Love

တစ္ေယာက္ေသာသူကို ရင့္နင့္ေအာင္ ခ်စ္ခဲ့ဖူးသူေတြသာ နားလည္မယ့္ ခံစားခ်က္မ်ား

ဘဝမွာ တစ္စံုတစ္ေယာက္ကို ရင္နဲ႔ရင္းၿပီး ခ်စ္ခဲ့ဖူးတဲ့ အခ်ိန္ဆိုတာလည္း ႐ွိႏုိင္ပါတယ္။ ဒါေပမယ့္ အေၾကာင္း မတိုက္ဆုိင္တဲ့အခါ ကိုယ့္ဘက္က ဘယ္ေလာက္ပဲ ခ်စ္ခ်စ္ အဆံုးသတ္က မလွခဲ့ပါဘူး။

ဒီလုိမ်ိဳး တစ္စံုတစ္္ေယာက္ကို ရင္နင့္ေအာင္ ခ်စ္ခဲ့ရတဲ့ သူေတြဆီမွာ ဒီလိုခံစားခ်က္ေလးေတြ ႐ွိေနတတ္ပါတယ္။

(1) နာက်င္မႈေတြ

အခ်စ္ဆိုတာ ပိုခ်စ္တဲ့သူက ႐ံႈးရတယ္ဆုိသလုိပဲ ပိုခ်စ္မိတဲ့သူက ပိုနာက်င္တတ္ရပါတယ္။ ဒီေတာ့ တစ္္စံုတစ္ေယာက္ကို ခ်စ္မိတဲ့အခါ အဆံုးသတ္က ကိုယ့္အတြက္ နာက်င္ဖို႔ပဲ ျဖစ္လာတတ္ပါတယ္။

အဲဒီ႔ နာက်င္မႈေတြက လြယ္လြယ္ အသားမက်ႏုိင္သလုိ ရင္ဘတ္တစ္ခုလံုး စုတ္ျပတ္သြားေအာင္ ခံစားရတဲ့ အရာေတြ ျဖစ္လာတတ္ပါတယ္။

(2) အခ်စ္အတြက္ ႐ူးမိုက္ဖူးတယ္

ဘဝမွာ တစ္ခါေလာက္ေတာ့ ႐ူး႐ူးမူးမူးကို ခ်စ္ဖူးၾကၿပီး လူေတြဟာ အခ်စ္အတြက္ ႐ူးမိုက္တဲ့ လုပ္ရပ္မ်ိဳးေတြေတာင္ လုပ္ဖူးၾကပါတယ္။ သူကိုယ္ကိုယ္ မခ်စ္ေတာ့တာ သိရက္နဲ႔ေတာင္ သူျပန္လာႏိုးႏုိးတဲ့ ေစာင့္ေမွ်ာ္တတ္ၾကပါေသးတယ္။

ဒါက အရမ္းခ်စ္မိတဲ့အခါ ကိုယ့္ကိုယ္ကိုေတာင္ သတိမထားမိေအာင္ လုပ္ဖူးခဲ့တဲ့ အခ်စ္ရဲ႕ ႐ူးမုိက္မႈေလးေတြပါ။

(3) ရင္ဘတ္တစ္ေနရာမွာ သိမ္းထားဆဲ

ဘယ္ေလာက္ပဲ သူနဲ႔ကိုယ့္ရဲ႕ ဇာတ္လမ္းဟာ ၿပီးဆံုးသြားခဲ့ၿပီေျပာေျပာ အရမ္းခ်စ္တတ္တဲ့ သူတစ္ေယာက္အတြက္ေတာ့ အဲဒီ႔တစ္စံုတစ္ေယာက္ကို ရင္ဘတ္တစ္ေနရာမွာ သိမ္းထားေနမိဆဲပါ။

အျမဲတမ္း သတိရေနေတာ့တာ မဟုတ္ေပမယ့္ အေၾကာင္းတုိက္ဆုိင္ရင္္ေတာ့ ရင္ဘတ္ထဲက နာက်င္ၿပီး သတိရ တမ္းတေလ့ ႐ွိေနရဆဲပါေနာ္။

(4) အစားထုိးမရႏုိင္ေသးဘူး

ေမတၱာဆုိတာ အသြားအျပန္႐ွိတယ္ဆုိေပမယ့္ တစ္ခ်ိဳ႕ေသာ ခ်စ္ျခင္းေတြကေတာ့ အသိအမွတ္ေတာင္ ျပဳမခံရတတ္ပါဘူး။

ဒါေပမယ့္ ကိုယ္ရင္နဲ႔ရင္းၿပီး ခ်စ္ခဲ့ရတဲ့သူ ျဖစ္ေနတဲ့အတြက္ေၾကာင့္ နာက်င္ေနရသည့္တိုင္ေအာင္ သူ႔ေနရာမွာ တစ္ျခားေသာ သူတစ္ေယာက္ကို အစားထုိးႏုိ္င္စြမ္း မ႐ွိပဲ တစ္ေယာက္တည္း ခံစားေနရဆဲပါ။

ဒါေတြက တစ္စံုတစ္ေယာက္ကို အရမ္းခ်စ္ခဲ့ဖူးတဲ့ သူေတြသာ နားလည္ႏုိင္္တဲ့ ခံစားခ်က္ေလးေတြ ျဖစ္ပါတယ္။

Unicode

ဘဝမှာ တစ်စုံတစ်ယောက်ကို ရင်နဲ့ရင်းပြီး ချစ်ခဲ့ဖူးတဲ့ အချိန်ဆိုတာလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် အကြောင်း မတိုက်ဆိုင်တဲ့အခါ ကိုယ့်ဘက်က ဘယ်လောက်ပဲ ချစ်ချစ် အဆုံးသတ်က မလှခဲ့ပါဘူး။

ဒီလိုမျိုး တစ်စုံတစ်ယောက်ကို ရင်နင့်အောင် ချစ်ခဲ့ရတဲ့ သူတွေဆီမှာ ဒီလိုခံစားချက်လေးတွေ ရှိနေတတ်ပါတယ်။

(1) နာကျင်မှုတွေ

အချစ်ဆိုတာ ပိုချစ်တဲ့သူက ရှုံးရတယ်ဆိုသလိုပဲ ပိုချစ်မိတဲ့သူက ပိုနာကျင်တတ်ရပါတယ်။ ဒီတော့ တစ်စုံတစ်ယောက်ကို ချစ်မိတဲ့အခါ အဆုံးသတ်က ကိုယ့်အတွက် နာကျင်ဖို့ပဲ ဖြစ်လာတတ်ပါတယ်။

အဲဒီ့ နာကျင်မှုတွေက လွယ်လွယ် အသားမကျနိုင်သလို ရင်ဘတ်တစ်ခုလုံး စုတ်ပြတ်သွားအောင် ခံစားရတဲ့ အရာတွေ ဖြစ်လာတတ်ပါတယ်။

(2) အချစ်အတွက် ရူးမိုက်ဖူးတယ်

ဘဝမှာ တစ်ခါလောက်တော့ ရူးရူးမူးမူးကို ချစ်ဖူးကြပြီး လူတွေဟာ အချစ်အတွက် ရူးမိုက်တဲ့ လုပ်ရပ်မျိုးတွေတောင် လုပ်ဖူးကြပါတယ်။ သူကိုယ်ကိုယ် မချစ်တော့တာ သိရက်နဲ့တောင် သူပြန်လာနိုးနိုးတဲ့ စောင့်မျှော်တတ်ကြပါသေးတယ်။

ဒါက အရမ်းချစ်မိတဲ့အခါ ကိုယ့်ကိုယ်ကိုတောင် သတိမထားမိအောင် လုပ်ဖူးခဲ့တဲ့ အချစ်ရဲ့ ရူးမိုက်မှုလေးတွေပါ။

(3) ရင်ဘတ်တစ်နေရာမှာ သိမ်းထားဆဲ

ဘယ်လောက်ပဲ သူနဲ့ကိုယ့်ရဲ့ ဇာတ်လမ်းဟာ ပြီးဆုံးသွားခဲ့ပြီပြောပြော အရမ်းချစ်တတ်တဲ့ သူတစ်ယောက်အတွက်တော့ အဲဒီ့တစ်စုံတစ်ယောက်ကို ရင်ဘတ်တစ်နေရာမှာ သိမ်းထားနေမိဆဲပါ။

အမြဲတမ်း သတိရနေတော့တာ မဟုတ်ပေမယ့် အကြောင်းတိုက်ဆိုင်ရင်တော့ ရင်ဘတ်ထဲက နာကျင်ပြီး သတိရ တမ်းတလေ့ ရှိနေရဆဲပါနော်။

(4) အစားထိုးမရနိုင်သေးဘူး

မေတ္တာဆိုတာ အသွားအပြန်ရှိတယ်ဆိုပေမယ့် တစ်ချို့သော ချစ်ခြင်းတွေကတော့ အသိအမှတ်တောင် ပြုမခံရတတ်ပါဘူး။

ဒါပေမယ့် ကိုယ်ရင်နဲ့ရင်းပြီး ချစ်ခဲ့ရတဲ့သူ ဖြစ်နေတဲ့အတွက်ကြောင့် နာကျင်နေရသည့်တိုင်အောင် သူ့နေရာမှာ တစ်ခြားသော သူတစ်ယောက်ကို အစားထိုးန်ိုင်စွမ်း မရှိပဲ တစ်ယောက်တည်း ခံစားနေရဆဲပါ။

ဒါတွေက တစ်စုံတစ်ယောက်ကို အရမ်းချစ်ခဲ့ဖူးတဲ့ သူတွေသာ နားလည်နိုင်တဲ့ ခံစားချက်လေးတွေ ဖြစ်ပါတယ်။