ကိုယ့္ကိုထားခဲ့ၿပီး ထြက္သြားသူေတြေၾကာင့္ရလိုက္တဲ့ အဖိုးတန္သင္ခန္းစာ(၇)မ်ိဳး
လူေတြ ကိုယ့္ဘဝထဲကို ဝင္လာၾကၿပီး အခ်ိန္တန္ေတာ့လည္း ကိုယ့္ေဘးကေနျပန္ထြက္သြားၾကတာ သဘာဝပါ .. ။
ကိုယ့္ဘဝထဲဝင္ေရာက္လာတဲ့သူေတြထဲမွာ ကိုယ့္အေပၚေကာင္းတဲ့သူေတြလည္းပါလာသလို၊
ကိုယ့္အေပၚမေကာင္းတဲ့သူေတြလည္း ပါလာတာပါပဲ။
ကိုယ့္အေပၚေကာင္းတဲ့သူပဲျဖစ္ျဖစ္၊ ဆိုးတဲ့သူပဲျဖစ္ျဖစ္ ကိုယ့္ေဘးက သူတို႔ ကိုယ့္ေဘးကထြက္သြားတဲ့အခါ
ဒီလိုသင္ခန္းစာေတြကို ေပးသြားတတ္ၾကပါတယ္။
(၁) လူတိုင္းကို မယုံတတ္ေအာင္ သင္ေပးတယ္
အခုေခတ္မွာ လူေတာ္ေတာ္မ်ားမ်ားက ေ႐ွ႕တစ္မ်ိဳး၊ ကြယ္ရာတစ္မ်ိဳး ဟန္ေဆာင္ေကာင္းတတ္ၾကပါတယ္။
ဒါေၾကာင့္ ဟန္ေဆာင္ေကာင္းတဲ့သူေတြနဲ႔ ေတြ႕ၾကဳံရတဲ့အခါ လူတိုင္းကို မယုံသင့္ေၾကာင္း သင္ခန္းစာရသြားပါတယ္။
(၂) သူတို႔ေၾကာင့္ကိုယ္ေျပာင္းလဲသြားတယ္
လူတစ္ေယာက္ဘဝထဲကိုဝင္လာတဲ့အခါ သူတို႔ရဲ႕ေကာင္းျခင္း၊ဆိုးျခင္းေတြက
ကိုယ့္အေပၚသက္ေရာက္မႈေလးေတြ႐ွိလာပါတယ္။
အဲ့ဒီအခါ ကိုယ္ကိုယ္တိုင္မွာလည္း ေျပာင္းလဲမႈေလးေတြ အနည္းနဲ႔အမ်ားျဖစ္လာပါတယ္။
သူတို႔ေတြနဲ႔ အနီးကပ္ေနတာမ်ားေလ သူတို႔ရဲ႕ အေျပာအဆို၊ အျပဳအမူေလးေတြက ကိုယ့္ကိုကူးစက္ေလပါပဲ။
ကိုယ္တိုင္ေတာင္သတိမထားမိလိုက္တဲ့အခ်ိန္မွာ ကိုယ္က ျဖည္းျဖည္းခ်င္းေျပာင္းလဲေနတာမ်ိဳးပါ။
ဒါေၾကာင့္ အေကာင္းျမင္စိတ္႐ွိတဲ့သူ၊ စိတ္ေကာင္း႐ွိတဲ့သူနဲ႔ေပါင္းပါလို႔ ေျပာၾကတာပါ။
(၃) ကိုယ္ဘယ္ေလာက္သန္မာတယ္ဆိုတာကိုသိေစတယ္
သူမ႐ွိရင္ ကိုယ့္အတြက္အဆင္မေျပေလာက္ဘူး၊ သူမ႐ွိရင္ ျပႆနာေတြကိုရင္မဆိုင္ႏိုင္ေလာက္ဘူး
လို႔ထင္ခဲ့ေပမယ့္ တကယ္တမ္းသူထြက္သြားတဲ့အခ်ိန္မွာ ကိုယ္တစ္ေယာက္တည္း ရပ္တည္ႏိုင္တယ္၊
ရင္ဆိုင္ႏိုင္တယ္ ဆိုတာကို သိလိုက္ရတယ္။
(၄) ကိုယ့္ကိုယ္ကိုဦးစားေပးတတ္ဖို႔သင္ေပးတယ္
ကိုယ္ခ်စ္တဲ့သူေတြကို ကိုယ့္ထက္ပိုၿပီး ဦးစားေပးခဲ့ေပမယ့္လည္း သူတို႔ထြက္သြားခ်င္တယ္ဆိုရင္
ကိုယ္ကဆြဲထားလို႔မရပါဘူး။ ကိုယ့္ဘက္ကဦးစားေပး၊အ႐ႈံးေပးခဲ့တာေတြဟာလည္း အလကားျဖစ္သြားသလိုပါပဲ။
ဒါေၾကာင့္ ဘယ္သူ႕ကိုမွ ကိုယ့္ကိုယ္ကိုထက္ပိုၿပီး ဦးစားမေပးသင့္ဘူးဆိုတာ သိခဲ့ရတယ္။
(၅) တခ်ိဳ႕လူေတြကိုယ့္ကိုနာက်င္ေစႏိုင္တယ္ဆိုတာကိုသိေစတယ္
လူတိုင္းက ကိုယ္ခ်င္းစာစိတ္႐ွိတယ္၊ တစ္ဖက္သားနာက်င္ေအာင္လုပ္မွာ
မဟုတ္ဘူးလို႔ထင္ေနတဲ့အေတြးေတြကို ေပ်ာက္သြားေစတယ္။
ကိုယ္ထင္ထားသလို လူတိုင္းက ကိုယ့္အေပၚစာနာမွာမဟုတ္ဘူးဆိုတာ သိခဲ့ရတယ္။
တခ်ိဳ႕လူေတြက သူတို႔အဆင္ေျပဖို႔ ကိုယ့္ကိုနာက်င္ေအာင္လုပ္တတ္တယ္ဆိုတာကို
ေကာင္းေကာင္းသိသြားခဲ့တယ္။
(၆) ဘာအေၾကာင္းေၾကာင္းနဲ႔မွ အ႐ႈံးမေပးသင့္ဘူးဆိုတာ သင္ေပးတယ္
တစ္စုံတစ္ေယာက္အတြက္ ကိုယ့္ရဲ႕အရာရာကိုစြန္႔လႊတ္ခဲ့ေပမယ့္ သူက ကိုယ့္ကိုထားၿပီး
ထြက္သြားတဲ့အခါမ်ိဳးမွာ ဘဝကိုအ႐ႈံးေပးခ်င္စိတ္ေတြ ျဖစ္လာတတ္ပါတယ္။
ဒါေပမယ့္ ကိုယ့္ဘဝအတြက္ ကိုယ္တိုင္တာဝန္ယူသင့္ေၾကာင္းဘာအေၾကာင္းေၾကာင့္မွ အ႐ႈံးမေပးသင့္ေၾကာင္း
ဒီအခ်ိန္မွ နားလည္သြားတာပါ။
(၇) တျခားတစ္ေယာက္အတြက္ကိုယ့္ကိုယ္ကိုမေျပာင္းလဲသင့္ဘူးဆိုတာသိေစတယ္
သူ႕ကိုခ်စ္လို႔ ကိုယ့္ရဲ႕မိသားစုေတြ၊ သူငယ္ခ်င္းေတြကိုေတာင္ အဆက္အသြယ္ျဖတ္ၿပီးေနခဲ့တာေတြ၊
ကိုယ့္ရဲ႕ဝါသနာကိုစြန္႔လႊတ္လိုက္တာ၊ ကိုယ့္ကိုယ္ကိုေျပာင္းလဲလိုက္တာေတြလုပ္ခဲ့ေပမယ့္
ထြက္သြားခ်င္တဲ့သူက ထြက္သြားတာပါပဲ။
ဒီေတာ့ ဘယ္သူ႕အတြက္မွ ကိုယ့္ကိုယ္ကိုမေျပာင္းလဲပစ္သင့္ဘူးဆိုတာ သိသြားၿပီေပါ့။
Credit
Unicode
ကိုယ့်ကိုထားခဲ့ပြီး ထွက်သွားသူတွေကြောင့်ရလိုက်တဲ့ အဖိုးတန်သင်ခန်းစာ(၇)မျိုး
လူတွေ ကိုယ့်ဘဝထဲကို ဝင်လာကြပြီး အချိန်တန်တော့လည်း ကိုယ့်ဘေးကနေပြန်ထွက်သွားကြတာ သဘာဝပါ။
ကိုယ့်ဘဝထဲဝင်ရောက်လာတဲ့သူတွေထဲမှာ ကိုယ့်အပေါ်ကောင်းတဲ့သူတွေလည်းပါလာသလို၊
ကိုယ့်အပေါ်မကောင်းတဲ့သူတွေလည်း ပါလာတာပါပဲ။
ကိုယ့်အပေါ်ကောင်းတဲ့သူပဲဖြစ်ဖြစ်၊ ဆိုးတဲ့သူပဲဖြစ်ဖြစ် ကိုယ့်ဘေးက သူတို့ ကိုယ့်ဘေးကထွက်သွားတဲ့အခါ
ဒီလိုသင်ခန်းစာတွေကို ပေးသွားတတ်ကြပါတယ်။
(၁) လူတိုင်းကို မယုံတတ်အောင် သင်ပေးတယ်
အခုခေတ်မှာ လူတော်တော်များများက ရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုး ဟန်ဆောင်ကောင်းတတ်ကြပါတယ်။
ဒါကြောင့် ဟန်ဆောင်ကောင်းတဲ့သူတွေနဲ့ တွေ့ကြုံရတဲ့အခါ လူတိုင်းကို မယုံသင့်ကြောင်း သင်ခန်းစာရသွားပါတယ်။
(၂) သူတို့ကြောင့်ကိုယ်ပြောင်းလဲသွားတယ်
လူတစ်ယောက်ဘဝထဲကိုဝင်လာတဲ့အခါ သူတို့ရဲ့ကောင်းခြင်း၊ဆိုးခြင်းတွေက
ကိုယ့်အပေါ်သက်ရောက်မှုလေးတွေရှိလာပါတယ်။
အဲ့ဒီအခါ ကိုယ်ကိုယ်တိုင်မှာလည်း ပြောင်းလဲမှုလေးတွေ အနည်းနဲ့အများဖြစ်လာပါတယ်။
သူတို့တွေနဲ့ အနီးကပ်နေတာများလေ သူတို့ရဲ့ အပြောအဆို၊ အပြုအမူလေးတွေက ကိုယ့်ကိုကူးစက်လေပါပဲ။
ကိုယ်တိုင်တောင်သတိမထားမိလိုက်တဲ့အချိန်မှာ ကိုယ်က ဖြည်းဖြည်းချင်းပြောင်းလဲနေတာမျိုးပါ။
ဒါကြောင့် အကောင်းမြင်စိတ်ရှိတဲ့သူ၊ စိတ်ကောင်းရှိတဲ့သူနဲ့ပေါင်းပါလို့ ပြောကြတာပါ။
(၃) ကိုယ်ဘယ်လောက်သန်မာတယ်ဆိုတာကိုသိစေတယ်
သူမရှိရင် ကိုယ့်အတွက်အဆင်မပြေလောက်ဘူး၊ သူမရှိရင် ပြဿနာတွေကိုရင်မဆိုင်နိုင်လောက်ဘူး
လို့ထင်ခဲ့ပေမယ့် တကယ်တမ်းသူထွက်သွားတဲ့အချိန်မှာ ကိုယ်တစ်ယောက်တည်း ရပ်တည်နိုင်တယ်၊
ရင်ဆိုင်နိုင်တယ် ဆိုတာကို သိလိုက်ရတယ်။
(၄) ကိုယ့်ကိုယ်ကိုဦးစားပေးတတ်ဖို့သင်ပေးတယ်
ကိုယ်ချစ်တဲ့သူတွေကို ကိုယ့်ထက်ပိုပြီး ဦးစားပေးခဲ့ပေမယ့်လည်း သူတို့ထွက်သွားချင်တယ်ဆိုရင်
ကိုယ်ကဆွဲထားလို့မရပါဘူး။ ကိုယ့်ဘက်ကဦးစားပေး၊အရှုံးပေးခဲ့တာတွေဟာလည်း အလကားဖြစ်သွားသလိုပါပဲ။
ဒါကြောင့် ဘယ်သူ့ကိုမှ ကိုယ့်ကိုယ်ကိုထက်ပိုပြီး ဦးစားမပေးသင့်ဘူးဆိုတာ သိခဲ့ရတယ်။
(၅) တချို့လူတွေကိုယ့်ကိုနာကျင်စေနိုင်တယ်ဆိုတာကိုသိစေတယ်
လူတိုင်းက ကိုယ်ချင်းစာစိတ်ရှိတယ်၊ တစ်ဖက်သားနာကျင်အောင်လုပ်မှာ
မဟုတ်ဘူးလို့ထင်နေတဲ့အတွေးတွေကို ပျောက်သွားစေတယ်။
ကိုယ်ထင်ထားသလို လူတိုင်းက ကိုယ့်အပေါ်စာနာမှာမဟုတ်ဘူးဆိုတာ သိခဲ့ရတယ်။
တချို့လူတွေက သူတို့အဆင်ပြေဖို့ ကိုယ့်ကိုနာကျင်အောင်လုပ်တတ်တယ်ဆိုတာကို
ကောင်းကောင်းသိသွားခဲ့တယ်။
(၆) ဘာအကြောင်းကြောင်းနဲ့မှ အရှုံးမပေးသင့်ဘူးဆိုတာ သင်ပေးတယ်
တစ်စုံတစ်ယောက်အတွက် ကိုယ့်ရဲ့အရာရာကိုစွန့်လွှတ်ခဲ့ပေမယ့် သူက ကိုယ့်ကိုထားပြီး
ထွက်သွားတဲ့အခါမျိုးမှာ ဘဝကိုအရှုံးပေးချင်စိတ်တွေ ဖြစ်လာတတ်ပါတယ်။
ဒါပေမယ့် ကိုယ့်ဘဝအတွက် ကိုယ်တိုင်တာဝန်ယူသင့်ကြောင်းဘာအကြောင်းကြောင့်မှ အရှုံးမပေးသင့်ကြောင်း
ဒီအချိန်မှ နားလည်သွားတာပါ။
(၇) တခြားတစ်ယောက်အတွက်ကိုယ့်ကိုယ်ကိုမပြောင်းလဲသင့်ဘူးဆိုတာသိစေတယ်
သူ့ကိုချစ်လို့ ကိုယ့်ရဲ့မိသားစုတွေ၊ သူငယ်ချင်းတွေကိုတောင် အဆက်အသွယ်ဖြတ်ပြီးနေခဲ့တာတွေ၊
ကိုယ့်ရဲ့ဝါသနာကိုစွန့်လွှတ်လိုက်တာ၊ ကိုယ့်ကိုယ်ကိုပြောင်းလဲလိုက်တာတွေလုပ်ခဲ့ပေမယ့်
ထွက်သွားချင်တဲ့သူက ထွက်သွားတာပါပဲ။
ဒီတော့ ဘယ်သူ့အတွက်မှ ကိုယ့်ကိုယ်ကိုမပြောင်းလဲပစ်သင့်ဘူးဆိုတာ သိသွားပြီပေါ့။
Credit