ခ်စ္သူအခ်င္းခ်င္း ထား႐ွိသင့္တဲ့ ကတိသစၥာ(၇)မ်ိဳး
လက္ထပ္တဲ့အခါမွာ ကတိသစၥာျပဳရတဲ့ ပုံစံမ်ိဳးေလးေတြဟာ အခု ေနာက္ပိုင္းမွာ ေခတ္စားလာခဲ့ပါတယ္။
အမွန္က ဒီ ယဥ္ေက်းမႈက ဟိုး ႏွစ္ေပါင္းမ်ားစြာကတည္းက ထြန္းကားလာခဲ့တဲ့ ပုံစံ ျဖစ္ပါတယ္။
အခုလည္း လက္ထပ္တဲ့အခါ အခ်င္းခ်င္း ကတိသစၥာျပဳသလိုပဲ
ခ်စ္သူေတြၾကားထဲမွာလည္း ထား႐ွိသင့္တယ္လို႔ ထင္ပါတယ္။
ဒီေတာ့ lifehack.com ကေန ထုတ္ႏႈတ္ၿပီး တင္ျပလိုက္ပါတယ္။
1. အခ်င္းခ်င္း ဂ႐ုတစိုက္ နားေထာင္မႈ႐ွိပါ့မယ္လို႔ ကတိသစၥာ ျပဳျခင္း
နားမေထာင္ဘဲ သတင္းအခ်က္အလတ္ မသိႏိုင္ဘူး၊
ခ်စ္သူေတြခ်င္းဟာ တစ္ေယာက္နဲ႔တစ္ေယာက္ စကားေတြ အမ်ားႀကီးေျပာတဲ့အခါမ်ိဳးမွာ
ကိုယ့္ရဲ႕ သတင္းအခ်က္အလတ္အခ်ိဳ႕ကို နားေထာင္သူကို ေျပာျပေပးေနရသလိုပါဘဲ။
အဲဒီလို နားေထာင္မႈ႐ွိပါမွ တစ္ေယာက္နဲ႔တစ္ေယာက္ အေရးႀကီးတဲ့ နားလည္မႈကို ရႏိုင္ပါတယ္။
2. အခ်င္းခ်င္း ေဖးမသင္ယူမႈ ႐ွိပါ့မယ္လို႔ ကတိသစၥာ ျပဳျခင္း
တစ္ေယာက္မတတ္ေသးတာကို တစ္ေယာက္က စိတ္႐ွည္႐ွည္နဲ႔ ေဖးေဖးမမ သင္ယူေပးဖို႔ ဝတၱရား႐ွိပါတယ္။
ဒါမွသာႏွစ္ေယာက္သား အိမ္ေထာင္ရက္သား က်သြားတဲ့အခါ အရာရာအတြက္ ႀကိဳတင္ျပင္ဆင္မႈျဖစ္မွာပါ။
3. တစ္ေယာက္အလိုကို တစ္ေယာက္လိုက္ပါ့မယ္လို႔ ကတိသစၥာျပဳျခင္း
ျဖစ္ႏိုင္ေခ်႐ွိတဲ့ ေတာင္းဆိုမႈတိုင္းအတြက္ ခ်စ္သူေတြၾကားမွာ တြက္ကတ္ေနစရာ မလိုပါဘူး။
မျဖစ္ႏိုင္တဲ့ ေတာင္းဆိုမႈမ်ိဳးကိုလည္း ကိုယ့္ဉာဏ္နဲ႔စဥ္းစားၿပီး မလုပ္မိဖို႔လည္း လိုပါတယ္။
4. တစ္သက္တာလုံး အတူတူ ေနသြားၾကမည္ဟု ကတိသစၥာျပဳျခင္း
အတူတူေနတယ္ဆိုတာက ခ်စ္သူဘဝမွာေတာ့ နည္းနည္း ေစာေသးတာေပါ့။
သို႔ေသာ္ တစ္ေယာက္ကိုတစ္ေယာက္ မေဖာက္မျပန္ မွန္ကန္ေသာ ခ်စ္ျခင္းနဲ႔
ဘယ္လိုအခ်ိန္မ်ိဳးမွာပဲျဖစ္ျဖစ္ သစၥာေစာင့္ထိန္းသင့္ပါတယ္။
5. အရာရာကို အတူလက္တြဲလုပ္ေဆာင္ပါမည္ဟု ကတိသစၥာျပဳျခင္း
ဘယ္လိုအရာပဲျဖစ္ျဖစ္ တိုင္တိုင္ပင္ပင္နဲ႔ အတူတူ လုပ္ေဆာင္ရမယ္၊
ကုမၼဏီတစ္ခုတည္းမွာ အလုပ္အတူတူရေအာင္ ႀကိဳးစားတာမ်ိဳးကို ဆိုလိုတာမဟုတ္၊
ကိုယ္လုပ္ႏိုင္တာမ်ိဳးကို မခိုကပ္ပဲ ဝင္ေရာက္ကူညီတာ၊ တစ္ေယာက္အလုပ္ကို
တစ္ေယာက္ကပိုၿပီး ထိေရာက္ေအာင္ အားေပးတာမ်ိဳးကို ဆိုလိုပါတယ္။
ေဘာလုံးအသင္းတစ္သင္းလိုပဲ ဂိုးမသြင္းရလည္း Assit လုပ္ေပးႏိုင္ရင္ အသင္းအတြက္ အက်ိဳး႐ွိတယ္ေလ။
6. အမွတ္တရအားလုံးကို အၿမဲအမွတ္တရ ႐ွိေနမည္ဟု ကတိသစၥာျပဳျခင္း
ခ်စ္သူေတြဘဝမွာ အမွတ္တရေတြက အမ်ားႀကီးေပါ့။
ဒါေပမယ့္ အဲဒီအထဲမွာမွ အေရးႀကီးဆုံးေတြကို စစ္ထုတ္လိုက္ရင္က်န္ေနတဲ့
ရက္စြဲေတြ အမွတ္တရေတြကို ႏွစ္ဦးသား မွတ္မွတ္ရရ ႐ွိေနရမယ္။
အေၾကာင္းသင့္တိုင္း အထိမ္းအမွတ္ပြဲလိုဟာမ်ိဳးေလးေတြ လုပ္ေပးရပါမယ္။
7. သစၥာေစာင့္သိပါမည္ဟု ကတိသစၥာျပဳပါတယ္
သစၥာတရားဟာ ခ်စ္သူေတြဘဝမွာ အသက္ေလာက္ကို အေရးႀကီးပါတယ္။
သစၥာမ႐ွိတဲ့ ခ်စ္ျခင္းမ်ိဳးဟာ ႐ြံဖြယ္ရာ ျဖစ္ၿပီးသစၥာေဖာက္သူဟာ လူမဆန္သူ၊ ႐ွက္စရာေကာင္းသူ ျဖစ္ပါတယ္။
ဒီေတာ့ ခ်စ္ျခင္းနဲ႔အတူ ဒြန္တြဲၿပီး တည္႐ွိေနတဲ့ သစၥာကို ေစာင့္ထိန္းဖို႔ ႏွစ္ဦးစလုံးမွာ တာဝန္႐ွိပါတယ္။
ဒီအခ်က္ကေတာ့ အေရးႀကီးဆုံးအခ်က္ပါဘဲ။
Unicode
ချစ်သူအချင်းချင်း ထားရှိသင့်တဲ့ ကတိသစ္စာ(၇)မျိုး
လက်ထပ်တဲ့အခါမှာ ကတိသစ္စာပြုရတဲ့ ပုံစံမျိုးလေးတွေဟာ အခု နောက်ပိုင်းမှာ ခေတ်စားလာခဲ့ပါတယ်။
အမှန်က ဒီ ယဉ်ကျေးမှုက ဟိုး နှစ်ပေါင်းများစွာကတည်းက ထွန်းကားလာခဲ့တဲ့ ပုံစံ ဖြစ်ပါတယ်။
အခုလည်း လက်ထပ်တဲ့အခါ အချင်းချင်း ကတိသစ္စာပြုသလိုပဲ
ချစ်သူတွေကြားထဲမှာလည်း ထားရှိသင့်တယ်လို့ ထင်ပါတယ်။
ဒီတော့ lifehack.com ကနေ ထုတ်နှုတ်ပြီး တင်ပြလိုက်ပါတယ်။
1. အချင်းချင်း ဂရုတစိုက် နားထောင်မှုရှိပါ့မယ်လို့ ကတိသစ္စာ ပြုခြင်း
နားမထောင်ဘဲ သတင်းအချက်အလတ် မသိနိုင်ဘူး၊
ချစ်သူတွေချင်းဟာ တစ်ယောက်နဲ့တစ်ယောက် စကားတွေ အများကြီးပြောတဲ့အခါမျိုးမှာ
ကိုယ့်ရဲ့ သတင်းအချက်အလတ်အချို့ကို နားထောင်သူကို ပြောပြပေးနေရသလိုပါဘဲ။
အဲဒီလို နားထောင်မှုရှိပါမှ တစ်ယောက်နဲ့တစ်ယောက် အရေးကြီးတဲ့ နားလည်မှုကို ရနိုင်ပါတယ်။
2. အချင်းချင်း ဖေးမသင်ယူမှု ရှိပါ့မယ်လို့ ကတိသစ္စာ ပြုခြင်း
တစ်ယောက်မတတ်သေးတာကို တစ်ယောက်က စိတ်ရှည်ရှည်နဲ့ ဖေးဖေးမမ သင်ယူပေးဖို့ ဝတ္တရားရှိပါတယ်။
ဒါမှသာနှစ်ယောက်သား အိမ်ထောင်ရက်သား ကျသွားတဲ့အခါ အရာရာအတွက် ကြိုတင်ပြင်ဆင်မှုဖြစ်မှာပါ။
3. တစ်ယောက်အလိုကို တစ်ယောက်လိုက်ပါ့မယ်လို့ ကတိသစ္စာပြုခြင်း
ဖြစ်နိုင်ချေရှိတဲ့ တောင်းဆိုမှုတိုင်းအတွက် ချစ်သူတွေကြားမှာ တွက်ကတ်နေစရာ မလိုပါဘူး။
မဖြစ်နိုင်တဲ့ တောင်းဆိုမှုမျိုးကိုလည်း ကိုယ့်ဉာဏ်နဲ့စဉ်းစားပြီး မလုပ်မိဖို့လည်း လိုပါတယ်။
4. တစ်သက်တာလုံး အတူတူ နေသွားကြမည်ဟု ကတိသစ္စာပြုခြင်း
အတူတူနေတယ်ဆိုတာက ချစ်သူဘဝမှာတော့ နည်းနည်း စောသေးတာပေါ့။
သို့သော် တစ်ယောက်ကိုတစ်ယောက် မဖောက်မပြန် မှန်ကန်သော ချစ်ခြင်းနဲ့
ဘယ်လိုအချိန်မျိုးမှာပဲဖြစ်ဖြစ် သစ္စာစောင့်ထိန်းသင့်ပါတယ်။
5. အရာရာကို အတူလက်တွဲလုပ်ဆောင်ပါမည်ဟု ကတိသစ္စာပြုခြင်း
ဘယ်လိုအရာပဲဖြစ်ဖြစ် တိုင်တိုင်ပင်ပင်နဲ့ အတူတူ လုပ်ဆောင်ရမယ်၊
ကုမ္မဏီတစ်ခုတည်းမှာ အလုပ်အတူတူရအောင် ကြိုးစားတာမျိုးကို ဆိုလိုတာမဟုတ်၊
ကိုယ်လုပ်နိုင်တာမျိုးကို မခိုကပ်ပဲ ဝင်ရောက်ကူညီတာ၊ တစ်ယောက်အလုပ်ကို
တစ်ယောက်ကပိုပြီး ထိရောက်အောင် အားပေးတာမျိုးကို ဆိုလိုပါတယ်။
ဘောလုံးအသင်းတစ်သင်းလိုပဲ ဂိုးမသွင်းရလည်း Assit လုပ်ပေးနိုင်ရင် အသင်းအတွက် အကျိုးရှိတယ်လေ။
6. အမှတ်တရအားလုံးကို အမြဲအမှတ်တရ ရှိနေမည်ဟု ကတိသစ္စာပြုခြင်း
ချစ်သူတွေဘဝမှာ အမှတ်တရတွေက အများကြီးပေါ့။
ဒါပေမယ့် အဲဒီအထဲမှာမှ အရေးကြီးဆုံးတွေကို စစ်ထုတ်လိုက်ရင်ကျန်နေတဲ့
ရက်စွဲတွေ အမှတ်တရတွေကို နှစ်ဦးသား မှတ်မှတ်ရရ ရှိနေရမယ်။
အကြောင်းသင့်တိုင်း အထိမ်းအမှတ်ပွဲလိုဟာမျိုးလေးတွေ လုပ်ပေးရပါမယ်။
7. သစ္စာစောင့်သိပါမည်ဟု ကတိသစ္စာပြုပါတယ်
သစ္စာတရားဟာ ချစ်သူတွေဘဝမှာ အသက်လောက်ကို အရေးကြီးပါတယ်။
သစ္စာမရှိတဲ့ ချစ်ခြင်းမျိုးဟာ ရွံဖွယ်ရာ ဖြစ်ပြီးသစ္စာဖောက်သူဟာ လူမဆန်သူ၊ ရှက်စရာကောင်းသူ ဖြစ်ပါတယ်။
ဒီတော့ ချစ်ခြင်းနဲ့အတူ ဒွန်တွဲပြီး တည်ရှိနေတဲ့ သစ္စာကို စောင့်ထိန်းဖို့ နှစ်ဦးစလုံးမှာ တာဝန်ရှိပါတယ်။
ဒီအချက်ကတော့ အရေးကြီးဆုံးအချက်ပါဘဲ။