Love













(၂) ချွေတာတတ်တာ





(၃) စည်းစနစ်ရှိတာ





(၄) လှလှပပ ပြင်တတ်တာ




(၅) သိမ်မွေ့တာ




credit

Unicode

ယောင်္ကျားလေးတွေ စိတ်ကူးထဲက လိုချင်တဲ့ မိန်းကလေးတွေရဲ့ အရည်အချင်းများ

မိန်းကလေးတွေမှာ ကိုယ့်ရဲ့ လက်တွဲဖော်အဖြစ် သတ်မှတ်ထားတဲ့ ပုံစံ ရှိကြသလိုပဲ

ယောင်္ကျားလေးတွေမှာလည်း စိတ်ကူးထဲက လိုချင်တဲ့ မိန်းကလေးပုံစံ ရှိနေတတ်ပါတယ်။

မိန်းကလေးတွေလို ထုတ်ပြောလေ့ မရှိပေမယ့် ဒီလိုအရည်အချင်းတွေရှိတဲ့

မိန်းကလေးတွေကို ကောင်လေးတွေက သဘောကျနှစ်သက်တတ်ပါတယ်။

(၁) အိမ်မှုကိစ္စနိုင်နင်းတာ

ကောင်လေးတွေက အိမ်မှုကိစ္စတွေကို နိုင်နင်းအောင် လုပ်တတ်တဲ့

ကောင်မလေးတွေကိုတော့ အလွန်ကို သဘောကျတတ်ပါတယ်။

ယောင်္ကျားလေး အများစုက အိမ်ကိစ္စတွေ လုပ်ရတာကို စိတ်မပါတတ်ကြပါဘူး။

ဒါပေမယ့်လည်း အိမ်မှာတော့ သန့်ရှင်းလေ ကြိုက်လေ ပါပဲ။

ဒါကြောင့် အိမ်မှုကိစ္စတွေ လုပ်နိုင်တဲ့ ကောင်မလေးတွေကို သဘောကျရခြင်း ဖြစ်ပါတယ်။

(၂) ချွေတာတတ်တာ

ယောင်္ကျားလေး အများစုက ငွေအသုံးမတတ်ကြပါဘူး။

ရှာတာသာ မများရင် ရှိမယ် သူတို့ ငွေကုန်သွားတာကိုတော့ သဘောမကျတတ်ပါဘူး။

ဒါကြောင့် သူတို့က ငွေကို ချွေတာတတ်တာက

ငွေဖြုန်းတာထက် ပိုပြီး စိတ်ချမ်းသာစေလို့ နှစ်သက်ကြပါတယ်။

(၃) စည်းစနစ်ရှိတာ

ယောင်္ကျားလေး အများစုက စည်းမရှိ ရှိဖို့ကို ဝန်လေးနေတတ်ပါတယ်။

ဒီအတွက် ဘေးကနေ သူတို့ကို ထိန်းသိမ်းပေးတာကိုလည်း သဘောကျတတ်ကြပါတယ်။

ဒါကြောင့် ငွေကြေးသုံးစွဲမှုနဲ့ တစ်ခြားသောကိစ္စရပ်တွေမှာ

စည်းစနစ်ရှိတဲ့သူမှသာ သူတို့အတွက် အဆင်ပြေမယ်တွေးပြီး နှစ်သက်ကြတာ ဖြစ်ပါတယ်။

(၄) လှလှပပ ပြင်တတ်တာ

အလှမကြိုက်တဲ့ ယောင်္ကျားလေးဆိုတာ မရှိပါဘူး။

ဘယ်လောက်ပဲ သဘာဝဆန်တယ်ဆိုပြီး မပြင်မဆင်ပဲ နေသည်ဖြစ်စေ၊

အပြင်သွားတဲ့အချိန်မှာတော့ ဖက်ရှင်ကျ လှလှလေး မြင်လိုကြတာ ယောင်္ကျားလေး သဘာဝပဲ ဖြစ်ပါတယ်။

(၅) သိမ်မွေ့တာ

စကားပြောချိုသာပြီး သိမ်မွေ့တာမျိုးကိုလည်း လိုချင်တတ်ကြပါသေးတယ်။

ဆူပူကြိမ်းမောင်းတဲ့ အမျိုးသမီးတွေထက် နူးနူးညံ့ညံ့ ချိုချိုသာသာ

ပြောတတ်တဲ့ မိန်းကလေးတွေကို ပိုသဘောကျကြပါတယ်။

credit