ခ်စ္သူကဂ႐ုမစိုက္ဘူးဆိုရင္ မိန္းကေလးေတြလုပ္တတ္ၾကတဲ့ အခ်က္(၅)ခ်က္
မိန္းကေလးဆိုတာ ဘယ္ေလာက္ပဲ စိတ္ဓာတ္ႀကံ့ခိုင္ေနပါေစ၊
ကိုယ္ခ်စ္တဲ့သူေတြရဲ႕ ဂ႐ုစိုက္မႈကို လိုခ်င္ၾကတာခ်ည္းပါပဲ။
ကိုယ့္ခ်စ္သူက ဂ႐ုမစိုက္ဘူးဆိုရင္ အလြန္ကို ဝမ္းနည္းရတတ္ပါတယ္။
ဒါတင္ မကေသးပါဘူး၊ ေနာက္ဆက္တြဲ ဒီလိုအရာေတြ ျဖစ္လာပါေတာ့တယ္ . . .။
(၁) သူကိုယ့္ကိုယ္မခ်စ္ေတာ့ဘူးလို႔ ထင္လာတယ္
တခ်ိဳ႕ ေယာက်ာ္းေလးေတြက ခ်စ္သူျဖစ္တာၾကာလာရင္
အရင္ကေလာက္ ဂ႐ုမစိုက္တတ္ေတာ့သလို၊ ဂ႐ုစိုက္ဖို႔လည္း သိပ္မလိုဘူး၊
ငါတို႔ႏွစ္ေယာက္က ျပတ္ေတာ့မွာ မဟုတ္ဘူးလို႔ အေတြးရိွတတ္ၾကပါတယ္။
မိန္းကေလးေတြကေတာ့ ဂ႐ုမ စိုက္ေတာ့တာဟာ မခ်စ္ေတာ့တာပဲလို႔ သတ္မွတ္ၾကပါတယ္။
ဒီေတာ့ ခ်စ္တဲ့သူက ဂ႐ုမစိုက္တာဟာ သူ႕ကို မခ်စ္ေတာ့တာပဲလို႔ ယူဆသြားႏိုင္ပါတယ္ . . .။
(၂) အေတြး လြန္လာတယ္
သူ ငါ့ကိုဘာလို႔ ဂ႐ုမစိုက္ေတာ့တာလဲ၊ အသစ္တစ္ေယာက္ေတြ႕ေနလို႔လား၊
ငါ့ကိုစိတ္ကုန္ေနတာလား၊ ငါ့ကို ထားသြားဖို႔ ႀကံစည္ေနတာလား ၊
ဒါဆို ငါဘာလုပ္ရမလဲ စသျဖင့္ အမ်ိဳးမ်ိဳးေတြ ေတြၿပီး စိုးရိမ္ေသာက ေရာက္ေနပါလိမ့္မယ္။
အရင္က အဲ့ေလာက္မေတြးတတ္ဘူး ဆိုရင္ေတာင္ အခု အလြန္အကြၽံေတြ ေတြးတတ္ေနပါၿပီ . . .။
(၃) သံသယေတြ ဝင္လာတယ္
မိန္းကေလးေတြက ကိုယ့္ခ်စ္သူကိုယ့္အေပၚ ဂ႐ုစိုက္မႈေတြေလ်ာ့နည္းလာတာ၊
စိတ္ဝင္စားမႈေလ်ာ့နည္းလာတာေတြကို မေျပာရင္သာေနမယ္၊ ေကာင္းေကာင္း ရိပ္မိၾကပါတယ္။
ဒီလိုျဖစ္လာတာဟာလည္း အသစ္တစ္ေယာက္ေတြ႕ေန လို႔ လားဆိုၿပီး
ခ်စ္သူေကာင္ေလးဘာလုပ္လုပ္၊ ဘယ္သြားသြား သံသယေတြ ဝင္ေနေတာ႔တာပါပဲ . . .။
(၄) ကိုယ့္ကိုယ္ကို ေမးခြန္းေတြထုတ္လာတယ္
ကိုယ့္ဘက္က ဘာအားနည္းခ်က္၊ ခ်ိဳ႕ယြင္းခ်က္ေတြရွိေနလို႔လဲ၊ ဘာအမွားေတြလုပ္မိလို႔လဲ၊
ဘာလို႔မ်ား သူေျပာင္းလဲသြားတာလဲ ဆိုၿပီး ကိုယ့္ကိုယ္ကို ေမးခြန္းေတြ ထုတ္ေနတတ္ပါတယ္ . . .။
(၅) ထြက္သြားဖို႔ႀကံစည္လာတယ္
ခ်စ္သူေကာင္ေလးက ဂ႐ုမစိုက္ေတာ့တဲ့အခါ၊ စစခ်င္းမွာ သူ႔ကိုဂ႐ုစိုက္လာေအာင္ႀကိဳးစားမယ္၊
ဘယ္လိုမွႀကိဳးစား လို႔မရေတာ့တဲ့အခါ ထြက္သြားဖို႔တိတ္တဆိတ္ႀကံစည္လာၿပီး ေနာက္ဆုံးမွာ
သူ႔ခ်စ္သူရဲ႕အနားကေန အၿပီးထြက္ သြားပါလိမ့္မယ္ . . .။ ။
Credit
Unicode
ချစ်သူကဂရုမစိုက်ဘူးဆိုရင် မိန်းကလေးတွေလုပ်တတ်ကြတဲ့ အချက်(၅)ချက်
မိန်းကလေးဆိုတာ ဘယ်လောက်ပဲ စိတ်ဓာတ်ကြံ့ခိုင်နေပါစေ၊
ကိုယ်ချစ်တဲ့သူတွေရဲ့ ဂရုစိုက်မှုကို လိုချင်ကြတာချည်းပါပဲ။
ကိုယ့်ချစ်သူက ဂရုမစိုက်ဘူးဆိုရင် အလွန်ကို ဝမ်းနည်းရတတ်ပါတယ်။
ဒါတင် မကသေးပါဘူး၊ နောက်ဆက်တွဲ ဒီလိုအရာတွေ ဖြစ်လာပါတော့တယ် . . .။
(၁) သူကိုယ့်ကိုယ်မချစ်တော့ဘူးလို့ ထင်လာတယ်
တချို့ ယောက်ျားလေးတွေက ချစ်သူဖြစ်တာကြာလာရင်
အရင်ကလောက် ဂရုမစိုက်တတ်တော့သလို၊ ဂရုစိုက်ဖို့လည်း သိပ်မလိုဘူး၊
ငါတို့နှစ်ယောက်က ပြတ်တော့မှာ မဟုတ်ဘူးလို့ အတွေးရှိတတ်ကြပါတယ်။
မိန်းကလေးတွေကတော့ ဂရုမ စိုက်တော့တာဟာ မချစ်တော့တာပဲလို့ သတ်မှတ်ကြပါတယ်။
ဒီတော့ ချစ်တဲ့သူက ဂရုမစိုက်တာဟာ သူ့ကို မချစ်တော့တာပဲလို့ ယူဆသွားနိုင်ပါတယ် . . .။
(၂) အတွေး လွန်လာတယ်
သူ ငါ့ကိုဘာလို့ ဂရုမစိုက်တော့တာလဲ၊ အသစ်တစ်ယောက်တွေ့နေလို့လား၊
ငါ့ကိုစိတ်ကုန်နေတာလား၊ ငါ့ကို ထားသွားဖို့ ကြံစည်နေတာလား ၊
ဒါဆို ငါဘာလုပ်ရမလဲ စသဖြင့် အမျိုးမျိုးတွေ တွေပြီး စိုးရိမ်သောက ရောက်နေပါလိမ့်မယ်။
အရင်က အဲ့လောက်မတွေးတတ်ဘူး ဆိုရင်တောင် အခု အလွန်အကျွံတွေ တွေးတတ်နေပါပြီ . . .။
(၃) သံသယတွေ ဝင်လာတယ်
မိန်းကလေးတွေက ကိုယ့်ချစ်သူကိုယ့်အပေါ် ဂရုစိုက်မှုတွေလျော့နည်းလာတာ၊
စိတ်ဝင်စားမှုလျော့နည်းလာတာတွေကို မပြောရင်သာနေမယ်၊ ကောင်းကောင်း ရိပ်မိကြပါတယ်။
ဒီလိုဖြစ်လာတာဟာလည်း အသစ်တစ်ယောက်တွေ့နေ လို့ လားဆိုပြီး
ချစ်သူကောင်လေးဘာလုပ်လုပ်၊ ဘယ်သွားသွား သံသယတွေ ဝင်နေတော့တာပါပဲ . . .။
(၄) ကိုယ့်ကိုယ်ကို မေးခွန်းတွေထုတ်လာတယ်
ကိုယ့်ဘက်က ဘာအားနည်းချက်၊ ချို့ယွင်းချက်တွေရှိနေလို့လဲ၊ ဘာအမှားတွေလုပ်မိလို့လဲ၊
ဘာလို့များ သူပြောင်းလဲသွားတာလဲ ဆိုပြီး ကိုယ့်ကိုယ်ကို မေးခွန်းတွေ ထုတ်နေတတ်ပါတယ် . . .။
(၅) ထွက်သွားဖို့ကြံစည်လာတယ်
ချစ်သူကောင်လေးက ဂရုမစိုက်တော့တဲ့အခါ၊ စစချင်းမှာ သူ့ကိုဂရုစိုက်လာအောင်ကြိုးစားမယ်၊
ဘယ်လိုမှကြိုးစား လို့မရတော့တဲ့အခါ ထွက်သွားဖို့တိတ်တဆိတ်ကြံစည်လာပြီး နောက်ဆုံးမှာ
သူ့ချစ်သူရဲ့အနားကနေ အပြီးထွက် သွားပါလိမ့်မယ် . . .။ ။
Credit