Love
















Unicode

ကိုယ် တန်ဖိုးထားသူကို မဆုံးရှုံးချင်ရင်

လူတစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက်ချစ်ချစ် ယုံကြည်မှု မရှိရင် ဝေးသွားမှာပဲ

လူတစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက် နားလည် နားလည်လေးစားမှု မရှိရင် နားလည်မှု ပြိုကွဲမှာပဲ

လူတစ်ယောက်နဲ့ တစ်ယောက် နှစ်ပေါင်းများစွာ ဘယ်လောက်ပဲ လက်တွဲခဲ့ ပွင့်လင်းမှု မရှိခဲ့ရင် ကြိတ်လုံးတွေ ထပေါက်ကွဲ မှာပဲ

လူတစ်ယောက်နဲ့ တစ်ယောက် ဘယ် လောက်ပဲ သံယောဇဉ် ကြိုး ခိုင်မာပါတယ်

ပြောပြော သံသယ စိတ်ဝင် လာရင် အနေ နီးပေမယ့် ရင်ခုန်သံတွေ ဝေးကွာ နေရ အုံးမှာပဲ

လူတစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက်ပဲ မေတ္တာတွေ နက်ရှိုင်း ခဲ့ပါစေ

အချင်းချင်း တန်ဖိုး မထားတတ်ရင် တစ်ယောက်ကို တစ်ယောက် ဆုံးရှုံး ခံရမှာပါပဲ

လူတစ်ယောက်နဲ့ တစ်ယောက် စိတ်ချင်း ဘယ်လောက်ပဲ ထပ်တူ ကျတယ် ပြောပြော

အမှတ်အတေး ထားခဲ့ရင် နီးလျှက်နဲ့ ဝေးနေကြ အုံးမှာပဲ

ကိုယ် တန်ဖိုး ထားရသူတွေ မဆုံရှုံးချင်ရင် ယုံကြည်ပါ ‘ လေးစားပါ ‘ ပွင့်လင်းပါ သံသယ စိတ်ကို မောင်းထုတ်ပါ

တန်ဖိုးထားပါ ‘ အမှတ်အတေး မထားပဲ အမြန်ဆုံး ဖျောက်ပစ်ပါ

ချစ်သူဆိုတာ ချစ်နေရုံနဲ့ မပြီးဘဲ သူ့ဘက် ကိုယ့်ဘက် မျှတွေးပြီး

ချင်းချင်း နားလည် တန်ဖိုး ထား တတ် မှ ထာဝရ တည် မြဲ မှာပါ နော်