Unicode
ကိုကို တွေနဲ့ ချစ်မိရင် … ဒီလို အချစ်ခံရမှာပါ
ကိုကိုတွေကို ချစ်မိရင် ပိုပြီး အချစ်ခံ ရတယ်။ ပိုပြီးဆိုးလို့ရသလို ကလေး တစ်ယောက်လိုလည်း ချွဲလို့ ရပါတယ်။
ကိုကိုတွေက ဆုံးမတတ် သလို လမ်းပြပေး တတ်ပါတယ်။ အဲ့ဒါကြောင့် မိန်းကလေး အများစုက ကိုကိုတွေကို ချစ်ကြ တာများပါ တယ်။
၁။ ကိုကို နဲ့ချစ်မိရင် အရေးပေးခံ ရတယ်။
ဘယ်ကိစ္စမဆို သင့်ကို အရေးပေးတယ်။
သင့်ဆုံးဖြတ်ချက် ကိုလည်း အရေးပေးပြီး ဦးစားပေးတယ်။
သူလုပ်ချင် တာထက် သင်လုပ်ချင်တာ၊ ဖြစ်ချင်တာကို ဦးစားပေးတယ်။
သင်ထက် အသက်တစ်နှစ်ပဲကြီးတယ်ဆိုရင်တောင် သင့်ကို ကလေးတစ်ယောက်လိုချစ်နေတတ်သေးတယ်။
၂။ ကိုကို နဲ့ ချစ်မိရင် အသေးစိတ်ကအစ ဂရုစိုက်ခံ ရတယ်။
သင်မှာမေ့တတ် တာရှိရင် အမြဲသတိလိုက်ပေးနေ တတ်တယ်။
သင့်ရဲ့အသေးစိတ် လိုအပ်ချက်က အစ ဂရုစိုက်ပေးတယ်။
ကိုကိုတွေက အကြီးဆိုပြီး အနစ်နာလည်း ခံတတ်သေး တယ်။
သင်အပြစ်လုပ်မိလို့ “ဆောရီးနော် ကိုကို” လို့ ပြောလိုက်တာနဲ့ အရည်ပျော် သွားတတ်တာ ကိုကိုတွေပါ။
၃။ ကိုကို နဲ့ ချစ်မိရင် သဝန် တိုတာတွေ မရှိဘူး။
ကိုကိုတွေက ရင့်ကျက်နေပြီဖြစ်လို့ သဝန်တိုတာတွေ မရှိပါဘူး။
သဝန်တိုတယ် ဆိုတာ တစ်ယောက်နဲ့တစ်ယောက် မယုံကြည်ရမှသာ သဝန်တိုကြ တာလို့ တွေးနေတတ် ကြတာ ကိုကိုတွေပါ။
ကိုကိုတွေ အများစုက သဝန်မတိုကြ ပါဘူး။
ဒါပေမယ့် ကိုကိုတွေ သဝန်တိုပြီဆိုရင်တော့ သူများနဲ့မတူအောင်ကို တိုတတ်ပါတယ်။
၄။ ကိုကို နဲ့ ချစ်မိရင် ဆုံးမတာ ခံရတယ်။
အတိုအပြတ်တွေ ဝတ်ရင် ဆုံးမတတ်သေးတာ ကိုကိုတွေပါ။
မြန်မာဆန်တာလေးမှ ကိုကိုတွေက ရင်ခုန်တတ် ကြတာပါ။
ကိုကိုတွေက သူတို့ရခဲ့တဲ့ ဘဝသင်ခန်းစာတွေနဲ့ ဆုံးမတတ်သေးတယ်။
မှားနေတာရှိရင် အမှန်ကို လမ်းပြတတ်သေးတယ်။
၅။ ကိုကို နဲ့ ချစ်မိရင် အလိုလိုက် ခံရတယ်။
ကိုကိုတွေက အကြီးဆိုပြီး အလိုလိုက်တတ်သေးတယ်။
ကိုကိုနဲ့ချစ်မိ ရင်တော့ အလိုလိုက် ခံရတယ်။ သင်ဆိုး သမျှကိုလည်း သည်းခံတတ်တယ်။
အချွဲခံရတာ ကြိုက်ကြတာ ကိုကိုတွေပါ။