Love

ဘယ္ေတာ့မွမခၽြဲတတ္တဲ့ ေကာင္မေလးေတြရဲ႕ သူမ်ားနဲ႔မတူတဲ့အက်င့္စရိုက္ေလးမ်ား

ဘယ္ေတာ့မွမခၽြဲတတ္တဲ့ ေကာင္မေလးေတြရဲ႕ သူမ်ားနဲ႔မတူတဲ့အက်င့္စရိုက္ေလးမ်ား

မိန္းကေလးတိုင္းက ခၽြဲတတ္ေနတာမ်ိဳး မဟုတ္ပါဘူး။

ေကာင္ေလးေတြ အရည္ေပ်ာ္သြားေလာက္ေအာင္ကို ခၽြဲတတ္ၾကတဲ့သူေတြ ရွိေပမယ့္

တစ္ခ်ိဳ႕ကေတာ့ နည္းနည္းေလးေတာင္ မခၽြဲတတ္ၾကပါဘူး

သူတို႔လို မခၽြဲတတ္တဲ့ မိန္းကေလးမွာေတာ့ သူမ်ားထက္ အနည္းငယ္ ထူးျခားတဲ့

အက်င့္စရိုက္ေလးေတြ ရွိေနတတ္ပါတယ္။

မခၽြဲတတ္တဲ့ ေကာင္မေလးေတြမွာ ဒီလိုမ်ိဳး အရာေတြကို ျမင္ေတြ႔ရမွာပါေနာ္

(၁) လြယ္လြယ္ အထင္မႀကီးဘူး

သူတုိ႔ေတြက လူတစ္ေယာက္ကို လြယ္လြယ္နဲ႔ အထင္ႀကီးတဲ့အက်င့္မ်ိဳး မရွိၾကပါဘူး။

လူတစ္ေယာက္ကို ျမင္ရံုနဲ႔ အထင္ႀကီးလို႔ မရသလို ရင္းႏွီးသြားတိုင္းလည္း

အထင္ႀကီးလို႔ မျဖစ္ေသးဘူးဆိုတာမ်ိဳးကို သူတို႔က ေကာင္းေကာင္း နားလည္တတ္ၾကပါတယ္

အဲ႔ဒါေၾကာင့္ သူတို႔က တျခားတေယာက္ကို အထင္ႀကီးၿပီး ဖားတာမ်ိဳးကိုလည္း မလုပ္တတ္ ၾကပါဘူး

(၂) အရည္အခ်င္းကို ျမတ္ႏိုးတယ္

လူတစ္ေယာက္မွာ ရွိတဲ့ ေငြေတြ၊ ဂုဏ္ေတြထက္ အရည္အခ်င္းကို ပိုၿပီး ျမတ္ႏိုးတတ္ၾကတဲ့သူေတြ ျဖစ္ပါတယ္။

မိန္းကေလးခ်င္းလည္း အရည္အခ်င္း ရွိတဲ့သူေတြကို သေဘာက်တာနဲ႔ ေလးစားမႈေတြ ေပးတတ္ၾကပါတယ္

ကိုယ္ေရးကိုယ္တာကို အသံုးခ်ၿပီး ေအာင္ျမင္တဲ့သူေတြထက္

ကိုယ့္အရည္အခ်င္းနဲ႔ ႀကိဳးစားတာကို ပိုၿပီး တန္ဖိုးထားတတ္တဲ့ သူေတြလည္း ျဖစ္ၾကပါတယ္

(၃) မခၽြဲခ်င္ဘူး

မခၽြဲတတ္တဲ့ ေကာင္မေလးေတြက မခၽြဲတတ္လုိ႔ မခၽြဲတာမ်ိဳး

မဟုတ္ဘဲ သူတို႔ကိုယ္တိုင္က ခၽြဲဖို႔ ဆႏၵ မရွိၾကတာမ်ိဳး ျဖစ္ပါတယ္။

လူတစ္ေယာက္ကို ခၽြဲၿပီး မ်က္ႏွာခ်ိဳလည္း မေသြးတတ္သလို

ခၽြဲၿပီး ဆြဲေဆာင္တတ္တာမ်ိဳးကိုလည္း ႏွစ္သက္မႈ မရွိတဲ့သူေတြ ျဖစ္ပါတယ္

အေၾကာင္းအရာတစ္ခုကို ေျဖရွင္းရင္ေတာင္ အက်ိဳးသင့္ အေၾကာင္းသင့္ပဲ

ေျဖရွင္းတတ္ၿပီး ခၽြဲၿပီး ေျဖရွင္းဖို႔ကိုလည္း စဥ္းစားေလ့ မရွိၾကသူေတြ ျဖစ္ပါတယ္

(၄) အရွိအတိုင္းပဲ ေျပာတယ္

သူတုိ႔က တစ္ခုခုကို ေျပာတဲ့အခါမွာ ၾကည့္ေကာင္းေအာင္ေတာ့ ေျပာတတ္ေပမယ့္လည္း

ခၽြဲၿပီး ေျပာတာမ်ိဳးေတြ မလုပ္တတ္ၾကပါဘူး။ ဒီအတြက္ သူတို႔က ကိုယ့္ခ်စ္သူေကာင္ေလးကိုေတာင္

အရွိအတိုင္း ဒဲ႔တိုးပဲ ေျပာတတ္ၾကပါတယ္။ ေကြ႔ဝိုက္ၿပီး ေျပာဆိုရတာမ်ိဳးကို မႏွစ္သက္ၾကတဲ႔ သူေလးေတြပါ

(၅) သူမ်ားႀကိဳက္ေအာင္ မေနေပးႏိုင္ဘူး

သူတို႔ေတြရဲ႕ အထူးျခားဆံုးအခ်က္က ခ်စ္တဲ့သူက ခ်စ္လာမွာပဲလို႔ ေတြးၾကသလို

တျခားတစ္ေယာက္ သေဘာက်ဖို႔ ကိုယ့္ရဲ႕ ပံုစံကို ေျပာင္းလဲေပးရရင္ ဟန္ေဆာင္မႈလို႔ ေတြးထားၾကတာ ျဖစ္ပါတယ္

ဒီအတြက္ ကိုယ့္ရဲ႕ ပကတိအတိုင္းကို ခ်စ္ေပးမယ့္သူေတြကိုသာ လိုခ်င္ၾကပါတယ္။

အမ်ားႀကိဳက္ေအာင္လို႔ သူတို႔ရဲ႕ ပံုစံကို ေျပာင္းလဲ ဟန္ေဆာင္တာမ်ိဳးေတြလည္း မလုပ္တတ္ၾကပါဘူးေနာ္ …။ ။

Credit

Unicode

ဘယ်တော့မှမချွဲတတ်တဲ့ ကောင်မလေးတွေရဲ့ သူများနဲ့မတူတဲ့အကျင့်စရိုက်လေးများ

မိန်းကလေးတိုင်းက ချွဲတတ်နေတာမျိုး မဟုတ်ပါဘူး။

ကောင်လေးတွေ အရည်ပျော်သွားလောက်အောင်ကို ချွဲတတ်ကြတဲ့သူတွေ ရှိပေမယ့်

တစ်ချို့ကတော့ နည်းနည်းလေးတောင် မချွဲတတ်ကြပါဘူး

သူတို့လို မချွဲတတ်တဲ့ မိန်းကလေးမှာတော့ သူများထက် အနည်းငယ် ထူးခြားတဲ့

အကျင့်စရိုက်လေးတွေ ရှိနေတတ်ပါတယ်။

မချွဲတတ်တဲ့ ကောင်မလေးတွေမှာ ဒီလိုမျိုး အရာတွေကို မြင်တွေ့ရမှာပါနော်

(၁) လွယ်လွယ် အထင်မကြီးဘူး

သူတို့တွေက လူတစ်ယောက်ကို လွယ်လွယ်နဲ့ အထင်ကြီးတဲ့အကျင့်မျိုး မရှိကြပါဘူး။

လူတစ်ယောက်ကို မြင်ရုံနဲ့ အထင်ကြီးလို့ မရသလို ရင်းနှီးသွားတိုင်းလည်း

အထင်ကြီးလို့ မဖြစ်သေးဘူးဆိုတာမျိုးကို သူတို့က ကောင်းကောင်း နားလည်တတ်ကြပါတယ်

အဲ့ဒါကြောင့် သူတို့က တခြားတယောက်ကို အထင်ကြီးပြီး ဖားတာမျိုးကိုလည်း မလုပ်တတ် ကြပါဘူး

(၂) အရည်အချင်းကို မြတ်နိုးတယ်

လူတစ်ယောက်မှာ ရှိတဲ့ ငွေတွေ၊ ဂုဏ်တွေထက် အရည်အချင်းကို ပိုပြီး မြတ်နိုးတတ်ကြတဲ့သူတွေ ဖြစ်ပါတယ်။

မိန်းကလေးချင်းလည်း အရည်အချင်း ရှိတဲ့သူတွေကို သဘောကျတာနဲ့ လေးစားမှုတွေ ပေးတတ်ကြပါတယ်

ကိုယ်ရေးကိုယ်တာကို အသုံးချပြီး အောင်မြင်တဲ့သူတွေထက်

ကိုယ့်အရည်အချင်းနဲ့ ကြိုးစားတာကို ပိုပြီး တန်ဖိုးထားတတ်တဲ့ သူတွေလည်း ဖြစ်ကြပါတယ်

(၃) မချွဲချင်ဘူး

မချွဲတတ်တဲ့ ကောင်မလေးတွေက မချွဲတတ်လို့ မချွဲတာမျိုး

မဟုတ်ဘဲ သူတို့ကိုယ်တိုင်က ချွဲဖို့ ဆန္ဒ မရှိကြတာမျိုး ဖြစ်ပါတယ်။

လူတစ်ယောက်ကို ချွဲပြီး မျက်နှာချိုလည်း မသွေးတတ်သလို

ချွဲပြီး ဆွဲဆောင်တတ်တာမျိုးကိုလည်း နှစ်သက်မှု မရှိတဲ့သူတွေ ဖြစ်ပါတယ်

အကြောင်းအရာတစ်ခုကို ဖြေရှင်းရင်တောင် အကျိုးသင့် အကြောင်းသင့်ပဲ

ဖြေရှင်းတတ်ပြီး ချွဲပြီး ဖြေရှင်းဖို့ကိုလည်း စဉ်းစားလေ့ မရှိကြသူတွေ ဖြစ်ပါတယ်

(၄) အရှိအတိုင်းပဲ ပြောတယ်

သူတို့က တစ်ခုခုကို ပြောတဲ့အခါမှာ ကြည့်ကောင်းအောင်တော့ ပြောတတ်ပေမယ့်လည်း

ချွဲပြီး ပြောတာမျိုးတွေ မလုပ်တတ်ကြပါဘူး။ ဒီအတွက် သူတို့က ကိုယ့်ချစ်သူကောင်လေးကိုတောင်

အရှိအတိုင်း ဒဲ့တိုးပဲ ပြောတတ်ကြပါတယ်။ ကွေ့ဝိုက်ပြီး ပြောဆိုရတာမျိုးကို မနှစ်သက်ကြတဲ့ သူလေးတွေပါ

(၅) သူများကြိုက်အောင် မနေပေးနိုင်ဘူး

သူတို့တွေရဲ့ အထူးခြားဆုံးအချက်က ချစ်တဲ့သူက ချစ်လာမှာပဲလို့ တွေးကြသလို

တခြားတစ်ယောက် သဘောကျဖို့ ကိုယ့်ရဲ့ ပုံစံကို ပြောင်းလဲပေးရရင် ဟန်ဆောင်မှုလို့ တွေးထားကြတာ ဖြစ်ပါတယ်

ဒီအတွက် ကိုယ့်ရဲ့ ပကတိအတိုင်းကို ချစ်ပေးမယ့်သူတွေကိုသာ လိုချင်ကြပါတယ်။

အများကြိုက်အောင်လို့ သူတို့ရဲ့ ပုံစံကို ပြောင်းလဲ ဟန်ဆောင်တာမျိုးတွေလည်း မလုပ်တတ်ကြပါဘူးနော် …။ ။

Credit