Love

သင့္ခ်စ္သူဟာ အၾကြင္းမဲ့ယံုၾကည္လို႔ရသူတစ္ေယာက္ျဖစ္ေၾကာင္း ေဖာ္ျပေနတဲ့သက္ေသ (၆)မ်ိဳး

သင့္ခ်စ္သူဟာ အၾကြင္းမဲ့ယံုၾကည္လို႔ရသူတစ္ေယာက္ျဖစ္ေၾကာင္း ေဖာ္ျပေနတဲ့သက္ေသ (၆)မ်ိဳး

အခ်စ္ေရးတစ္ခု ခိုင္ျမဲေအာင္တည္ေဆာက္ဖို႕ဆိုတာ လြယ္လြယ္ေလးနဲ႕ေတာ့ မရပါဘူး … ။

ေရရွည္ခိုင္ျမဲတည္တံ့တဲ့ အခ်စ္ေရးဆိုတာ ယံုၾကည္မႈအေပၚမွာ အေျခခံတာမ်ိဳးပါ။

တစ္ေယာက္နဲ႕တစ္ေယာက္ သံသယေတြ၀င္၊ သ၀န္ေတြတိုျပီး ျပႆနာေတြလည္း မၾကာခဏတက္တာမ်ိဳးက

ခ်စ္သူေတြျဖစ္လာတာနဲ႕ အနည္းနဲ႕အမ်ားေတာ့ၾကံဳရတာမ်ိဳးပါ။

ဒီေတာ့ ဒီလိုမ်ိဳး အျပန္အလွန္မယံုၾကည္ၾကလို႕ ျပႆနာတက္ရတာမ်ိဳးေတြ ထပ္မျဖစ္ဖို႕အတြက္

ကိုယ့္ခ်စ္သူက ေသခ်ာေပါက္ယံုၾကည္ရတဲ့သူတစ္ေယာက္ျဖစ္ေၾကာင္း

သက္ေသအခ်က္ေလးေတြကိို ေဖာ္ျပေပးလိုက္ပါတယ္။

ဒီအခ်က္ေလးေတြ သူ႕မွာရွိေနရင္ လံုး၀ယံုၾကည္ေပးလိုက္ပါေတာ့ေနာ္။

(၁) စာနာစိတ္ရွိတယ္

သူဟာ တစ္ဖက္သားရဲ႕ အခက္အခဲကို ကိုယ္ခ်င္းစာတတ္တဲ့သူ၊ တစ္ဖက္သားဘက္က

၀င္ခံစားျပီးစာနာတတ္တဲ့သူဆိုရင္ သင့္ကို နာက်င္ေအာင္လုပ္မယ့္သူမဟုတ္ဘူးဆိုတာ

လံုး၀ေသခ်ာတာမို႕ ယံုၾကည္ရမယ့္သူတစ္ေယာက္ျဖစ္ပါတယ္။

(၂) အျပစ္အရင္မတင္တတ္ဘူး၊ အေၾကာင္းရင္းကိို နားလည္ေအာင္ၾကိဳးစားတယ္

မ်ားေသာအားျဖင့္ တစ္ဖက္သားအျပစ္ကိုပဲ ျမင္တတ္တဲ့သူေတြဟာ ကိုယ္တိုင္လည္း အျပစ္မကင္းတာမ်ိဳးျဖစ္ေနတတ္ပါတယ္။

ဒါေၾကာင့္ သင့္ခ်စ္သူက အျပစ္ကို အရင္မျမင္ဘဲအေၾကာင္းရင္းကိုအရင္သိေအာင္ ၾကိဳးစားတတ္တာဟာ

သူကိုယ္တိုင္မွုာလည္း တစ္ခုခုက်ဴးလြန္ထားတာမ်ိဳးမရွိတဲ့ လကၡဏာျဖစ္တာမို႕ သူ႕ကို ယံုၾကည္လို႕ရတယ္လို႕ေျပာရမွာပါ။

(၃) တစ္ဖက္သားရဲ႕အျမင္ကိိုေလးစားတယ္

တစ္ဖက္သားရဲ႕အျမင္ကို ေလးစားတတ္ဖို႕ဆိုတာ စိတ္သေဘာထားျပည့္၀တဲ့ သူတစ္ေယာက္ျဖစ္မွ ျဖစ္နိုင္တာပါ။

ဒီေတာ့ သင့္မ်ာ တစ္ဖက္သတ္မဆန္ဘဲ သူမ်ားရဲ႕အျမင္ကို

ေလးစားတတ္တဲ့ ခ်စ္သူမ်ိဳးပိုင္ဆိုင္ထားတယ္ဆိုရင္ သူ႕ကို အျပည့္အ၀ယံုၾကည္နိုင္ပါတယ္။

(၄) စိတ္ခံစားခ်က္အေျပာင္းအလဲ၊ အတက္အက်မျမန္တတ္ဘူး

လူတစ္ေယာက္ရဲ႕ အနာဂတ္မွာျဖစ္လာနိုင္တဲ့ အေျခအေနကို အခုလက္ရွိအေျခအေနကို ၾကည့္ျပီး ခန္႕မွန္းနိုင္ပါတယ္။

သူဟာ လက္ရွိမွာ စိတ္ခံစားခ်က္အေျပာင္းအလဲျမန္တယ္၊ စိတ္အတက္အက်ျမန္တယ္ဆိုရင္ ေနာက္ၾကာလာရင္ သင့္အေပၚမွာလည္း ေျပာင္းလဲနိုုင္ေခ်မ်ားပါတယ္။

အဲ့ဒီလိုမ်ိဳး စိတ္အေျပာင္းအလဲ၊ အတက္အက် မျမန္တတ္တဲ့သူမ်ိဳးကို ပိုင္ဆိုင္ထားရရင္ေတာ့ အျပည့္အ၀ ယံုၾကည္လို႕ရပါတယ္။

(၅) ေအးခ်မ္းတဲ့စိတ္မ်ိဳးရွိတယ္

ဒီအခ်က္ကလည္း အေပၚက အခ်က္လိုပါပဲ။ သူဟာ အေပ်ာ္အပါးေတြ အရမ္းမက္တယ္၊ စိတ္လႈပ္ရွားလြယ္တယ္၊

ေဒါသထြက္လြယ္တယ္ စတဲ့အေျခအေနမ်ိဳးေတြရွိရင္ တည္ျငိမ္မႈသိပ္မရွိဘူးလိို႕ေျပာရမွာပါ။

အဲ့ဒီလိုမဟုတ္ဘဲ အေပ်ာ္အပါးကိစၥေတြနဲ႕ ပတ္သက္လို႕ ထူးထူးျခားျခားပံုစံမ်ိဳးမရွိဘူး၊

တည္ျငိမ္တဲ့၊ ေအးခ်မ္းတဲ့ စိတ္မ်ိဳးကိုရွိတယ္ဆိုရင္လည္း ယံုၾကည္လုိ႕ရတဲ့သူတစ္ေယာက္လို႕ေျပာနိုင္ပါတယ္။

(၆) နွစ္ေယာက္အတူရွိခ်ိန္ေတြကို မျငီးေငြ႕ဘူး

အခ်စ္ဆိုတဲ့ ခံစားခ်က္က အခ်ိန္ၾကာလာရင္ေျပာင္းလဲတတ္တယ္လိို႕ ေျပာၾကပါတယ္္။

တကယ္ေတာ့ မခ်စ္ေတာ့တာမ်ိဳး မဟုတ္ဘဲ အခ်စ္ကေန သံေယာဇဥ္အျဖစ္ေျပာင္းသြားျပီး ဆက္ဆံေရးပိုခိုင္ျမဲလာတာမ်ိဳးပါ။

သင့္ခ်စ္သူက ဘယ္လိုအေၾကာင္းေၾကာင့္နဲ႕မွ နွစ္ေယာက္တည္းရွိခ်ိန္ေတြကို မျငီးေငြ႕ဘူး၊ တြဲလာတာအခ်ိန္ေတြၾကာလာေပမယ့္

သင္နဲ႕ အတူရွိခ်ိန္ေတြကို ေပ်ာ္ရႊင္ေနတယ္ဆိုရင္ ေသခ်ာေပါက္ သူဟာ ယံုၾကည္ရမယ့္သူတစ္ေယာက္ပါ။

Unicode

သင့်ချစ်သူဟာ အကြွင်းမဲ့ယုံကြည်လို့ရသူတစ်ယောက်ဖြစ်ကြောင်း ဖော်ပြနေတဲ့သက်သေ (၆)မျိုး

အချစ်ရေးတစ်ခု ခိုင်မြဲအောင်တည်ဆောက်ဖို့ဆိုတာ လွယ်လွယ်လေးနဲ့တော့ မရပါဘူး … ။

ရေရှည်ခိုင်မြဲတည်တံ့တဲ့ အချစ်ရေးဆိုတာ ယုံကြည်မှုအပေါ်မှာ အခြေခံတာမျိုးပါ။

တစ်ယောက်နဲ့တစ်ယောက် သံသယတွေဝင်၊ သဝန်တွေတိုပြီး ပြဿနာတွေလည်း မကြာခဏတက်တာမျိုးက

ချစ်သူတွေဖြစ်လာတာနဲ့ အနည်းနဲ့အများတော့ကြုံရတာမျိုးပါ။

ဒီတော့ ဒီလိုမျိုး အပြန်အလှန်မယုံကြည်ကြလို့ ပြဿနာတက်ရတာမျိုးတွေ ထပ်မဖြစ်ဖို့အတွက်

ကိုယ့်ချစ်သူက သေချာပေါက်ယုံကြည်ရတဲ့သူတစ်ယောက်ဖြစ်ကြောင်း

သက်သေအချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဒီအချက်လေးတွေ သူ့မှာရှိနေရင် လုံးဝယုံကြည်ပေးလိုက်ပါတော့နော်။

(၁) စာနာစိတ်ရှိတယ်

သူဟာ တစ်ဖက်သားရဲ့ အခက်အခဲကို ကိုယ်ချင်းစာတတ်တဲ့သူ၊ တစ်ဖက်သားဘက်က

ဝင်ခံစားပြီးစာနာတတ်တဲ့သူဆိုရင် သင့်ကို နာကျင်အောင်လုပ်မယ့်သူမဟုတ်ဘူးဆိုတာ

လုံး၀သေချာတာမို့ ယုံကြည်ရမယ့်သူတစ်ယောက်ဖြစ်ပါတယ်။

(၂) အပြစ်အရင်မတင်တတ်ဘူး၊ အကြောင်းရင်းကို နားလည်အောင်ကြိုးစားတယ်

များသောအားဖြင့် တစ်ဖက်သားအပြစ်ကိုပဲ မြင်တတ်တဲ့သူတွေဟာ ကိုယ်တိုင်လည်း အပြစ်မကင်းတာမျိုးဖြစ်နေတတ်ပါတယ်။

ဒါကြောင့် သင့်ချစ်သူက အပြစ်ကို အရင်မမြင်ဘဲအကြောင်းရင်းကိုအရင်သိအောင် ကြိုးစားတတ်တာဟာ

သူကိုယ်တိုင်မှုာလည်း တစ်ခုခုကျူးလွန်ထားတာမျိုးမရှိတဲ့ လက္ခဏာဖြစ်တာမို့ သူ့ကို ယုံကြည်လို့ရတယ်လို့ပြောရမှာပါ။

(၃) တစ်ဖက်သားရဲ့အမြင်ကိုလေးစားတယ်

တစ်ဖက်သားရဲ့အမြင်ကို လေးစားတတ်ဖို့ဆိုတာ စိတ်သဘောထားပြည့်ဝတဲ့ သူတစ်ယောက်ဖြစ်မှ ဖြစ်နိုင်တာပါ။

ဒီတော့ သင့်မျာ တစ်ဖက်သတ်မဆန်ဘဲ သူများရဲ့အမြင်ကို

လေးစားတတ်တဲ့ ချစ်သူမျိုးပိုင်ဆိုင်ထားတယ်ဆိုရင် သူ့ကို အပြည့်အဝယုံကြည်နိုင်ပါတယ်။

(၄) စိတ်ခံစားချက်အပြောင်းအလဲ၊ အတက်အကျမမြန်တတ်ဘူး

လူတစ်ယောက်ရဲ့ အနာဂတ်မှာဖြစ်လာနိုင်တဲ့ အခြေအနေကို အခုလက်ရှိအခြေအနေကို ကြည့်ပြီး ခန့်မှန်းနိုင်ပါတယ်။

သူဟာ လက်ရှိမှာ စိတ်ခံစားချက်အပြောင်းအလဲမြန်တယ်၊ စိတ်အတက်အကျမြန်တယ်ဆိုရင် နောက်ကြာလာရင် သင့်အပေါ်မှာလည်း ပြောင်းလဲနိုင်ချေများပါတယ်။

အဲ့ဒီလိုမျိုး စိတ်အပြောင်းအလဲ၊ အတက်အကျ မမြန်တတ်တဲ့သူမျိုးကို ပိုင်ဆိုင်ထားရရင်တော့ အပြည့်အ၀ ယုံကြည်လို့ရပါတယ်။

(၅) အေးချမ်းတဲ့စိတ်မျိုးရှိတယ်

ဒီအချက်ကလည်း အပေါ်က အချက်လိုပါပဲ။ သူဟာ အပျော်အပါးတွေ အရမ်းမက်တယ်၊ စိတ်လှုပ်ရှားလွယ်တယ်၊

ဒေါသထွက်လွယ်တယ် စတဲ့အခြေအနေမျိုးတွေရှိရင် တည်ငြိမ်မှုသိပ်မရှိဘူးလို့ပြောရမှာပါ။

အဲ့ဒီလိုမဟုတ်ဘဲ အပျော်အပါးကိစ္စတွေနဲ့ ပတ်သက်လို့ ထူးထူးခြားခြားပုံစံမျိုးမရှိဘူး၊

တည်ငြိမ်တဲ့၊ အေးချမ်းတဲ့ စိတ်မျိုးကိုရှိတယ်ဆိုရင်လည်း ယုံကြည်လို့ရတဲ့သူတစ်ယောက်လို့ပြောနိုင်ပါတယ်။

(၆) နှစ်ယောက်အတူရှိချိန်တွေကို မငြီးငွေ့ဘူး

အချစ်ဆိုတဲ့ ခံစားချက်က အချိန်ကြာလာရင်ပြောင်းလဲတတ်တယ်လို့ ပြောကြပါတယ်။

တကယ်တော့ မချစ်တော့တာမျိုး မဟုတ်ဘဲ အချစ်ကနေ သံယောဇဉ်အဖြစ်ပြောင်းသွားပြီး ဆက်ဆံရေးပိုခိုင်မြဲလာတာမျိုးပါ။

သင့်ချစ်သူက ဘယ်လိုအကြောင်းကြောင့်နဲ့မှ နှစ်ယောက်တည်းရှိချိန်တွေကို မငြီးငွေ့ဘူး၊ တွဲလာတာအချိန်တွေကြာလာပေမယ့်

သင်နဲ့ အတူရှိချိန်တွေကို ပျော်ရွှင်နေတယ်ဆိုရင် သေချာပေါက် သူဟာ ယုံကြည်ရမယ့်သူတစ်ယောက်ပါ။