(၉) မိမိကိုယ် ကိုယ်မိမိ ယုံကြည်မှုတွေေ ပျာက်ဆုံး လာပါ လိမ့်မယ်။
Unicode
အသည်းကွဲတဲ့အခါ သင့်ခန္ဓာကိုယ်ကပါ ဒီလိုတွေ ဆိုးဆိုးရွားရွား ခံစားရပါတယ်
အသည်းကွဲ တဲ့အခါ လူတစ်ယောက် အတွက် စိတ်ပိုင်းဆိုင်ရာ မှာပဲ ခံစား ရတယ်လို့ ထင်ရပေမယ့်
တကယ်တမ်း ခန္ဓာကိုယ်ကပါ အသည်းကွဲ တဲ့ဒဏ်ကို ဆိုးဆိုးရွားရွား ခံစားရတယ် ဆိုတာ သင်သိပါရဲ့လား ?
(၁) အစားသောက် မမှန်တာမျိုး ဖြစ်လာ နိုင်ပါတယ်။ အရမ်းစား မိတာမျိုး၊ အစာစားချင် စိတ်ကို မဖြစ်တော့တာ မျိုးတွေပေ့ ။
(၂) နှလုံးခုန်နှုန်းတွေ နည်းလာ ပါလိမ့် မယ်။ သင့်စိတ်ထဲမှာ ဝမ်းနည်းမှုကို ခါးဆီး ခံထားရ တဲ့အတွက်
စိတ်မှာ ဖိစီးမှု သွားဖြစ်ကာ သွေးလည်ပတ်မှုကို နှောင့်နှေးစေကာ နှလုံးခုန် နှုန်းလည်း လျော့နည်းလာ တတ်ပါ တယ်။
တစ်ခါတစ်လေ နှလုံးတောင် တစ်ချက်ချက် စူးအောင့် တတ်ပါသေးတယ်တဲ့ ။
(၃) အသည်းကွဲ တာနဲ့ သင့်ရဲ့ အိပ်ရေးပျက်တဲ့ ဒဏ်ကို ကောင်းကောင်းခံ ရမှာပါ။
စိတ်က မအိပ်ချင်ပေမယ့် ခန္ဓာကိုယ်က ပေးမအိပ် တာမျိုးပေါ့ ။
(၄) စိတ်ပိုင်းဆိုင်ရာ နာကျင်မှု တင်သာမက ဘဲ ခန္ဓာကိုယ် မှာပါ နာကျင်မှုတွေ ခံစားလာ ရပါတယ်။
ဥပမာခေါင်း အရမ်းကိုက်တာ၊ ဗိုက်အရမ်းအောင့်တာ၊ ကိုယ်တွေ လက်တွေ ကိုက်ခဲတာမျိုးတွေ ဖြစ်တတ် ပါတယ်နော်။
(၅) ခန္ဓာကိုယ်ဟာ အမြဲတမ်း ပင်ပမ်းနွမ်းနယ် နေပါလိမ့်မယ် ။
(၆) ဒါကတော့ စိတ်ရောကိုယ်ရော ခံစားမှုတွေပါ။
ဘာမဟုတ်တဲ့ ကိစ္စသေးသေးလေးက အစ ဝမ်းနည်းတတ် လာမယ်၊ မျက်ရည် လွယ်လာ လိမ့်မယ်။
အရာရာကို အကောင်းမမြင်တော့ဘူး .။
(၇) လမ်းတွေပျောက်လာမယ်၊ အာရုံစိုက်လို့ပါ မရတော့တာ မျိုးဖြစ်လာပြီး အရာရာကို အရှုံးပေးလာတတ် မယ် ။
(၈) ဘယ်လို ကိစ္စကို မျိုးပဲဖြစ်ဖြစ် ဆတ်ဆတ် ထိမခံနိုင် ဖြစ်လာ ပါလိမ့်မယ် ။
(၉) မိမိကိုယ် ကိုယ်မိမိ ယုံကြည်မှုတွေပောက်ဆုံး လာပါ လိမ့်မယ်။
ကိုယ့်ရဲ့ ရုပ်ရည်၊ ပုံစံ၊ အရည်အချင်းစတဲ့အရာရာ အားလုံးအပေါ် ယုံကြည်မှုတွေ ပျောက်ဆုံး လာပါ လိမ့်မယ်နော် ။