Love

ခိုင္ၿမဲတဲ့ အခ်စ္ေရးတစ္ခုကို တည္ေဆာက္ခ်င္ရင္ ဒီအခ်က္ (၁၀)ခ်က္ကို လိုက္နာပါ

ခိုင္ၿမဲတဲ့ အခ်စ္ေရးတစ္ခုကို တည္ေဆာက္ခ်င္ရင္ ဒီအခ်က္ (၁၀)ခ်က္ကို လိုက္နာပါ

Relationship တစ္ခုတည္ေဆာက္ရာမွာ ႐ုပ္ပိုင္းဆိုင္ရာ ဆြဲေဆာင္မႈေတြနဲ႔ တူညီတဲ့ စိတ္ဝင္စားမႈေတြပဲ ပါဝင္တာမဟုတ္ပါဘူး။

အစပိုင္းမွာေတာ့ အဲဒီ့ (၂) ခ်က္ေၾကာင့္ ခ်စ္ကြၽမ္းဝင္သြားခဲ့ၾကတာ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။

ဒါေပမယ့္ ျဖစ္တည္လာတဲ့ အခ်စ္ကို ေရရွည္တည္ၿမဲေစခ်င္တယ္ ဆိုရင္ေတာ့ စဥ္းစားလိုက္

နာစရာေတြ မ်ားလာပါၿပီ။ ဘာေၾကာင့္လဲဆိုရင္ အေသးအဖြဲ နားလည္မႈ လြဲတာေလးေတြကအစ

လမ္းခြဲျပတ္စဲတာေတြ အထိ ျဖစ္လာႏိုင္ေစလို႔ပါ။ ဒါေၾကာင့္ ကိုယ္ခ်စ္တဲ့သူနဲ႔

လက္တြဲၿမဲခ်င္တယ္ ဆိုရင္ေတာ့ ဒီ (၁၀) ခ်က္ကို လိုက္ညႇိၿပီး လုပ္ၾကည့္ေနာ္။

(၁) လက္ခံပါ

ၿပီးျပည့္စုံတဲ့လူဆိုတာ မရွိပါဘူး။ သင့္ခ်စ္သူကိုလည္း တြဲလာရင္း စိတ္ပိုင္းဆိုင္ရာ ႐ုပ္ပိုင္းဆိုင္ရာ

အျပဳအမူပိုင္းဆိုင္ရာ ျပစ္ခ်က္ေတြ ေတြ႕လာႏိုင္ပါတယ္။

ဒါေပမယ့္ သူ႔ကို ခ်စ္လို႔ပဲ ေ႐ြးၿပီးၿပီ မဟုတ္လား။

အျပန္အလွန္ တတ္ႏိုင္သမွ် ညႇိႏႈိင္းၿပီး တစ္ေယာက္ျပင္ေစခ်င္တာေတြကို

တစ္ေယာက္က တတ္ႏိုင္သေလာက္ျပင္ရင္း မျပင္ႏိုင္တာဆိုလည္း လက္ခံလိုက္ၿပီး နားလည္ေပးလိုက္ပါ။

(၂) ႏွစ္ဦးနဲ႔ပတ္သက္တာေတြကို အခ်ိန္ေပးေဆြးေႏြးပါ

RS တစ္ခုတည္ေဆာက္ရင္း ႀကဳံေတြ႕လာရတဲ့ စိန္ေခၚမႈေတြကို ရင္ဆိုင္ဖို႔ ႏွစ္ေယာက္စလုံးက စကားေျပာေပးဖို႔ လိုပါတယ္။

တစ္ေယာက္အေၾကာင္း တစ္ေယာက္ စိတ္ဝင္စား၊ စကားေျပာ၊ နားေထာင္တာမ်ိဳးေတြ ရွိသင့္ပါတယ္။

(၃) ႐ိုးသားပါ

သင့္ရဲ႕ ခံစားခ်က္ေတြကို ႐ိုးသားစြာ ေဖာ္ျပျခင္းက ခိုင္ၿမဲတဲ့ အခ်စ္ေရး တည္ေဆာက္ရာမွာ အေရးပါပါတယ္။

ပြင့္လင္းၿပီး ႐ိုးသားတဲ့ အခ်စ္ေရးေတြဟာ အဆိုးေတြကို ပယ္ရွားႏိုင္ၿပီး ပိုခိုင္ၿမဲပါတယ္။

(၄) ညႇိႏႈိင္းပါ

တစ္ခါတစ္ရံ ကိုယ့္အခ်စ္ေရးအတြက္ ကိုယ့္အတၱကို စြန႔္လႊတ္သင့္တဲ့ အခ်ိန္ဆိုတာမ်ိဳးေတြ ရွိပါတယ္။

အခ်ိန္တိုင္းမွာ ကိုယ္ျဖစ္ခ်င္သလိုပဲ မျဖစ္ႏိုင္တာကို အျပန္အလွန္ညႇိႏႈိင္းရင္း နားလည္လာမွာပါ။

ကိုယ္မႏိုင္ႏိုင္ေအာင္ ျငင္းေနလို႔ ၿပီးသြားမယ့္ ျပႆနာမ်ိဳး မဟုတ္ဘူးဆိုရင္ အဲဒီ့ျပႆနာနဲ႔ ပတ္သက္လို႔ ဆက္မေျပာေတာ့ဘဲ ေမ့ပစ္လိုက္တာမ်ိဳးေတြ လုပ္သင့္ပါတယ္။

(၅) ယုံၾကည္ပါ

RS တစ္ခု ခိုင္ၿမဲလာဖို႔ အျပန္အလွန္ယုံၾကည္မႈက အေရးႀကီးပါတယ္။

သင့္ခ်စ္သူရဲ႕ အျပဳအမူပိုင္းဆိုင္ရာေရာ စိတ္ပိုင္းဆိုင္ရာနဲ႔ ပတ္သက္ၿပီးပါ ယုံၾကည္မႈ ရွိေပးသင့္ပါတယ္။

တစ္ခါ သံသယဝင္လိုက္ရင္ အၿမဲသံသယဝင္ခ်င္ေနၿပီး ယုံၾကည္မႈ ၿပိဳလဲသြားခဲ့ရင္ ျပန္တည္ေဆာက္ဖို႔ မလြယ္တာေၾကာင့္ပါ။

(၆) ႏွစ္ေယာက္အတူ အခ်ိန္ကို အက်ိဳးရွိစြာ ျဖတ္သန္းပါ

စကားေတြ ေျပာၾက၊ ေလွ်ာက္လည္ၾက၊ ႐ုပ္ရွင္ေတြ ၾကည့္ၾကရင္း ႏွစ္ေယာက္အတူ စိတ္ဝင္စားစရာေကာင္းတဲ့ အခ်ိန္ေတြကို အတူျဖတ္သန္းပါ။

ေပ်ာ္႐ႊင္စရာေတြ၊ စိတ္အပန္းေျဖစရာေတြ အတူလုပ္ၾကရင္း အခ်ိန္ကုန္ဆုံးတာက အခ်စ္ေရးကို ပိုခိုင္ၿမဲလာေစပါတယ္။

(၇) အတူတူ ရယ္ေမာၾကပါ

စိတ္ပညာအရ ခ်စ္သူေတြဟာ အတူတူရယ္ေမာေပ်ာ္႐ႊင္ၾကတဲ့ အခ်ိန္ေတြကို အတူကုန္ဆုံးရင္ အခ်စ္ေရးက ပိုမိုခိုင္ၿမဲပါတယ္တဲ့။

ရယ္ေမာျခင္းက ႏွစ္ဦးၾကားက တင္းမာမႈေတြကိုလည္း ေလ်ာ့ေစၿပီး စိတ္လက္ ေပါ့ပါးေစပါတယ္။

ျဖစ္သမွ် ျပႆနာေတြကိုလည္း ေျပေပ်ာက္ေစၿပီး သင့္ခ်စ္သူနဲ႔အတူ ၿပဳံးေပ်ာ္ေစပါတယ္။

(၈) အေျပာနဲ႔အလုပ္ညီပါေစ

အခ်စ္ေရးကို ခိုင္ၿမဲေအာင္ တည္ေဆာက္လိုတဲ့ ဆႏၵနဲ႔ သင္တို႔ႏွစ္ဦးရဲ႕ အနာဂတ္ကို စဥ္းစားၿပီး အေျပာနဲ႔အလုပ္ ညီေအာင္ လုပ္ျခင္းက

တစ္ဦးေပၚ တစ္ဦး ေလးစားရာလည္း ေရာက္သလို ေမတၱာေတြလည္း ပိုလာေစမွာပါ။

(၉) ေတာင္းပန္စကားနဲ႔ ေက်းဇူးတင္စကား ေျပာတတ္ပါေစ

သင္တို႔ႏွစ္ဦးက ဘယ္ေလာက္ပဲ ရင္းႏွီးရင္းႏွီး တစ္ေယာက္အတြက္ တစ္ေယာက္ လုပ္ေပးလိုက္တဲ့ အေသးအဖြဲေလးေတြအတြက္

ေက်းဇူးတင္စကားေျပာလိုက္ျခင္းေတြ၊ အေသးအဖြဲ အမွားလုပ္မိတာေလးေတြအတြက္

ေတာင္းပန္စကား ဆိုလိုက္ျခင္းေတြက ႏွစ္ဦးၾကားမွာ ၾကည္ႏူးစရာ ဆက္ဆံေရးကို ျဖစ္ေပၚလာေစမွာပါ။

(၁၀) ႐ိုမန္တစ္ဆန္ပါ

ႏွစ္ဦးအတြက္ အေရးပါတဲ့ အရာေတြ၊ ေန႔စြဲေတြကို အျပန္အလွန္ မွတ္မိၿပီး အေလးထားသင့္ပါတယ္။

သူ႔အတြက္ သင့္အခ်စ္ေတြကို ဘယ္နည္းလမ္းနဲ႔မဆို အစြမ္းကုန္ေပးဖို႔ ဝန္မေလးပါနဲ႔။

Credit

Unicode

ခိုင်မြဲတဲ့ အချစ်ရေးတစ်ခုကို တည်ဆောက်ချင်ရင် ဒီအချက် (၁၀)ချက်ကို လိုက်နာပါ

Relationship တစ်ခုတည်ဆောက်ရာမှာ ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုတွေနဲ့ တူညီတဲ့ စိတ်ဝင်စားမှုတွေပဲ ပါဝင်တာမဟုတ်ပါဘူး။

အစပိုင်းမှာတော့ အဲဒီ့ (၂) ချက်ကြောင့် ချစ်ကျွမ်းဝင်သွားခဲ့ကြတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒါပေမယ့် ဖြစ်တည်လာတဲ့ အချစ်ကို ရေရှည်တည်မြဲစေချင်တယ် ဆိုရင်တော့ စဉ်းစားလိုက်

နာစရာတွေ များလာပါပြီ။ ဘာကြောင့်လဲဆိုရင် အသေးအဖွဲ နားလည်မှု လွဲတာလေးတွေကအစ

လမ်းခွဲပြတ်စဲတာတွေ အထိ ဖြစ်လာနိုင်စေလို့ပါ။ ဒါကြောင့် ကိုယ်ချစ်တဲ့သူနဲ့

လက်တွဲမြဲချင်တယ် ဆိုရင်တော့ ဒီ (၁၀) ချက်ကို လိုက်ညှိပြီး လုပ်ကြည့်နော်။

(၁) လက်ခံပါ

ပြီးပြည့်စုံတဲ့လူဆိုတာ မရှိပါဘူး။ သင့်ချစ်သူကိုလည်း တွဲလာရင်း စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ

အပြုအမူပိုင်းဆိုင်ရာ ပြစ်ချက်တွေ တွေ့လာနိုင်ပါတယ်။

ဒါပေမယ့် သူ့ကို ချစ်လို့ပဲ ရွေးပြီးပြီ မဟုတ်လား။

အပြန်အလှန် တတ်နိုင်သမျှ ညှိနှိုင်းပြီး တစ်ယောက်ပြင်စေချင်တာတွေကို

တစ်ယောက်က တတ်နိုင်သလောက်ပြင်ရင်း မပြင်နိုင်တာဆိုလည်း လက်ခံလိုက်ပြီး နားလည်ပေးလိုက်ပါ။

(၂) နှစ်ဦးနဲ့ပတ်သက်တာတွေကို အချိန်ပေးဆွေးနွေးပါ

RS တစ်ခုတည်ဆောက်ရင်း ကြုံတွေ့လာရတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ နှစ်ယောက်စလုံးက စကားပြောပေးဖို့ လိုပါတယ်။

တစ်ယောက်အကြောင်း တစ်ယောက် စိတ်ဝင်စား၊ စကားပြော၊ နားထောင်တာမျိုးတွေ ရှိသင့်ပါတယ်။

(၃) ရိုးသားပါ

သင့်ရဲ့ ခံစားချက်တွေကို ရိုးသားစွာ ဖော်ပြခြင်းက ခိုင်မြဲတဲ့ အချစ်ရေး တည်ဆောက်ရာမှာ အရေးပါပါတယ်။

ပွင့်လင်းပြီး ရိုးသားတဲ့ အချစ်ရေးတွေဟာ အဆိုးတွေကို ပယ်ရှားနိုင်ပြီး ပိုခိုင်မြဲပါတယ်။

(၄) ညှိနှိုင်းပါ

တစ်ခါတစ်ရံ ကိုယ့်အချစ်ရေးအတွက် ကိုယ့်အတ္တကို စွန့်လွှတ်သင့်တဲ့ အချိန်ဆိုတာမျိုးတွေ ရှိပါတယ်။

အချိန်တိုင်းမှာ ကိုယ်ဖြစ်ချင်သလိုပဲ မဖြစ်နိုင်တာကို အပြန်အလှန်ညှိနှိုင်းရင်း နားလည်လာမှာပါ။

ကိုယ်မနိုင်နိုင်အောင် ငြင်းနေလို့ ပြီးသွားမယ့် ပြဿနာမျိုး မဟုတ်ဘူးဆိုရင် အဲဒီ့ပြဿနာနဲ့ ပတ်သက်လို့ ဆက်မပြောတော့ဘဲ မေ့ပစ်လိုက်တာမျိုးတွေ လုပ်သင့်ပါတယ်။

(၅) ယုံကြည်ပါ

RS တစ်ခု ခိုင်မြဲလာဖို့ အပြန်အလှန်ယုံကြည်မှုက အရေးကြီးပါတယ်။

သင့်ချစ်သူရဲ့ အပြုအမူပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီးပါ ယုံကြည်မှု ရှိပေးသင့်ပါတယ်။

တစ်ခါ သံသယဝင်လိုက်ရင် အမြဲသံသယဝင်ချင်နေပြီး ယုံကြည်မှု ပြိုလဲသွားခဲ့ရင် ပြန်တည်ဆောက်ဖို့ မလွယ်တာကြောင့်ပါ။

(၆) နှစ်ယောက်အတူ အချိန်ကို အကျိုးရှိစွာ ဖြတ်သန်းပါ

စကားတွေ ပြောကြ၊ လျှောက်လည်ကြ၊ ရုပ်ရှင်တွေ ကြည့်ကြရင်း နှစ်ယောက်အတူ စိတ်ဝင်စားစရာကောင်းတဲ့ အချိန်တွေကို အတူဖြတ်သန်းပါ။

ပျော်ရွှင်စရာတွေ၊ စိတ်အပန်းဖြေစရာတွေ အတူလုပ်ကြရင်း အချိန်ကုန်ဆုံးတာက အချစ်ရေးကို ပိုခိုင်မြဲလာစေပါတယ်။

(၇) အတူတူ ရယ်မောကြပါ

စိတ်ပညာအရ ချစ်သူတွေဟာ အတူတူရယ်မောပျော်ရွှင်ကြတဲ့ အချိန်တွေကို အတူကုန်ဆုံးရင် အချစ်ရေးက ပိုမိုခိုင်မြဲပါတယ်တဲ့။

ရယ်မောခြင်းက နှစ်ဦးကြားက တင်းမာမှုတွေကိုလည်း လျော့စေပြီး စိတ်လက် ပေါ့ပါးစေပါတယ်။

ဖြစ်သမျှ ပြဿနာတွေကိုလည်း ပြေပျောက်စေပြီး သင့်ချစ်သူနဲ့အတူ ပြုံးပျော်စေပါတယ်။

(၈) အပြောနဲ့အလုပ်ညီပါစေ

အချစ်ရေးကို ခိုင်မြဲအောင် တည်ဆောက်လိုတဲ့ ဆန္ဒနဲ့ သင်တို့နှစ်ဦးရဲ့ အနာဂတ်ကို စဉ်းစားပြီး အပြောနဲ့အလုပ် ညီအောင် လုပ်ခြင်းက

တစ်ဦးပေါ် တစ်ဦး လေးစားရာလည်း ရောက်သလို မေတ္တာတွေလည်း ပိုလာစေမှာပါ။

(၉) တောင်းပန်စကားနဲ့ ကျေးဇူးတင်စကား ပြောတတ်ပါစေ

သင်တို့နှစ်ဦးက ဘယ်လောက်ပဲ ရင်းနှီးရင်းနှီး တစ်ယောက်အတွက် တစ်ယောက် လုပ်ပေးလိုက်တဲ့ အသေးအဖွဲလေးတွေအတွက်

ကျေးဇူးတင်စကားပြောလိုက်ခြင်းတွေ၊ အသေးအဖွဲ အမှားလုပ်မိတာလေးတွေအတွက်

တောင်းပန်စကား ဆိုလိုက်ခြင်းတွေက နှစ်ဦးကြားမှာ ကြည်နူးစရာ ဆက်ဆံရေးကို ဖြစ်ပေါ်လာစေမှာပါ။

(၁၀) ရိုမန်တစ်ဆန်ပါ

နှစ်ဦးအတွက် အရေးပါတဲ့ အရာတွေ၊ နေ့စွဲတွေကို အပြန်အလှန် မှတ်မိပြီး အလေးထားသင့်ပါတယ်။

သူ့အတွက် သင့်အချစ်တွေကို ဘယ်နည်းလမ်းနဲ့မဆို အစွမ်းကုန်ပေးဖို့ ဝန်မလေးပါနဲ့။

Credit