(၄) မျက်လုံးတောက်တောက်
(၅) ထင်ရှားတဲ့ ပါးရိုး
(၆) နားရွက်ကြီးကြီး
(၉) လုံးဝန်းတဲ့မေးစေ့
Unicode
မျက်နှာကို ကြည့်ရုံနဲ့ ချမ်းသာကြွယ်ဝသူတစ်ယောက် ဖြစ်လာနိုင်ချေ ရှိမရှိ သိနိုင်မယ့် နည်းလမ်းများ…
လူတစ်ယောက်ရဲ့ မျက်နှာကို ကြည့်ရုံနဲ့ သူ့အကြောင်း ကို အတိအကျပြောနိုင်တဲ့
ရုပ်လက္ခဏာကို ဖတ်တဲ့ ပညာမျိုးဆို တာ အံ့သြဖို့ကောင်းတဲ့ ပညာရပ်တစ်မျိုး ဖြစ်ပါတယ် …။
ရုပ်ရည်သွင်ပြင်က ကံကကြမ္မာကို မသတ်မှတ်နိုင်ပေမယ့်
ဘာတွေ ဖြစ်လာ နိုင်သလဲဆိုတာကိုတော့ အနီးစပ်ဆုံး ခန့်မှန်းနိုင်ပါတယ် …။
ဒါကြောင့် တရုတ် ရိုးရာရုပ်လက္ခဏာဖတ် ပညာအရ လူချမ်းသာ တစ်ယောက် ဖြစ်လာနိုင်ချေများတဲ့ သူတစ်ယောက်ရဲ့
ရုပ်လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်နော် …။
(၁) နှစ်ဖက်ညီညာတဲ့ မျက်နှာအချိုးအစား
မျက်နှာအချိုးအစား နှစ်ဖက် ညီညာနေတာ မျိုးက ရှားပါတယ်။
တကယ်လို့ အဲ့ဒီလိုမျက်နှာမျိုး ရှိခဲ့ရင် သူမတူအောင် ချမ်းသာကြွယ်ဝလာတတ်ပါတယ် …။
(၂) နဖူးမြင့်မြင့်ကျယ်ကျယ်
မြင့်ပြီးကျယ်ဝန်းတဲ့ နဖူးမျိုးကို ပိုင်ဆိုင်ထားတဲ့ သူတွေဟာလည်း ချမ်းသာကြွယ်ဝနိုင်ချေ များတဲ့ သူတွေပါ။
ဒါပေမယ့် နဖူးအလယ်မှာ မှဲ့ရှိနေရင်တော့ ကံသိပ်မကောင်းတတ်ပါဘူးတဲ့ …။
(၃) လုံးဝန်းတဲ့နှာခေါင်း
နှာခေါင်းလုံးလုံးလေးက ချမ်းသာကြွယ်ဝသူ တစ်ယောက်ဖြစ်နိုင်တယ်ဆိုတဲ့ သင်္ကေတတစ်ခုပါ။
အမျိုးသားတွေမှာ ဆို ငွေကြေး ကံအလွန်ကောင်းပြီး၊ အမျိုးသမီးတွေမှာဆို
သူမကိုလက်ထပ်တဲ့ အမျိုးသားက တဖြည်းဖြည်း တိုးတက်ကြီး ပွားလာမှာပဲ ဖြစ်ပါတယ် …။
(၄) မျက်လုံးတောက်တောက်
စူးရှတောက်ပတဲ့မျက်လုံးပိုင်ရှင်တွေ ရှိတတ်ပါတယ်။ လူတော်တော် များများက သူတို့ကြည့်တာကို မခံနိုင်ပါဘူး။
အဲ့ဒီလိုမျက်လုံးတောက်တောက်တွေရှိတာကလည်း ချမ်းသာမယ့် လက္ခဏာတစ်ခုပဲ ဖြစ်ပါတယ် …။
(၅) ထင်ရှားတဲ့ ပါးရိုး
ပါးရိုးတွေက မြင့်ပြီးထင်းနေလို့ ကိုယ့်ကိုယ်ကို မလှဘူးလို့မတွေး လိုက်ပါနဲ့နော်။
အဲ့ဒါက ချမ်းသာကြွယ်ဝမယ့် သူတစ်ယောက်ရဲ့ လက္ခဏာဖြစ်ပါတယ် …။
(၆) နားရွက်ကြီးကြီး
ထင်ရှားပြီးကြီးမားတဲ့နားရွက်တွေကိုပိုင်ဆိုင်ထားတယ်ဆိုရင်လည်း ဒါဟာ ချမ်းသာ ကြွယ်ဝမယ့် သဘောပါပဲ။
ဒါတင်မကသေးပါဘူး၊ ပညာရေးကံ၊ အလုပ်ကံနဲ့ ငွေကြေး ကံတွေလည်း အလွန်ကောင်းမယ့် သူပါ …။
(၇) အလယ်မှာ ချွန်နေတဲ့နှုတ်ခမ်း
အပေါ်အောက်အရွယ်အစားတူညီပြီး တိကျတဲ့ပုံစံမျိုးရှိတဲ့၊ အလွယ်မှာ
ချွန်နေတဲ့နှုတ်ခမ်းရှိတဲ့သူတွေလည်း ချမ်းသာ ကြွယ်ဝနိုင်ချေ အလွန်များတဲ့ သူတွေပါ။
အဲ့ဒါမျိုးကို ပုလဲ နှုတ်ခမ်းလို့လည်း ခေါ်ပါတယ် …။
(၈) အဖျားနှစ်ဖက် ကော့တက်နေတဲ့ပါးစပ်
အဖျားနှစ်ဖက်က အပေါ်ဘက်ကို ကော့တက်နေပြီး ဒီတိုင်းနေရင်တောင်ပြုံးနေသလို လေးဖြစ်နေတဲ့ပုံစံပါ။
အဲ့ဒါကို ကြာ ပွင့်ပါးစပ်လို့ ခေါ်ပြီး ချမ်းသာ ကြွယ်ဝမယ့် သူတွေမှာ အတွေ့ရများပါတယ် …။
(၉) လုံးဝန်းတဲ့မေးစေ့
လုံးဝန်းပြီးထင်ရှားတဲ့မေးစေ့ရှိတဲ့ သူတွေဟာ ချမ်းသာကြွယ်ဝမယ့်သူ၊ အိုဇာတာကောင်းမယ့်သူတွေ လို့ ပြောလို့ ရပါတယ်နော် …။ ။