Lifestyle

ေအးေအးေဆးေဆးေနတတ္တဲ့သူေတြကို လုံးဝေလွ်ာ့မတြက္သင့္တဲ့ အေၾကာင္းရင္း (၅) ခ်က္

ေအးေအးေဆးေဆးေနတတ္တဲ့သူေတြကို လုံးဝေလွ်ာ့မတြက္သင့္တဲ့ အေၾကာင္းရင္း (၅) ခ်က္

ေလာကမွာ မဟုတ္မခံဆတ္ဆတ္ႀကဲတဲ့သူေတြနဲ႔ ေအးေအးေဆးေဆးတည္တည္ၿငိမ္ၿငိမ္ ေနတဲ့သူရယ္လို႔ (၂) မ်ိဳး႐ွိပါတယ္။

ဘယ္လိုအေၾကာင္းမ်ိဳးပဲ႐ွိ႐ွိ ေအးေအးေဆးေဆးေနတဲ့သူေတြကို တစ္ခ်ိဳ႕ကေၾကာက္လို႔၊ မေျပာရဲလို႔ဆိုၿပီးထင္တတ္ၾကပါတယ္။

ဒါေပမယ့္လည္း တကယ္ကမဟုတ္ပါဘူး။

ေအးေအးေဆးေဆးေနတိုင္းေလွ်ာ့မတြက္သင့္တဲ့အေၾကာင္းရင္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) လြယ္လြယ္အ႐ႈံးမေပးတတ္ဘူး

ေအးေအးေဆးေဆးေနလို႔ စိတ္ေပ်ာ့ညံ့မယ္လို႔ေတာ့ လုံးဝမထင္လိုက္ပါနဲ႔ေနာ္။

ဘယ္အရာကိုမွ လြယ္လြယ္အ႐ႈံးမေပးတတ္သလို၊ လြယ္လြယ္လည္း လက္မေလွ်ာ့တတ္ပါဘူး။

တစ္ခုခုကို လုပ္ၿပီဆိုရင္ အဆုံးထိလုပ္ၿပီး လိုခ်င္တဲ့ရလဒ္မရမခ်င္း ႀကိဳးစားသြားမယ့္သူေတြပါ။

(၂) မလိုပဲမာနမေထာင္ဘူး

ဒီလိုလူေတြဟာ မလိုအပ္ပဲ စကားေတြအမ်ားႀကီးေျပာ၊ မာန္ေတြေထာင္၊ ေဒါသေတြမထြက္ခ်င္တဲ့သူပါ။

ဒါေပမယ့္ သူတို႔ရဲ႕ စည္းကိုေက်ာ္လာၿပီဆိုရင္ေတာ့ မထင္မွတ္ထားေလာက္တဲ့အထိ ျပင္းျပင္းထန္ထန္ တုန္႔ျပန္တတ္တဲ့သူေတြပါ။

ေတာ္႐ုံတန္႐ုံဘာမွ ေျပာတတ္၊ ေဒါသထြက္တတ္တဲ့သူေတြမဟုတ္ေပမယ့္

ေစာ္ကားတာမ်ိဳးကိုေတာ့ လုံးဝသည္းခံမေနမယ့္သူေတြျဖစ္ပါတယ္။

(၃) ခံႏိုင္ရည္စြမ္းအျပည့္႐ွိတယ္

ဒီလိုလူေတြဟာ သူမ်ားေတြထက္ ခံႏိုင္ရည္ပို႐ွိၾကပါတယ္။

သူတို႔ရဲ႕ ရည္မွန္းခ်က္ေတြမျပည့္အခ်င္း ဘယ္လိုအခက္အခဲမ်ိဳးကိုပဲ ရင္ဆိုင္ရပါေစ၊ အံႀကိတ္ၿပီး သည္းခံႏိုင္တဲ့သူေတြပါ။

ေတာ္႐ုံအရာေတြေလာက္ကို စာဖြဲ႕မေနပဲ အဆုံးထိေလွ်ာက္သြားမယ့္သူေတြပါ။

အျပင္သ႑ာန္ကေအးေဆးေပမယ့္ အတြင္းထဲမွာ သံေခ်ာင္းလိုမာေၾကာၾကံ့ခိုင္တဲ့စိတ္ဓာတ္ကို ပိုင္ဆိုင္ထားသူေတြပါ။

(၄) ခိုင္မာတဲ့ယုံၾကည္ခ်က္ေတြ႐ွိတယ္

ဒီလိုလူေတြမွာ ခိုင္မာတဲ့ယုံၾကည္ခ်က္ေတြ၊ ဘဝရည္မွန္းခ်က္ေတြ႐ွိပါတယ္။

ဒီအရာေတြကိုပဲ တစိုက္မတ္မတ္နဲ႔ အာ႐ုံစိုက္တတ္တဲ့သူေတြပါ။

သူမ်ားကိုယွဥ္ၿပိဳင္ရတာမ်ိဳး ဝါသနာမပါပါဘူး၊

ကိုယ့္ရဲ႕ ယုံၾကည္မႈအတိုင္း ကိုယ့္နည္းကိုယ့္ဟန္နဲ႔ ႀကိဳးစားေနမယ့္သူေတြျဖစ္ပါတယ္။

(၅) ကိုယ့္စိတ္ထဲ႐ွိတဲ့အရာေတြကို သူမ်ားသိစရာမလိုဘူးလို႔ ခံယူထားတယ္

ေအးေအးေဆးေဆးေနတတ္တဲ့သူေတြဆိုတာ မလိုအပ္ပဲ စကားေတြအမ်ားႀကီးေျပာတာမ်ိဳး မႀကိဳက္တဲ့သူေတြပါ။

အနာဂတ္အတြက္ ရည္မွန္းခ်က္ေတြ၊ စိတ္ကူးေတြ၊ အစီအစဥ္ေတြ အမ်ားႀကီး႐ွိေနသည့္တိုင္ေအာင္ ထုတ္ေျပာမယ့္သူေတြ မဟုတ္ပါဘူး။

အေျပာႀကီးၿပီး ဘာမွမျဖစ္တာထက္၊ ဘာမွမေျပာပဲ အႀကီးႀကီးလုပ္ျပခ်င္တဲ့သူေတြပါ။

Unicode

အေးအေးဆေးဆေးနေတတ်တဲ့သူတွေကို လုံးဝလျှော့မတွက်သင့်တဲ့ အကြောင်းရင်း (၅) ချက်

လောကမှာ မဟုတ်မခံဆတ်ဆတ်ကြဲတဲ့သူတွေနဲ့ အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ် နေတဲ့သူရယ်လို့ (၂) မျိုးရှိပါတယ်။

ဘယ်လိုအကြောင်းမျိုးပဲရှိရှိ အေးအေးဆေးဆေးနေတဲ့သူတွေကို တစ်ချို့ကကြောက်လို့၊ မပြောရဲလို့ဆိုပြီးထင်တတ်ကြပါတယ်။

ဒါပေမယ့်လည်း တကယ်ကမဟုတ်ပါဘူး။

အေးအေးဆေးဆေးနေတိုင်းလျှော့မတွက်သင့်တဲ့အကြောင်းရင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) လွယ်လွယ်အရှုံးမပေးတတ်ဘူး

အေးအေးဆေးဆေးနေလို့ စိတ်ပျော့ညံ့မယ်လို့တော့ လုံးဝမထင်လိုက်ပါနဲ့နော်။

ဘယ်အရာကိုမှ လွယ်လွယ်အရှုံးမပေးတတ်သလို၊ လွယ်လွယ်လည်း လက်မလျှော့တတ်ပါဘူး။

တစ်ခုခုကို လုပ်ပြီဆိုရင် အဆုံးထိလုပ်ပြီး လိုချင်တဲ့ရလဒ်မရမချင်း ကြိုးစားသွားမယ့်သူတွေပါ။

(၂) မလိုပဲမာနမထောင်ဘူး

ဒီလိုလူတွေဟာ မလိုအပ်ပဲ စကားတွေအများကြီးပြော၊ မာန်တွေထောင်၊ ဒေါသတွေမထွက်ချင်တဲ့သူပါ။

ဒါပေမယ့် သူတို့ရဲ့ စည်းကိုကျော်လာပြီဆိုရင်တော့ မထင်မှတ်ထားလောက်တဲ့အထိ ပြင်းပြင်းထန်ထန် တုန့်ပြန်တတ်တဲ့သူတွေပါ။

တော်ရုံတန်ရုံဘာမှ ပြောတတ်၊ ဒေါသထွက်တတ်တဲ့သူတွေမဟုတ်ပေမယ့်

စော်ကားတာမျိုးကိုတော့ လုံးဝသည်းခံမနေမယ့်သူတွေဖြစ်ပါတယ်။

(၃) ခံနိုင်ရည်စွမ်းအပြည့်ရှိတယ်

ဒီလိုလူတွေဟာ သူများတွေထက် ခံနိုင်ရည်ပိုရှိကြပါတယ်။

သူတို့ရဲ့ ရည်မှန်းချက်တွေမပြည့်အချင်း ဘယ်လိုအခက်အခဲမျိုးကိုပဲ ရင်ဆိုင်ရပါစေ၊ အံကြိတ်ပြီး သည်းခံနိုင်တဲ့သူတွေပါ။

တော်ရုံအရာတွေလောက်ကို စာဖွဲ့မနေပဲ အဆုံးထိလျှောက်သွားမယ့်သူတွေပါ။

အပြင်သဏ္ဍာန်ကအေးဆေးပေမယ့် အတွင်းထဲမှာ သံချောင်းလိုမာကြောကြံ့ခိုင်တဲ့စိတ်ဓာတ်ကို ပိုင်ဆိုင်ထားသူတွေပါ။

(၄) ခိုင်မာတဲ့ယုံကြည်ချက်တွေရှိတယ်

ဒီလိုလူတွေမှာ ခိုင်မာတဲ့ယုံကြည်ချက်တွေ၊ ဘဝရည်မှန်းချက်တွေရှိပါတယ်။

ဒီအရာတွေကိုပဲ တစိုက်မတ်မတ်နဲ့ အာရုံစိုက်တတ်တဲ့သူတွေပါ။

သူများကိုယှဉ်ပြိုင်ရတာမျိုး ဝါသနာမပါပါဘူး၊

ကိုယ့်ရဲ့ ယုံကြည်မှုအတိုင်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးစားနေမယ့်သူတွေဖြစ်ပါတယ်။

(၅) ကိုယ့်စိတ်ထဲရှိတဲ့အရာတွေကို သူများသိစရာမလိုဘူးလို့ ခံယူထားတယ်

အေးအေးဆေးဆေးနေတတ်တဲ့သူတွေဆိုတာ မလိုအပ်ပဲ စကားတွေအများကြီးပြောတာမျိုး မကြိုက်တဲ့သူတွေပါ။

အနာဂတ်အတွက် ရည်မှန်းချက်တွေ၊ စိတ်ကူးတွေ၊ အစီအစဉ်တွေ အများကြီးရှိနေသည့်တိုင်အောင် ထုတ်ပြောမယ့်သူတွေ မဟုတ်ပါဘူး။

အပြောကြီးပြီး ဘာမှမဖြစ်တာထက်၊ ဘာမှမပြောပဲ အကြီးကြီးလုပ်ပြချင်တဲ့သူတွေပါ။