Unicode
တနင်္လာသားသမီးလေးတွေကို ချစ်သူတော်မယ်ဆိုရင် သိထားသင့်တဲ့အချက်များ
တနင်္လာ သားသမီးလေးတွေကို ချစ်သူတော်မယ် ဆိုရင် သိထားသင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
တနင်္လာတွေဟာ မိတ်ဆွေ ပေါများတယ်။လူချစ် လူခင်လည်း ပေါများတဲ့ နေ့နာမ် ပိုင်ရှင်တွေ ဖြစ်တယ် …
ဒေါသထွက်တတ်ပေမယ့် အပြင်မှာ ထုတ်ပြီး အရမ်း မပွားပါဘူး။
မိသားစုအပေါ်မှာ ဆိုရင်တော့ နည်းနည်း စိတ်မရှည်တတ်ဘူး။ အစွဲအလန်း ကြီးပါတယ်။
တစ်ယောက်ဆို တစ်ယောက် အပေါ်မှာပဲ စွဲလမ်းနေ တတ်တယ်။ စကားပြောရင် ဆွဲဆောင်မှုရှိစွာနဲ့ ပြောဆို တတ်တာ တနင်္လာလေးတွေပါ …
ခင်ရတဲ့ အပေါင်းအသင်းနဲ့ စကားပြောနေချိန် စိတ်ရှည်စွာနဲ့ စိတ်ဝင်တစား လက်ခံ နားထောင် ပေးတတ် တယ်။
ကိုယ်ကိုတိုင်လည်း ပျော်ရွှင်စွာနဲ့ နေတတ်သလို သူများကို ပျော်ရွှင်မှုတွေ တခါတရံ ဖန်တီးပေးတတ်တယ်
သူငယ်ချင်းတွေ မိတ်ဆွေတွေကို မက်မောစွာနဲ့ ခင်တွယ်တတ်တယ်။
အလုပ်လုပ်တဲ့ နေရာမှာလည်း စဉ်စားတွေးခေါ်နိုင်စွမ်း ရှိတယ် ။ စိတ်ကူး အမြင်ကျယ်တယ်။ ဗူးဆို ဖရုံ မသီးတတ်ပါဘူး
ဖြစ်ချင်တာကို အမြန်ဆုံး အကောင်အထည် ဖော်ရမှ ကျေနပ်တာ တနင်္လာပါ။
တခါတလေတော့ အလုပ်လုပ်တဲ့ နေရာမှာ ဖြစ်ချင်တာနဲ့ ဖြစ်သွားတာ နဲနဲလေး လွဲချော် နေတတ်တယ်
တနင်္လာတွေဟာ ကိုယ့်ရဲ့ရှေ့မှာ စိတ်မကောင်းစရာ တစ်ခုခု တွေ့မြင်ရရင် သနား တတ်တယ်
တတ်နိုင်ရင် ကူညီလိုတဲ့စိတ် အပြည့်အဝ ရှိပါတယ်။ သို့ပေမဲ့ ကိုယ်မကြိုက်တဲ့ အရာဆိုရင်တော့ စိတ်လက်ပြတ်သားတယ်။
လူတစ်ယောက်ကို ခင်ရင်လည်း သံယောဇဉ် ရှိစွာနဲ့ ပေါင်းသင်း တတ်ကြပါတယ်
ကိုယ့်အပေါ် ကောင်းတဲ့လူ ဆိုရင် မမေ့တတ်စွာနဲ့ လိုက်လျောညီထွေစွာ ခင်မင်တတ်တယ်။
ချစ်ဖို့ကောင်းတဲ့ စိတ်ထားလေးတွေ ပိုင်ဆိုင်
ထားကြတာ တနင်္လာပါ။ တနင်္လာတွေဟာ လူတစ်ယောက်ရဲ့ စိတ်ကို အတွင်းကျကျ လေ့လာတတ်တယ်။
စကားပြောတဲ့ နေရာမှာလည်း ပွင့်လင်းမှု ရှိတယ်
ကိုယ်မကြိုက်တဲ့ အရာတွေကို ပြောချင်တဲ့စကားရှိရင် အားမနာတမ်း တိုက်ရိုက် ပြောတတ်တာ တနင်္လာပါ။
တနင်္လာတွေဟာ မှန်နေရင်ဘာကိုမှဂရုမစိုက်ပဲ နေသလောက်၊ မှားနေရင်တော့ တောင်းပန်ဖို့လည်း ဝန်မလေးတတ်ကြပါဘူး
အပေါင်းအသင်းတွေ ကြားမှာလည်း ယုံကြည်မှု အပြည့်အဝ ရှိရှိနဲ့ နေတတ်တာ တနင်္လာပါ။
တနင်္လာလေးတွေဟာ စိတ်ကူးယဉ်ဆန်တယ်။
အား နေ တဲ့ အ ချိန် တွေ မှာ စာ ဖတ် တာ တွေ ဗ ဟု သု တ တွေ ကို လေ့ လာ ရ တာ နှစ် သက် တဲ့ နေ့ နာမ် တွေ ဖြစ် ပါ တယ် နော်