Knowledge

သူငယ္ခ်င္း သူငယ္ခ်င္းနဲ႔ ေနာက္ေက်ာကို ဓားနဲ႔ထုိးတတ္သူေတြအေၾကာင္း

သူငယ္ခ်င္း သူငယ္ခ်င္းနဲ႔ ေနာက္ေက်ာကို ဓားနဲ႔ထုိးတတ္သူေတြအေၾကာင္း

သူငယ္ခ်င္းဆုိတာကို ဘယ္္လုိအဓိပၸါယ္ ဖြင့္တတ္ၾကလဲ။

ခင္မင္မႈ၊ ခ်စ္ခင္ျခင္း၊ ေပ်ာ္္႐ႊင္ျခင္း၊ အနစ္နာခံတတ္မႈနဲ႔ မျပတ္ေတာက္ႏုိင္တဲ့

သံေယာဇာဥ္ဆုိတာမိ်ဳးေတြ အခ်ိဳးက်ေပါင္းစပ္မွ သူငယ္ခ်င္းဆိုတာ ျဖစ္လာတတ္တာပါ။

ဒါေပမယ့္ တစ္္ခ်ိဳ႕လူေတြကေတာ့ သူငယ္ခ်င္းဆုိတဲ့ စကားလံုးကို အသံုးခ်႐ံုသက္သက္နဲ႔ သံုးတတ္ၾကပါတယ္။

ဒါေတြက သင့္ေနာက္ေက်ာကို ဓားနဲ႔ထိုးမယ့္သူေတြမွာ ႐ွိေနတတ္တဲ့ အခ်က္ေတြပဲ ျဖစ္ပါတယ္။

(1) မနာလုိျဖစ္တတ္တယ္

စစ္မွန္တဲ့ သူငယ္ခ်င္းဆုိတာက ကိုယ့္သူငယ္ခ်င္း ေကာင္းစားတာျမင္ရရင္ ကိုယ္နဲ႔ထပ္တူ ဝမ္းသာေပ်ာ္႐ႊင္ တတ္ၾကတဲ့ သူေတြပါ။

ဒါေပမယ့္ ေနာက္ေက်ာကို ဓားနဲ႔ထုိးမယ္ သူငယ္ခ်င္းမ်ိဳးကေတာ့ ကိုယ့္ရဲ႕ ေအာင္ျမင္ေပ်ာ္႐ႊင္မႈေတြကို မနာလုိ၊ မ႐ႈစိတ္မ်ားေနတတ္ပါတယ္။

သူ႔ထက္ သာသြြားမွာကို စိုးရိမ္တတ္ၾကၿပီး ကိုယ့္ကိုယ္ သူ႔ရဲ႕ေနာက္မွာပဲ ထားခ်င္တတ္ၾကပါတယ္။

(2) သူမ်ားေတြကို အထင္လြဲသြားေအာင္ လုပ္တတ္တယ္

သူငယ္ခ်င္းေကာင္းဆိုတာ ကိုယ့္သူငယ္ခ်င္းကို မေကာင္းေျပာေနရင္ ျပန္လည္ခုခံတုိက္ခုိက္တတ္တဲ့

သူေတြျဖစ္ၿပီး ကိုယ့္အေၾကာင္းေျပာတာထက္ ေဒါသထြြက္တတ္ၾကပါတယ္။

သူငယ္ခ်င္းဆိုတဲ့ စကားကို အသံုးခ်တတ္တဲ့ သူေတြကေတာ့ ကိုယ့္မေကာင္းေၾကာင္းေတြ၊

ကိုယ့္ရဲ႕ မဟုတ္မမွန္သတင္းေတြကို တစ္ျခားသူေတြ အထင္လြဲသြားေအာင္ လုိက္ျဖန္႔တတ္ၾကပါတယ္။

တစ္ျခားသူေတြ ကိုယ့္ကိုယ္ မုန္္းသြားေအာင္၊ စိတ္ပ်က္သြားေအာင္ လုပ္ဖုိ႔အတြက္

အလိမ္အညာမဟုတ္မမွန္္တဲ့ ကိုယ့္အေၾကာင္းေတြကို လုိက္ေျပာတတ္ၾကသူေတြပါ။

သူငယ္ခ်င္းဆုိတာ တစ္ေယာက္နဲ႔ တစ္ေယာက္ အသံုးခ်ဖို႔ေနေနသာသာ

သူ႔ရဲ႕အခက္အခဲကို ကိုယ့္အခက္အခဲအျဖစ္ လုိက္ေျဖ႐ွင္းေပးတတ္တာကမွ တကယ့္ သူငယ္ခ်င္းေကာင္းေတြပါ။

ဒါေပမယ့္လုိ႔ ကိုယ့္ကိုယ္ ေနာက္ေက်ာဓားနဲ႔ ထုိးဖို႔ ေစာင့္ေနတဲ့ သူေတြကေတာ့

သူငယ္ခ်င္းေယာင္ေဆာင္ၿပီး သူ႔အမွားကို ကိုယ့္အမွားအျဖစ္ အသံုးခ်တတ္ၾကပါတယ္။

သူငယ္ခ်င္းစစ္မစစ္ဆုိတာ တကယ့္အခက္အခဲနဲ႔ ေတြ႔ႀကံဳလာရခ်ိန္မွာ သိႏုိင္ပါတယ္ေနာ္။

(3) မုန္းတီးသြားတတ္တယ္

တကယ္တမ္း ကိုယ့္အေပၚ ေနာက္ေက်ာဓားနဲ႔ ထုိးခဲ့တာက သူျဖစ္ေပမယ့္ ကိုယ့္ဘက္ကပဲ

မွားသလုိမ်ိဳး ေနာက္ဆံုးမွာ ကိုယ့္အေပၚ မုန္းတီးသြားတတ္ၾကပါတယ္။

သူတုိ႔အေၾကာင္းကို ေသခ်ာသိသြားတဲ့ ကိုယ့္ကိုယ္ ဘာအေၾကာင္းျပခ်က္မွ မ႐ွိပဲ မေခၚမေျပာေတာ့တာေတြ၊

တစ္ျခားသူေတြဆီမွာ ကိုယ့္အမွားေၾကာင့္ ကိုယ့္ကိုယ္ အေပါင္းအသင္းမလုပ္ျဖစ္ေတာ့တဲ့ ပံုစံမ်ိဳးေတြ ေျပာတတ္ၾကပါတယ္။

ဒါက ေနာက္ေက်ာကို ဓားနဲ႔ထိုးတတ္္တဲ့ သူငယ္ခ်င္းမဟုတ္္တဲ့ သူငယ္ခ်င္းေတြရဲ႕ အေၾကာင္းပါေနာ္။

Unicode

သူငယ်ချင်း သူငယ်ချင်းနဲ့ နောက်ကျောကို ဓားနဲ့ထိုးတတ်သူတွေအကြောင်း

သူငယ်ချင်းဆိုတာကို ဘယ်လိုအဓိပ္ပါယ် ဖွင့်တတ်ကြလဲ။

ခင်မင်မှု၊ ချစ်ခင်ခြင်း၊ ပျော်ရွှင်ခြင်း၊ အနစ်နာခံတတ်မှုနဲ့ မပြတ်တောက်နိုင်တဲ့

သံယောဇာဉ်ဆိုတာမျိုးတွေ အချိုးကျပေါင်းစပ်မှ သူငယ်ချင်းဆိုတာ ဖြစ်လာတတ်တာပါ။

ဒါပေမယ့် တစ်ချို့လူတွေကတော့ သူငယ်ချင်းဆိုတဲ့ စကားလုံးကို အသုံးချရုံသက်သက်နဲ့ သုံးတတ်ကြပါတယ်။

ဒါတွေက သင့်နောက်ကျောကို ဓားနဲ့ထိုးမယ့်သူတွေမှာ ရှိနေတတ်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

(1) မနာလိုဖြစ်တတ်တယ်

စစ်မှန်တဲ့ သူငယ်ချင်းဆိုတာက ကိုယ့်သူငယ်ချင်း ကောင်းစားတာမြင်ရရင် ကိုယ်နဲ့ထပ်တူ ဝမ်းသာပျော်ရွှင် တတ်ကြတဲ့ သူတွေပါ။

ဒါပေမယ့် နောက်ကျောကို ဓားနဲ့ထိုးမယ် သူငယ်ချင်းမျိုးကတော့ ကိုယ့်ရဲ့ အောင်မြင်ပျော်ရွှင်မှုတွေကို မနာလို၊ မရှုစိတ်များနေတတ်ပါတယ်။

သူ့ထက် သာသွားမှာကို စိုးရိမ်တတ်ကြပြီး ကိုယ့်ကိုယ် သူ့ရဲ့နောက်မှာပဲ ထားချင်တတ်ကြပါတယ်။

(2) သူများတွေကို အထင်လွဲသွားအောင် လုပ်တတ်တယ်

သူငယ်ချင်းကောင်းဆိုတာ ကိုယ့်သူငယ်ချင်းကို မကောင်းပြောနေရင် ပြန်လည်ခုခံတိုက်ခိုက်တတ်တဲ့

သူတွေဖြစ်ပြီး ကိုယ့်အကြောင်းပြောတာထက် ဒေါသထွက်တတ်ကြပါတယ်။

သူငယ်ချင်းဆိုတဲ့ စကားကို အသုံးချတတ်တဲ့ သူတွေကတော့ ကိုယ့်မကောင်းကြောင်းတွေ၊

ကိုယ့်ရဲ့ မဟုတ်မမှန်သတင်းတွေကို တစ်ခြားသူတွေ အထင်လွဲသွားအောင် လိုက်ဖြန့်တတ်ကြပါတယ်။

တစ်ခြားသူတွေ ကိုယ့်ကိုယ် မုန်းသွားအောင်၊ စိတ်ပျက်သွားအောင် လုပ်ဖို့အတွက်

အလိမ်အညာမဟုတ်မမှန်တဲ့ ကိုယ့်အကြောင်းတွေကို လိုက်ပြောတတ်ကြသူတွေပါ။

သူငယ်ချင်းဆိုတာ တစ်ယောက်နဲ့ တစ်ယောက် အသုံးချဖို့နေနေသာသာ

သူ့ရဲ့အခက်အခဲကို ကိုယ့်အခက်အခဲအဖြစ် လိုက်ဖြေရှင်းပေးတတ်တာကမှ တကယ့် သူငယ်ချင်းကောင်းတွေပါ။

ဒါပေမယ့်လို့ ကိုယ့်ကိုယ် နောက်ကျောဓားနဲ့ ထိုးဖို့ စောင့်နေတဲ့ သူတွေကတော့

သူငယ်ချင်းယောင်ဆောင်ပြီး သူ့အမှားကို ကိုယ့်အမှားအဖြစ် အသုံးချတတ်ကြပါတယ်။

သူငယ်ချင်းစစ်မစစ်ဆိုတာ တကယ့်အခက်အခဲနဲ့ တွေ့ကြုံလာရချိန်မှာ သိနိုင်ပါတယ်နော်။

(3) မုန်းတီးသွားတတ်တယ်

တကယ်တမ်း ကိုယ့်အပေါ် နောက်ကျောဓားနဲ့ ထိုးခဲ့တာက သူဖြစ်ပေမယ့် ကိုယ့်ဘက်ကပဲ

မှားသလိုမျိုး နောက်ဆုံးမှာ ကိုယ့်အပေါ် မုန်းတီးသွားတတ်ကြပါတယ်။

သူတို့အကြောင်းကို သေချာသိသွားတဲ့ ကိုယ့်ကိုယ် ဘာအကြောင်းပြချက်မှ မရှိပဲ မခေါ်မပြောတော့တာတွေ၊

တစ်ခြားသူတွေဆီမှာ ကိုယ့်အမှားကြောင့် ကိုယ့်ကိုယ် အပေါင်းအသင်းမလုပ်ဖြစ်တော့တဲ့ ပုံစံမျိုးတွေ ပြောတတ်ကြပါတယ်။

ဒါက နောက်ကျောကို ဓားနဲ့ထိုးတတ်တဲ့ သူငယ်ချင်းမဟုတ်တဲ့ သူငယ်ချင်းတွေရဲ့ အကြောင်းပါနော်။