ဒီအခ်က္ေတြနဲ႔ကိုက္ညီသူမ်ိဳးေတြ႕ေနၿပီဆိုရင္ေတာ့ ရဲရဲႀကီးေ႐ြးခ်ယ္လိုက္ပါ
မိန္းကေလးေတြဘဝမွာ ေ႐ြးခ်ယ္စရာက အၿမဲတမ္းတစ္ခုမက ႐ွိေနတတ္ပါတယ္။
အိမ္ေထာင္မျပဳခင္မွာပဲျဖစ္ျဖစ္၊ ခ်စ္သူမျဖစ္ခင္မွာပဲျဖစ္ျဖစ္ ကိုယ့္ကို ကမ္းလွမ္းတဲ့သူ၊
ခ်စ္ခြင့္ပန္တဲ့သူေတြ အမ်ားႀကီးေတြ႕ရမွာပါ။
ဒီအထဲကမွ ေနာက္ဆုံးေ႐ြးစရာလူ (၂)ေယာက္ထဲမွာ ဘယ္သူကိုေ႐ြးရမယ္ဆိုတာမသိဘဲ
ေတြေဝဒြိဟျဖစ္ေနခဲ့ရင္၊ အကူညီလိုေနခဲ့ရင္ ဒီစာေလးကိုဖတ္ၿပီး
ဒီအခ်က္ေတြနဲ႔ကိုက္ညီတဲ့ ေယာက်္ားမ်ိဳးကိုေ႐ြးခ်ယ္ပါ။
(၁) လြတ္လပ္ခြင့္ကို သိတတ္သူ
တစ္ခ်ိဳ႕ေယာက်္ားေတြက လြတ္လပ္ခြင့္ကို မသိတတ္ၾကပါဘူး။
ဒီလိုမသိတတ္တဲ့ေယာက်္ားကို ေ႐ြးခ်ယ္မိရင္ တစ္သက္လုံးအက်ဥ္းက်ေနသလို ခံစားရမွာျဖစ္ပါတယ္။
သူ႕ရဲ႕လက္ေအာက္၊ သူ႕ရဲ႕ အာဏာေတြနဲ႔ ႏိုင္ထက္စီးနင္း အလုပ္ခံရမွာပါ။
ဒါေၾကာင့္ သင္ေ႐ြးခ်ယ္တဲ့အခါမွာ သူ႕ရဲ႕စကားအသြားအလာ၊ အျပဳအမူ၊ သင့္ကိုဆက္ဆံပုံ၊
သူ႕ညီမေတြ အစ္မေတြကိုဆက္ဆံပုံကို ေသခ်ာေလ့လာၿပီး လြတ္လပ္ခြင့္ကို သိတတ္တဲ့သူကို ေ႐ြးခ်ယ္ရမွာပါ။
(၂) အဆင့္အတန္းမခြဲျခားတတ္သူ
အဆင့္အတန္းခြဲျခားတတ္တဲ့ ေယာက်္ားေတြဟာ လုံးဝမယူသင့္တဲ့ ေယာက်္ားေတြျဖစ္ပါတယ္။
တကယ္လို႔ တစ္ေန႔မွာ သူဟာ ႀကီးပြားသြားတဲ့အခါ၊ ေအာင္ျမင္သြားတဲ့အခါမွာ
ေအာက္ေျခလြတ္သြားတတ္တဲ့ သူမ်ိဳးေတြ ျဖစ္လို႔ပါ။
ဘယ္လို အကဲခတ္လို႔ရလဲဆိုေတာ့ သူ႕ထက္ ပညာအရည္အခ်င္းနိမ့္တဲ့သူေတြ၊
သူ႕ထက္အဆင့္နိမ့္တဲ့သူေတြ၊ စားပြဲထိုးေတြကို ဘယ္လိုဆက္ဆံလဲဆိုတာကို ၾကည့္ၿပီးသိႏိုင္ပါတယ္။
ေနာက္တစ္ခုကေတာ့ သူဟာ ယဥ္ေက်းတဲ့သူျဖစ္ဖို႔ အထူးလိုအပ္ပါတယ္။
(၃) ေယာက်္ားမိန္းမ မခြဲျခားသူ
တစ္ခ်ိဳ႕ေယာက်္ားေလးေတြဟာ မိန္းမထက္ ေယာက်္ားကျမတ္တယ္ဆိုတဲ့ ေ႐ွး႐ိုးစြဲအေတြးအေခၚ႐ွိၾကပါတယ္။
ေအာက္ေျခသိမ္းအလုပ္ေတြ၊ အိမ္မႈကိစၥေတြအားလုံးကို မိန္းမအလုပ္လို႔ပဲ သတ္မွတ္ထားတတ္ၾကပါတယ္။
ဒီလိုလူမ်ိဳးေတြဟာ လုံးဝမယူသင့္တဲ့ ေယာက်္ားေတြ ျဖစ္ပါတယ္။
ဘယ္လိုအကဲခတ္လို႔ရလဲဆိုရင္ သူဟာ အိမ္မွာဘယ္လိုေနလဲ၊ ထမင္းဟင္းခ်က္ဖူးလား၊ သန္႔႐ွင္းေရးလုပ္ဖူးလား၊
သူ႕အဝတ္သူေလွ်ာ္လား ဒါမွမဟုတ္ အိမ္သားေတြအတြက္ သူ တစ္ခုခုလုပ္ေပးဖူးလားဆိုတာကို ေလ့လာၾကည့္လိုက္ပါ။
(၄) တာဝန္ယူတတ္သူ
ေနာက္ထပ္ေ႐ြးခ်ယ္သင့္တဲ့သူက တာဝန္ယူတတ္သူပါ။
အလုပ္မွာပဲျဖစ္ျဖစ္၊ အိမ္မွာပဲျဖစ္ျဖစ္၊ ဘယ္ေနရာမွာပဲ ျဖစ္ျဖစ္၊ ဘယ္လိုအေျခအေနမ်ိဳးမွာပဲျဖစ္ျဖစ္
သူ႕ကိုယ္သူတာဝန္ယူတတ္တဲ့ ေယာက်္ားမ်ိဳးကို ေ႐ြးခ်ယ္ရမွာပါ။
သနားၾကင္နာစိတ္႐ွိၿပီး အားနည္းတဲ့သူေတြဖက္က ရပ္တည္တတ္တဲ့သူ၊ အေခ်ာင္လိုစိတ္ မ႐ွိသူ၊
ကိုယ့္ေၾကာင့္ သူတစ္ပါးထိခိုက္နစ္နာေစမယ့္အရာမ်ိဳး မလုပ္သူကို ေ႐ြးခ်ယ္ရမွာပါ။
ဒါေတြအားလုံးဟာ တာဝန္ယူစိတ္႐ွိတဲ့ ေယာက်္ားေတြဆီမွာပဲ ေတြ႕ျမင္ရမယ့္ အခ်က္ျဖစ္ပါတယ္။
(၅) ရဲရင့္ၿပီး ဉာဏ္ရည္ထက္ျမက္သူ
သင္တစ္သက္လုံးေပါင္းသင္းရမယ့္ သူဟာ အူတူတူ၊ အတတဆိုရင္ လုံးဝအဆင္မေျပႏိုင္ပါဘူး။
တစ္သက္လုံး သင္က ဦးေဆာင္ၿပီး တာဝန္ယူႏိုင္ရင္ေတာ့ရေပမယ့္ အဲလိုမဟုတ္ရင္ေတာ့ လုံးဝ အဆင္မေျပပါဘူး။
ဒါေၾကာင့္ ရဲရင့္ထက္ျမက္ၿပီး ဉာဏ္ပညာ႐ွိသူ၊ ဇြဲလုံ႔လဝီရိယႀကီးမားသူ၊
ဘဝကိုေလးေလးနက္နက္ႀကိဳးစား႐ုန္းကန္သူ၊ ကိုယ့္အားကိုယ္ကိုးသူ၊ ျဖတ္ထိုးဉာဏ္႐ွိၿပီး
ဦးေဆာင္တတ္တဲ့ ေယာက်္ားမ်ိဳးကို ေ႐ြးခ်ယ္ပါ။
ဒီလိုေယာက်္ားမ်ိဳးဟာ ဘယ္အေျခအေနမွာပဲျဖစ္ျဖစ္ သုညကေန ျပန္စႏိုင္ၾကတာေၾကာင့္
သူတို႔နဲ႔ေနရင္ သင့္ဘဝအတြက္ စိတ္ခ်ရပါတယ္။
Unicode
ဒီအချက်တွေနဲ့ကိုက်ညီသူမျိုးတွေ့နေပြီဆိုရင်တော့ ရဲရဲကြီးရွေးချယ်လိုက်ပါ
မိန်းကလေးတွေဘဝမှာ ရွေးချယ်စရာက အမြဲတမ်းတစ်ခုမက ရှိနေတတ်ပါတယ်။
အိမ်ထောင်မပြုခင်မှာပဲဖြစ်ဖြစ်၊ ချစ်သူမဖြစ်ခင်မှာပဲဖြစ်ဖြစ် ကိုယ့်ကို ကမ်းလှမ်းတဲ့သူ၊
ချစ်ခွင့်ပန်တဲ့သူတွေ အများကြီးတွေ့ရမှာပါ။
ဒီအထဲကမှ နောက်ဆုံးရွေးစရာလူ (၂)ယောက်ထဲမှာ ဘယ်သူကိုရွေးရမယ်ဆိုတာမသိဘဲ
တွေဝေဒွိဟဖြစ်နေခဲ့ရင်၊ အကူညီလိုနေခဲ့ရင် ဒီစာလေးကိုဖတ်ပြီး
ဒီအချက်တွေနဲ့ကိုက်ညီတဲ့ ယောက်ျားမျိုးကိုရွေးချယ်ပါ။
(၁) လွတ်လပ်ခွင့်ကို သိတတ်သူ
တစ်ချို့ယောက်ျားတွေက လွတ်လပ်ခွင့်ကို မသိတတ်ကြပါဘူး။
ဒီလိုမသိတတ်တဲ့ယောက်ျားကို ရွေးချယ်မိရင် တစ်သက်လုံးအကျဉ်းကျနေသလို ခံစားရမှာဖြစ်ပါတယ်။
သူ့ရဲ့လက်အောက်၊ သူ့ရဲ့ အာဏာတွေနဲ့ နိုင်ထက်စီးနင်း အလုပ်ခံရမှာပါ။
ဒါကြောင့် သင်ရွေးချယ်တဲ့အခါမှာ သူ့ရဲ့စကားအသွားအလာ၊ အပြုအမူ၊ သင့်ကိုဆက်ဆံပုံ၊
သူ့ညီမတွေ အစ်မတွေကိုဆက်ဆံပုံကို သေချာလေ့လာပြီး လွတ်လပ်ခွင့်ကို သိတတ်တဲ့သူကို ရွေးချယ်ရမှာပါ။
(၂) အဆင့်အတန်းမခွဲခြားတတ်သူ
အဆင့်အတန်းခွဲခြားတတ်တဲ့ ယောက်ျားတွေဟာ လုံးဝမယူသင့်တဲ့ ယောက်ျားတွေဖြစ်ပါတယ်။
တကယ်လို့ တစ်နေ့မှာ သူဟာ ကြီးပွားသွားတဲ့အခါ၊ အောင်မြင်သွားတဲ့အခါမှာ
အောက်ခြေလွတ်သွားတတ်တဲ့ သူမျိုးတွေ ဖြစ်လို့ပါ။
ဘယ်လို အကဲခတ်လို့ရလဲဆိုတော့ သူ့ထက် ပညာအရည်အချင်းနိမ့်တဲ့သူတွေ၊
သူ့ထက်အဆင့်နိမ့်တဲ့သူတွေ၊ စားပွဲထိုးတွေကို ဘယ်လိုဆက်ဆံလဲဆိုတာကို ကြည့်ပြီးသိနိုင်ပါတယ်။
နောက်တစ်ခုကတော့ သူဟာ ယဉ်ကျေးတဲ့သူဖြစ်ဖို့ အထူးလိုအပ်ပါတယ်။
(၃) ယောက်ျားမိန်းမ မခွဲခြားသူ
တစ်ချို့ယောက်ျားလေးတွေဟာ မိန်းမထက် ယောက်ျားကမြတ်တယ်ဆိုတဲ့ ရှေးရိုးစွဲအတွေးအခေါ်ရှိကြပါတယ်။
အောက်ခြေသိမ်းအလုပ်တွေ၊ အိမ်မှုကိစ္စတွေအားလုံးကို မိန်းမအလုပ်လို့ပဲ သတ်မှတ်ထားတတ်ကြပါတယ်။
ဒီလိုလူမျိုးတွေဟာ လုံးဝမယူသင့်တဲ့ ယောက်ျားတွေ ဖြစ်ပါတယ်။
ဘယ်လိုအကဲခတ်လို့ရလဲဆိုရင် သူဟာ အိမ်မှာဘယ်လိုနေလဲ၊ ထမင်းဟင်းချက်ဖူးလား၊ သန့်ရှင်းရေးလုပ်ဖူးလား၊
သူ့အဝတ်သူလျှော်လား ဒါမှမဟုတ် အိမ်သားတွေအတွက် သူ တစ်ခုခုလုပ်ပေးဖူးလားဆိုတာကို လေ့လာကြည့်လိုက်ပါ။
(၄) တာဝန်ယူတတ်သူ
နောက်ထပ်ရွေးချယ်သင့်တဲ့သူက တာဝန်ယူတတ်သူပါ။
အလုပ်မှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲ ဖြစ်ဖြစ်၊ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်
သူ့ကိုယ်သူတာဝန်ယူတတ်တဲ့ ယောက်ျားမျိုးကို ရွေးချယ်ရမှာပါ။
သနားကြင်နာစိတ်ရှိပြီး အားနည်းတဲ့သူတွေဖက်က ရပ်တည်တတ်တဲ့သူ၊ အချောင်လိုစိတ် မရှိသူ၊
ကိုယ့်ကြောင့် သူတစ်ပါးထိခိုက်နစ်နာစေမယ့်အရာမျိုး မလုပ်သူကို ရွေးချယ်ရမှာပါ။
ဒါတွေအားလုံးဟာ တာဝန်ယူစိတ်ရှိတဲ့ ယောက်ျားတွေဆီမှာပဲ တွေ့မြင်ရမယ့် အချက်ဖြစ်ပါတယ်။
(၅) ရဲရင့်ပြီး ဉာဏ်ရည်ထက်မြက်သူ
သင်တစ်သက်လုံးပေါင်းသင်းရမယ့် သူဟာ အူတူတူ၊ အတတဆိုရင် လုံးဝအဆင်မပြေနိုင်ပါဘူး။
တစ်သက်လုံး သင်က ဦးဆောင်ပြီး တာဝန်ယူနိုင်ရင်တော့ရပေမယ့် အဲလိုမဟုတ်ရင်တော့ လုံးဝ အဆင်မပြေပါဘူး။
ဒါကြောင့် ရဲရင့်ထက်မြက်ပြီး ဉာဏ်ပညာရှိသူ၊ ဇွဲလုံ့လဝီရိယကြီးမားသူ၊
ဘဝကိုလေးလေးနက်နက်ကြိုးစားရုန်းကန်သူ၊ ကိုယ့်အားကိုယ်ကိုးသူ၊ ဖြတ်ထိုးဉာဏ်ရှိပြီး
ဦးဆောင်တတ်တဲ့ ယောက်ျားမျိုးကို ရွေးချယ်ပါ။
ဒီလိုယောက်ျားမျိုးဟာ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် သုညကနေ ပြန်စနိုင်ကြတာကြောင့်
သူတို့နဲ့နေရင် သင့်ဘဝအတွက် စိတ်ချရပါတယ်။