Astrology
အလုပ်တစ်ခု လုပ်ရင်လည်း ကိုယ့်အသိစိတ်နဲ့ ကိုယ်လုပ်တယ်။
Unicode
.အပျင်းကြီးတဲ့ တနင်္ဂ​နွေ၊ ချစ်​စရာ​ကောင်းတဲ့ တနင်္လာ
”အပျင်းကြီးတဲ့ တနင်္ဂ​နွေ”
အပျင်းကြီးတယ်။
ဘယ်လောက်ထိ ပျင်းသလဲဆိုရင် ပျင်းဖို့တောင် ပျင်းနေတဲ့ သူလေးတွေပါ။ ဉာဏ်ကောင်းတယ်။
အခြားသူတွေအမြင်မှာတော့ လူလိမ္မာလေး အိမ်မှာဆို အော်ကြောလန် ချောတာမျိုး မဟုတ်ဘူး ချစ်ဖို့ကောင်းကြပါတယ်။
မသိတဲ့လူတွေနဲ့ ကျရင်တော့ ရုပ်တည်ကြီးနဲ့ မာနကြီးတဲ့ပုံ၊ တကယ့်အကြောင်းသိ သူငယ်ချင်းတွေကြားထဲမှာတော့ ငပေါ။
အနေအေးတယ်​လို့ ထင်​ရ​ပေမယ့် တကယ်​​တမ်းကျ ကုပ်ကမြင်းလေးတွေပါ။
သူငယ်ချင်းတွေကိုလဲ အရမ်းခငတတ်တယ် ။ အနစ်နာခံပြီး ပေါင်းသင်းတတ်တယ်။
အငြင်းသန်လိုက်တာလဲ လွန်ရော။ သူတို့နဲ့ ပြိုင်ငြင်းမယ့်အစား ကျားဖင်သာ ပြေးနှိုက်ပစ်လိုက်ပါ။
အလုပ်တစ်ခု လုပ်ရင်လည်း ကိုယ့်အသိစ်ိတ်နဲ့ ကိုယ်လုပ်တယ်။
သူတို့ကို အမိန့်ပေးရင် လုံးဝမကြိုက်ဘူး။ ကလေးဆန်တယ် အရွဲ့တိုက်တတ်တယ်။
တော်ရုံလူတစ်ယောက်ကို မမုန်းတတ်ဘူး ။ မုန်းပြီဆိုလဲ နာမည်တောင်မကြားချင်တော့ လောက်အောင်ပဲ ။
ခံစားချက်ကိုထုတ်ဖော်မပြောတတ်ဘူး။ တစ်ယောက်ထဲ ကြိတ်ခံစားတတ်တယ်။
အမှတ်သည်းခြေ အငြိုးအတေးလဲ ကြီးတယ်။
မင်းမိုးကောင်းတုန်းတော့ ရွာထားပေါ့ကွာ ငါ့အလှည့်ကျမိုးကြိုးပါပြစ်ချမယ်ဆိုတဲ့ လူမျိုးတွေပေါ့။
ကိုချစ်တဲ့သူက ကိုယ့်ကိုမချစ် ကိုယ့်ကိုချစ်တဲ့သူကိုလည်း ကိုယ်ကမချစ် ဖြစ်နေတတ်တယ်။
ကိုယ့်ချစ်သူအပေါ်လဲ အရမ်း သဝန်တိုတတ်တယ်။
စိတ်ဆိုးစိတ်ကောက် လွယ်တယ်။ အဲ့အချိန် မချော့ပဲလွှတ်ထားကြည့် သေအောင်ပေါက်ကွဲပြီ။
ခဏလောက်စိတ်ရှည်ရှည်နဲ့ ချော့ရင်တော့ စိတ်ဆိုးပြေသွားတတ်ပါတယ်။
အထူးသဖြင့်စိတ်ခံစား အရမ်းလွမ်းတယ်။ သနားစရာ ဇာတ်သိမ်းမလှတဲ့ ဇာတ်လမး်တွေကြည့်ပြီးရင်
သူပါလိုက်ငိုရင်ငို မငိုရင်တောင် မျက်ရည် ဝဲနေတတ်တယ်။
ချစ်သူအပေါ်မှာလည်း အရမ်းသစ္စာရှိတယ်။
သူ့တို့ချစ်သူတွေသာ သစ္စာပြန်ရှိကြည့်လိုက် သက်ဆုံးတိုင် လက်တွဲသွားရတတ်တယ်။
ဘာမဟုတ်တဲ့ ပြသာနာသေးသေးလေးတွေကအစ သဝန်တိုတတ်တာမို့
သူတို့ကချစ်သူတွေက နည်းနည်းတော့သည်းခံပေးလိုက်ပါ။ (ချစ်ဖို့ကောင်းပါတယ် အဲ့တာလေးတွေက)
တနင်္ဂ​နွေတွေရဲ့ ချစ်သူဖြစ်ပြီဆိုတာနဲ့ ချော့နည်းတွေသာ သင်ထား။ သူတို့က အချော့ကြိုက်လေးတွေ။
သူတို့အသည်းကွဲသွားပြီဆိုရင်လည်း နောက်တစ်ခါ ထပ်ချစ်ဖို့တော်တော်လေး လန့်သွားတတ်ကြပါတယ်။
ရှင်းရှင်းပြောရရင်အချစ်ဆိုတာကိုမယုံရဲတော့ဘူး။ အဲ့ဒါကြောင့် အချို့ဆို ခုထိ (FA) ဖြစ်နေတုန်းပါ။
”ချစ်​စရာ​ကောင်းတဲ့ တနင်္လာ”
တနင်္လာ သားသမီး အများစုဟာ ကိုယ်ကလည်းချစ်သ​လောက်​ ကိုယ့်အ​ပေါ်ပြန် အ​ချစ်​ခံချင်​တတ်ကြ သူ​တွေပါ။
အချစ်​ဦးရဲ့ ပုံပြင်​​ပြောခြင်းကိုလည်း တနင်္လာ သားသမီးတိုင်း ကြုံ​တွေ့ခဲ့ကြရပါတယ်​။
အပြောက ပြတ်သလောက် စိတ်ထားနုကြတယ်။
မိဘအ​ပေါ် / ချစ်​သူအ​ပေါ် သိတက်​ပြီး တစ်​ခါတစ်​ရံ နွဲ့ဆိုး ဆိုးတတ်​ကြတယ်​။
ဘယ်​လို​နေ​နေ ချစ်​ဖို့​ကောင်းတာ တနင်္လာသားသမီး​တွေရဲ့ ​မွေးရာပါ အားနဲချက်​ပါ။
အမြဲတမ်းလက်တွေ့ကျကျ ဘယ်အရာမှ ပြီးပြတ်အောင် မလုပ်ပဲ ဟိုတန်းလန်း သည်တန်းလန်း လုပ်​တတ်​ကြပါတယ်​။
အစားအစာဆိုလည် အ​ကောင်းမှကြိုက်​တယ်​။ အစားနဲ့ ပတ်​သတ်​လာရင်​ ထိပ်​ဆုံးက ပါပြီးသားပဲ။
ပူစရာတွေ ရှာကြံတွေးနေတတ်တယ်။ တငွေ့ငွေ့နဲ့ ရင်ထဲမှာကျိတ်ခံစားပြီး မသိမသာ​လေး ​ကောက်​လိုက်​ရမှဆိုတဲ့ သူမျိုးတွေ။