ေဖာက္ျပန္ျခင္း ဆိုတာ အိမ္ေထာင္ေရးေလာကမွာ မည္သည့္နည္းနဲ႔မွ
လက္ခံေပးလို႔ မရေသာစည္းေဖာက္မူွတစ္ခုပါ
ေဖာက္ျပန္ျခင္း ဆိုတာ လူ႔အသိုင္းအဝိုင္းရဲ႕ အိမ္ေထာင္ေရးေလာကမွာ
မည္သည့္နည္းနဲ႔မွ လက္ခံေပးလို႔ မရေသာစည္းေဖာက္မူွတစ္ခုပါ။
ေဖာက္ျပန္ျခင္းကို ျဖစ္ေပၚေစေသာ အေၾကာင္းအရင္းမ်ားမွာ
(၁)အ႐ြယ္ကြာလြန္းေသာ အိမ္ေထာင္ေရး
(၂)လင္နဲ႔မယား ဘဝေပးအေျခအေနအရ ခြဲခြာေနရျခင္း
(၃)ေယာက်္ားမ်ား စီးပြားေရး အဆင္ေျပလာျခင္း
(၄)မိန္းမမ်ား ဆင္းရဲလာၿပီး မိမိဘဝကို လက္မခံႏိူင္ျခင္း
(၅)ေမတၱာမပါေသာ အိမ္ ေထာင္ေရး
(၆)အိမ္ေထာင္ေရးသုခ မရရွိျခင္း
(၇)သားသမီး မထြန္းကားျခင္း
(၈)မ်ိဳး႐ိုးဗီဇအရ ရမၼက္ႀကီးလြန္းျခင္း
(၉)အရက္ႏွင့္ မူးယစ္ေသစာ ေသာက္စားျခင္း
(၁၀)အေပ်ာ္အပါး မက္ေမာျခင္း စသည္တို႔ေၾကာင့္ျဖစ္ေသာ္လည္း
ေဖာက္ျပန္ျခင္း၏ အဓိကတရားခံမွာ “စိတ္အလိုလိုက္ျခင္း” ေၾကာင့္ျဖစ္ပါတယ္
လူသားတိုင္းသည္ အသစ္အဆန္းကို ႀကိဳက္ႏွစ္သက္ၿပီး လက္တည့္စမ္းၾကည့္ခ်င္တဲ့ သဘာဝရွိပါတယ္။
အ႐ြယ္ရွိေနေသာ လူသားတိုင္းတြင္ေသြးသားအလိုဆႏၵရွိေသာ္လည္း
ဆႏၵကို သိကၡာႏွင့္ အေတြးအေခၚကထိမ္းကြပ္ေပးပါတယ္
ေယာက်္ားေလးမ်ား၏ သဘာဝသည္ လွတာျမင္ရင္ ေငးတတ္ၾကသလိုမိန္းကေလးသဘာဝသည္
အယုံလြယ္ျခင္းႏွင့္ သနားတတ္ျခင္းတို႔ေၾကာင့္ လွတာမက္ေတာ့ ဘဝ ပ်က္ၾကရသလို
သနားတတ္ၿပီးအားနာတတ္ေသာေၾကာင့္ “ခါး”ပါတတ္ပါတယ္
တစ္ခ်ိဳ႕ေသာ ေဖာက္ျပန္ေရးမ်ားတြင္ လင္နဲ႔မယား အဆင္မေျပမူွတစ္ခ်ိဳ႕ေၾကာင့္ အ႐ြဲ႕တိုက္ရင္းနဲ႔
ဘဝေတြပါ ႐ြဲ႕ေစာင္းကုန္ၾကပါတယ္။ေဖာက္ျပန္ျခင္းတြင္ အဓိကထိခိုက္ေၾကကြဲရသူမွာ
လူႀကီးေတြမဟုတ္ဘဲအျပစ္မဲ့ေသာ သားသမီးမ်ား ျဖစ္ေနတတ္ပါတယ္
အျပစ္မဲ့ေသာ ကေလးမ်ား ေျမစာပင္ျဖစ္ခဲ့ၾကရသလို
ေဖာက္ျပန္ေနသူလည္း လူ႔အသိုင္းအဝိုင္းၾကားမွာ ႏွာေခါင္းရႈံ႕ခံၾကရပါတယ္
ေဖာက္ျပန္ျခင္းကို အစျပဳ်ေသာ တရားခံအမ်ားစုသည္ စႏူွိက္ေၾကာ္မိန္းမမ်ားေၾကာင့္ျဖစ္သလို
ၾကာကူလီေယာက်္ားတစ္ခ်ိဳ႕ေၾကာင့္မခူးခင္က အၫႊတ္ခံခ်င္သူမ်ားက
အသိုက္အျမဳံ ဆိုေသာ မိသားစုကမၻာေလးကို ခဏတာသာယာမူွနဲ႔ လဲလွယ္ခဲ့ၾကပါတယ္
သတိတစ္ခ်က္လြတ္ၿပီး စိတ္အလိုလိုက္မူွ တစ္ခဏတာေၾကာင့္တစ္သက္လုံး
ထိမ္းသိမ္းလာေသာ ဂုဏ္သိကၡာသည္ မည္းညစ္ခဲ့ရသလို သားသမီးမ်ား၏ အနာဂတ္ကို
အရိပ္မည္းႀကီးလိုက္ထိုးေနတာကိုသိသြားတဲ့ အခ်ိန္မွာေတာ့ အခ်ိန္လြန္မွ ရတဲ့
“ေနာင္တ” တစ္ေပြ႕တစ္ပိုက္ႀကီးနဲ႔ ကိုယ့္ကိုယ္ကိုယ္ ေဒါသထြက္ေန႐ုံကလြဲပီး ျပင္လို႔မရေသာ
အမွားေၾကာင့္ ေခါင္းငုံ႔ခံေန႐ုံအျပင္ အျခားမရွိေတာ့ဘူးလို႔ထင္ပါတယ္
ခ်စ္လို႔ပဲယူယူ ၊ သင့္ေတာ္လို႔ပဲယူယူ ကိုယ့္ရဲ႕လက္တြဲေဖာ္ကိုအတတ္ႏိူင္ဆုံး
သည္းခံေပါင္းသင္းသင့္ပါတယ္။ သည္းမခံႏိူင္ရင္ေဖာက္ျပန္ျခင္းဆိုတဲ့ ထြက္ေပါက္ကို ေ႐ြးခ်ယ္မည့္အစား
တရားဝင္ လမ္းခြဲလိုက္တာက ကိုယ့္ရဲ႕သမိုင္းေၾကာင္းလွပကာတစ္သက္တာ
လိပ္ျပာသန႔္ၿပီး စိတ္ခ်မ္းသာေစမယ္လို႔ ယူဆပါတယ္
ေလးစားစြာျဖင့္
Credit
Unicode
ဖောက်ပြန်ခြင်း ဆိုတာ အိမ်ထောင်ရေးလောကမှာ မည်သည့်နည်းနဲ့မှ
လက်ခံပေးလို့ မရသောစည်းဖောက်မှူတစ်ခုပါ
ဖောက်ပြန်ခြင်း ဆိုတာ လူ့အသိုင်းအဝိုင်းရဲ့ အိမ်ထောင်ရေးလောကမှာ
မည်သည့်နည်းနဲ့မှ လက်ခံပေးလို့ မရသောစည်းဖောက်မှူတစ်ခုပါ။
ဖောက်ပြန်ခြင်းကို ဖြစ်ပေါ်စေသော အကြောင်းအရင်းများမှာ
(၁)အရွယ်ကွာလွန်းသော အိမ်ထောင်ရေး
(၂)လင်နဲ့မယား ဘဝပေးအခြေအနေအရ ခွဲခွာနေရခြင်း
(၃)ယောက်ျားများ စီးပွားရေး အဆင်ပြေလာခြင်း
(၄)မိန်းမများ ဆင်းရဲလာပြီး မိမိဘဝကို လက်မခံနိူင်ခြင်း
(၅)မေတ္တာမပါသော အိမ် ထောင်ရေး
(၆)အိမ်ထောင်ရေးသုခ မရရှိခြင်း
(၇)သားသမီး မထွန်းကားခြင်း
(၈)မျိုးရိုးဗီဇအရ ရမ္မက်ကြီးလွန်းခြင်း
(၉)အရက်နှင့် မူးယစ်သေစာ သောက်စားခြင်း
(၁၀)အပျော်အပါး မက်မောခြင်း စသည်တို့ကြောင့်ဖြစ်သော်လည်း
ဖောက်ပြန်ခြင်း၏ အဓိကတရားခံမှာ “စိတ်အလိုလိုက်ခြင်း” ကြောင့်ဖြစ်ပါတယ်
လူသားတိုင်းသည် အသစ်အဆန်းကို ကြိုက်နှစ်သက်ပြီး လက်တည့်စမ်းကြည့်ချင်တဲ့ သဘာဝရှိပါတယ်။
အရွယ်ရှိနေသော လူသားတိုင်းတွင်သွေးသားအလိုဆန္ဒရှိသော်လည်း
ဆန္ဒကို သိက္ခာနှင့် အတွေးအခေါ်ကထိမ်းကွပ်ပေးပါတယ်
ယောက်ျားလေးများ၏ သဘာဝသည် လှတာမြင်ရင် ငေးတတ်ကြသလိုမိန်းကလေးသဘာဝသည်
အယုံလွယ်ခြင်းနှင့် သနားတတ်ခြင်းတို့ကြောင့် လှတာမက်တော့ ဘဝ ပျက်ကြရသလို
သနားတတ်ပြီးအားနာတတ်သောကြောင့် “ခါး”ပါတတ်ပါတယ်
တစ်ချို့သော ဖောက်ပြန်ရေးများတွင် လင်နဲ့မယား အဆင်မပြေမှူတစ်ချို့ကြောင့် အရွဲ့တိုက်ရင်းနဲ့
ဘဝတွေပါ ရွဲ့စောင်းကုန်ကြပါတယ်။ဖောက်ပြန်ခြင်းတွင် အဓိကထိခိုက်ကြေကွဲရသူမှာ
လူကြီးတွေမဟုတ်ဘဲအပြစ်မဲ့သော သားသမီးများ ဖြစ်နေတတ်ပါတယ်
အပြစ်မဲ့သော ကလေးများ မြေစာပင်ဖြစ်ခဲ့ကြရသလို
ဖောက်ပြန်နေသူလည်း လူ့အသိုင်းအဝိုင်းကြားမှာ နှာခေါင်းရှုံ့ခံကြရပါတယ်
ဖောက်ပြန်ခြင်းကို အစပြျုသော တရားခံအများစုသည် စနှိူက်ကြော်မိန်းမများကြောင့်ဖြစ်သလို
ကြာကူလီယောက်ျားတစ်ချို့ကြောင့်မခူးခင်က အညွှတ်ခံချင်သူများက
အသိုက်အမြုံ ဆိုသော မိသားစုကမ္ဘာလေးကို ခဏတာသာယာမှူနဲ့ လဲလှယ်ခဲ့ကြပါတယ်
သတိတစ်ချက်လွတ်ပြီး စိတ်အလိုလိုက်မှူ တစ်ခဏတာကြောင့်တစ်သက်လုံး
ထိမ်းသိမ်းလာသော ဂုဏ်သိက္ခာသည် မည်းညစ်ခဲ့ရသလို သားသမီးများ၏ အနာဂတ်ကို
အရိပ်မည်းကြီးလိုက်ထိုးနေတာကိုသိသွားတဲ့ အချိန်မှာတော့ အချိန်လွန်မှ ရတဲ့
“နောင်တ” တစ်ပွေ့တစ်ပိုက်ကြီးနဲ့ ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်နေရုံကလွဲပီး ပြင်လို့မရသော
အမှားကြောင့် ခေါင်းငုံ့ခံနေရုံအပြင် အခြားမရှိတော့ဘူးလို့ထင်ပါတယ်
ချစ်လို့ပဲယူယူ ၊ သင့်တော်လို့ပဲယူယူ ကိုယ့်ရဲ့လက်တွဲဖော်ကိုအတတ်နိူင်ဆုံး
သည်းခံပေါင်းသင်းသင့်ပါတယ်။ သည်းမခံနိူင်ရင်ဖောက်ပြန်ခြင်းဆိုတဲ့ ထွက်ပေါက်ကို ရွေးချယ်မည့်အစား
တရားဝင် လမ်းခွဲလိုက်တာက ကိုယ့်ရဲ့သမိုင်းကြောင်းလှပကာတစ်သက်တာ
လိပ်ပြာသန့်ပြီး စိတ်ချမ်းသာစေမယ်လို့ ယူဆပါတယ်
လေးစားစွာဖြင့်
Credit