Love

အခ်စ္ကို လိုက္မရွာေတာ့တဲ့ သူေတြသာေတြ႔ရွိရမယ့္ ေပ်ာ္ရႊင္မႈ(၅)မ်ိဳး

အခ်စ္ကို လိုက္မရွာေတာ့တဲ့ သူေတြသာေတြ႔ရွိရမယ့္ ေပ်ာ္ရႊင္မႈ(၅)မ်ိဳး

ခ်စ္သူမရွိပဲ တစ္ေယာက္တည္း ျဖစ္ေနတဲ့သူေတြအေနနဲ႔

အထီးက်န္တာေတြ၊ အားငယ္တာမ်ိဳးေတြ ခံစားမေနသင့္ပါဘူး။

အေၾကာင္းကေတာ့ သင္တစ္ေယာက္တည္းလည္း ဘဝကို ေပ်ာ္ရႊင္စြာ ျဖတ္သန္းႏိုင္လို႔ပါပဲ။

အခ်စ္ဆိုတာ လိုက္ရွာေနရတဲ့အရာ မဟုတ္ပါဘူး။ အခ်ိန္တန္တဲ့အခါ သူ႕အလိုလုိ ေရာက္လာ တတ္တာမ်ိဳးပါ။

ဒါကိုနားလည္ျပီး အခ်စ္ကို လိုက္မရွာေတာ့တဲ့သူေတြသာ ေတြ႔ရွိရမယ့္ ေပ်ာ္ရႊင္မႈ(၅)မ်ိဳးကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) လြတ္လပ္တယ္

လြတ္လပ္မႈဆိုတာ တစ္ေယာက္တည္းရွိတဲ့ အခ်ိန္မွာ ပိုျပီးျပည့္စံုပါတယ္။

သင္ဟာ ဘယ္သူ႔အျမင္ကုိမွ ဂရုစိုက္စရာ မလိုေတာ့သလို၊ လိုက္ညွိေနစရာလည္း မလိုေတာ့ပါဘူး။

သြားခ်င္တဲ့ေနရာကို သြား၊ ေတြ႔ခ်င္တဲ့သူနဲ႔ ေတြ႔၊ ဝယ္ခ်င္တာေတြဝယ္ျပီး လုပ္ခ်င္တာမွန္သမွ်ကို လြတ္လပ္စြာ လုပ္ႏိုင္သြားပါျပီ။

သင့္စိတ္နဲ႔ သင့္ကိုယ္ တစ္ထပ္တည္း က်ေနတဲ့အတြက္ သင့္ေလာက္လြတ္လပ္တဲ့သူ ဘယ္သူမွ မရွိႏိုင္ေတာ့ပါဘူး။

(၂) ေပါ့ေပါ့ပါးပါး ေနႏိုင္တယ္

အျပင္သြားခါနီးတိုင္း အဝတ္အစားေတြေရြး၊ အလွေတြျပင္ျပီး သူ႔မ်က္လံုးထဲမွာ လွေနဖို႔ သင္ၾကိဳးစားစရာ မလိုေတာ့ပါဘူး။

သင္ၾကိဳက္တဲ့ အဝတ္အစားကိုဝတ္၊ မျပင္မဆင္ဘဲနဲ႔လည္း ေပါ့ေပါ့ပါးပါး ေလွ်ာက္သြားေနလို႔ရပါတယ္။

စိတ္က်ဥ္းက်ပ္ေနစရာ ဘာမွမရွိေတာ့သလို၊ အရာအားလံုးက သင့္သေဘာ၊ သင့္အလို အတုိင္းပါပဲ။

ဒါေၾကာင့္ သင္ဟာ ေပါ့ေပါ့ပါးပါးနဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေနႏိုင္သြားပီပဲ ျဖစ္ပါတယ္ေနာ္။

(၃) သူငယ္ခ်င္းေတြနဲ႔ ပိုျပီးခ်စ္ခင္လာမယ္

အရင္တုန္းက သူငယ္ခ်င္းေတြကို အခ်ိန္မေပးႏိုင္ခဲ့သမွ် အခုခ်ိန္မွာေတာ့ အတိုးခ်ျပီး အခ်ိန္ေပးႏိုင္သြားပါျပီ။

သူငယ္ခ်င္းေတြနဲ႔ အခ်င္းခ်င္း စၾကေနာက္ၾက၊ မုန္႔ေတြစား၊ လည္ၾကပတ္ၾကနဲ႔ ပ်င္းရတယ္လို႔ကို ရွိမွာမဟုတ္ပါဘူး။

သူငယ္ခ်င္းေတြဟာ ဘယ္ေလာက္ခ်စ္စရာေကာင္းလဲဆိုတာ နားလည္လာမွာျဖစ္ျပီး

ဘဝမွာ သူငယ္ခ်င္းေတြရဲ႕ အေရးပါမႈကို ပိုပိုျပီး နာလည္လာပါလိမ္႔မယ္။

(၄) စိတ္ဝင္စားစရာအသစ္ေတြ ေတြ႔လာမယ္

အခ်စ္ကို မရွာေတာ့တဲ့ေနာက္မွာ သင္ဟာ သင့္ကိုယ္သင္ ပိုျပီးေတြ႔ရွိလာရမွာပါ။

ဝါသနာအသစ္ေလးေတြ၊ သူငယ္ခ်င္းအသစ္၊ လႈပ္ရွားမႈအသစ္ေလးေတြနဲ႔ အရင္က မသြားခဲ့ဖူးတဲ့ ေနရာေလးေတြ၊

မလုပ္ခဲ့ရတဲ့ အရာေလးေတြကို လြတ္လြတ္လပ္လပ္ လုပ္ႏိုင္ေတာ့မွာပါ။

သင္ဟာ ဘယ္အရာကို တကယ္ဝါသနာပါျပီး ဘယ္အရာေတြေပၚမွာ အားသားလဲဆိုတာ ေကာင္းေကာင္း သိရွိလာမွာပဲ ျဖစ္ပါတယ္။

(၅) ပိုျပီးဆြဲေဆာင္မႈ ရွိလာမယ္

အေပၚက အခ်က္ေတြအားလံုးကို လုပ္ႏိုင္သြားတဲ့သင္ဟာ ခုခ်ိန္မွာေတာ့ အရင္ကထက္ အမ်ားၾကီး ဆြဲေဆာင္မႈ ပိုရွိသြားပါျပီ။

သင္ဟာ လြတ္လပ္ျပီး အရည္အခ်င္းရွိတဲ့ သူတစ္ေယာက္ျဖစ္ေနျပီး ကိုယ့္ရဲ႕ ကိုယ္ပိုင္အခ်ိန္၊ ကိုယ့္ရဲ႕ဝါသနာနဲ႔

ကိုယ္ဘဝကို ေကာငး္မြန္စြာ ျဖတ္သန္းေနႏိုင္ျပီျဖစ္တဲ့ တည္ျငိမ္တဲ့ မိန္းကေလးတစ္ေယာက္ ျဖစ္သြားတာေၾကာင့္ပါ …။ ။

Unicode

အချစ်ကို လိုက်မရှာတော့တဲ့ သူတွေသာတွေ့ရှိရမယ့် ပျော်ရွှင်မှု(၅)မျိုး

ချစ်သူမရှိပဲ တစ်ယောက်တည်း ဖြစ်နေတဲ့သူတွေအနေနဲ့

အထီးကျန်တာတွေ၊ အားငယ်တာမျိုးတွေ ခံစားမနေသင့်ပါဘူး။

အကြောင်းကတော့ သင်တစ်ယောက်တည်းလည်း ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်လို့ပါပဲ။

အချစ်ဆိုတာ လိုက်ရှာနေရတဲ့အရာ မဟုတ်ပါဘူး။ အချိန်တန်တဲ့အခါ သူ့အလိုလို ရောက်လာ တတ်တာမျိုးပါ။

ဒါကိုနားလည်ပြီး အချစ်ကို လိုက်မရှာတော့တဲ့သူတွေသာ တွေ့ရှိရမယ့် ပျော်ရွှင်မှု(၅)မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

(၁) လွတ်လပ်တယ်

လွတ်လပ်မှုဆိုတာ တစ်ယောက်တည်းရှိတဲ့ အချိန်မှာ ပိုပြီးပြည့်စုံပါတယ်။

သင်ဟာ ဘယ်သူ့အမြင်ကိုမှ ဂရုစိုက်စရာ မလိုတော့သလို၊ လိုက်ညှိနေစရာလည်း မလိုတော့ပါဘူး။

သွားချင်တဲ့နေရာကို သွား၊ တွေ့ချင်တဲ့သူနဲ့ တွေ့၊ ဝယ်ချင်တာတွေဝယ်ပြီး လုပ်ချင်တာမှန်သမျှကို လွတ်လပ်စွာ လုပ်နိုင်သွားပါပြီ။

သင့်စိတ်နဲ့ သင့်ကိုယ် တစ်ထပ်တည်း ကျနေတဲ့အတွက် သင့်လောက်လွတ်လပ်တဲ့သူ ဘယ်သူမှ မရှိနိုင်တော့ပါဘူး။

(၂) ပေါ့ပေါ့ပါးပါး နေနိုင်တယ်

အပြင်သွားခါနီးတိုင်း အဝတ်အစားတွေရွေး၊ အလှတွေပြင်ပြီး သူ့မျက်လုံးထဲမှာ လှနေဖို့ သင်ကြိုးစားစရာ မလိုတော့ပါဘူး။

သင်ကြိုက်တဲ့ အဝတ်အစားကိုဝတ်၊ မပြင်မဆင်ဘဲနဲ့လည်း ပေါ့ပေါ့ပါးပါး လျှောက်သွားနေလို့ရပါတယ်။

စိတ်ကျဉ်းကျပ်နေစရာ ဘာမှမရှိတော့သလို၊ အရာအားလုံးက သင့်သဘော၊ သင့်အလို အတိုင်းပါပဲ။

ဒါကြောင့် သင်ဟာ ပေါ့ပေါ့ပါးပါးနဲ့ ပျော်ပျော်ရွှင်ရွှင် နေနိုင်သွားပီပဲ ဖြစ်ပါတယ်နော်။

(၃) သူငယ်ချင်းတွေနဲ့ ပိုပြီးချစ်ခင်လာမယ်

အရင်တုန်းက သူငယ်ချင်းတွေကို အချိန်မပေးနိုင်ခဲ့သမျှ အခုချိန်မှာတော့ အတိုးချပြီး အချိန်ပေးနိုင်သွားပါပြီ။

သူငယ်ချင်းတွေနဲ့ အချင်းချင်း စကြနောက်ကြ၊ မုန့်တွေစား၊ လည်ကြပတ်ကြနဲ့ ပျင်းရတယ်လို့ကို ရှိမှာမဟုတ်ပါဘူး။

သူငယ်ချင်းတွေဟာ ဘယ်လောက်ချစ်စရာကောင်းလဲဆိုတာ နားလည်လာမှာဖြစ်ပြီး

ဘဝမှာ သူငယ်ချင်းတွေရဲ့ အရေးပါမှုကို ပိုပိုပြီး နာလည်လာပါလိမ့်မယ်။

(၄) စိတ်ဝင်စားစရာအသစ်တွေ တွေ့လာမယ်

အချစ်ကို မရှာတော့တဲ့နောက်မှာ သင်ဟာ သင့်ကိုယ်သင် ပိုပြီးတွေ့ရှိလာရမှာပါ။

ဝါသနာအသစ်လေးတွေ၊ သူငယ်ချင်းအသစ်၊ လှုပ်ရှားမှုအသစ်လေးတွေနဲ့ အရင်က မသွားခဲ့ဖူးတဲ့ နေရာလေးတွေ၊

မလုပ်ခဲ့ရတဲ့ အရာလေးတွေကို လွတ်လွတ်လပ်လပ် လုပ်နိုင်တော့မှာပါ။

သင်ဟာ ဘယ်အရာကို တကယ်ဝါသနာပါပြီး ဘယ်အရာတွေပေါ်မှာ အားသားလဲဆိုတာ ကောင်းကောင်း သိရှိလာမှာပဲ ဖြစ်ပါတယ်။

(၅) ပိုပြီးဆွဲဆောင်မှု ရှိလာမယ်

အပေါ်က အချက်တွေအားလုံးကို လုပ်နိုင်သွားတဲ့သင်ဟာ ခုချိန်မှာတော့ အရင်ကထက် အများကြီး ဆွဲဆောင်မှု ပိုရှိသွားပါပြီ။

သင်ဟာ လွတ်လပ်ပြီး အရည်အချင်းရှိတဲ့ သူတစ်ယောက်ဖြစ်နေပြီး ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်၊ ကိုယ့်ရဲ့ဝါသနာနဲ့

ကိုယ်ဘဝကို ကောငး်မွန်စွာ ဖြတ်သန်းနေနိုင်ပြီဖြစ်တဲ့ တည်ငြိမ်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်သွားတာကြောင့်ပါ …။ ။