ့အတြက္
သူ႔ရဲ႕ အားနည္းခ်က္ အားသာခ်က္ေတြကို ေကာင္းေကာင္းသိရမွာ မဟုတ္ပါဘူး။ ယူျပီးမွ ေနာင္တာေတြရေနတတ္ပါတယ္။
ေစ်းဝယ္တဲ့အခါ ေရြးခ်ယ္စရာ အျပိဳင္အဆိုင္ေတြထဲကမွ ကိုယ္နဲ႕အသင့္ေတာ္ဆံုးကို ေရြးခ်ယ္လိုက္သလိုပဲ
ရည္းစားအမ်ားၾကီးထဲကမွ ကိုယ္နဲ႔ အသင့္ေတာ္ဆံုး အဆင္ေျပဆံုးသူကို ေရြးခ်ယ္တာ အေကာင္းဆံုးပါပဲ။
(၃) တစ္ေယာက္တည္းကိုပဲတြယ္ကပ္ေနရင္ ေနာက္မွ ေနာင္တရမယ္
သင့္ရဲ႕ တန္ဖိုးရွိတဲ့ အခ်ိန္ေတြ၊ ငယ္ရြယ္ႏုပ်ိဳတဲ့ အခ်ိန္ေတြမွာ တစ္ေယာက္တည္းကိုပဲ တြယ္ကပ္ျပီး
ခ်စ္ေနခဲ့မယ္ဆိုရင္၊ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ သင္တို႔ ကြဲၾကတဲ့အခါ သင့္ရဲ႕ အခ်ိန္ေတြအားလံုး ဘာနဲ႕မွ အစားျပန္ရႏိုင္မွာ မဟုတ္ပါဘူး။
ဒီအခ်ိန္အထိငါဘာေတြလုပ္ေနခဲ့တာလဲ ဆိုျပီး ေနာင္တေတြရေနမွာပါ။
(၄) ငယ္ေသးတယ္
တကယ္လို႔သင္ဟာ ငယ္လြန္းေသးတယ္ဆိုရင္ ရည္းစား အမ်ားၾကီးထားလိုက္ပါဦး။
ဘာျဖစ္လို႔လဲဆိုရင္ လူေတြအေၾကာင္းကို ပိုနားလည္လာမယ့္အျပင္ သင့္ကိုယ္သင္လည္း ပုိျပီးနားလည္သြားပါလိမ့္မယ္။
သင္ဘယ္လိုလူမ်ိဳးကိုၾကိဳက္တယ္၊ ဘယ္လိုအက်င့္မ်ိဳးကို မၾကိဳက္ဘူးဆိုတာေတြကို ပိုသိရွိသြားျပီး အေတြ႕အၾကံဳေကာင္းေတြ အမ်ားၾကီး ရလာမွာျဖစ္ပါတယ္။
(၅) အတည္ခ်စ္ရမယ့္သူမေတြ႕ေသးဘူး
သင့္ႏွလံုးသားက တစ္ေယာက္ေယာက္ကို ေလးေလးနက္နက္ခ်စ္ဖို႔ မေတြ႕ေသးဘူး ဆိုရင္ေတာ့ ရည္းစားေတြ ထားၾကည့္လိုက္ပါဦး။
ရည္းစားအမ်ားၾကီး ထားၾကည့္ျပီးမွ သင္တကယ္ခ်စ္တဲ့သူကိုေတြ႕လာမွာပါ။
တကယ္လို႔ အဲဒီ့လူက သင့္ရဲ႕ အတိတ္က ရႈပ္ေပြခဲ့တာေတြကုိ လက္မခံႏိုင္ဘူးဆိုရင္လညး္ သူဟာသင့္ရဲ႕ ဖူးစာမဟုတ္လို႔ပါ။
မွတ္ခ်က္။ ။ ရည္းစားအမ်ားၾကီးထားတာ ကိစၥမရွိေပမယ့္ ဆင္ျခင္တံုတရားလက္ကိုင္ထားျပီး
အေနအထိုင္၊ အသြားအလာ၊ အေျပာအဆို ေတြကို လူေျပာမခံရေအာင္၊ လူအျမင္ကတ္စရာ မျဖစ္ေအာင္ ဂရုစိုက္တတ္ဖို႔လိုပါတယ္။
အရာရာကို ဥာဏ္နဲ႔ ခ်င့္ခ်ိန္ျပီး လုပ္ေဆာင္တတ္ဖို႔ကလည္း မိန္းကေလးတစ္ေယာက္မွာရွိသင့္တဲ့ အရည္အေသြးတစ္ခုျဖစ္တယ္ ဆိုတာေလးကို အထူးသတိျပဳေစခ်င္ပါတယ္။
Unicode
ရည်းစားအများကြီးထားခြင်း၏ ကောင်းကျိုးဆိုးကျိုးများ
ရည်းစားအများကြီးထားတယ်ဆိုတာ အဝတ်အစားဝယ်ဖို့ shopping ထွက်ရတာနဲ့တူပါတယ်။
ရွေးစရာတွေ အများကြီးထဲကမှ ကိုယ်နဲ့ အသင့်တော်ဆုံး၊ ကိုယ်နဲ့ အလိုက်ဖက်ဆုံးကို ရွေးချယ်ရတာပါ။
ဒါကြောင့်ရည်းစား အများကြီးထားသင့်တဲ့ အကြောင်းရင်းလေးတွေကို ဖော်ပြလိုက်ပါတယ်။
(၁) တစ်ခါပဲ လူဖြစ်ခွင့်ရတာ
လူဖြစ်လာပြီးနောက် အသက်ရှင်ရတာ ခဏလေးပါ။
ဒါကြောင့် တစ်ယောက်တည်းကိုပဲ စွဲစွဲလန်းလန်း ရူးရူးမူးမူးကြီး ချစ်နေစရာမလိုပါဘူး။
အကောင်းဆုံးသူနဲ့ တွေ့ဆုံရဖို့ကိုလည်း စောင့်မနေသင့်ပါဘူး။ ကိုယ့်ကိုလာချစ်တဲ့သူရှိရင် တွဲလိုက်ပါ။
ဒီလိုနဲ့ပဲ သင့်အတွက် အကောင်းဆုံးသူနဲ့ ဆုံတွေ့လာမှာပါ။
(၂) အပြိုင်အဆိုင်ရှိသင့်တယ်
သင်ဟာ တစ်ယောက်တည်းကိုပဲ အကြာကြီး တွဲမယ်ဆိုရင် သူ့မှာ ပြိုင်ဖက်မရှိတဲ့အတွက်
သူ့ရဲ့ အားနည်းချက် အားသာချက်တွေကို ကောင်းကောင်းသိရမှာ မဟုတ်ပါဘူး။ ယူပြီးမှ နောင်တာတွေရနေတတ်ပါတယ်။
ဈေးဝယ်တဲ့အခါ ရွေးချယ်စရာ အပြိုင်အဆိုင်တွေထဲကမှ ကိုယ်နဲ့အသင့်တော်ဆုံးကို ရွေးချယ်လိုက်သလိုပဲ
ရည်းစားအများကြီးထဲကမှ ကိုယ်နဲ့ အသင့်တော်ဆုံး အဆင်ပြေဆုံးသူကို ရွေးချယ်တာ အကောင်းဆုံးပါပဲ။
(၃) တစ်ယောက်တည်းကိုပဲတွယ်ကပ်နေရင် နောက်မှ နောင်တရမယ်
သင့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ၊ ငယ်ရွယ်နုပျိုတဲ့ အချိန်တွေမှာ တစ်ယောက်တည်းကိုပဲ တွယ်ကပ်ပြီး
ချစ်နေခဲ့မယ်ဆိုရင်၊ အကြောင်းအမျိုးမျိုးကြောင့် သင်တို့ ကွဲကြတဲ့အခါ သင့်ရဲ့ အချိန်တွေအားလုံး ဘာနဲ့မှ အစားပြန်ရနိုင်မှာ မဟုတ်ပါဘူး။
ဒီအချိန်အထိငါဘာတွေလုပ်နေခဲ့တာလဲ ဆိုပြီး နောင်တတွေရနေမှာပါ။
(၄) ငယ်သေးတယ်
တကယ်လို့သင်ဟာ ငယ်လွန်းသေးတယ်ဆိုရင် ရည်းစား အများကြီးထားလိုက်ပါဦး။
ဘာဖြစ်လို့လဲဆိုရင် လူတွေအကြောင်းကို ပိုနားလည်လာမယ့်အပြင် သင့်ကိုယ်သင်လည်း ပိုပြီးနားလည်သွားပါလိမ့်မယ်။
သင်ဘယ်လိုလူမျိုးကိုကြိုက်တယ်၊ ဘယ်လိုအကျင့်မျိုးကို မကြိုက်ဘူးဆိုတာတွေကို ပိုသိရှိသွားပြီး အတွေ့အကြုံကောင်းတွေ အများကြီး ရလာမှာဖြစ်ပါတယ်။
(၅) အတည်ချစ်ရမယ့်သူမတွေ့သေးဘူး
သင့်နှလုံးသားက တစ်ယောက်ယောက်ကို လေးလေးနက်နက်ချစ်ဖို့ မတွေ့သေးဘူး ဆိုရင်တော့ ရည်းစားတွေ ထားကြည့်လိုက်ပါဦး။
ရည်းစားအများကြီး ထားကြည့်ပြီးမှ သင်တကယ်ချစ်တဲ့သူကိုတွေ့လာမှာပါ။
တကယ်လို့ အဲဒီ့လူက သင့်ရဲ့ အတိတ်က ရှုပ်ပွေခဲ့တာတွေကို လက်မခံနိုင်ဘူးဆိုရင်လညး် သူဟာသင့်ရဲ့ ဖူးစာမဟုတ်လို့ပါ။
မှတ်ချက်။ ။ ရည်းစားအများကြီးထားတာ ကိစ္စမရှိပေမယ့် ဆင်ခြင်တုံတရားလက်ကိုင်ထားပြီး
အနေအထိုင်၊ အသွားအလာ၊ အပြောအဆို တွေကို လူပြောမခံရအောင်၊ လူအမြင်ကတ်စရာ မဖြစ်အောင် ဂရုစိုက်တတ်ဖို့လိုပါတယ်။
အရာရာကို ဉာဏ်နဲ့ ချင့်ချိန်ပြီး လုပ်ဆောင်တတ်ဖို့ကလည်း မိန်းကလေးတစ်ယောက်မှာရှိသင့်တဲ့ အရည်အသွေးတစ်ခုဖြစ်တယ် ဆိုတာလေးကို အထူးသတိပြုစေချင်ပါတယ်။