စိတ္နာၿပီဆိုရင္ လွည့္ေတာင္မၾကည့္ ခ်င္ေတာ့တဲ့ စိတ္ဓာတ္ရွိတဲ့ မိန္းခေလးဆိုတာ
မိန္းကေလးေတြဟာ ခ်စ္တတ္တဲ့ေနရာမွာ ႏွစ္ေယာက္မ ရွိေအာင္ကို ခ်စ္တတ္ၾကပါတယ္။
တစ္ေယာက္ကို ခ်စ္ၿပီဆိုရင္ သစၥာရွိစြာနဲ႔ အႏြံတာခံၿပီးခ်စ္တတ္တဲ့သူေတြျဖစ္ပါတယ္။
ကိုယ့္အေပၚမွ ာဘယ္ေလာက္ပဲ နာက်င္မႈေတြ၊ ဒဏ္ရာေတြေပးေပး သည္းခံၿပီး
ခ်စ္ျမတ္ႏိုးတတ္တဲ့သူေတြျဖစ္ပါတယ္။
ဒါေပမယ့္ တကယ္တမ္းစိတ္ နာသြားၿပီဆိုရင္ လွည့္ေတာင္မၾကည့္ခ်င္ေတာ့ေလာက္ေအာင္
ျပတ္သားတဲ့ မိန္းကေလးေတြလည္းျဖစ္ပါတယ္။
ခုေဖာ္ျပေပးမွာကေတာ့ စိတ္နာၿပီဆိုရင္ လွည့္ေတာင္မၾကည့္ ခ်င္ေတာ့တဲ့ စိတ္ဓာတ္ရွိတဲ့ မိန္းကေလးေတြအေၾကာင္းပဲျဖစ္ပါတယ္။
(၁) အဆုံးစြန္ထိသည္းခံတယ္
ဒီလိုမိန္းကေလးေတြဟာ လူတစ္ေယာက္အေပၚမွာ အဆုံးအထိသည္းခံေပးတဲ့သူေတြျဖစ္ပါတယ္။
လူတစ္ေယာက္ သူတို႔အေပၚမွာ ဘယ္လိုပဲဆိုးဆိုး၊ ဘယ္လိုပဲနာက်င္ေအာင္လုပ္လုပ္
သည္းခံခြင့္ လႊတ္ေပးတဲ့သူေတြ ျဖစ္ပါတယ္။
သည္းခံႏိုင္ သမွ်အကုန္ သည္းခံေပးခဲ့ၿပီးၿပီျဖစ္လို႔ ေတာ္ၿပီဆိုရင္ လွည့္ကိုမၾကည့္ ခ်င္ေတာ့တဲ့သူေတြျဖစ္ ပါတယ္။
(၂) အခြင့္အေရးထပ္မေပးေတာ့ဘူး
ဒီလိုမိန္းကေလးေတြဟာ ေတာ္ၿပီလို႔ ဆုံးျဖတ္ၿပီးတဲ့အခါမွာ
ေနာက္ထပ္အခြင့္အေရးေတြ ထပ္ေပးေတာ့မွာ မဟုတ္ပါဘူး။
လူတစ္ေယာက္ကို အခြင့္အေရးေပးသင့္သေလာက္ ေပးခဲ့အၿပီးမွာ ယုံၾကည္မႈေတြကို
အလြဲသုံးစားလုပ္ခဲ့ရင္ ေနာက္ထပ္အခြင့္အေရးေပးေတာ့မွာ မဟုတ္ပါဘူး။
အေၾကာင္းကေတာ့ လူတစ္ေယာက္ရဲ႕ အႀကိမ္ႀကိမ္အ႐ူးလုပ္ျခင္းကို မခံခ်င္ေတာ့လို႔ပါပဲ။
(၃) အခ်စ္ေတြအားလုံးေပးခဲ့ၿပီးၿပီ
ဒီလိုမိန္းကေလးေတြဟာ လူတစ္ေယာက္ကိုခ်စ္ၿပီဆိုရင္ အခ်စ္ေတြအားလုံးပုံေအာၿပီး
ခ်စ္တတ္တဲ့သူေတြပါ။လူတစ္ေယာက္ကို အခ်စ္ေတြအားလုံးနဲ႔ခ်စ္ႏိုင္သမွ် ခ်စ္ခဲ့ၿပီးျဖစ္ပါတယ္။
ဒါေၾကာင့္ မခ်စ္ေတာ့ဘူး၊ ေတာ္ၿပီလို႔ ဆုံးျဖတ္ၿပီးတဲ့အခါမွာေတာ့ ေနာက္တစ္ခါျပန္ၿပီး
လွည့္ၾကည့္ေတာ့မွာမဟုတ္ပါဘူး။ အေၾကာင္းကေတာ့ ေပးစရာအခ်စ္ေတြထပ္ၿပီး မရွိေတာ့လို႔ပါ။
(၄) ဆုံးျဖတ္ၿပီးရင္မျပင္ေတာ့ဘူး
ဒီလိုမိန္းကေလးေတြဟာ ဆုံးျဖတ္ၿပီးရင္ ျပန္မျပင္ခ်င္တဲ့သူေတြပါ။
လူတစ္ေယာက္အတြက္ ရွိသမွ်သိကၡာေတြနဲ႔ အရွက္ေတြအားလုံးကို ပုံေအာဖို႔အထိ မိုက္မဲတဲ့သူေတြမဟုတ္ပါဘူး။
လူတစ္ေယာက္ကိုစြန႔္လႊတ္ဖို႔လြယ္လြယ္နဲ႔မဆုံးျဖတ္သလို၊
ဆုံးျဖတ္လိုက္ၿပီဆိုရင္လည္း ေနာက္ထပ္ျပန္ျပင္ေတာ့မွာမဟုတ္ပါဘူး။
လူတစ္ေယာက္အတြက္နဲ႔ ကိုယ့္ရဲ႕ဘဝတစ္ခုလုံးကို ဘယ္ေတာ့မွပုံအပ္မယ့္သူေတြ မဟုတ္ပါဘူး။
(၅) ကိုယ့္အတြက္ကိုယ္ပဲၾကည့္ခ်င္ေတာ့တယ္
ဒီလိုမိန္းေကလးေတြဟာ မခ်စ္ေတာ့ဘူးလို႔ ဆုံးျဖတ္လိုက္ၿပီဆိုရင္
သူ႔အေၾကာင္းကိုေတာင္ ေခါင္းထဲအဝ င္ခံေတာ့မွာ မဟုတ္ပါဘူး။
သူ႔အတြက္ပဲ အၿမဲစဥ္းစား၊ သူ႔အတြက္ပဲ အၿမဲေတြးေနေ ပမယ့္ သူကေတာ့
ကိုယ့္ အတြက္ မစဥ္းစားပဲ အႀကိမ္ႀကိမ္ နာက်င္ေအာင္ပဲ လုပ္ေနခဲ့မယ္ ဆိုရင္ေတာ့
ထားခဲ့ဖို႔ကိုပဲ ဆုံးျဖတ္လိုက္ၿပီး ကိုယ့္အတြက္ကိုယ္ပဲ ၾကည့္ခ်င္ေတာ့ တဲ့ စိတ္မ်ိဳးရွိ တဲ့သူေတြပါ။
Credit
Unicode
စိတ်နာပြီဆိုရင် လှည့်တောင်မကြည့် ချင်တော့တဲ့ စိတ်ဓာတ်ရှိတဲ့ မိန်းခလေးဆိုတာ
မိန်းကလေးတွေဟာ ချစ်တတ်တဲ့နေရာမှာ နှစ်ယောက်မ ရှိအောင်ကို ချစ်တတ်ကြပါတယ်။
တစ်ယောက်ကို ချစ်ပြီဆိုရင် သစ္စာရှိစွာနဲ့ အနွံတာခံပြီးချစ်တတ်တဲ့သူတွေဖြစ်ပါတယ်။
ကိုယ့်အပေါ်မှာဘယ်လောက်ပဲ နာကျင်မှုတွေ၊ ဒဏ်ရာတွေပေးပေး သည်းခံပြီး
ချစ်မြတ်နိုးတတ်တဲ့သူတွေဖြစ်ပါတယ်။
ဒါပေမယ့် တကယ်တမ်းစိတ် နာသွားပြီဆိုရင် လှည့်တောင်မကြည့်ချင်တော့လောက်အောင်
ပြတ်သားတဲ့ မိန်းကလေးတွေလည်းဖြစ်ပါတယ်။
ခုဖော်ပြပေးမှာကတော့ စိတ်နာပြီဆိုရင် လှည့်တောင်မကြည့် ချင်တော့တဲ့ စိတ်ဓာတ်ရှိတဲ့ မိန်းကလေးတွေအကြောင်းပဲဖြစ်ပါတယ်။
(၁) အဆုံးစွန်ထိသည်းခံတယ်
ဒီလိုမိန်းကလေးတွေဟာ လူတစ်ယောက်အပေါ်မှာ အဆုံးအထိသည်းခံပေးတဲ့သူတွေဖြစ်ပါတယ်။
လူတစ်ယောက် သူတို့အပေါ်မှာ ဘယ်လိုပဲဆိုးဆိုး၊ ဘယ်လိုပဲနာကျင်အောင်လုပ်လုပ်
သည်းခံခွင့် လွှတ်ပေးတဲ့သူတွေ ဖြစ်ပါတယ်။
သည်းခံနိုင် သမျှအကုန် သည်းခံပေးခဲ့ပြီးပြီဖြစ်လို့ တော်ပြီဆိုရင် လှည့်ကိုမကြည့် ချင်တော့တဲ့သူတွေဖြစ် ပါတယ်။
(၂) အခွင့်အရေးထပ်မပေးတော့ဘူး
ဒီလိုမိန်းကလေးတွေဟာ တော်ပြီလို့ ဆုံးဖြတ်ပြီးတဲ့အခါမှာ
နောက်ထပ်အခွင့်အရေးတွေ ထပ်ပေးတော့မှာ မဟုတ်ပါဘူး။
လူတစ်ယောက်ကို အခွင့်အရေးပေးသင့်သလောက် ပေးခဲ့အပြီးမှာ ယုံကြည်မှုတွေကို
အလွဲသုံးစားလုပ်ခဲ့ရင် နောက်ထပ်အခွင့်အရေးပေးတော့မှာ မဟုတ်ပါဘူး။
အကြောင်းကတော့ လူတစ်ယောက်ရဲ့ အကြိမ်ကြိမ်အရူးလုပ်ခြင်းကို မခံချင်တော့လို့ပါပဲ။
(၃) အချစ်တွေအားလုံးပေးခဲ့ပြီးပြီ
ဒီလိုမိန်းကလေးတွေဟာ လူတစ်ယောက်ကိုချစ်ပြီဆိုရင် အချစ်တွေအားလုံးပုံအောပြီး
ချစ်တတ်တဲ့သူတွေပါ။လူတစ်ယောက်ကို အချစ်တွေအားလုံးနဲ့ချစ်နိုင်သမျှ ချစ်ခဲ့ပြီးဖြစ်ပါတယ်။
ဒါကြောင့် မချစ်တော့ဘူး၊ တော်ပြီလို့ ဆုံးဖြတ်ပြီးတဲ့အခါမှာတော့ နောက်တစ်ခါပြန်ပြီး
လှည့်ကြည့်တော့မှာမဟုတ်ပါဘူး။ အကြောင်းကတော့ ပေးစရာအချစ်တွေထပ်ပြီး မရှိတော့လို့ပါ။
(၄) ဆုံးဖြတ်ပြီးရင်မပြင်တော့ဘူး
ဒီလိုမိန်းကလေးတွေဟာ ဆုံးဖြတ်ပြီးရင် ပြန်မပြင်ချင်တဲ့သူတွေပါ။
လူတစ်ယောက်အတွက် ရှိသမျှသိက္ခာတွေနဲ့ အရှက်တွေအားလုံးကို ပုံအောဖို့အထိ မိုက်မဲတဲ့သူတွေမဟုတ်ပါဘူး။
လူတစ်ယောက်ကိုစွန့်လွှတ်ဖို့လွယ်လွယ်နဲ့မဆုံးဖြတ်သလို၊
ဆုံးဖြတ်လိုက်ပြီဆိုရင်လည်း နောက်ထပ်ပြန်ပြင်တော့မှာမဟုတ်ပါဘူး။
လူတစ်ယောက်အတွက်နဲ့ ကိုယ့်ရဲ့ဘဝတစ်ခုလုံးကို ဘယ်တော့မှပုံအပ်မယ့်သူတွေ မဟုတ်ပါဘူး။
(၅) ကိုယ့်အတွက်ကိုယ်ပဲကြည့်ချင်တော့တယ်
ဒီလိုမိန်းကေလးတွေဟာ မချစ်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီဆိုရင်
သူ့အကြောင်းကိုတောင် ခေါင်းထဲအဝ င်ခံတော့မှာ မဟုတ်ပါဘူး။
သူ့အတွက်ပဲ အမြဲစဉ်းစား၊ သူ့အတွက်ပဲ အမြဲတွေးနေပေမယ့် သူကတော့
ကိုယ့် အတွက် မစဉ်းစားပဲ အကြိမ်ကြိမ် နာကျင်အောင်ပဲ လုပ်နေခဲ့မယ် ဆိုရင်တော့
ထားခဲ့ဖို့ကိုပဲ ဆုံးဖြတ်လိုက်ပြီး ကိုယ့်အတွက်ကိုယ်ပဲ ကြည့်ချင်တော့ တဲ့ စိတ်မျိုးရှိ တဲ့သူတွေပါ။
Credit