သင္ခ်စ္တာထက္ ပိုခ်စ္တဲ့ခ်စ္သူတစ္ေယာက္ကို ပိုင္ဆိုင္ထားရင္ ဒါမ်ိဳးေတြႀကံဳရမွာပါ
လူတိုင္းက ကိုယ့္ခ်စ္သူရဲ႕ အခ်စ္ဆံုးတစ္ေယာက္ ျဖစ္ခ်င္ၾကတာ ခ်ည္းပါပဲေနာ္ .. ။
ခ်စ္သူနွစ္ေယာက္မွာ တစ္ေယာက္က အျမဲတမ္း ပိုခ်စ္ရတယ္ဆိုတဲ့အေတြးကလည္း
ခ်စ္သူေတြကို အျမဲတမ္းနွိပ္စက္လို႔ ေနတတ္ပါတယ္ …။
အဲ့ဒီအေတြးေတြက သင့္ကိုလည္း ဖိစီးေနတယ္ဆိုရင္ေတာ့ သင္ကလည္း သင္တို႕ခ်စ္သူနွစ္ေယာက္မွာ
ဘယ္သူကပိုခ်စ္လဲ ဆိုတာကို သိခ်င္ေနမွာေပါ့။
ဒါဆို သင့္ခ်စ္သူက၊ သင္သူ႕ကိုခ်စ္တာထက္ပိုတဲ့ အခ်စ္ေတြနဲ႕ ခ်စ္ေနမွန္း ဒီအခ်က္ေတြကို ၾကည့္ျပီး သိနိုင္ပါတယ္ …။
(၁) သင္တို႕နွစ္ေယာက္ၾကားက ျပႆနာေတြကို မၾကီးထြားေစဘူး
အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ခ်စ္သူနွစ္ေယာက္ ရန္ျဖစ္တဲ့အခါ သူဟာ ျပႆနာေတြပိုၾကီးထြားေစမယ့္
စကားေတြ မေျပာတတ္သလို၊ ျပႆနာပိုၾကီးမယ့္ လုပ္ရပ္ေတြလည္း မလုပ္ပါဘူး။
အဲ့ဒါက သူဟာ ျပႆနာျဖစ္မွာကို ေၾကာက္တာထက္ သင္နဲ႕သူ႕ၾကားမွာ
အဲ့ဒီလို ျပႆနာေတြျဖစ္တာကို မလိုလားလို႕ ၊ မၾကိဳက္လို႕ပဲ ျဖစ္ပါတယ္ …။
(၂) သင္ကသာ ပထမဦးစားေပး
ဘာေတြပဲျဖစ္လာျဖစ္လာ၊ ဘာကိစၥနဲ႕ပဲၾကံဳၾကံဳ သင္က သူ႕ရဲ႕ ပထမဦးစားေပးျဖစ္ေနပါတယ္။
သင့္ထက္ အေရးၾကီးတာ ဘာမွမရွိေတာ့ဘူး ဆိုတာမ်ိဳးေပါ့။ အဲ့ဒါဆိုရင္ေသခ်ာပါတယ္ ၊
သူ႕အခ်စ္ေတြ႕ သင့္ထက္ပိုတယ္ ဆိုတာ …။
(၃) အျမဲတမ္း ဂရုစိုက္တယ္
သင္ဘာျဖစ္ေနလဲ၊ ဘယ္လိုအခက္ အခဲေတြရွိေနလဲ၊ ေပ်ာ္ေနလား၊ ၀မ္းနည္းေနလား
ဆိုတာေတြကို အျမဲတမ္းဂရုစိုက္တတ္တဲ့ သူေပါ့။ သင္တို႕ခ်စ္လာတာ ဘယ္ေလာက္ပဲ ၾကာေနပါေစ ၊
သင့္ရဲ႕ အရာရာကိုသူက ဂရုတစိုက္ရွိေန တုန္းဆိုရင္ေတာ့ သူကသင့္ကို ပိုခ်စ္ေနတာ အေသအခ်ာပါပဲ …။
(၄) သင္နဲ႔ မခြဲခ်င္ဘူး
ပိုခ်စ္တဲ့သူက ပိုတြယ္တာတတ္ပါတယ္။ နွစ္ေယာက္သား အတူတူေနလို႕မရေသးတဲ့ အေျခအေနမွာ
အိမ္ျပန္ခ်ိန္ေတြဆို ခြဲၾကရတာပါပဲ။ အဲဒီအခ်ိန္ေတြမွာ သူက သင္နဲ႕မခြဲနိုင္မခြာ ရက္ျဖစ္ေနတယ္ဆိုရင္ေတာ့
သူကသင့္ကို တြယ္တာ မိေနတာေၾကာင့္ပါ
(၅) ဘာပဲျဖစ္ျဖစ္ သူအရင္ေတာင္းပန္တယ္
ခ်စ္သူနွစ္ေယာက္ စကားမ်ား ရန္ျဖစ္ၾကတဲ့အခါတိုင္း သူကပဲေတာင္းပန္ တယ္ဆိုရင္ေတာ့
သူသင့္ကို အရံႈးေပးတာ၊ ဦးစားေပးတဲ့ စိတ္ရွိတာ၊ သူကသင့္ကိုပိုခ်စ္ တယ္ဆိုတာ အသိသာၾကီးပါပဲ …။
(၆) သင္နဲ႕ပတ္သက္တဲ့ အရာရာကိုတန္ဖိုးထားတယ္
သင္ကဘယ္လိုပံုစံပဲျဖစ္ေနေန၊ ဘယ္လိုလူမ်ိဳးပဲျဖစ္ျဖစ္ သူကေတာ့ ခ်စ္ေနမယ့္သူေပါ့။
သင္နဲ႕ပတ္သက္သမွ် သင့္ရဲ႕ ျပင္ပရုပ္ရည္၊ အေတြးအေခၚနဲ႕ အျပဳအမူေလးေတြ အားလံုးကို တန္ဖိုးထား တတ္ပါတယ္ …။
သင့္ကို ထိန္းခ်ဳပ္ဖို႕၊ ျပဳျပင္ဖို႕မၾကိဳးစားဘဲ သင့္ရဲ႕နဂိုပံုစံအတိုင္းကို တန္ဖိုးထားျပီးခ်စ္တယ္ဆိုရင္ေတာ့
သူ႕အခ်စ္ေတြက သင့္ထက္ပိုေနတယ္ဆိုတာ သိသာပါတယ္ေနာ္ …။
Credit
Unicode
သင်ချစ်တာထက် ပိုချစ်တဲ့ချစ်သူတစ်ယောက်ကို ပိုင်ဆိုင်ထားရင် ဒါမျိုးတွေကြုံရမှာပါ
လူတိုင်းက ကိုယ့်ချစ်သူရဲ့ အချစ်ဆုံးတစ်ယောက် ဖြစ်ချင်ကြတာ ချည်းပါပဲ။
ချစ်သူနှစ်ယောက်မှာ တစ်ယောက်က အမြဲတမ်း ပိုချစ်ရတယ်ဆိုတဲ့အတွေးကလည်း
ချစ်သူတွေကို အမြဲတမ်းနှိပ်စက်လို့ နေတတ်ပါတယ် …။
အဲ့ဒီအတွေးတွေက သင့်ကိုလည်း ဖိစီးနေတယ်ဆိုရင်တော့ သင်ကလည်း သင်တို့ချစ်သူနှစ်ယောက်မှာ
ဘယ်သူကပိုချစ်လဲ ဆိုတာကို သိချင်နေမှာပေါ့။
ဒါဆို သင့်ချစ်သူက၊ သင်သူ့ကိုချစ်တာထက်ပိုတဲ့ အချစ်တွေနဲ့ ချစ်နေမှန်း ဒီအချက်တွေကို ကြည့်ပြီး သိနိုင်ပါတယ် …။
(၁) သင်တို့နှစ်ယောက်ကြားက ပြဿနာတွေကို မကြီးထွားစေဘူး
အကြောင်းအမျိုးမျိုးကြောင့် ချစ်သူနှစ်ယောက် ရန်ဖြစ်တဲ့အခါ သူဟာ ပြဿနာတွေပိုကြီးထွားစေမယ့်
စကားတွေ မပြောတတ်သလို၊ ပြဿနာပိုကြီးမယ့် လုပ်ရပ်တွေလည်း မလုပ်ပါဘူး။
အဲ့ဒါက သူဟာ ပြဿနာဖြစ်မှာကို ကြောက်တာထက် သင်နဲ့သူ့ကြားမှာ
အဲ့ဒီလို ပြဿနာတွေဖြစ်တာကို မလိုလားလို့ ၊ မကြိုက်လို့ပဲ ဖြစ်ပါတယ် …။
(၂) သင်ကသာ ပထမဦးစားပေး
ဘာတွေပဲဖြစ်လာဖြစ်လာ၊ ဘာကိစ္စနဲ့ပဲကြုံကြုံ သင်က သူ့ရဲ့ ပထမဦးစားပေးဖြစ်နေပါတယ်။
သင့်ထက် အရေးကြီးတာ ဘာမှမရှိတော့ဘူး ဆိုတာမျိုးပေါ့။ အဲ့ဒါဆိုရင်သေချာပါတယ် ၊
သူ့အချစ်တွေ့ သင့်ထက်ပိုတယ် ဆိုတာ …။
(၃) အမြဲတမ်း ဂရုစိုက်တယ်
သင်ဘာဖြစ်နေလဲ၊ ဘယ်လိုအခက် အခဲတွေရှိနေလဲ၊ ပျော်နေလား၊ ဝမ်းနည်းနေလား
ဆိုတာတွေကို အမြဲတမ်းဂရုစိုက်တတ်တဲ့ သူပေါ့။ သင်တို့ချစ်လာတာ ဘယ်လောက်ပဲ ကြာနေပါစေ ၊
သင့်ရဲ့ အရာရာကိုသူက ဂရုတစိုက်ရှိနေ တုန်းဆိုရင်တော့ သူကသင့်ကို ပိုချစ်နေတာ အသေအချာပါပဲ …။
(၄) သင်နဲ့ မခွဲချင်ဘူး
ပိုချစ်တဲ့သူက ပိုတွယ်တာတတ်ပါတယ်။ နှစ်ယောက်သား အတူတူနေလို့မရသေးတဲ့ အခြေအနေမှာ
အိမ်ပြန်ချိန်တွေဆို ခွဲကြရတာပါပဲ။ အဲဒီအချိန်တွေမှာ သူက သင်နဲ့မခွဲနိုင်မခွာ ရက်ဖြစ်နေတယ်ဆိုရင်တော့
သူကသင့်ကို တွယ်တာ မိနေတာကြောင့်ပါ
(၅) ဘာပဲဖြစ်ဖြစ် သူအရင်တောင်းပန်တယ်
ချစ်သူနှစ်ယောက် စကားများ ရန်ဖြစ်ကြတဲ့အခါတိုင်း သူကပဲတောင်းပန် တယ်ဆိုရင်တော့
သူသင့်ကို အရှုံးပေးတာ၊ ဦးစားပေးတဲ့ စိတ်ရှိတာ၊ သူကသင့်ကိုပိုချစ် တယ်ဆိုတာ အသိသာကြီးပါပဲ …။
(၆) သင်နဲ့ပတ်သက်တဲ့ အရာရာကိုတန်ဖိုးထားတယ်
သင်ကဘယ်လိုပုံစံပဲဖြစ်နေနေ၊ ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် သူကတော့ ချစ်နေမယ့်သူပေါ့။
သင်နဲ့ပတ်သက်သမျှ သင့်ရဲ့ ပြင်ပရုပ်ရည်၊ အတွေးအခေါ်နဲ့ အပြုအမူလေးတွေ အားလုံးကို တန်ဖိုးထား တတ်ပါတယ် …။
သင့်ကို ထိန်းချုပ်ဖို့၊ ပြုပြင်ဖို့မကြိုးစားဘဲ သင့်ရဲ့နဂိုပုံစံအတိုင်းကို တန်ဖိုးထားပြီးချစ်တယ်ဆိုရင်တော့
သူ့အချစ်တွေက သင့်ထက်ပိုနေတယ်ဆိုတာ သိသာပါတယ်နော် …။
Credit