သူတို႔တကယ္ ခ်စ္မိသြားတဲ့ မိန္းကေလးကို ဒီလိုလုပ္ေပးတယ္ဆိုတာမယုံမ႐ွိနဲ႔
ဘယ္မိန္းမကိုမွ အလိုလိုက္ၿပီး “အဲ့ေလာက္မလုပ္ေပးႏိုင္ဘူး” ဆိုတဲ့ ေယာက်ၤား
သူတို႔ တကယ္ခ်စ္မိသြားတဲ့ မိန္းကေလးကို ေျခေထာက္ကိုင္ၿပီး ဖိနပ္စီးေပးဖို႔ ဝန္မေလးတတ္ၾကဘူးဆိုတာ မယုံမရွိနဲ႔ …!
သူ႕အေမက လြဲၿပီး ဘယ္မိန္းမကမွ “ဆံပင္ကိုင္တာ .. ေခါင္းကိုင္တာမ်ိဳး”ကို လက္မခံတဲ့ ေယာက်ၤား …၊
သူတို႔ တကယ္ခ်စ္သြားတဲ့ မိန္းကေလးက ဆံပင္ေဆာင့္ဆြဲတတ္တာမ်ိဳး
နား႐ြက္ လိမ္ဆြဲတတ္တာမ်ိဳးေလးကိုပဲ အၿပဳံးမပ်က္ဘူးဆိုတာ မယုံမရွိနဲ႔ …!
ေယာက်ၤားသဘာဝ ကျပက္ကေခ်ာ္ႏိုင္ၿပီး အခ်ိန္ကို ေလးစားရေကာင္းမွန္း မသိတတ္တဲ့ ေယာက်ၤား …၊
သူတို႔ တကယ္ခ်စ္သြားတဲ့ မိန္းကေလးနဲ႔ ခ်ိန္းထားတဲ့အခ်ိန္ ေနာက္က်သြားရင္
စိတ္ဆိုးမွာ ေၾကာက္တာေၾကာင့္ အခ်ိန္တိက် သြားတတ္ၾကတယ္ဆိုတာ မယုံမရွိနဲ႔ …!!
စိုးရိမ္ပူပန္တတ္တာဆိုတာ ဘာမွန္းမသိ သူတို႔ကိုယ္ သူတို႔ေတာင္ ဂ႐ုစိုက္ရေကာင္းမွန္း မသိတဲ့ေယာက်ၤား …၊
သူတို႔ တကယ္ခ်စ္သြားတဲ့ မိန္းကေလးႏွာစီး/ေခ်ာင္းဆိုးတာေလးက အစ
လိုက္ၿပီး စိုးရိမ္တႀကီးနဲ႔ ဂ႐ုစိုက္ေနဖို႔ မွာတတ္ သြားၾကတယ္ဆိုတာ မယုံမရွိနဲ႔ …!
ဘယ္သူေတြ ဘယ္လိုဆုံးမ ဆုံးမ … မနာခံခဲ့ဘဲ ခပ္ဆိုးဆိုး အက်င္႕ေတြကိုပဲ လုပ္ခဲ့တဲ့ ေယာက်ၤား …၊
သူတို႔တကယ္ခ်စ္မိသြားတဲ့မိန္းကေလး မႀကိဳက္တာဆိုရင္ ႀကိဳးစားၿပီး ျပဳျပင္ေပးလာတတ္ၾကတယ္ဆိုတာ မယုံမရွိနဲ႔ …!
ရွိလားး…ဒီလိုခ်စ္သူေယာက်ၤားေလးမ်ိဳး …???
ရွိတာေပါ့ …..ဒီလိုခ်စ္သူေယာက်ၤားေလးမ်ိဳးကို ကြၽန္မပိုင္ဆိုင္ထားတယ္ …။ ။
မူရင္းေရးသားသူအား Credit
Unicode
သူတို့တကယ် ချစ်မိသွားတဲ့ မိန်းကလေးကို ဒီလိုလုပ်ပေးတယ်ဆိုတာမယုံမရှိနဲ့
ဘယ်မိန်းမကိုမှ အလိုလိုက်ပြီး “အဲ့လောက်မလုပ်ပေးနိုင်ဘူး” ဆိုတဲ့ ယောင်္ကျား
သူတို့ တကယ်ချစ်မိသွားတဲ့ မိန်းကလေးကို ခြေထောက်ကိုင်ပြီး ဖိနပ်စီးပေးဖို့ ဝန်မလေးတတ်ကြဘူးဆိုတာ မယုံမရှိနဲ့ …!
သူ့အမေက လွဲပြီး ဘယ်မိန်းမကမှ “ဆံပင်ကိုင်တာ .. ခေါင်းကိုင်တာမျိုး”ကို လက်မခံတဲ့ ယောင်္ကျား …၊
သူတို့ တကယ်ချစ်သွားတဲ့ မိန်းကလေးက ဆံပင်ဆောင့်ဆွဲတတ်တာမျိုး
နားရွက် လိမ်ဆွဲတတ်တာမျိုးလေးကိုပဲ အပြုံးမပျက်ဘူးဆိုတာ မယုံမရှိနဲ့ …!
ယောင်္ကျားသဘာဝ ကပြက်ကချော်နိုင်ပြီး အချိန်ကို လေးစားရကောင်းမှန်း မသိတတ်တဲ့ ယောင်္ကျား …၊
သူတို့ တကယ်ချစ်သွားတဲ့ မိန်းကလေးနဲ့ ချိန်းထားတဲ့အချိန် နောက်ကျသွားရင်
စိတ်ဆိုးမှာ ကြောက်တာကြောင့် အချိန်တိကျ သွားတတ်ကြတယ်ဆိုတာ မယုံမရှိနဲ့ …!!
စိုးရိမ်ပူပန်တတ်တာဆိုတာ ဘာမှန်းမသိ သူတို့ကိုယ် သူတို့တောင် ဂရုစိုက်ရကောင်းမှန်း မသိတဲ့ယောင်္ကျား …၊
သူတို့ တကယ်ချစ်သွားတဲ့ မိန်းကလေးနှာစီး/ချောင်းဆိုးတာလေးက အစ
လိုက်ပြီး စိုးရိမ်တကြီးနဲ့ ဂရုစိုက်နေဖို့ မှာတတ် သွားကြတယ်ဆိုတာ မယုံမရှိနဲ့ …!
ဘယ်သူတွေ ဘယ်လိုဆုံးမ ဆုံးမ … မနာခံခဲ့ဘဲ ခပ်ဆိုးဆိုး အကျင့်တွေကိုပဲ လုပ်ခဲ့တဲ့ ယောင်္ကျား …၊
သူတို့တကယ်ချစ်မိသွားတဲ့မိန်းကလေး မကြိုက်တာဆိုရင် ကြိုးစားပြီး ပြုပြင်ပေးလာတတ်ကြတယ်ဆိုတာ မယုံမရှိနဲ့ …!
ရှိလား…ဒီလိုချစ်သူယောင်္ကျားလေးမျိုး …???
ရှိတာပေါ့ …..ဒီလိုချစ်သူယောင်္ကျားလေးမျိုးကို ကျွန်မပိုင်ဆိုင်ထားတယ် …။ ။
မူရင်းရေးသားသူအား Credit