စိတ်ပညာ

ကိုယ္ပဲ အၿမဲမွန္တယ္ ထင္ေနတဲ့ ငါတေကာ ေကာတတ္သူေတြရဲ႕ လကၡဏာရပ္မ်ား

ကိုယ္ပဲ အၿမဲမွန္တယ္ ထင္ေနတဲ့ ငါတေကာ ေကာတတ္သူေတြရဲ႕ လကၡဏာရပ္မ်ား

တစ္ခ်ိဳ႕လူေတြက သူတို႔လုပ္တာ အားလံုး မွန္ကန္တယ္၊ အရာအားလံုးကို သူတို႔သိတယ္ဆုိၿပီး ယံုၾကည္မႈ လြန္ကဲေနတတ္ၾကပါတယ္။

ဒီလုိလူေတြနဲ႔ ေပါင္းသင္းရတာဟာ တကယ့္ကို ခက္ခဲလွၿပီး သူတုိ႔ရဲ႕ တစ္ဖက္ေစာင္းအေတြးအေခၚေတြေၾကာင့္ တစ္ခ်ိဳ႕လူေတြက သူတို႔ကို ခ်ဥ္တတ္္ၾကပါတယ္။

ကဲ ကိုယ့္ကိုယ္ကို အရမ္းမွန္ေနတယ္လို႔ ထင္ေနတဲ့ သူေတြဆီမွာ ဒီလုိအခ်က္္ေတြ ေတြ႔ရတတ္ပါတယ္ေနာ္။

(1) အမွားအမွန္ကို လက္မခံတတ္ဘူး

ဒီလုိလူေတြက သူတို႔ကိုယ္သူတုိ႔ ဆရာႀကီးလုိလုိ ဘာလုိလုိနဲ႔ သူမ်ားေျပာသမွ်ကိုလည္း လက္မခံတတ္ၾကပါဘူး။

သူတို႔လုပ္တာပဲ မွန္တယ္၊ သူတို႔ဆံုးျဖတ္တာပဲ ေကာင္းတယ္စသျဖင့္ စိတ္ညစ္စရာေကာင္းလွေအာင္ တစ္ဖက္ပိတ္ ဝါဒသမားေတြ ျဖစ္ေနတတ္တာပါ။

ဒီအခ်က္ေၾကာင့္ပဲ သူတုိ႔ဟာ အမွားအမွန္ကို လက္ခံႏုိင္စြမ္း မ႐ွိတတ္ၾကပါဘူး။

(2) သူမ်ားေတြရဲ႕ အႀကံအဥာဏ္ေတြကို နားမေထာင္တတ္ဘူး

လူေတြဟာ ကိုယ့္ကိုယ္ကို အရမ္းမွန္ေနတယ္လုိ႔ ထင္သြားတဲ့အခါ သူမ်ားေတြရဲ႕ အႀကံအဥာဏ္စကားေတြ၊

ေကာင္းျခင္းဆုိးျခင္းေတြကို ဘယ္ေတာ့မွ လက္မခံတတ္ၾကေတာ့ပါဘူး။

ေဘးနားကလူေတြက ေကာင္းေစခ်င္လို႔ ေျပာျပတာေတြကိုေတာင္ လက္သင့္မခံပဲ သူတုိ႔ထင္ရာ လုပ္တတ္ၾကပါတယ္။

ဒါက လမ္းမွားကို ေရာက္ဖု႔ိအတြက္ ကိုယ္တုိင္ လမ္းေဖာက္လုိက္သလုိပါပဲ။

တစ္ခါတစ္ေလမွာ မိတ္ေဆြ၊ သူငယ္္ခ်င္းေတြရဲ႕ အႀကံေပးစကားဆုိတာလည္း လက္ခံသင့္ရင္ လက္ခံတတ္ရပါတယ္။

(3) ေနရာတကာ ဆရာႀကီးလုပ္တတ္တယ္

သူတုိ႔ကိုယ္သူတို႔ အရမ္းယံုၾကည္မႈ လြန္ကဲေနတဲ့သူေတြဟာ တစ္ျခားသူေတြအေပၚလည္း ဆရာႀကီးလုပ္တတ္ပါေသးတယ္။

သူတို႔သိတဲ့ ကိစၥပဲျဖစ္ျဖစ္၊ မသိတဲ့ ကိစၥပဲျဖစ္ျဖစ္ ဝင္ေယာင္ၿပီး ဆရာႀကီးလုပ္ရတာကို ႏွစ္သက္တတ္ၾကပါတယ္။

ဒီလုိလုပ္ရတာကိုပဲ သူတုိ႔က ဂုဏ္ယူမဆံုး ျဖစ္ေနတတ္ၾကသူေတြပါ။

(4) တစ္ဖက္ေစာင္း ႏုိင္လြန္းတယ္

လူေတြအားလံုးက မင္းလုပ္တာ မွားတယ္္လုိ႔ ေျပာေနရင္ေတာင္ ငါလုပ္တာ မွန္တယ္ဆုိၿပီး ဖင္ပိတ္ျငင္းမယ့္ သူမ်ိဳးေတြပါ။

အရမ္းကို တစ္ဖက္ေစာင္းႏုိင္လြန္းၿပီး သူတို႔ကိုယ္ သူတို႔ပဲ မွန္တယ္လုိ႔ ထင္ေနတာက တကယ့္ကို မွားယြင္းမႈတစ္ခုပါပဲ။

တကယ္ေတာ့ ကိုယ့္ကိုယ္ကုိယ္ ယံုၾကည္မႈ႐ွိတာက ေကာင္းေပမယ့္ ယံုၾကည္မႈလြန္ကဲသြားရင္ေတာ့ မလုိလားအပ္တဲ့ ဆုိးက်ိဳးေတြကို ျဖစ္လာေစပါတယ္ေနာ္။

Credit

Unicode

ကိုယ်ပဲ အမြဲမှန်တယ် ထင်နေတဲ့ ငါတကော ကောတတ်သူတွေရဲ့ လက္ခဏာရပ်များ

တစ်ချို့လူတွေက သူတို့လုပ်တာ အားလုံး မှန်ကန်တယ်၊ အရာအားလုံးကို သူတို့သိတယ်ဆိုပြီး ယုံကြည်မှု လွန်ကဲနေတတ်ကြပါတယ်။

ဒီလိုလူတွေနဲ့ ပေါင်းသင်းရတာဟာ တကယ့်ကို ခက်ခဲလှပြီး သူတို့ရဲ့ တစ်ဖက်စောင်းအတွေးအခေါ်တွေကြောင့် တစ်ချို့လူတွေက သူတို့ကို ချဉ်တတ်ကြပါတယ်။

ကဲ ကိုယ့်ကိုယ်ကို အရမ်းမှန်နေတယ်လို့ ထင်နေတဲ့ သူတွေဆီမှာ ဒီလိုအချက်တွေ တွေ့ရတတ်ပါတယ်နော်။

(1) အမှားအမှန်ကို လက်မခံတတ်ဘူး

ဒီလိုလူတွေက သူတို့ကိုယ်သူတို့ ဆရာကြီးလိုလို ဘာလိုလိုနဲ့ သူများပြောသမျှကိုလည်း လက်မခံတတ်ကြပါဘူး။

သူတို့လုပ်တာပဲ မှန်တယ်၊ သူတို့ဆုံးဖြတ်တာပဲ ကောင်းတယ်စသဖြင့် စိတ်ညစ်စရာကောင်းလှအောင် တစ်ဖက်ပိတ် ဝါဒသမားတွေ ဖြစ်နေတတ်တာပါ။

ဒီအချက်ကြောင့်ပဲ သူတို့ဟာ အမှားအမှန်ကို လက်ခံနိုင်စွမ်း မရှိတတ်ကြပါဘူး။

(2) သူများတွေရဲ့ အကြံအဉာဏ်တွေကို နားမထောင်တတ်ဘူး

လူတွေဟာ ကိုယ့်ကိုယ်ကို အရမ်းမှန်နေတယ်လို့ ထင်သွားတဲ့အခါ သူများတွေရဲ့ အကြံအဉာဏ်စကားတွေ၊

ကောင်းခြင်းဆိုးခြင်းတွေကို ဘယ်တော့မှ လက်မခံတတ်ကြတော့ပါဘူး။

ဘေးနားကလူတွေက ကောင်းစေချင်လို့ ပြောပြတာတွေကိုတောင် လက်သင့်မခံပဲ သူတို့ထင်ရာ လုပ်တတ်ကြပါတယ်။

ဒါက လမ်းမှားကို ရောက်ဖို့အတွက် ကိုယ်တိုင် လမ်းဖောက်လိုက်သလိုပါပဲ။

တစ်ခါတစ်လေမှာ မိတ်ဆွေ၊ သူငယ်ချင်းတွေရဲ့ အကြံပေးစကားဆိုတာလည်း လက်ခံသင့်ရင် လက်ခံတတ်ရပါတယ်။

(3) နေရာတကာ ဆရာကြီးလုပ်တတ်တယ်

သူတို့ကိုယ်သူတို့ အရမ်းယုံကြည်မှု လွန်ကဲနေတဲ့သူတွေဟာ တစ်ခြားသူတွေအပေါ်လည်း ဆရာကြီးလုပ်တတ်ပါသေးတယ်။

သူတို့သိတဲ့ ကိစ္စပဲဖြစ်ဖြစ်၊ မသိတဲ့ ကိစ္စပဲဖြစ်ဖြစ် ဝင်ယောင်ပြီး ဆရာကြီးလုပ်ရတာကို နှစ်သက်တတ်ကြပါတယ်။

ဒီလိုလုပ်ရတာကိုပဲ သူတို့က ဂုဏ်ယူမဆုံး ဖြစ်နေတတ်ကြသူတွေပါ။

(4) တစ်ဖက်စောင်း နိုင်လွန်းတယ်

လူတွေအားလုံးက မင်းလုပ်တာ မှားတယ်လို့ ပြောနေရင်တောင် ငါလုပ်တာ မှန်တယ်ဆိုပြီး ဖင်ပိတ်ငြင်းမယ့် သူမျိုးတွေပါ။

အရမ်းကို တစ်ဖက်စောင်းနိုင်လွန်းပြီး သူတို့ကိုယ် သူတို့ပဲ မှန်တယ်လို့ ထင်နေတာက တကယ့်ကို မှားယွင်းမှုတစ်ခုပါပဲ။

တကယ်တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတာက ကောင်းပေမယ့် ယုံကြည်မှုလွန်ကဲသွားရင်တော့ မလိုလားအပ်တဲ့ ဆိုးကျိုးတွေကို ဖြစ်လာစေပါတယ်နော်။

Credit