(၁) စည်းကမ်းရှိတယ်
Credit
Unicode
အထီးကျန်ဆန်တဲ့သူတွေဟာ စိတ်ထားကောင်းပြီး STRONG ဖြစ်ရတဲ့ အကြောင်းရင်း (၅)ချက်
အထီးကျန်ဆန်တယ်ဆိုတာ တော်ရုံလူတွေတောင့်ခံဖို့ ခက်ခဲတဲ့ ခံစားချက်ဖြစ်တယ်ဆိုတာ အားလုံးလည်းအသိပါပဲ။
ဒါပေမယ့်လည်း စိတ်ထားကောင်းပြီး Strong ဖြစ်တဲ့သူတွေဟာ ပိုပြီးတော့အထီးကျန်ရပါတယ်။
ဘာကြောင့်လည်းဆိုတဲ့ အကြောင်းရင်းလေးတွေကို ဖော်ပြပေးပါ့မယ်။
(၁) စည်းကမ်းရှိတယ်
သင်ဟာ အရမ်းကို စည်းကမ်းရှိပြီး သင့်ရဲ့ကိုယ်ပိုင် စည်းမျဉ်းစည်းကမ်းတွေကို အမြဲတမ်းလိုက်နာဖို့ ကြိုးစားတဲ့သူပါ။
သင့်ဆုံးဖြတ်ချက်တွေဟာ ခိုင်မာတဲ့အပြင် သင်ဟာ ကိုယ်လုပ်စရာရှိတာကို မှန်မှန်လုပ်တတ်တဲ့သူတစ်ယောက်ပါ။
ဒါကြောင့်လည်း သင်နဲ့ပေါင်းသင်းရတာ တော်ရုံလူတွေအတွက်ကတော့ ခက်ခဲတာကြောင့် သင့်အနားကရှောင်သွားကြတာပါ။
သင့်အနားမှာနေနိုင်ဖို့အတွက် သူတို့ဟာ စိတ်ပိုင်းဆိုင်ရာ အရမ်းကို အားနည်းလွန်းတာကြောင့်ပါ။
(၂) သူများလုပ်တိုင်း လိုက်မလုပ်ချင်ဘူး
သင်ဟာ သူများလုပ်တိုင်းလိုက်လုပ်မယ့်သူတစ်ယောက်တော့ မဟုတ်ပါဘူး။
တစ်ခုခုကိုဆုံးဖြတ်ပြီးရင် သူများပြောတိုင်း ပြောင်းမယ့်သူတွေမဟုတ်ပါဘူး။
ကိုယ်ဆုံးဖြတ်ထားတဲ့အရာတစ်ခုခုကို ဘယ်သူတွေဘာပြောပြော၊ ဘယ်လောက်ပဲ ဝေဖန်နေပါစေ ရအောင်လုပ်မယ့်သူတွေဖြစ်ပါတယ်။
ဒါကြောင့်ပဲ တော်ရုံလူတွေကသူတို့ကို မပေါင်းနိုင်ကြပါဘူး။ ခိုင်းစားလို့ရမယ့်သူတွေ မဟုတ်မှန်း ကောင်းကောင်းသိထားလို့ပါ။
(၃) ဟန်ဆောင်တာကို မုန်းတယ်
သင်ဟာ ဟန်ဆောင်ရတာတွေ၊ အပေါ်ယံတွေကို အရမ်းမုန်းပါတယ်။
သင့်ကို ဖားပြီးဆက်ဆံတာမျိုးလည်းမကြိုက်သလို သင်ကိုယ်တိုင်ကလည်း သူများကို ဘယ်တော့မှ ဖားမှာမဟုတ်ပါဘူး။
ဒီလိုမျိုး အပိုတွေမလုပ်ပဲ အမှန်အတိုင်း၊ စိတ်ထဲရှိတဲ့အတိုင်း ဆက်ဆံတတ်တာကြောင့် အဖားကြိုက်တဲ့သူတွေက သင်နဲ့ပေါင်းချင်မှာ မဟုတ်ပါဘူး။
ဒါကြောင့် သင်အထီးကျန်ရတာပါ။
(၄) သင့်တန်ဖိုးကို ပြတတ်လို့
သင်ဟာ သူတစ်ပါးအထင်သေးမှာ၊ အရိုအသေတန်မှာကို လုံးဝမလိုလားပါဘူး။
ကိုယ့်ကိုယ်ကို ကောင်းသထက်ကောင်းအောင် ကိုယ်ရည်သွေးတတ်သလို၊ သူတစ်ပါးက ကျောတာတွေ၊ မထီမဲ့မြင်ပြုတာတွေကို ပြင်းပြင်းထန်ထန် တုံ့ပြန်တတ်တဲ့ သူပါ။
ဒါကြောင့် လေးစားသမှုမရှိတဲ့သူတွေက သင့်ကို မပေါင်းချင်ကြပါဘူး။
(၅) သူများအာရုံစိုက်ခံရအောင် မလုပ်ဖူး
သင်ဟာ သူတစ်ပါးရဲ့ အာရုံစိုက်ခံရအောင် လုပ်ရတာမျိုးကို ဝါသနာမပါပါဘူး။ လူအထင်ကြီးအောင် ဟိတ်ကြီးဟန်ကြီးနဲ့မနေပြချင်တဲ့သူပါ။
ဒါကြောင့် အပေါ်ယံမက်တဲ့သူတွေ၊ ဂုဏ်မက်တဲ့သူတွေက သင်နဲ့မပေါင်းချင်ကြပါဘူး။
Credit