(၃) ကတိမတည်တဲ့သူ
credit
Unicode
သင့်လို မိန်းမကောင်းနဲ့ မထိုက်တန်လို့ လက်မတွဲသင့်တဲ့ ယောင်္ကျား
မိန်းကလေးတွေက ချစ်မိပြီဆိုရင် သူတို့ရဲ့ ကိုယ်စိတ်နှလုံး သုံးပါးလုံးကို
အဲ့ဒီအမျိုးသားအပေါ် နှစ်မြုပ်ပြီး စိတ်ကောင်းထား ချစ်ခင်တတ်ကြပါတယ်။
ဒါပေမယ့်လည်း စိတ်ကောင်းထားတဲ့ အမျိုးသမီးတွေရဲ့ တန်ဖိုးကို အမျိုးသားတိုင်း နားမလည်တတ်ကြပါဘူး။
အခုဖော်ပြမယ့် ယောင်္ကျားအမျိုးအစားတွေကတော့
သင်က ဘယ်လိုပဲကောင်းကောင်း သင့်တန်ဖိုးကို နားမလည်တဲ့သူတွေ ဖြစ်နေပါတယ်။
(၁) သင်က သူမရှိရင် အသက်မရှင်နိုင်မယ့်သူလို့ ထင်တဲ့သူ
တစ်ချို့သူတွေက ချစ်တာမျိုး မဟုတ်ပဲ သူများ ချစ်ခြင်းကို သာယာတတ်ကြတာမျိုး ရှိပါတယ်။
သူတို့ကတော့ ဒီလို ဆက်ဆံရေးက မကောင်းဘူးလို့ ယူဆတတ်ကြပါသေးတယ်။
သူတို့နဲ့တွဲနေတဲ့သူက သူတို့ကို အမြဲ ချစ်ခင်နေပြီး
ထိုသူရဲ့ အရာရာတိုင်းက သူတို့အပေါ် မူတည်နေတာလို့ တွေးနေကြသူတွေပါ။
သူတို့က သူတို့ရဲ့ လိုအပ်မှုကို မမြင်ပဲနဲ့ တစ်ခြားတစ်ယောက်ရဲ့
အချစ်တွေကို သူတို့ပေါ် တွယ်ကပ်တာမျိုးလို့ မြင်တတ်ကြတာမျိုးပါ။
(၂) သင့်ကို ချုပ်ကိုင်ချင်တဲ့သူ
လူတိုင်းက ကိုယ့်စိတ်နဲ့ကိုယ် ရှိတတ်ကြပါတယ်။
ကိုယ်ပိုင်ပုံစံတွေထဲမှာမှ မလိုလားအပ်တဲ့ အကျင့်ဆိုးတွေကို
ထိန်းညှိရင်း ဘဝမှာ နေထိုင်ဖြတ်သန်းကြရတာ ဖြစ်ပါတယ်။
ဒါပေမယ့် သူကတော့ သင့်ကို အမြဲ သူ့အလိုဆန္ဒအတိုင်း ဖြစ်ချင်တတ်ကြပါတယ်။
သင့်ကို အနေရအထိုင်ရခက်အောင် ဖြစ်လုပ်တတ်ကြပြီး
သင့်အဆင်မပြေဖြစ်မှုကို ဘယ်တော့မှ တွေးမပေးတတ်ကြတဲ့သူတွေလည်း ဖြစ်နေပါတယ်။
သူတို့က သင်နဲ့ ပတ်သတ်ရင် သူ့မှာ အရာရာ တာဝန်ရှိတယ် ယူဆတတ်ပြီး သူတို့သဘောအတိုင်းပဲ ဖြစ်ချင်တတ်ကြပါတယ်။
သင့်တန်ဖိုးကို ဘယ်တော့ မမြင်မယ့် သူတွေလည်း ဖြစ်ပါတယ်။
(၃) ကတိမတည်တဲ့သူ
ဒီလို လူမျိုးက သင့်ကို သူ ပေးခဲ့သမျှ ကတိတိုင်းကို နောက် မဖြစ်စေရတော့ပါဘူး
ဆိုတဲ့ စကားကို အတွင်တွင်ပြောပြီး တစ်ခါမှ ကတိမတည်တဲ့သူတွေ ဖြစ်ပါတယ်။
စကားလုံးနဲ့ အလွယ် စိတ်ကို နှစ်သိမ့်တတ်တဲ့သူမျိုး ဖြစ်ပါတယ်။
အပြောပဲ ရှိပြီး စိတ်ထဲကနေ တန်ဖိုးမထားတတ်သူတွေ ဖြစ်ပါတယ်။
သင့်ကိုလည်း တန်ဖိုးထားလာမှာ မဟုတ်သလို ယုံကြည်ဖို့ ခက်တဲ့သူမျိုးဖြစ်ပါတယ်။
(၄) သင့်ကို နုံတယ်လို့ ထင်တဲ့သူ
သင့်ရဲ့ အကောင်းမြင်စိတ်ထားတတ်မှု၊ သည်းခံတတ်မှုတွေကို မသိတဲ့သူမျိုးတွေ ဖြစ်ပါတယ်။
သူတို့က သင်က မရင့်ကျက်သလို အရမ်းပျင်းဖို့ကောင်းတဲ့ ခပ်နုံနုံကောင်မလေးလို့ပဲ ထင်တတ်ကြပါတယ်။
သင့်ရဲ့ သဘောထားတွေကို တန်ဖိုးမထားတတ်ပဲ သင့်အရှိကို
လက်မခံနိုင်ပဲ နုံအတယ်ဆိုပြီး တစ်ဖက်သတ် ထင်မြင်နေတဲ့သူမျိုးတွေ ဖြစ်ပါတယ်။
သူတို့တွေကို သင့်ကို လေးစားမှု ပေးလာမယ့်သူတွေလည်း မဟုတ်ပါဘူး။
(၅) သင့်ထက် တစ်ခြားသူတွေကို ဦးစားပေးသူ
ကိုယ်ချစ်တဲ့သူက ကိုယ့်ကို အဓိက တွေးပေးစေချင်တာကတော့ ချစ်သူတွေတိုင်း လိုချင်တတ်ကြတဲ့ အရာပါ။
ဒါပေမယ့် သူကတော့ သင့်ထက် တစ်ခြားသူတွေရဲ့ ဆန္ဒတွေကိုသာ အလေးထားတတ်ပါတယ်။
အမြဲတမ်း တစ်ခြားသူတွေက ဘယ်လို ဘယ်ညာနဲ့ ပြောဆိုနေတတ်ပါတယ်။
တစ်ခြားသူတွေရဲ့ အာရုံနဲ့ အဆင်မပြေမှုတွေ မဖြစ်စေဖို့ကိုသာ
သူတို့ အာရုံထဲမှာ ရှိပြီး သင် ဘယ်လိုပဲ ဖြစ်ဖြစ် ဂရုမစိုက်တဲ့သူတွေလည်း ဖြစ်ပါတယ်။
ရေရှည်မှာ သင့်ကို စိတ်အနှောက်အယှက် အမြဲ ပေးမယ့် သူမျိုးတွေလည်း ဖြစ်ပါတယ်။
(၆) သင့်ရဲ့ အကောင်းမြင်မှုကို အားနည်းချက်လို့ မြင်တဲ့သူ
သင်နဲ့ အကျင့်စရိုက် မတူသူ ဖြစ်ပါတယ်။
သင့်ရဲ့ မေတ္တာတရား၊ အကောင်းမြင်မှု၊ ကြင်နာတတ်မှုကို သူက သင့်ရဲ့ အားနည်းချက်တွေလို့ မြင်တဲ့သူ ဖြစ်ပါတယ်။
သင်ကတော့ သူ တစ်နေ့နေ့ ပြောင်းလဲလာမှာပဲလို့ မျှော်လင့်နေတတ်ပြီး
အခွင့်အရေးတွေ အခါခါ ပေးတတ်ပေမယ့် သူကတော့ ဘယ်တော့မှ ပြောင်းလဲ မလာတတ်ကြပါဘူး။
သူက ဘယ်တော့မှ သင့်ကို နားလည်လာမှာလည်း မဟုတ်ပါဘူး။
(၇) သင်က သူ့ကို အမြဲ ချစ်ပြီး သူ့အတွက်ပဲလို့ ထင်နေတဲ့သူ
သင်ကတော့ ချစ်တဲ့စိတ်နဲ့ သူ့အပေါ် အရာရာ သည်းခံတတ်ပေမယ့်
သူကတော့ သင့်အချစ်ကို ဘယ်တော့မှ တန်ဖိုး မထားတတ်ပါဘူး။
သူကတော့ သင် ဘာလုပ်လုပ် ပျော်နေတတ်ပေမယ့်လည်း တန်ဖိုး မထားတတ်ပါဘူး။
သူက သင့်အတွက် ဘာတစ်ခုမှ မပြောင်းလဲပေးတတ်ပါဘူး။
သင်က အမြဲ သူ့ဘေးမှာ ရှိနေမှာဆိုပြီး သင့်ကို ဘယ်တော့မှ အလေးမထား တန်ဖိုး မထားပါဘူး။
သူ ဘယ်လို လုပ်လုပ် သင်က သူ့ကို အမြဲ ချစ်နေမှာဆိုတာက သင့်ကို တန်ဖိုးမထားတာကို ဖော်ပြနေတာ ဖြစ်ပါတယ်။
credit