စိတ္ထိခိုက္ ၊ စိတ္ညစ္ေနခ်ိန္မွာ သတိရသင့္တဲ့ အေၾကာင္းအရာ ၇ ခု
တခါတေလ အေၾကာင္းျပခ်က္ မရွိဘဲ
“လူေတြအားလုံးက ကိုယ့္ဘက္မွာ မရွိဘူး၊ တေလာကလုံးမွာ ကိုယ့္ေလာက္ အသုံးမက်တဲ့သူ ၊ ကံဆိုးတဲ့သူ မရွိဘူးရယ္” လို႔
ေတြးမိတဲ့ အခိုက္အတန႔္ လူတိုင္းမွာ ရွိၾကမွာပါ။ အၿမဲတမ္း ေပ်ာ္ခ်င္ေပမယ့္ မေပ်ာ္ရသလို စိတ္ခံစားမႈေတြ ျပင္းထန္ၿပီး
အလိုလို ဝမ္းနည္းမိတဲ့ ကာလကို ျဖတ္ေက်ာ္ဖို႔အတြက္ ေအာက္ပါ အခ်က္ေတြကို သတိရသင့္ပါတယ္။
(၁) နာက်င္မႈမရွိဘဲ မရင့္က်က္ႏိုင္ပါဘူး
ဘဝမွာ ႀကဳံလာရတဲ့ အခက္အခဲ ဒုကၡေတြကသာ သင့္ကို ရင့္က်က္တဲ့ လူတေယာက္အျဖစ္ ေျပာင္းလဲ ေပးမွာပါ။
ဝမ္းနည္းစရာ အျဖစ္အပ်က္ေတြကို ျဖတ္ေက်ာ္ၿပီးတဲ့ေနာက္ သင္ဟာ မထင္မွတ္ထား ေလာက္ေအာင္ သန္မာလာပါလိမ့္မယ္။
(၂) ဘဝရဲ႕ ရည္မွန္းခ်က္ကို သတိရပါ
သင့္ကို တြန္းအားေပးေနတာက ဘယ္အရာလဲ။
“မနက္ႏိုးႏိုးျခင္းမွာ စဥ္းစားမိတဲ့ ရည္မွန္းခ်က္က ဘာလဲ” ဆိုတာ သိေအာင္လုပ္ပါ။
ဒုကၡေတြနဲ႔ ရင္ဆိုင္ေနရတဲ့ အခ်ိန္မွာေတာင္ သင့္ရဲ႕ ရည္မွန္းခ်က္အတြက္ ေနာက္ျပန္ မလွည့္ဘဲ ေရွ႕ကို ဆက္ေလွ်ာက္ပါ။
(၃) စိတ္ခံစားခ်က္ေတြကို လက္ခံဖို႔ သတိရပါ
တခါတေလ စိတ္က ျဖစ္ေနတာကို အရွိအတိုင္း လက္ခံေပးပါ။
အတင္းႀကီး ထိန္းခ်ဳပ္ထားတာမ်ိဳး မလုပ္ဘဲ အလိုက္သင့္ေလး ျဖစ္ေအာင္ ေနၾကည့္ေပးပါ။
(၄) မိသားစုနဲ႔ သူငယ္ခ်င္းေတြ သင့္ေဘးမွာ ရွိေနပါတယ္
ဘဝမွာ ေမွာင္မိုက္တဲ့ ေန႔ရက္ေတြကို တေယာက္တည္း ရင္မဆိုင္ဘဲ ခ်စ္ခင္ရတ သူေတြဆီမွာ ရင္ဖြင့္ၾကည့္ပါ။
သင့္ကို နားလည္ေပးႏိုင္မယ့္သူ တေယာက္ပဲ ရွိရင္ေတာင္ အဲဒီလူနဲ႔အတူ အခက္အခဲေတြကို ေက်ာ္ျဖတ္ႏိုင္ပါလိမ့္မယ္။
(၅) ေကာင္းမြန္တဲ့ အမွတ္တရေတြကို ျပန္ေတြးေပးပါ
စိတ္ထိခိုက္ေနခ်ိန္မွာ အရင္က ေပ်ာ္႐ႊင္စရာေကာင္းတဲ့ အရာေတြ ျပန္ေတြးေပးပါ။
သင့္ေခြးေလးနဲ႔ အတူေဆာ့တာ ျဖစ္ျဖစ္၊ အႀကိဳက္ဆုံး ႐ုပ္ရွင္ကားတကား ၾကည့္ခဲ့ရတာ ျဖစ္ျဖစ္ေပ့ါ။
(၆) သင့္ကို ေပ်ာ္႐ႊင္မႈေပးႏိုင္တဲ့ အလုပ္အေပၚ အာ႐ုံစိုက္ပါ
ေငြေနာက္ပဲ အၿမဲလိုက္ၿပီး အလုပ္လုပ္မယ့္အစား သင့္ကို ေပ်ာ္႐ႊင္ေစမယ့္ အလုပ္တခု အေပၚလည္း အာ႐ုံစိုက္ သင့္ပါတယ္။
အားလပ္ခ်ိန္ မရွိရင္ေတာင္ ဝါသနာပါတဲ့ အလုပ္အတြက္ အခ်ိန္တခု သတ္မွတ္ၿပီး တစိုက္မတ္မတ္ လုပ္သင့္ပါတယ္။
(၇) ျဖစ္လာသမွ် အားလုံးဟာ ခဏပါပဲ
“ေပ်ာ္ျခင္း၊ ဝမ္းနည္းျခင္း၊ ခ်စ္ျခင္း၊ မုန္းျခင္း” ေတြဟာ ယာယီပါပဲ။
ဘယ္အရာမွ အၿမဲ မတည္ၿမဲဘူး ဆိုတာ ႏွလုံးသြင္းႏိုင္မယ္ဆိုရင္ လက္ရွိျဖစ္ေနတဲ့ ျပႆနာအေပၚ စိတ္ေျဖသြားႏိုင္မွာပါ။
လူတိုင္း ဝမ္းနည္း၊ စိတ္ထိခိုက္ ရတဲ့အခ်ိန္ေတြမွာ အလြယ္တကူ လက္ေလွ်ာ့ အရႈံးမေပးဘဲ အထက္မွာ
ေရးခဲ့တဲ့ အခ်က္ေတြကို ေသခ်ာထည့္ စဥ္းစားၿပီး ရင့္က်က္တည္ၿငိမ္တဲ့ စိတ္ထားတခု ပိုင္ဆိုင္ႏိုင္ဖို႔ အႀကံျပဳ ေရးသားလိုက္ပါတယ္။
Unicode
စိတ်ထိခိုက် ၊ စိတ်ညစ်နေချိန်မှာ သတိရသင့်တဲ့ အကြောင်းအရာ ၇ ခု
တခါတလေ အကြောင်းပြချက် မရှိဘဲ
“လူတွေအားလုံးက ကိုယ့်ဘက်မှာ မရှိဘူး၊ တလောကလုံးမှာ ကိုယ့်လောက် အသုံးမကျတဲ့သူ ၊ ကံဆိုးတဲ့သူ မရှိဘူးရယ်” လို့
တွေးမိတဲ့ အခိုက်အတန့် လူတိုင်းမှာ ရှိကြမှာပါ။ အမြဲတမ်း ပျော်ချင်ပေမယ့် မပျော်ရသလို စိတ်ခံစားမှုတွေ ပြင်းထန်ပြီး
အလိုလို ဝမ်းနည်းမိတဲ့ ကာလကို ဖြတ်ကျော်ဖို့အတွက် အောက်ပါ အချက်တွေကို သတိရသင့်ပါတယ်။
(၁) နာကျင်မှုမရှိဘဲ မရင့်ကျက်နိုင်ပါဘူး
ဘဝမှာ ကြုံလာရတဲ့ အခက်အခဲ ဒုက္ခတွေကသာ သင့်ကို ရင့်ကျက်တဲ့ လူတယောက်အဖြစ် ပြောင်းလဲ ပေးမှာပါ။
ဝမ်းနည်းစရာ အဖြစ်အပျက်တွေကို ဖြတ်ကျော်ပြီးတဲ့နောက် သင်ဟာ မထင်မှတ်ထား လောက်အောင် သန်မာလာပါလိမ့်မယ်။
(၂) ဘဝရဲ့ ရည်မှန်းချက်ကို သတိရပါ
သင့်ကို တွန်းအားပေးနေတာက ဘယ်အရာလဲ။
“မနက်နိုးနိုးခြင်းမှာ စဉ်းစားမိတဲ့ ရည်မှန်းချက်က ဘာလဲ” ဆိုတာ သိအောင်လုပ်ပါ။
ဒုက္ခတွေနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာတောင် သင့်ရဲ့ ရည်မှန်းချက်အတွက် နောက်ပြန် မလှည့်ဘဲ ရှေ့ကို ဆက်လျှောက်ပါ။
(၃) စိတ်ခံစားချက်တွေကို လက်ခံဖို့ သတိရပါ
တခါတလေ စိတ်က ဖြစ်နေတာကို အရှိအတိုင်း လက်ခံပေးပါ။
အတင်းကြီး ထိန်းချုပ်ထားတာမျိုး မလုပ်ဘဲ အလိုက်သင့်လေး ဖြစ်အောင် နေကြည့်ပေးပါ။
(၄) မိသားစုနဲ့ သူငယ်ချင်းတွေ သင့်ဘေးမှာ ရှိနေပါတယ်
ဘဝမှာ မှောင်မိုက်တဲ့ နေ့ရက်တွေကို တယောက်တည်း ရင်မဆိုင်ဘဲ ချစ်ခင်ရတ သူတွေဆီမှာ ရင်ဖွင့်ကြည့်ပါ။
သင့်ကို နားလည်ပေးနိုင်မယ့်သူ တယောက်ပဲ ရှိရင်တောင် အဲဒီလူနဲ့အတူ အခက်အခဲတွေကို ကျော်ဖြတ်နိုင်ပါလိမ့်မယ်။
(၅) ကောင်းမွန်တဲ့ အမှတ်တရတွေကို ပြန်တွေးပေးပါ
စိတ်ထိခိုက်နေချိန်မှာ အရင်က ပျော်ရွှင်စရာကောင်းတဲ့ အရာတွေ ပြန်တွေးပေးပါ။
သင့်ခွေးလေးနဲ့ အတူဆော့တာ ဖြစ်ဖြစ်၊ အကြိုက်ဆုံး ရုပ်ရှင်ကားတကား ကြည့်ခဲ့ရတာ ဖြစ်ဖြစ်ပေါ့။
(၆) သင့်ကို ပျော်ရွှင်မှုပေးနိုင်တဲ့ အလုပ်အပေါ် အာရုံစိုက်ပါ
ငွေနောက်ပဲ အမြဲလိုက်ပြီး အလုပ်လုပ်မယ့်အစား သင့်ကို ပျော်ရွှင်စေမယ့် အလုပ်တခု အပေါ်လည်း အာရုံစိုက် သင့်ပါတယ်။
အားလပ်ချိန် မရှိရင်တောင် ဝါသနာပါတဲ့ အလုပ်အတွက် အချိန်တခု သတ်မှတ်ပြီး တစိုက်မတ်မတ် လုပ်သင့်ပါတယ်။
(၇) ဖြစ်လာသမျှ အားလုံးဟာ ခဏပါပဲ
“ပျော်ခြင်း၊ ဝမ်းနည်းခြင်း၊ ချစ်ခြင်း၊ မုန်းခြင်း” တွေဟာ ယာယီပါပဲ။
ဘယ်အရာမှ အမြဲ မတည်မြဲဘူး ဆိုတာ နှလုံးသွင်းနိုင်မယ်ဆိုရင် လက်ရှိဖြစ်နေတဲ့ ပြဿနာအပေါ် စိတ်ဖြေသွားနိုင်မှာပါ။
လူတိုင်း ဝမ်းနည်း၊ စိတ်ထိခိုက် ရတဲ့အချိန်တွေမှာ အလွယ်တကူ လက်လျှော့ အရှုံးမပေးဘဲ အထက်မှာ
ရေးခဲ့တဲ့ အချက်တွေကို သေချာထည့် စဉ်းစားပြီး ရင့်ကျက်တည်ငြိမ်တဲ့ စိတ်ထားတခု ပိုင်ဆိုင်နိုင်ဖို့ အကြံပြု ရေးသားလိုက်ပါတယ်။