ေနပါလို႔ဆြဲထားမယ့္အစား ကိုယ္ကအရင္ထြက္သြားမယ့္ မာနခဲေတြဆိုတာ
တစ္ခါတရံ ဘဝမွာ ကိုယ့္ဖက္က ဘယ္ေလာက္ပဲ ခ်စ္ခင္ျမတ္ႏိုးေနပါေစ၊
တစ္ဖက္လူက စိတ္မပါေတာ့တဲ့အခါ ဘယ္လိုမွ လုပ္လို႔မရေတာ့ပါဘူး။
တစ္ခ်ိဳ႕ကေတာ့ ဒီလိုလူေတြကို ဆြဲထားဖို႔အတြက္ မာနေတြအားလုံးကို ခဝါခ်ထားၿပီး ဆြဲထားတတ္ၾကတယ္ ..
ေပးဆပ္တယ္၊ အနစ္နာခံတယ္၊ လုပ္သမွ်ကို ေအာင့္အီးသည္းခံေနတတ္ၾကပါတယ္။
ဒါေပမယ့္လည္း ကိုယ့္ဘဝထဲ မေနခ်င္ေတာ့တဲ့သူတစ္ေယာက္ကို ေနပါလို႔
ဆြဲထားမယ့္အစား ကိုယ္ကအရင္ထြက္သြားမယ့္ မာနခဲေလးေတြကေတာ့ ဒီလိုပါ။
(၁) သူ႕ထပ္ကိုယ္က ပိုၿပီးအေရးႀကီးတယ္
သူကကိုယ့္အတြက္အရမ္းအေရးပါတယ္ဆိုေပမယ့္လည္း သူကကိုယ့္ဆီမွာ မေနခ်င္ေတာ့တဲ့အခါ
သူ႕ထပ္ကိုယ္က အေရးႀကီးသြားပါၿပီ။ အေၾကာင္းကေတာ့ ေ႐ွ႕ဆက္ေလွ်ာက္ရမယ့္ ဘဝထဲမွာ
ကိုယ္ပဲ႐ွိေတာ့တာေၾကာင့္ ကိုယ့္ကိုယ္ကိုဂ႐ုစိုက္ဖို႔လိုတယ္လို႔ ခံယူထားသူေတြပါ။
(၂) တန္ဖိုးက်မခံနိုင္
ကိုယ့္ဘဝထဲမ႐ွိခ်င္ေတာ့တဲ့သူတစ္ေယာက္ကို ဆြဲထားျခင္းဟာ ကိုယ့္ကိုတန္ဖိုးက်သြားေစတယ္လို႔ ခံစားရတဲ့သူေတြပါ။
ခဏေသြးပူတုန္း လုပ္လိုက္မိတဲ့အရာတစ္ခုအတြက္ ကိုယ့္ရဲ႕ သိကၡာေတြ၊
မာနေတြအားလုံးကို စေတးလိုက္မယ့္သူေတြမဟုတ္ပါဘူး။
ဘယ္ေလာက္ပဲ နာက်င္ေနရင္ေတာင္မွ နည္းနည္းေလးမွ မာနကိုအထိခိုက္ခံမွာမဟုတ္ပါဘူး။
(၃) ဆြဲထားရတာ ဝါသနာမပါဘူး
ဒီလိုလူေတြဟာ ဆြဲထားရတာ လုံးဝဝါသနာမပါတဲ့သူေတြပါ။
ကိုယ့္ဘဝမွာမေနခ်င္ေတာ့တဲ့ သူတစ္ေယာက္ကို ေအာက္က်ေနာက္က်စကားလုံးေတြ၊
မက္လုံးေတြေပးၿပီး ဆြဲမထားခ်င္တဲ့သူပါ။ ဆြဲမယ့္သူမဟုတ္ပဲ အဆြဲခံရမယ့္သူလို႔ ကိုယ့္ကိုယ္ကိုသတ္မွတ္ထားတဲ့သူေတြပါ။
(၄) သူထြက္သြားတာကို ၾကည့္မေနႏိုင္ဘူး
ဆြဲထားမယ့္အစားကိုယ္ကအရင္ထြက္သြားမယ့္သူေတြဆိုတာ
သူထြက္သြားတာကို ျပဳံးျပဳံးေလးၾကည့္ေနမယ့္သူေတြ မဟုတ္ပါဘူး။
က်န္ေနခဲ့တဲ့ အ႐ႈံးသမားအျဖစ္နဲ႔ က်န္ခဲ့မွာထက္စာရင္ အသည္းကြဲခံၿပီး ေခါင္းေမာ့ကာဦးေအာင္ထြက္သြားမယ့္သူေတြပါ။
(၅) အခ်စ္ထက္မာနက အေရးႀကီးတယ္
ဆြဲထားမယ့္အစားကိုယ္ကအရင္ထြက္သြားမယ့္သူေတြဆိုတာ
အခ်စ္ထက္မာနကို ပိုၿပီးအေလးထားတဲ့သူေတြပါ။
အခ်စ္ကမတည္ၿမဲေပမယ့္ မာနကိုေတာ့ အဆုံးထိတိုင္ယူသြားမယ့္ မာနခဲေလးေတြျဖစ္ေနတာေၾကာင့္ပါ။
Credit
Unicode
နေပါလို့ဆွဲထားမယ့်အစား ကိုယ်ကအရင်ထွက်သွားမယ့် မာနခဲတွေဆိုတာ
တစ်ခါတရံ ဘဝမှာ ကိုယ့်ဖက်က ဘယ်လောက်ပဲ ချစ်ခင်မြတ်နိုးနေပါစေ၊
တစ်ဖက်လူက စိတ်မပါတော့တဲ့အခါ ဘယ်လိုမှ လုပ်လို့မရတော့ပါဘူး။
တစ်ချို့ကတော့ ဒီလိုလူတွေကို ဆွဲထားဖို့အတွက် မာနတွေအားလုံးကို ခဝါချထားပြီး ဆွဲထားတတ်ကြတယ်၊
ပေးဆပ်တယ်၊ အနစ်နာခံတယ်၊ လုပ်သမျှကို အောင့်အီးသည်းခံနေတတ်ကြပါတယ်။
ဒါပေမယ့်လည်း ကိုယ့်ဘဝထဲ မနေချင်တော့တဲ့သူတစ်ယောက်ကို နေပါလို့
ဆွဲထားမယ့်အစား ကိုယ်ကအရင်ထွက်သွားမယ့် မာနခဲလေးတွေကတော့ ဒီလိုပါ။
(၁) သူ့ထပ်ကိုယ်က ပိုပြီးအရေးကြီးတယ်
သူကကိုယ့်အတွက်အရမ်းအရေးပါတယ်ဆိုပေမယ့်လည်း သူကကိုယ့်ဆီမှာ မနေချင်တော့တဲ့အခါ
သူ့ထပ်ကိုယ်က အရေးကြီးသွားပါပြီ။ အကြောင်းကတော့ ရှေ့ဆက်လျှောက်ရမယ့် ဘဝထဲမှာ
ကိုယ်ပဲရှိတော့တာကြောင့် ကိုယ့်ကိုယ်ကိုဂရုစိုက်ဖို့လိုတယ်လို့ ခံယူထားသူတွေပါ။
(၂) တန်ဖိုးကျမခံနိုင်
ကိုယ့်ဘဝထဲမရှိချင်တော့တဲ့သူတစ်ယောက်ကို ဆွဲထားခြင်းဟာ ကိုယ့်ကိုတန်ဖိုးကျသွားစေတယ်လို့ ခံစားရတဲ့သူတွေပါ။
ခဏသွေးပူတုန်း လုပ်လိုက်မိတဲ့အရာတစ်ခုအတွက် ကိုယ့်ရဲ့ သိက္ခာတွေ၊
မာနတွေအားလုံးကို စတေးလိုက်မယ့်သူတွေမဟုတ်ပါဘူး။
ဘယ်လောက်ပဲ နာကျင်နေရင်တောင်မှ နည်းနည်းလေးမှ မာနကိုအထိခိုက်ခံမှာမဟုတ်ပါဘူး။
(၃) ဆွဲထားရတာ ဝါသနာမပါဘူး
ဒီလိုလူတွေဟာ ဆွဲထားရတာ လုံးဝဝါသနာမပါတဲ့သူတွေပါ။
ကိုယ့်ဘဝမှာမနေချင်တော့တဲ့ သူတစ်ယောက်ကို အောက်ကျနောက်ကျစကားလုံးတွေ၊
မက်လုံးတွေပေးပြီး ဆွဲမထားချင်တဲ့သူပါ။ ဆွဲမယ့်သူမဟုတ်ပဲ အဆွဲခံရမယ့်သူလို့ ကိုယ့်ကိုယ်ကိုသတ်မှတ်ထားတဲ့သူတွေပါ။
(၄) သူထွက်သွားတာကို ကြည့်မနေနိုင်ဘူး
ဆွဲထားမယ့်အစားကိုယ်ကအရင်ထွက်သွားမယ့်သူတွေဆိုတာ
သူထွက်သွားတာကို ပြုံးပြုံးလေးကြည့်နေမယ့်သူတွေ မဟုတ်ပါဘူး။
ကျန်နေခဲ့တဲ့ အရှုံးသမားအဖြစ်နဲ့ ကျန်ခဲ့မှာထက်စာရင် အသည်းကွဲခံပြီး ခေါင်းမော့ကာဦးအောင်ထွက်သွားမယ့်သူတွေပါ။
(၅) အချစ်ထက်မာနက အရေးကြီးတယ်
ဆွဲထားမယ့်အစားကိုယ်ကအရင်ထွက်သွားမယ့်သူတွေဆိုတာ
အချစ်ထက်မာနကို ပိုပြီးအလေးထားတဲ့သူတွေပါ။
အချစ်ကမတည်မြဲပေမယ့် မာနကိုတော့ အဆုံးထိတိုင်ယူသွားမယ့် မာနခဲလေးတွေဖြစ်နေတာကြောင့်ပါ။
Credit