လို့ပြောတဲ့ခလေးတွေ
ချစ်တဲ့ Gen X
Unicode
သား ဖေဖေ အရင်ကလို မဆူတော့ပါဘူးနော်
Gen Z လေးတွေချစ်ဖို့ကောင်းတာလူကြီးတွေကခုမှသိကြတယ်..😍😍
ကျွန်တော်တို့ ရဲ့ GenZလေးတွေလေ
-တညလုံးဂိမ်းဆော့ မနက်မှ အိပ်ကြတဲ့ခလေးတွေ
-အိမ်က လူကြီး တွေကိုအမြဲကန့်လန့်တိုက်တဲ့ခလေးတွေ
မင်းသားမင်းသမီး ရှုံးအောင်အလှကြိုက်တဲ့ခလေးတွေ
အိမ်မှာ ဘာမှဝိုင်း မလုပ်လို့အမြဲဆူခံရတဲ့ခလေးတွေ ကနေ
ရက်၃၀ ကျော်ပြီဘယ်လောက်ပင်ပန်းပင်ပန်းဇွဲမလျော့ဘူး
အရမ်းကိုသတ္တိရှိတဲ့ အနစ်နာခံ ဇွဲရှိတဲ့ သားသမီးတွေ ဆိုတာ သိလိုက်ရတယ်
မနက် ၇နာရီ လောက် ဆန္ဒ ပြမဲ့နေရာအရောက်လာ ခံတပ်ဆောက်
နေပူထဲ တနေကုန် ကြွေးကြော် ခွေးလာရင်ပြေးကြ ခံတပ်ပြန်လုပ် ပြန်အော်
တနေ့ကိုအခေါက်ပေါင်းများစွာနဲ့ ပင်ပန်းတယ်လို့ မပြောဘူး
အိမ်မှာ ဘယ်လို စားစား အလှူရှင် ကျွေးတဲ့ထမင်းကိုဖြစ်သလိုလမ်းဘေးမှာမှိန်ရှက်စွာစားတဲ့ ခလေးတွေ
-ရေ မုန့် ဘာပဲ လှူလှူ အပိုမယူ တရိုတသေယူတတ်တဲ့ခလေးတွေ
သားရေဆာနေလို့ဖရဲသီး၂ခုယူမယ်နော်လို့ ပြောတဲ့ခလေးတွေ
အိမ်ထဲ ဝင်ပြေးနေရလို့ထမင်းချက်ကျွေးရင် လက်အုပ် ချီပြီး ကျေးဇူးတင်စကားပြော
တော်လှန်ရေးပြီးရင်သားတို့ဦးလေးနဲ့အန်တီဆီမုန့်လာကျွေးမယ်နော်လာလည်း ကန်တော့ဦးမယ်
လို့ပြောတဲ့ခလေးတွေ
ညနေမပြန်ခင် သန့်ရှင်းရေးတွေလုပ် အမှိုက်တွေသိမ်းနဲ့လိမ္မာလိုက်တဲ့သားသမီးတွေ လို့သိလိုက်ရလို့ ဂုဏ် ယူကြည်နူးရပါတယ် သားတို့ သမီးတို့ရေ 😍
ချစ်တဲ့ Gen X