(၁) စိတ်ထား
(၂) သပ်ရပ်မှု
(၄) အရည်အချင်း
(၅) သစ္စာရှိမှု
credit
Unicode
ကောင်လေး အများစု သတ်မှတ်ထားတဲ့ မိန်းကလေး တစ်ယောက်ရဲ့ အလှအပစံနှုန်းများ
မိန်းကလေးတွေရဲ့ လှပမှုနဲ့ ပတ်သတ်ပြီး ပြောဆိုမှု အမျိုးမျိုး ရှိပါတယ်။
အများဆုံးကတော့ ကောင်လေးတွေက မိန်းကလေးတွေရဲ့ အလှကို ပိုပြီး ပြောကြလေ့ ရှိကြပါတယ်။
ဒါပေမယ့်လည်း ကောင်လေးတွေရဲ့ မိန်းကလေးတွေအပေါ် လှပတယ်ဆိုတာကို မြင်တဲ့ပုံစံက
အများထင်ထာသလို ဖြစ်မနေခဲ့ပါဘူး။တကယ့်တကယ်တမ်း သူတို့ စိတ်ကူးထဲမှာ လှပတယ်လို့
သတ်မှတ်တဲ့ မိန်းကလေးပုံစံတွေကတော့ အခုလိုပဲ ဖြစ်ပါတယ်။
(၁) စိတ်ထား
မိန်းကလေးတွေအပေါ် ကောင်လေးတွေ မဖြစ်မနေ ကြည့်တတ်တာကတော့ စိတ်ထားပဲ ဖြစ်ပါတယ်။
စိတ်ထားကောင်းတဲ့ မိန်းကလေးတွေက ရိုးရှင်းတယ်လို့ ခံစားရစေတတ်သလို
ပိုပြီး လှပစေတယ်လို့ ကောင်လေးတွေက မြင်တတ်ကြပါတယ်။
စိတ်ထားမကောင်းတဲ့သူက သူ့တို့နဲ့ သူတို့ရဲ့ အပေါင်းအသင်းတွေအပေါ်
မကောင်းတတ်မှာကို တွေးပူတတ်ကြတာကြောင့်လည်း ဖြစ်ပါတယ်။
(၂) သပ်ရပ်မှု
ကိုယ်နဲ့ လိုက်ဖက်အောင် ဝတ်တတ်စားတတ်တဲ့ ကောင်မလေးတွေကိုလည်း
ကောင်လေးတွေက လှတယ်လို့ ယူဆထားကြပါတယ်။ စတိုင်ကျတယ်ပေါ့။
ဒီလို ကောင်မလေးတွေက သွားလာမှု၊ နေထိုင်မှု၊ စားသောက်တဲ့ပုံစံ သပ်ရပ်ရင်
ပိုလို့တောင် သဘောကျတတ်ကြပါသေးတယ်။
(၃) အိမ်မှုကိစ္စ ထိန်းသိမ်းမှု
ကောင်လေးတွေက သူတို့သာ သန့်အောင် မနေတာ အသန့်တော့ ကြိုက်တတ်ကြပါတယ်။
သူတို့က သန့်အောင် မနေတတ်ကြလို့ သန့်အောင် နေတတ်တဲ့ ကောင်မလေးတွေဆိုရင် သဘောကျတတ်ပါတယ်။
ကိုယ့်ကို ပြုပြင်ပေးနိုင်တဲ့သူမျိုးလို့လည်း မြင်တတ်ကြပါတယ်။
သန့်ရှင်းသပ်ရပ်စွာ နေထိုင်တတ်တဲ့ ကောင်မလေးတွေကတော့ ကောင်လေးတွေ မျက်လုံးထဲ လှနေတတ်ပါတယ်။
(၄) အရည်အချင်း
ခေတ်တွေ ပြောင်းလာတာနဲ့ အညီ လူတစ်ယောက်နဲ့ တစ်ယောက် ကြည့်တဲ့အခါ
အရမ်းကို အချက်အလက်တွေ များလာကြပါတယ်။
အဓိကအားဖြင့် အရည်အချင်း ရှိတဲ့သူတွေကို ကောင်လေးတွေတင် မက လူအများက သဘောကျတတ်ပါတယ်။
ချစ်သူအဖြစ် အရမ်း အရည်အချင်းရှိတဲ့ မိန်းကလေးနဲ့ တွဲမိရင် ခြေချုပ်မိသွားမှာ စိုးရိမ်တတ်ကြပေမယ့်
အရည်အချင်းရှိတဲ့ မိန်းကလေးတွေကိုတော့ လှပတဲ့ မိန်းကလေးအဖြစ် မြင်တတ်ကြပါတယ်။ု
(၅) သစ္စာရှိမှု
တစ်ယောက်ကို တစ်ယောက် ယုံကြည်ဖို့ မလွယ်တဲ့ ခေတ်ကြီးထဲမှာ သစ္စာရှိမှုကို
ကောင်လေးတွေက သိပ်ကို အလေးထားကြပါတယ်။
ကိုယ့်ကိုယ်ကိုတောင် ယုံလေ့ သိပ်မရှိတဲ့ အမျိုးသားတွေရဲ့ သဘာဝအရပဲ
သစ္စာရှိတဲ့သူကို တွေ့ရင် ပိုပြီး တန်ဖိုးထားတတ်ကြပါတယ်။
သူငယ်ချင်း အဖြစ်ပဲ ဖြစ်စေ၊ မိတ်ဆွေချင်းမှာပဲ ဖြစ်စေ၊ ချစ်သူချင်းပဲ ဖြစ်စေ
သစ္စာရှိတဲ့သူတွေကို သူတို့ အလှဆုံးသူတွေ အဖြစ် သတ်မှတ်ထားတတ်ကြပါတယ်။
credit