Love

တစ္သက္လုံး မကြဲနိင္ေတာ့တဲ့ ခ်စ္သူစုံတြဲမ်ားမွာသာရွိတတ္တဲ့ အခ်က္(7)ခ်က္

တစ္သက္လုံး မကြဲနိင္ေတာ့တဲ့ ခ်စ္သူစုံတြဲမ်ားမွာသာရွိတတ္တဲ့ အခ်က္(7)ခ်က္

ဘယ္သူမဆို ကိုယ့္ခ်စ္သူနဲ႔ ကြဲခ်င္ၾကမွာ မဟုတ္ပါဘူး။

သို႔ေသာ္လည္း တစ္ခါတေလ ကိုယ့္ဘက္က အတည္ေပမယ့္

သူ႔ဘက္က မတည္တဲ့အခါ မကြဲခ်င္ေပမယ့္လည္း ကြဲသြားရတဲ့ စုံတြဲေတြ ဒုနဲ႔ေဒးပါပဲ …

ဒါေၾကာင့္ ယခုလက္ရွိ မိမိေဘးမွာ ရွိေနတဲ့ခ်စ္သူဟာ ကိုယ္နဲ႔ တသက္လုံး မကြဲမကြာ ရွိသြားမလားဆိုတာကို

သိသာထင္ရွားေစတဲ့ အခ်က္တစ္ခ်ိဳ႕ ရွိပါတယ္။ ၾကည့္လိုက္ရေအာင္ေနာ္ …

၁။ တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္ေၾကာင္းအၿမဲေျပာျခင္း

ခ်စ္တယ္ဆိုတဲ့စကားဟာ Relationship အစမွာပဲ ေျပာရမယ့္ စကားမဟုတ္ပါဘူး။

ေန႔တိုင္းလိုလို အၿမဲလိုလို ေျပာေနရမယ့္ စကားျဖစ္ပါတယ္

တစ္ေယာက္နဲ႔တစ္ေယာက္ အမွန္တကယ္ခ်စ္ခင္ၾကတဲ့ စုံတြဲေတြအတြက္ေတာ့

ခ်စ္တယ္ဆိုတာဟာ လုပ္ယူၿပီး ေျပာယူေနရတာမဟုတ္ဘဲ ကိုယ့္ရဲ႕ရင္ထဲကအတိုင္း သူ႔အလိုလို ဖြင့္ဟမိပါတယ္။

ဒီလိုမ်ိဳး ေန႔တိုင္းလိုလို ခ်စ္ျခင္းေမတၱာအေၾကာင္း ဖြင့္ဟတတ္တဲ့ အတြဲေတြကေတာ့ ၿမဲမွာ အေသအခ်ာပါပဲ

၂။ အၿမဲနမ္းျခင္း

ဟုတ္ပါတယ္။ ေတြ႕လိုက္တဲ့အခ်ိန္တိုင္း အနမ္းေလးေပးတတ္တဲ့အက်င့္မ်ိဳး ႏွစ္ဦးၾကားထဲမွာ

ရွိေနတာကလည္း အင္မတန္မွ ခ်စ္စရာေကာင္းတဲ့ အခ်စ္ေလးပါ။လူေတြရဲ႕ သေဘာက ခ်စ္ခင္မႈကို အနမ္းဆိုတဲ့ အျပဳအမူေလးနဲ႔

ျပတတ္ၾကတာဆိုေတာ့ မိမိခ်စ္သူကို နမ္းလိုက္တိုင္း သူ႔ရဲ႕ ခ်စ္ျခင္းေမတၱာကိုပါ ပူးတြဲခံစားမိပါလိမ့္မယ္

ေန႔တိုင္း မဟုတ္ေတာင္ ဆုံေတြ႕တဲ့ေန႔ရက္တိုင္းမွာ အနမ္းမပါဘဲ မၿပီးဆုံးသြားဘူး ဆိုလွ်င္ ဒီလိုအတြဲေတြ ကလည္း မကြဲဖို႔ မ်ားပါတယ္

၃။ ခ်စ္သူအမ်ိဳးသား က်န္းမာသန္စြမ္းျခင္း

စုံတြဲတစ္တြဲမွာ အမ်ိဳးသားဘက္မွ က်န္းမာေရးလိုက္စားသူ တစ္ေယာက္ျဖစ္တယ္ဆိုလွ်င္လည္း

ထိုအတြဲဟာ စိတ္ခ်မ္းသာရတတ္တယ္လို႔ ဆိုပါတယ္။

အမ်ိဳးသားက ဦးေဆာင္သူျဖစ္တဲ့အတြက္ သူကိုယ္တိုင္ က်န္းမာသန္စြမ္းေနမွ ခ်စ္သူအမ်ိဳးသမီးအတြက္

အားကိုးအားထားရာ ျဖစ္လာႏိုင္တယ္ဆိုတဲ့ သေဘာလို႔ ယူဆတတ္ၾကပါတယ္

၄။ ပြင့္လင္းျခင္း

ခ်စ္သူႏွစ္ဦးၾကားမွာ အျငႇိဳးအေတး၊ အာဃာတေတြ မထားတတ္ဘဲ ေက်နပ္တာ၊

မေက်နပ္တာကို ပြင့္ပြင့္လင္းလင္း ေျပာျပတတ္တာကလည္း ေကာင္းတဲ့အေလ့အက်င့္ပါပဲ။

ဘယ္အရာမဆို ပြင့္ပြင့္လင္းလင္း ဖြင့္ဟဝန္ခံတတ္ၾကတဲ့ ခ်စ္သူစုံတြဲေတြအတြက္လည္း

ကြဲကြာျခင္းဆိုတာ မရွိသေလာက္ပါပဲ။ ေသျခင္းတရားေၾကာင့္က လြဲရင္ေပါ့

၅။ စိတ္ထဲမွာ ခံစားမိေနျခင္း

ဒါမ်ိဳးကေတာ့ ေျပာျပတာထက္ ကိုယ္ကိုယ္တိုင္ စိတ္ထဲမွ ခံစားသိမိေနတာမ်ိဳးပါ။

ဒီတစ္ေယာက္နဲ႔ေတာ့ ငါဘယ္ေတာ့မွ မကြဲေတာ့ဘူး။

သူက ငါလက္ထပ္မယ့္သူ၊ တစ္ဘဝလုံး သူနဲ႔ပဲ လက္တြဲေတ့ာမယ္ဆိုတဲ့ အေတြးေတြကို ခဏခဏေတြးမိေနတတ္တယ္။

စိတ္ထဲမွာကို အလိုလို သိေနတဲ့ ခံစားခ်က္မ်ိဳးပါ

၆။ အက်င့္စ႐ိုက္၊အေျပာအဆို တူျခင္း

တစ္ေယာက္နဲ႔တစ္ေယာက္ ေျပာပုံဆိုပုံေတြက တူလာတယ္၊

အက်င့္စ႐ိုက္ေတြကလည္း အလုံးစုံနီးပါး ထပ္တူက်ေနတယ္၊

စိတ္ဓာတ္ခ်င္းကလည္း တူေနတတ္တဲ့ အတြဲေတြေပါ့

တစ္ခါတေလ ကိုယ္တစ္ခြန္းေျပာၿပီးရင္ သူဘာျပန္ေျပာမယ္ဆိုတာကအစ သိေနတယ္၊

သူနဲ႔ကိုယ္နဲ႔ မၾကာခဏ တိုက္တိုက္ဆိုင္ဆိုင္ တူသြားတဲ့ အခ်က္ေတြမ်ားလာတယ္၊

ဒါေတြကလည္း သင္တို႔ႏွစ္ဦးသား မကြဲမကြာဘဲ နီးစပ္ရမယ့္ လကၡဏာေတြပဲ ျဖစ္ပါတယ္

၇။ ေက်းဇူးတင္တတ္ျခင္း

တစ္ဦးနဲ႔တစ္ဦး ဒီလိုေတြ႕ဆုံခြင့္ရလို႔၊ ခ်စ္ခင္ခြင့္ရလို႔ အျပန္အလွန္ ေက်းဇူးတင္ဖူးလား။

သူ႔ကို ကိုယ္ခ်စ္ခြင့္ရတဲ့အတြက္၊ ကိုယ့္ကို သူခ်စ္ခြင့္ရတဲ့အတြက္ ၊တစ္ဦးအေပၚ တစ္ဦး ေက်းဇူးတင္စကား ေျပာတတ္တဲ့

ခ်စ္သူစုံတြဲေတြကလည္း ဘယ္ေတာ့မွ မကြဲႏိုင္တဲ့ အတြဲေတြပါပဲတဲ့။

တန္ဖိုးထားတတ္ျခင္းကလည္း သင္တို႔ႏွစ္ဦးကို တည္ၿမဲေစတဲ့ အေၾကာင္းအရင္းပဲ ျဖစ္ပါတယ္ေနာ္

Credit

Unicode

တစ်သက်လုံး မကွဲနိင်တော့တဲ့ ချစ်သူစုံတွဲများမှာသာရှိတတ်တဲ့ အချက်(7)ချက်

ဘယ်သူမဆို ကိုယ့်ချစ်သူနဲ့ ကွဲချင်ကြမှာ မဟုတ်ပါဘူး။

သို့သော်လည်း တစ်ခါတလေ ကိုယ့်ဘက်က အတည်ပေမယ့်

သူ့ဘက်က မတည်တဲ့အခါ မကွဲချင်ပေမယ့်လည်း ကွဲသွားရတဲ့ စုံတွဲတွေ ဒုနဲ့ဒေးပါပဲ …

ဒါကြောင့် ယခုလက်ရှိ မိမိဘေးမှာ ရှိနေတဲ့ချစ်သူဟာ ကိုယ်နဲ့ တသက်လုံး မကွဲမကွာ ရှိသွားမလားဆိုတာကို

သိသာထင်ရှားစေတဲ့ အချက်တစ်ချို့ ရှိပါတယ်။ ကြည့်လိုက်ရအောင်နော် …

၁။ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြောင်းအမြဲပြောခြင်း

ချစ်တယ်ဆိုတဲ့စကားဟာ Relationship အစမှာပဲ ပြောရမယ့် စကားမဟုတ်ပါဘူး။

နေ့တိုင်းလိုလို အမြဲလိုလို ပြောနေရမယ့် စကားဖြစ်ပါတယ်

တစ်ယောက်နဲ့တစ်ယောက် အမှန်တကယ်ချစ်ခင်ကြတဲ့ စုံတွဲတွေအတွက်တော့

ချစ်တယ်ဆိုတာဟာ လုပ်ယူပြီး ပြောယူနေရတာမဟုတ်ဘဲ ကိုယ့်ရဲ့ရင်ထဲကအတိုင်း သူ့အလိုလို ဖွင့်ဟမိပါတယ်။

ဒီလိုမျိုး နေ့တိုင်းလိုလို ချစ်ခြင်းမေတ္တာအကြောင်း ဖွင့်ဟတတ်တဲ့ အတွဲတွေကတော့ မြဲမှာ အသေအချာပါပဲ

၂။ အမြဲနမ်းခြင်း

ဟုတ်ပါတယ်။ တွေ့လိုက်တဲ့အချိန်တိုင်း အနမ်းလေးပေးတတ်တဲ့အကျင့်မျိုး နှစ်ဦးကြားထဲမှာ

ရှိနေတာကလည်း အင်မတန်မှ ချစ်စရာကောင်းတဲ့ အချစ်လေးပါ။လူတွေရဲ့ သဘောက ချစ်ခင်မှုကို အနမ်းဆိုတဲ့ အပြုအမူလေးနဲ့

ပြတတ်ကြတာဆိုတော့ မိမိချစ်သူကို နမ်းလိုက်တိုင်း သူ့ရဲ့ ချစ်ခြင်းမေတ္တာကိုပါ ပူးတွဲခံစားမိပါလိမ့်မယ်

နေ့တိုင်း မဟုတ်တောင် ဆုံတွေ့တဲ့နေ့ရက်တိုင်းမှာ အနမ်းမပါဘဲ မပြီးဆုံးသွားဘူး ဆိုလျှင် ဒီလိုအတွဲတွေ ကလည်း မကွဲဖို့ များပါတယ်

၃။ ချစ်သူအမျိုးသား ကျန်းမာသန်စွမ်းခြင်း

စုံတွဲတစ်တွဲမှာ အမျိုးသားဘက်မှ ကျန်းမာရေးလိုက်စားသူ တစ်ယောက်ဖြစ်တယ်ဆိုလျှင်လည်း

ထိုအတွဲဟာ စိတ်ချမ်းသာရတတ်တယ်လို့ ဆိုပါတယ်။

အမျိုးသားက ဦးဆောင်သူဖြစ်တဲ့အတွက် သူကိုယ်တိုင် ကျန်းမာသန်စွမ်းနေမှ ချစ်သူအမျိုးသမီးအတွက်

အားကိုးအားထားရာ ဖြစ်လာနိုင်တယ်ဆိုတဲ့ သဘောလို့ ယူဆတတ်ကြပါတယ်

၄။ ပွင့်လင်းခြင်း

ချစ်သူနှစ်ဦးကြားမှာ အငြှိုးအတေး၊ အာဃာတတွေ မထားတတ်ဘဲ ကျေနပ်တာ၊

မကျေနပ်တာကို ပွင့်ပွင့်လင်းလင်း ပြောပြတတ်တာကလည်း ကောင်းတဲ့အလေ့အကျင့်ပါပဲ။

ဘယ်အရာမဆို ပွင့်ပွင့်လင်းလင်း ဖွင့်ဟဝန်ခံတတ်ကြတဲ့ ချစ်သူစုံတွဲတွေအတွက်လည်း

ကွဲကွာခြင်းဆိုတာ မရှိသလောက်ပါပဲ။ သေခြင်းတရားကြောင့်က လွဲရင်ပေါ့

၅။ စိတ်ထဲမှာ ခံစားမိနေခြင်း

ဒါမျိုးကတော့ ပြောပြတာထက် ကိုယ်ကိုယ်တိုင် စိတ်ထဲမှ ခံစားသိမိနေတာမျိုးပါ။

ဒီတစ်ယောက်နဲ့တော့ ငါဘယ်တော့မှ မကွဲတော့ဘူး။

သူက ငါလက်ထပ်မယ့်သူ၊ တစ်ဘဝလုံး သူနဲ့ပဲ လက်တွဲတော့မယ်ဆိုတဲ့ အတွေးတွေကို ခဏခဏတွေးမိနေတတ်တယ်။

စိတ်ထဲမှာကို အလိုလို သိနေတဲ့ ခံစားချက်မျိုးပါ

၆။ အကျင့်စရိုက်၊အပြောအဆို တူခြင်း

တစ်ယောက်နဲ့တစ်ယောက် ပြောပုံဆိုပုံတွေက တူလာတယ်၊

အကျင့်စရိုက်တွေကလည်း အလုံးစုံနီးပါး ထပ်တူကျနေတယ်၊

စိတ်ဓာတ်ချင်းကလည်း တူနေတတ်တဲ့ အတွဲတွေပေါ့

တစ်ခါတလေ ကိုယ်တစ်ခွန်းပြောပြီးရင် သူဘာပြန်ပြောမယ်ဆိုတာကအစ သိနေတယ်၊

သူနဲ့ကိုယ်နဲ့ မကြာခဏ တိုက်တိုက်ဆိုင်ဆိုင် တူသွားတဲ့ အချက်တွေများလာတယ်၊

ဒါတွေကလည်း သင်တို့နှစ်ဦးသား မကွဲမကွာဘဲ နီးစပ်ရမယ့် လက္ခဏာတွေပဲ ဖြစ်ပါတယ်

၇။ ကျေးဇူးတင်တတ်ခြင်း

တစ်ဦးနဲ့တစ်ဦး ဒီလိုတွေ့ဆုံခွင့်ရလို့၊ ချစ်ခင်ခွင့်ရလို့ အပြန်အလှန် ကျေးဇူးတင်ဖူးလား။

သူ့ကို ကိုယ်ချစ်ခွင့်ရတဲ့အတွက်၊ ကိုယ့်ကို သူချစ်ခွင့်ရတဲ့အတွက် ၊တစ်ဦးအပေါ် တစ်ဦး ကျေးဇူးတင်စကား ပြောတတ်တဲ့

ချစ်သူစုံတွဲတွေကလည်း ဘယ်တော့မှ မကွဲနိုင်တဲ့ အတွဲတွေပါပဲတဲ့။

တန်ဖိုးထားတတ်ခြင်းကလည်း သင်တို့နှစ်ဦးကို တည်မြဲစေတဲ့ အကြောင်းအရင်းပဲ ဖြစ်ပါတယ်နော်

Credit