Love




မိန်းမသားနဲ့အသိပညာ




















Credit

Unicode

လှတဲ့မိန်းမသားတစ်ယောက်နဲ့ အရည်အချင်းရှိတဲ့မိန်းမသားတစ်ယောက်ကို

တန်ဖိုးထားကြပုံချင်းတော့ကွာခြားပါလိမ့်မယ်

မိန်းမသားနဲ့အသိပညာ

မိန်းမချင်းတူရင်တောင် လှတဲ့မိန်းမသားက

အများရဲ့ဦးစားပေးတာကိုခံရမှာပါ။

ဒါပေမယ့် လှတဲ့မိန်းမသားထက်အရည်အချင်းရှိတဲ့မိန်းမသားတစ်ယောက်ကိုတော့

အများကပိုပြီးတန်ဖိုးထားကြမှာပါ။

လူဆိုတာလှတဲ့မိန်းမသားတစ်ယောက်နဲ့အရည်အချင်းရှိတဲ့မိန်းမသားတစ်ယောက်ကို

တန်ဖိုးထားကြပုံချင်းတော့ကွာခြားပါလိမ့်မယ်။မိန်းမဆိုတာ အလှပြင်ယုံ လှချင်ယုံ လှနေယုံလောက်နဲ့မရပါဘူး။

ကိုယ်ကိုယ်တိုင်ကအရည်အချင်းတစ်ခုဖြစ်တဲ့ “အသိပညာ”ဗဟုသုတကြွယ်ဝရပါမယ်။

မိန်းမသားတစ်ယောက်အတွတ် လှပခြင်းလက်ဆောင်ဆိုတာကိုယ့်ဘဝရဲ့ကံအကျိုးပေးကြောင့်ဆိုပေမယ့်

အဲဒီအလှအပကိုမထိန်းသိမ်းတတ်ခဲ့ရင်တော့ အသက်ကိုတောင်စတေးရတတ်ပါတယ်။

အသိပညာဆိုတာကတော့ မိန်းမသားတစ်ယောက်အတွတ်ကိုယ့်ဘဝရဲ့ကောင်းမူဆိုးမူမှန်သမျှကို

မှန်မှန်ကန်ကန်ရွေးချယ်နိုင်လို့ ကိုယ့်ဘဝကိုစောင့်ရှောက်ပေးသွားမယ့်အရာပါ။

ဒါကြောင့်အသိပညာကြွယ်ဝစေဖို့သုတ,ရသစာပေတွေကိုဖတ်ရူလေ့လာမှတ်သားသင့်ပါတယ်။

သုတစာပေဆိုတာမိန်းမသားတစ်ယောက်ရဲ့ဦးနှောက်အတွတ်အမှားနဲ့အမှန်ကို

ရွေးချယ်ပေးနိုင်သလိုရသစာပေဆိုတာကတော့မိန်းမသားတစ်ယောက်ရဲ့နှလုံးသားတစ်စုံကို

တစိမ့်စိမ့်စီးဝင်ပြီးနူးညံ့သိမ်မွေ့စေပါတယ်။ယောင်္ကျားကောင်းတွေဆိုတာ သူတို့ဘဝရဲ့အဖော်မွန်ကို

တစ်ကယ်အရည်အချင်းရှိတဲ့မိန်းမသားကိုသာရွေးချယ်တတ်ကြတာပါ။

မိန်းမသားတစ်ယောက်အတွတ် လှပခြင်းဆိုတာနောင်တစ်ချိန်မှာအိုမင်းလို့ယိုယွင်းသွားနိုင်ပေမယ့်

အသိပညာရှိထားတဲ့မိန်းမသားတစ်ယောက်ကတော့အရည်အချင်းရှိရှိနဲ့ကိုယ့်ကိုယ်ကို စောင့်ရှောက်ပေးသွားနိုင်လို့

တစ်သက်တာလုံးအေးချမ်းသာယာမူနဲ့ချမ်းမြေ့နေပါလိမ့်မယ်။

Credit