(၁) စုံစမ်းနိုင်တယ်
Credit
Unicode
မိန်းကလေးတွေမှာပဲ ရှိနေတတ်တဲ့ စူပါ ပါဝါ အရည်အချင်းများ (ညီမလေးမှာ ဘယ်နှစ်ခုလောက်ရှိလဲ ဖြေခဲ့အုံး)
မိန်းကလေးနဲ့ ယောင်္ကျားလေးက ကွာခြားမှုတွေ တော်တော်လေး ရှိနေပါတယ်။
ဒါကြောင့် ခန္ဓာကိုယ် ပုံစံတင် မတူရုံ မဟုတ်ဘဲ အတွေးတွေ၊ ပြုမူတုန့်ပြန် ပုံတွေပါ မတူ ဖြစ်နေကြတာပါ။
ကောင်လေးတွေ အများစုမှာ ရှိမနေ တတ်တဲ့ အရည်အချင်းတွေ ကိုလည်း
မိန်းကလေးတွေကပဲ ပိုင်ဆိုင် ထားကြ ပါတယ်။ မိန်းကလေးတွေ မှာ ရှိနေတဲ့ စူပါ ပါဝါတွေကတော့
(၁) စုံစမ်းနိုင်တယ်
မိန်းကလေးတွေမှာ စူးရှတဲ့ အမြင်တွေ ရှိပါတယ်။
ဒါကြောင့် သူတို့က တစ်ခုပြရုံနဲ့ နောက်ကွယ်က အခြေအနေ ကိုပါ သိကြ ပါတယ်။
လူကဲခတ် မြန်တဲ့ သူတွေ လည်း ဖြစ်နေပါတယ်။
ဒါကြောင့် အင်တာနက် သုံးစွဲနေရုံနဲ့ လူမှု ကွန်ယက် ကနေ
လူတစ်ယောက် အကြောင်းကို သိအောင် လုပ်နိုင်နေကြ တာလည်း ဖြစ်ပါ တယ်။
(၂) တပြိုင်တည်း အလုပ် ၃ ခုလောက် လုပ်လို့ ရတယ်
သီချင်းဖွင့်ပြီး စာလုပ်ရင်း မုန့်စားနေ တာမျိုးကို မိန်းကလေးတွေပဲ အများဆုံး လုပ်နိုင်တာပါ။
ကောင်လေး အများစု ကတော့ အာရုံတစ်ခုဆို နောက်တစ်ခုကို
အာရုံစိုက် မရတာမျိုး ရှိတတ် ပါတယ်။ မိန်းကလေးတွေ ကတော့ အမြဲလိုလို တစ်ချိန်တည်းမှာ
အလုပ်နှစ်ခု လုပ်နေတာ မျိုးကို လုပ်တတ်ကြ သူတွေ ဖြစ်ပါ တယ်။
(၃) စားချင်တာပဲ စားဝင်တယ်
မိန်းကလေးတွေ အများစုက ဘယ်လောက်ပဲ မစားနိုင်ဘူး
ဆိုရင်တောင် သူတို့ စားချင်တဲ့အရာဆိုရင် အများကြီး စားနိုင်ကြ ပါတယ်။
ဒါကြောင့် အစား သရဲလေးအများစုကို ကြည့်ရင် မိန်းကလေးတွေ အများဆုံး တွေ့ရတာ ဖြစ် ပါတယ်။
မိန်းကလေးတွေက စားဖို့ကို အမြဲ စိတ်ဝင်စားနေသူတွေလည်း များနေပါတယ်။
(၄) စိတ်ဆုံးဖြတ်တာနဲ့ လုပ်နိုင်တယ်
မိန်းကလေးတွေက ယောင်္ကျားလေးတွေလောက် အရည်အချင်း မရှိဘူးလို့
ပြောတတ်ကြပေမယ့် မိန်းကလေးတွေက ဝိရီယ ရှိကြ တာ များပါတယ်။
ဒါကြောင့် မိန်းကလေးတွေက စိတ်ဆုံးဖြတ်ချက် ချလိုက်တာနဲ့
မဖြစ်ဖြစ်အောင် လုပ်နိုင်တတ် ကြပါတတယ်။ သူတို့ရဲ့ အရည်အချင်းတွေက သူတို့စိတ်ပေါ် မူတည်နေတာပါ။
(၅) စိတ်ဓာတ်ကြံ့ခိုင်တယ်
မိန်းကလေးတွေကို ပျော့ညံ့တယ်လို့ ပြောကြပေမယ့် မိန်းကလေးတွေက စိတ်ဓာတ်မာကြောသူတွေ ဖြစ်ပါတယ်။
ခွန်အားအရ အားနည်းပေမယ့် စိတ်အရကတော့ ကောင်လေးတွေ လုံးဝ မယှဉ်နိုင် ပါဘူး။
ဒါကြောင့် မိခင်မေတ္တာက ပိုပြီး ကြီးမား တယ်လို့ ပြောစမှတ်ပြုတာပဲ ဖြစ်ပါတယ်။
မိန်းကလေးတွေ မိခင်ဘဝ ကိုလည်း သတ္တိရှိရှိ ဘာမဆို ရင်ဆိုင်ပြီး ရပ်တည်ရဲသလို
သာမန် မိန်းကလေး ဘဝမှာလည်း ရင်ဆိုင်ရဲ ကြတာ များပါတယ်။