Love

သင့္ဘဝရဲ႕ ဖူးစာဖက္အစစ္အမွန္ကို ေတြ႕ေနၿပီဆိုတာ သိသာေစတဲ့ အခ်က္ (၇) ခ်က္

သင့္ဘဝရဲ႕ ဖူးစာဖက္အစစ္အမွန္ကို ေတြ႕ေနၿပီဆိုတာ သိသာေစတဲ့ အခ်က္ (၇) ခ်က္

စိတ္တူကိုယ္တူဖူးစာ႐ွင္႐ွိတယ္ဆိုတာ လူေတြသိပ္မယုံတတ္ၾကပါဘူး။ ဟုတ္ပါတယ္။

တစ္ဦးအတြက္ တစ္ဦးေမြးဖြားလာခဲ့သူတို႔၊

လူတစ္ဦးရဲ႕ အျခားတစ္ဝက္တို႔ဆိုတဲ့အရာေတြကေတာ့ အဓိပၸာယ္သိပ္မ႐ွိပါဘူး။

ဒါေပမယ့္ ကြၽႏု္ပ္တို႔ စိတ္ဝိညာဥ္ကို ပိုၿပီးထိေတြ႕ႏိုင္တဲ့လူမ်ိဳးေတြေတာ့႐ွိပါတယ္။

အဲ့လိုလူမ်ိဳးေတြက သင့္သူငယ္ခ်င္းေတြထဲမွာေတာင္ ႐ွိႏိုင္ၿပီး အျခားလူေတြထက္

သင္တို႔ရဲ႕ ပတ္သက္ခံစားမႈက ပိုနက္႐ိႈင္းေနတတ္ပါတယ္။

စိတ္ခ်င္းပိုနက္႐ိႈင္းစြာ ခံစားနားလည္ေပးႏိုင္သူေတြထဲက

တစ္ဦးကို သင့္စိတ္ကို ယုံၾကည္ၿပီး ပုံအပ္လိုက္ရင္ေတာ့ ထိုသူဟာ သင့္ဖူးစာဖက္ပါပဲ။

ေအာက္ပါအခ်က္ေတြကေတာ့ သင့္ဖူးစာဖက္ကို ေတြ႕ေနတာ ဟုတ္ မဟုတ္ ဆန္းစစ္ႏိုင္တဲ့အခ်က္ေတြပဲျဖစ္ပါတယ္။

(၁) တစ္ဦးရဲ႕ စိတ္ဝင္စားမႈေတြကို တစ္ဦးက စိတ္ဝင္စားတယ္။

သူတို႔စိတ္ဝင္စားတာေတြကို စိတ္ဝင္စားရမယ္ဆိုတာက

သူတို႔႐ူးသြပ္သေလာက္ သင္လိုက္႐ူးသြပ္ရမယ္လို႔ ေျပာတာမဟုတ္ပါဘူး။

သူတို႔ စိတ္ဝင္စားမႈေတြနဲ႔ ပတ္သက္ၿပီး ေျပာျပတာေတြကို စိတ္ဝင္စားစြာ လိုက္နားေထာင္ေပးႏိုင္တာမ်ိဳးျဖစ္ပါတယ္။

အနည္းဆုံးေတာ့ ဖူးစာဖက္မွန္ရင္ မိမိခ်စ္သူရဲ႕ စိတ္ဝင္စားမႈေတြကို ဂ႐ုစိုက္တတ္ၾကပါတယ္။

(၂) တစ္ဦးကို တစ္ဦး ေ႐ြးခ်ယ္တယ္။

သင္တစ္ခုခုလုပ္ဖို႔ စဥ္းစားတိုင္း အတူတူလုပ္ဖို႔ ေတြးမိတဲ့သူဟာ သင့္ဖူးစာဖက္ျဖစ္ႏိုင္တယ္လို႔ ေျပာတာပါ။

ဘာပဲလုပ္လုပ္ သူတို႔နဲ႔ အတူတူဆိုရင္ ပိုၿပီး ေပ်ာ္စရာေကာင္းေနတတ္တာမ်ိဳးပါ။

(၃) သင္တို႔ႏွစ္ဦးရဲ႕ တန္ဖိုးထားမႈေတြ တူေနမယ္။

ကိုးကြယ္မႈေတြ ရည္မွန္းခ်က္ေတြလိုမ်ိဳး အေျခခံအေၾကာင္းအရာေတြမွာ ကြဲလြဲေနခဲ့ရင္ သူဟာ သင့္ဖူးစာ႐ွင္ ျဖစ္ႏိုင္ပါသလား။

ဖူးစာဖက္မွန္ရင္ေတာ့ သင္တို႔ႏွစ္ဦးဟာ ကြဲျပားျခားနားေနခဲ့ရင္ေတာင္

အေရးၾကဳံလာရင္ သေဘာထားအျမင္ေတြ တိုက္ဆိုင္လက္ခံႏိုင္လာပါလိမ့္မယ္။

(၄) တစ္ဦးအမွားကို တစ္ဦးဝန္ခံရဲတယ္။

ဖူးစာဖက္မွန္ရင္ေတာင္ ဘဝလမ္းခရီးမွာ အဖုအထစ္ေတြ မကင္းႏိုင္ပါဘူး။

ဒါေပမယ့္လည္း တြဲလက္ၿမဲဖို႔အတြက္ မိမိအမွားကို ေတာင္းပန္ၿပီး ျပင္ရဲတဲ့သတၱိေတြ႐ွိေနမယ္ဆိုရင္ေတာ့

သင္တို႔ႏွစ္ဦးဟာ တစ္ဦးအတြက္ တစ္ဦး ဖူးစာဖက္အစစ္အမွန္ေတြျဖစ္ႏိုင္ပါတယ္။

(၅) ဟာသဉာဏ္ေတြ တူညီေနမယ္။

သင္တို႔ဟာ အခက္အခဲေတြ ႐ွိေနတဲ့အခါမ်ိဳးေတြမွာေတာင္ ေပ်ာ္စရာေတြးတတ္ၾကပါလိမ့္မယ္။

ဟုတ္ပါတယ္။ သင့္ဖူးစာဖက္မွန္ရင္ ဘယ္အခ်ိန္မ်ိဳးမွာမဆို သင့္မ်က္ႏွာက အျပဳံးပန္းကို ဆင္ေပးႏိုင္ပါလိမ့္မယ္။

ဖူးစာဖက္ေတြက အၿမဲအတူတူ ရယ္ေမာစရာ ႐ွာတတ္ၾကသူေတြပါ။

(၆) အသုံးအစြဲညီရမယ္။

လူႏွစ္ဦးရဲ႕ ပတ္သက္မႈမွာ ေငြေရးေၾကးေရးက အေရးပါတယ္ဆိုတာ လက္ခံရပါမယ္။

အသုံးအစြဲတစ္ထပ္တည္း တူေနစရာေတာ့မလိုေပမယ့္ တစ္ဦးရဲ႕ ေငြေၾကး႐ွာေဖြသုံးစြဲမႈအေလ့အထေတြမွာေတာ့

တစ္ဦးက လုံးဝလက္မခံႏိုင္တဲ့ အေျခအေနမ်ိဳးျဖစ္မေနရပါဘူး။

ေငြေရးေၾကးေရးနဲ႔ ပတ္သက္လာရင္ေတာ့ သင့္ဖူးစာဖက္က သင္နဲ႔ အေတြးတူသူျဖစ္ေနရပါလိမ့္မယ္။

(၇) တစ္ဦးကို တစ္ဦးခ်စ္ေနရမယ္။

ဖူးစာဖက္ေတြက တစ္ဦးကို တစ္ဦးကို အခ်ိန္တိုင္း သဲသဲလႈပ္ခ်စ္ေနၾကတာမဟုတ္ပါဘူး။

အခ်စ္ေလ်ာ့ေနတဲ့ အခါမ်ိဳးေတြလည္း ႐ွိတတ္ၾကပါတယ္။

တကယ္ခ်စ္တယ္ဆိုတာက တစ္ဦးနဲ႔ တစ္ဦးအခ်စ္ေလ်ာ့ေနၾကခ်ိန္မွာ

အတူတူဆက္႐ွိေနႏိုင္ေအာင္ ျပန္ခ်စ္ဖို႔ ႀကိဳးစားၾကတာပဲျဖစ္ပါတယ္။

Credit

Unicode

သင့်ဘဝရဲ့ ဖူးစာဖက်အစစ်အမှန်ကို တွေ့နေပြီဆိုတာ သိသာစေတဲ့ အချက် (၇) ချက်

စိတ်တူကိုယ်တူဖူးစာရှင်ရှိတယ်ဆိုတာ လူတွေသိပ်မယုံတတ်ကြပါဘူး။ ဟုတ်ပါတယ်။

တစ်ဦးအတွက် တစ်ဦးမွေးဖွားလာခဲ့သူတို့၊

လူတစ်ဦးရဲ့ အခြားတစ်ဝက်တို့ဆိုတဲ့အရာတွေကတော့ အဓိပ္ပာယ်သိပ်မရှိပါဘူး။

ဒါပေမယ့် ကျွန်ုပ်တို့ စိတ်ဝိညာဉ်ကို ပိုပြီးထိတွေ့နိုင်တဲ့လူမျိုးတွေတော့ရှိပါတယ်။

အဲ့လိုလူမျိုးတွေက သင့်သူငယ်ချင်းတွေထဲမှာတောင် ရှိနိုင်ပြီး အခြားလူတွေထက်

သင်တို့ရဲ့ ပတ်သက်ခံစားမှုက ပိုနက်ရှိုင်းနေတတ်ပါတယ်။

စိတ်ချင်းပိုနက်ရှိုင်းစွာ ခံစားနားလည်ပေးနိုင်သူတွေထဲက

တစ်ဦးကို သင့်စိတ်ကို ယုံကြည်ပြီး ပုံအပ်လိုက်ရင်တော့ ထိုသူဟာ သင့်ဖူးစာဖက်ပါပဲ။

အောက်ပါအချက်တွေကတော့ သင့်ဖူးစာဖက်ကို တွေ့နေတာ ဟုတ် မဟုတ် ဆန်းစစ်နိုင်တဲ့အချက်တွေပဲဖြစ်ပါတယ်။

(၁) တစ်ဦးရဲ့ စိတ်ဝင်စားမှုတွေကို တစ်ဦးက စိတ်ဝင်စားတယ်။

သူတို့စိတ်ဝင်စားတာတွေကို စိတ်ဝင်စားရမယ်ဆိုတာက

သူတို့ရူးသွပ်သလောက် သင်လိုက်ရူးသွပ်ရမယ်လို့ ပြောတာမဟုတ်ပါဘူး။

သူတို့ စိတ်ဝင်စားမှုတွေနဲ့ ပတ်သက်ပြီး ပြောပြတာတွေကို စိတ်ဝင်စားစွာ လိုက်နားထောင်ပေးနိုင်တာမျိုးဖြစ်ပါတယ်။

အနည်းဆုံးတော့ ဖူးစာဖက်မှန်ရင် မိမိချစ်သူရဲ့ စိတ်ဝင်စားမှုတွေကို ဂရုစိုက်တတ်ကြပါတယ်။

(၂) တစ်ဦးကို တစ်ဦး ရွေးချယ်တယ်။

သင်တစ်ခုခုလုပ်ဖို့ စဉ်းစားတိုင်း အတူတူလုပ်ဖို့ တွေးမိတဲ့သူဟာ သင့်ဖူးစာဖက်ဖြစ်နိုင်တယ်လို့ ပြောတာပါ။

ဘာပဲလုပ်လုပ် သူတို့နဲ့ အတူတူဆိုရင် ပိုပြီး ပျော်စရာကောင်းနေတတ်တာမျိုးပါ။

(၃) သင်တို့နှစ်ဦးရဲ့ တန်ဖိုးထားမှုတွေ တူနေမယ်။

ကိုးကွယ်မှုတွေ ရည်မှန်းချက်တွေလိုမျိုး အခြေခံအကြောင်းအရာတွေမှာ ကွဲလွဲနေခဲ့ရင် သူဟာ သင့်ဖူးစာရှင် ဖြစ်နိုင်ပါသလား။

ဖူးစာဖက်မှန်ရင်တော့ သင်တို့နှစ်ဦးဟာ ကွဲပြားခြားနားနေခဲ့ရင်တောင်

အရေးကြုံလာရင် သဘောထားအမြင်တွေ တိုက်ဆိုင်လက်ခံနိုင်လာပါလိမ့်မယ်။

(၄) တစ်ဦးအမှားကို တစ်ဦးဝန်ခံရဲတယ်။

ဖူးစာဖက်မှန်ရင်တောင် ဘဝလမ်းခရီးမှာ အဖုအထစ်တွေ မကင်းနိုင်ပါဘူး။

ဒါပေမယ့်လည်း တွဲလက်မြဲဖို့အတွက် မိမိအမှားကို တောင်းပန်ပြီး ပြင်ရဲတဲ့သတ္တိတွေရှိနေမယ်ဆိုရင်တော့

သင်တို့နှစ်ဦးဟာ တစ်ဦးအတွက် တစ်ဦး ဖူးစာဖက်အစစ်အမှန်တွေဖြစ်နိုင်ပါတယ်။

(၅) ဟာသဉာဏ်တွေ တူညီနေမယ်။

သင်တို့ဟာ အခက်အခဲတွေ ရှိနေတဲ့အခါမျိုးတွေမှာတောင် ပျော်စရာတွေးတတ်ကြပါလိမ့်မယ်။

ဟုတ်ပါတယ်။ သင့်ဖူးစာဖက်မှန်ရင် ဘယ်အချိန်မျိုးမှာမဆို သင့်မျက်နှာက အပြုံးပန်းကို ဆင်ပေးနိုင်ပါလိမ့်မယ်။

ဖူးစာဖက်တွေက အမြဲအတူတူ ရယ်မောစရာ ရှာတတ်ကြသူတွေပါ။

(၆) အသုံးအစွဲညီရမယ်။

လူနှစ်ဦးရဲ့ ပတ်သက်မှုမှာ ငွေရေးကြေးရေးက အရေးပါတယ်ဆိုတာ လက်ခံရပါမယ်။

အသုံးအစွဲတစ်ထပ်တည်း တူနေစရာတော့မလိုပေမယ့် တစ်ဦးရဲ့ ငွေကြေးရှာဖွေသုံးစွဲမှုအလေ့အထတွေမှာတော့

တစ်ဦးက လုံးဝလက်မခံနိုင်တဲ့ အခြေအနေမျိုးဖြစ်မနေရပါဘူး။

ငွေရေးကြေးရေးနဲ့ ပတ်သက်လာရင်တော့ သင့်ဖူးစာဖက်က သင်နဲ့ အတွေးတူသူဖြစ်နေရပါလိမ့်မယ်။

(၇) တစ်ဦးကို တစ်ဦးချစ်နေရမယ်။

ဖူးစာဖက်တွေက တစ်ဦးကို တစ်ဦးကို အချိန်တိုင်း သဲသဲလှုပ်ချစ်နေကြတာမဟုတ်ပါဘူး။

အချစ်လျော့နေတဲ့ အခါမျိုးတွေလည်း ရှိတတ်ကြပါတယ်။

တကယ်ချစ်တယ်ဆိုတာက တစ်ဦးနဲ့ တစ်ဦးအချစ်လျော့နေကြချိန်မှာ

အတူတူဆက်ရှိနေနိုင်အောင် ပြန်ချစ်ဖို့ ကြိုးစားကြတာပဲဖြစ်ပါတယ်။

Credit