(၄) တော်တဲ့သူတွေ
(၅) ကံကောင်းတတ်သူတွေ
Unicode
နဖူးပြောင်သူတွေရဲ့ သူများနဲ့မတူဘဲ ကွဲပြားတဲ့ စိတ်နေစိတ်ထားနဲ့ အားသာချက်တွေ
နဖူးကျယ်တဲ့ သူလေးတွေကို သူငယ်ချင်းတွေက ပြောင်ကြီးလို့
ခေါ်ပြီး စနောက် တတ်ကြတာကြောင့် အများစုက ဆံမြိတ်လေးတွေ နဲ့
နဖူးကျယ်ကျယ်တွေကို ဖုံးအုပ်ထား တတ်ကြပါတယ်။
တကယ်တော့ နဖူးကျယ်တယ်ဆိုတာ ကောင်းတဲ့ လက္ခဏာရပ်ဖြစ်ပြီး
နောက်ထပ် ဒီလိုထူးခြားချက် မျိုးတွေကိုလည်း ပိုင်ဆိုင်ထားတာပါနော်
(၁) ကိုယ့်အားကိုယ်ကိုးတတ်တယ်
သူတို့တွေဟာ တခြားသူတွေကို မှီခိုတာထက် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ပြီး
ကိုယ့်အားကိုယ်ကိုးတတ်ကြတဲ့သူလေးတွေဖြစ်ပါတယ်။
အခက်အခဲနဲ့ကြုံတွေ့ရတဲ့အချိန်မှာ ကိုယ်တိုင်ကြိတ်ဖြေ ရှင်းနေတတ်ပြီး
တခြားလူတွေ ကိုအကူအညီတောင်းဖို့ ဝန်လေးတတ် တဲ့သူတွေပါ
(၂) လွယ်လွယ်နဲ့မပြိုလဲတတ်ဘူး
တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်ပြီးရင် မရရအောင် လုပ်တတ်တယ်၊ ဘယ်လိုအတိုက် အခိုက်မျိုးတွေနဲ့ပဲကြုံရပါစေ
လွယ်လွယ်နဲ့ပြိုလဲမသွားဘဲ ကြံ့ကြံ့ခံနိုင်တဲ့၊ စိတ်ဓာတ်ခိုင်မာတဲ့သူလေးတွေလည်းဖြစ်ကြပါတယ်။
(၃) ကန့်သတ်ချုပ်ချယ်တာကိုမုန်းတယ်
လွတ်လပ်တာ ကိုကြိုက်တယ်၊ ကိုယ်တိုင်ရွေးချယ် ဆုံးဖြတ် တတ်တယ်၊
ကိုယ့်ကို ကန့်သတ်ချုပ် ချယ်တာမျိုးကို လုံးဝလက်ခံမှာမဟုတ်တဲ့သူတွေပေါ့ ။
(၄) တော်တဲ့သူတွေ
နဖူးကျယ် တဲ့သူတွေရဲ့ cranial cavity ပိုကြီးတာကြောင့် ဦးနှောက် လုပ်ဆောင်မှု ပိုကောင်းပါတယ်။
အဲ့ဒါကြောင့် ဖြတ်ထိုး ဉာဏ်ကောင်းတယ်၊ ပြဿနာဖြေရှင်းရာ မှာတော်ကြတဲ့ သူတွေဖြစ်ပါတယ် ။
(၅) ကံကောင်းတတ်သူတွေ
နဖူးမြင့်ပြီးကျယ် တဲ့သူတွေက ဘာပဲ လုပ်လုပ် ကံကောင်းတတ်ကြ တဲ့သူတွေဖြစ် ပါတယ် ။
အခက်အခဲ တစ်ခုခုဖြစ်ရင် လည်း ဖြေရှင်းလို့မရလောက်အောင် ခက်ခဲနေ တာမျိုးမဟုတ်ဘဲ၊ ပြေလည်သွား တတ်ကြ ပါတယ်
(၆) ကိုယ်ကျင့်တရားကောင်းမွန်တယ်
ဉာဏ်ကောင်းပြီး စဉ်းစား ဆင်ခြင်ဉာဏ် လည်းကောင်းတဲ့ သူတွေဖြစ် တာကြောင့်
ကိုယ့်ရဲ့သိက္ခာကျ ဆင်းမယ့် လုပ်ရပ်တွေကို မလုပ်မိအောင် စောင့်ထိန်းနိုင် သူတွေဖြစ်ကြပါတယ်။
ကိုယ်ကျင့် တရားကောင်း တဲ့သူတွေလို့ ပြောရ မှာပါ ။