Love

လွည့္မထြက္ႏိုင္ေသးတဲ့အခါ ပိုၿပီးမခ်စ္မိေအာင္ေနပါ

လွည့္မထြက္ႏိုင္ေသးတဲ့အခါ ပိုၿပီးမခ်စ္မိေအာင္ေနပါ

တခ်ိဳ႕က သိပ္ခ်စ္တတ္ေပမယ့္လဲ ကံၾကမၼာက မ်က္ႏွာသာမေပးတတ္ဘူးေလ

သူတို႔သိပ္ခ်စ္သေလာက္ ျပန္ရလာတာဆိုလို႔ ဒဏ္ရာေတြပဲ ႐ွိေနတတ္တယ္

အဲ့ေလာက္နာက်င္ေနၿပီပဲ လွည့္ထြက္ခဲ့လိုက္လို႔ ေျပာခ်င္ေပမယ့္ လွည့္မထြက္ႏိုင္ေသးတဲ့ လူေတြလဲ႐ွိေသးတယ္

ကိုယ္က သူ႕ကို မခ်စ္ပဲမေနႏိုင္ေသးတဲ့အခါ ဒီထက္ပို မခ်စ္မိေအာင္ပဲ ႀကိဳးစားပါ

ကိုယ္ခ်စ္ရင္ခ်စ္သေလာက္ ကိုယ့္ပဲျပန္ၿပီးနာက်င္ေနရမွာေလ

အရင္တုန္းက ေသခ်ာတဲ့အရာေတြ႐ွိလို႔ကိုယ္ဟာ အနာဂတ္ေတြအထိ စိတ္ကူးေတြ ယဥ္ခဲ့ေပမယ့္

ဒီအခ်ိန္မွာ တစ္ေန႔ေန႔မွာေတာ့ ေဝးရမွာပဲဆိုတဲ့အသိနဲ႔ ႐ွိထားဖို႔လိုၿပီ

သူမ႐ွိေတာ့ရင္လို႔မေတြးပဲ ကိုယ္ခ်စ္ေပးႏိုင္သေလာက္ ခ်စ္ခဲ့တာပဲဆိုတဲ့ ကိုယ့္လိပ္ျပာ ကိုယ္လုံတဲ့ စိတ္ေလး ထည့္ထားပါ

ၿပီးတဲ့အခါ သူဘာေၾကာင့္ ငါခ်စ္တာကို မသိရတာလဲဆိုတဲ့ ေမးခြန္းနဲ႔ မရတဲ့အေျဖေတြကို မ႐ွာပဲ

တန္ဖိုးဆိုတာ သိတဲ့လူအတြက္ပဲ တန္ဖိုး႐ွိတတ္တယ္ဆိုတာ သိထားဖို႔လိုတယ္

လွည့္မထြက္ႏိုင္ေသးဘူးဆိုရင္ ရပ္ေနလိုက္ပါ ဒါေပမယ့္ ဒီထက္ပိုမခ်စ္မိေစဖို႔ေတာ့လိုမယ္

လြယ္လြယ္ကူူကူေလး ခ်စ္ခဲ့တာ မဟုတ္ေတာ့လဲ လြယ္လြယ္ကူကူေလး ဘယ္ လက္လႊတ္ႏိုင္ပါ့မလဲ

အိပ္မက္ေတြမက္တဲ့အခါ ကိုယ့္အတြက္ ကိုယ္မက္တတ္ေအာင္ လုပ္ပါ

အနာဂတ္ဆိုတာကို ေတြးမိတဲ့အခါ ကိုယ္တစ္ေယာက္လည္း ဆက္ေလွ်ာက္ရဲတဲ့ သတၱိေလး ေမြးပါ

ခုခ်ိန္မွာေတာင္ ဒီေလာက္နာက်င္ေနရရင္ ပိုၿပီးခ်စ္မိသြားတဲ့အခါ ပိုၿပီး နာက်င္ေနရတတ္တယ္ေလ

ပိုၿပီး မခ်စ္မိေအာင္ေနရင္းပဲ ရပ္ေနလိုက္ပါ … အခ်ိန္တန္တဲ့အခါ လွည့္ထြက္ရဲလာလိမ့္မယ္ ဒါမွမဟုတ္ ဆက္ၿပီး မနာက်င္ခ်င္ေတာ့တဲ့အခါေပါ့ …

Credit

Unicode

လှည့်မထွက်နိုင်သေးတဲ့အခါ ပိုပြီးမချစ်မိအောင်နေပါ

တချို့က သိပ်ချစ်တတ်ပေမယ့်လဲ ကံကြမ္မာက မျက်နှာသာမပေးတတ်ဘူးလေ

သူတို့သိပ်ချစ်သလောက် ပြန်ရလာတာဆိုလို့ ဒဏ်ရာတွေပဲ ရှိနေတတ်တယ်

အဲ့လောက်နာကျင်နေပြီပဲ လှည့်ထွက်ခဲ့လိုက်လို့ ပြောချင်ပေမယ့် လှည့်မထွက်နိုင်သေးတဲ့ လူတွေလဲရှိသေးတယ်

ကိုယ်က သူ့ကို မချစ်ပဲမနေနိုင်သေးတဲ့အခါ ဒီထက်ပို မချစ်မိအောင်ပဲ ကြိုးစားပါ

ကိုယ်ချစ်ရင်ချစ်သလောက် ကိုယ့်ပဲပြန်ပြီးနာကျင်နေရမှာလေ

အရင်တုန်းက သေချာတဲ့အရာတွေရှိလို့ကိုယ်ဟာ အနာဂတ်တွေအထိ စိတ်ကူးတွေ ယဉ်ခဲ့ပေမယ့်

ဒီအချိန်မှာ တစ်နေ့နေ့မှာတော့ ဝေးရမှာပဲဆိုတဲ့အသိနဲ့ ရှိထားဖို့လိုပြီ

သူမရှိတော့ရင်လို့မတွေးပဲ ကိုယ်ချစ်ပေးနိုင်သလောက် ချစ်ခဲ့တာပဲဆိုတဲ့ ကိုယ့်လိပ်ပြာ ကိုယ်လုံတဲ့ စိတ်လေး ထည့်ထားပါ

ပြီးတဲ့အခါ သူဘာကြောင့် ငါချစ်တာကို မသိရတာလဲဆိုတဲ့ မေးခွန်းနဲ့ မရတဲ့အဖြေတွေကို မရှာပဲ

တန်ဖိုးဆိုတာ သိတဲ့လူအတွက်ပဲ တန်ဖိုးရှိတတ်တယ်ဆိုတာ သိထားဖို့လိုတယ်

လှည့်မထွက်နိုင်သေးဘူးဆိုရင် ရပ်နေလိုက်ပါ ဒါပေမယ့် ဒီထက်ပိုမချစ်မိစေဖို့တော့လိုမယ်

လွယ်လွယ်ကူကူလေး ချစ်ခဲ့တာ မဟုတ်တော့လဲ လွယ်လွယ်ကူကူလေး ဘယ် လက်လွှတ်နိုင်ပါ့မလဲ

အိပ်မက်တွေမက်တဲ့အခါ ကိုယ့်အတွက် ကိုယ်မက်တတ်အောင် လုပ်ပါ

အနာဂတ်ဆိုတာကို တွေးမိတဲ့အခါ ကိုယ်တစ်ယောက်လည်း ဆက်လျှောက်ရဲတဲ့ သတ္တိလေး မွေးပါ

ခုချိန်မှာတောင် ဒီလောက်နာကျင်နေရရင် ပိုပြီးချစ်မိသွားတဲ့အခါ ပိုပြီး နာကျင်နေရတတ်တယ်လေ

ပိုပြီး မချစ်မိအောင်နေရင်းပဲ ရပ်နေလိုက်ပါ … အချိန်တန်တဲ့အခါ လှည့်ထွက်ရဲလာလိမ့်မယ် ဒါမှမဟုတ် ဆက်ပြီး မနာကျင်ချင်တော့တဲ့အခါပေါ့ …

Credit