MESSAGE ေလးတစ္ေစာင္ေၾကာင့္ ျပဳံးလဲ ျပဳံးခဲ့ဖူးသလို ငိုလဲငိုခဲ့ရဖူးတယ္
message ေလးတစ္ေစာင္ေၾကာင့္ ျပဳံးခဲ့ဖူးသလို message ေလးတစ္ေစာင္ေၾကာင့္ ရီခဲ့ဖူးတယ္ ။
တကယ္ကို အ႐ူးလိုပါပဲ ။ အရာရာကို ရင္ဘတ္ႀကီးနဲ႔ ခံစားတတ္တဲ့ ကြၽန္မက ေနရာတကာမွာ ထိလြယ္ ႐ွလြယ္ပါတယ္ ။
လူတစ္ေယာက္ရဲ႕ ရင္ဝကို ေစာင့္ကန္ခံလိုက္ရတဲ့အခါ အဲ့ဒီအကန္ခံလိုက္ရတဲ့ လူတစ္ေယာက္ရဲ႕ အ႐ိႈက္တည့္တည့္ကို
အားျပင္းရင္ ျပင္းသလို အသက္႐ႈရခက္ မတ္တပ္ရပ္ရခက္ ထိုင္ရခက္ဆိုၿပီး ျဖစ္တတ္တယ္ ။
ဒီတစ္ခါ ကိုယ္ကိုယ္ကိုယ္တိုင္ အကန္ခံရတာမဟုတ္ပဲ Message ေလးတစ္ေစာင့္ေၾကာင့္ အ႐ိႈက္ထိခံခဲ့ရဖူးတာကို ျပန္ေျပာျပပါမွာ
ေမွ်ာ္ေနတဲ့အခါ … ဝင္လာတဲ့ message ေလးေတြဟာ တကယ္ကို ၾကည္ႏူးစရာပါ ။
ေနမေကာင္းျဖစ္တဲ့အခါ ေနေကာင္းေအာင္ေနပါ ဆိုတဲ့စာသားေလးက ေႏြးေထြးစရာ ။
ကိုယ္အားငယ္ေနတဲ့အခါ အနားမွာ ႐ွိေနတယ္ေနာ္ ဘာမွမျဖစ္ဘူးဆိုတဲ့ စာေၾကာင္းေလးက
ကိုယ့္အတြက္ အားကိုးစရာ … ဒါဟာ တစ္ခ်ိန္က ကြၽန္မ ေပ်ာ္ခဲ့ဖူးတဲ့ message ေလးေတြအေၾကာင္းေပါ့ ။
ကိုယ္ေမွ်ာ္ေနတဲ့အခ်ိန္ထက္ ေနာက္က်ၿပီးမွ ေရာက္လာတဲ့စာေလးေတြဟာ …
ကိုယ္မေမွ်ာ္လင့္ထားတဲ့ အရာေတြ ျဖစ္ေနခဲ့မယ္ဆိုရင္ေတာ့ ကြၽန္မ ငိုမိခ်င္ငိုမိလိမ့္မယ္ ။
ဥပမာ … အလုပ္ေတြ ႐ႈပ္ေနကာမွ အလိုက္ကို မသိဘူးဆိုတာမ်ိဳး ။
တကယ္ဆို အခ်ိန္တိုင္းလိုက္႐ႈပ္တတ္တဲ့ ေကာင္မေလးမ်ိဳးမဟုတ္ပဲ တကယ္လြမ္းတဲ့အခ်ိန္မွ အရဲစြန္႔ၿပီး ေခၚတတ္တာမ်ိဳးပါ ။
ကိုယ္ တကယ္ၿပိဳလဲေနတဲ့အခ်ိန္မွာမွ အားေပးစကားေလးေတြအစား အၿမဲတမ္းအဲ့အတိုင္းႀကီးပဲဆိုတဲ့ စိတ္မ႐ွည္မႈေတြဟာ ကြၽန္မ မ်က္ရည္ေတြကို ေခြၽခ်ေနတာပါ ။
ဖုန္းေလးၾကည့္ရင္း ဒီ message ေလးေတြကိုဖတ္ရင္း ျပဳံးလဲ ျပဳံးခဲ့ဖူးသလို ငိုလဲ ငိုခဲ့ဖူးတယ္ ။
ေတြးၾကည့္ရင္ေတာ့ အ႐ူးလိုပါပဲ ။
Unicode
MESSAGE လေးတစ်စောင်ကြောင့် ပြုံးလဲ ပြုံးခဲ့ဖူးသလို ငိုလဲငိုခဲ့ရဖူးတယ်
message လေးတစ်စောင်ကြောင့် ပြုံးခဲ့ဖူးသလို message လေးတစ်စောင်ကြောင့် ရီခဲ့ဖူးတယ် ။
တကယ်ကို အရူးလိုပါပဲ ။ အရာရာကို ရင်ဘတ်ကြီးနဲ့ ခံစားတတ်တဲ့ ကျွန်မက နေရာတကာမှာ ထိလွယ် ရှလွယ်ပါတယ် ။
လူတစ်ယောက်ရဲ့ ရင်ဝကို စောင့်ကန်ခံလိုက်ရတဲ့အခါ အဲ့ဒီအကန်ခံလိုက်ရတဲ့ လူတစ်ယောက်ရဲ့ အရှိုက်တည့်တည့်ကို
အားပြင်းရင် ပြင်းသလို အသက်ရှုရခက် မတ်တပ်ရပ်ရခက် ထိုင်ရခက်ဆိုပြီး ဖြစ်တတ်တယ် ။
ဒီတစ်ခါ ကိုယ်ကိုယ်ကိုယ်တိုင် အကန်ခံရတာမဟုတ်ပဲ Message လေးတစ်စောင့်ကြောင့် အရှိုက်ထိခံခဲ့ရဖူးတာကို ပြန်ပြောပြပါမှာ
မျှော်နေတဲ့အခါ … ဝင်လာတဲ့ message လေးတွေဟာ တကယ်ကို ကြည်နူးစရာပါ ။
နေမကောင်းဖြစ်တဲ့အခါ နေကောင်းအောင်နေပါ ဆိုတဲ့စာသားလေးက နွေးထွေးစရာ ။
ကိုယ်အားငယ်နေတဲ့အခါ အနားမှာ ရှိနေတယ်နော် ဘာမှမဖြစ်ဘူးဆိုတဲ့ စာကြောင်းလေးက
ကိုယ့်အတွက် အားကိုးစရာ … ဒါဟာ တစ်ချိန်က ကျွန်မ ပျော်ခဲ့ဖူးတဲ့ message လေးတွေအကြောင်းပေါ့ ။
ကိုယ်မျှော်နေတဲ့အချိန်ထက် နောက်ကျပြီးမှ ရောက်လာတဲ့စာလေးတွေဟာ …
ကိုယ်မမျှော်လင့်ထားတဲ့ အရာတွေ ဖြစ်နေခဲ့မယ်ဆိုရင်တော့ ကျွန်မ ငိုမိချင်ငိုမိလိမ့်မယ် ။
ဥပမာ … အလုပ်တွေ ရှုပ်နေကာမှ အလိုက်ကို မသိဘူးဆိုတာမျိုး ။
တကယ်ဆို အချိန်တိုင်းလိုက်ရှုပ်တတ်တဲ့ ကောင်မလေးမျိုးမဟုတ်ပဲ တကယ်လွမ်းတဲ့အချိန်မှ အရဲစွန့်ပြီး ခေါ်တတ်တာမျိုးပါ ။
ကိုယ် တကယ်ပြိုလဲနေတဲ့အချိန်မှာမှ အားပေးစကားလေးတွေအစား အမြဲတမ်းအဲ့အတိုင်းကြီးပဲဆိုတဲ့ စိတ်မရှည်မှုတွေဟာ ကျွန်မ မျက်ရည်တွေကို ချွေချနေတာပါ ။
ဖုန်းလေးကြည့်ရင်း ဒီ message လေးတွေကိုဖတ်ရင်း ပြုံးလဲ ပြုံးခဲ့ဖူးသလို ငိုလဲ ငိုခဲ့ဖူးတယ် ။
တွေးကြည့်ရင်တော့ အရူးလိုပါပဲ ။