Love

အသည္းနင့္ေနေအာင္ ခ်စ္တတ္တဲ့ မိန္းကေလးေတြရဲ႕ လကၡဏာ(၅)မ်ိဳး

အသည္းနင့္ေနေအာင္ ခ်စ္တတ္တဲ့ မိန္းကေလးေတြရဲ႕ လကၡဏာ(၅)မ်ိဳး

မိန္းကေလးေတြရဲ႕ စိတ္က ခန္႔မွန္းရခက္ ပါတယ္ ။

အေၾကာင္း ကေတာ့ စိတ္ထဲရွိတာက တစ္ျခား၊ အျပဳအမူက တစ္ျခားျဖစ္ေနတတ္ လို႔ပါပဲ …။

ေနာက္တစ္ခုက မိန္းကေလးေတြဟာ အရမ္းဂရုိစုိက္ခံခ်င္၊ အရမး္အခ်စ္ခံ ခ်င္တဲ့ သူေတြပါ။

အဲလို ဂရုစိုက္၊ အခ်စ္ခံရေအာင္လည္း နည္းမ်ိဳးစံုနဲ႕ၾကိးစား တတ္ၾက ပါတယ္ …။

အခုေဖာ္ျပေပးမွာ ကေတာ့ ခ်စ္သူ အေပၚမွာ ဆုိးေပမယ့္ တကယ္တမ္း ရင္ထဲမွာက်ေတာ့

နင့္ေနေအာင္ခ်စ္တဲ့ မိန္းကေလးေတြရဲ႕ လကၡဏာ (၅) မ်ိဳး ျဖစ္ပါတယ္ …။

ဒီလို မိန္းကေလးမ်ိဳးေတြက ကေလးဆန္ တာေလး ကလြဲရင္

သင့္အတြက္ အစစအရာရာ ျပည့္စံုတဲ့ သူျဖစ္လို႔ လက္လႊတ္ မခံသင့္ပါဘူးေနာ္ …။ ။

(၁) ေဒါသၾကီးတတ္တယ္

ဒီလုိ မ္ိန္းကေလးေတြက ေဒါသ အရမး္ၾကီး ပါတယ္။

ဒါေပမယ့္ ဒီလိုေဒါသၾကီးတာကလည္း သင့္ကို ခ်စ္လြန္းလို႔ ပဲျဖစ္ ပါတယ္။

သင္နဲ႔ပတ္သက္ရင္ အေသးအမႊားေလးက အစ အရမး္ဂရုိစုိက္တတ္တဲ့ သူျဖစ္တာေၾကာင့္၊

ဖုန္းမဆက္တာေလး၊ စာမျပန္တာေလးက အစ သူ႔အတြက္ အရမ္းစိတ္ ထိခိုက္ ရပါတယ္ …။

ဝမ္းနည္းသြားတဲ့ သူ႔ရဲ႕စိတ္ကို ေဒါသအျဖစ္ ေျပာင္းလိုက္တာေၾကာင့္ ေဒါသၾကီးေနရတာပါ။

တကယ္တမး္ က်ေတာ့ သင့္ကို ခ်စ္လြန္းအားၾကီး လို ႔ဆိုတာ သိထား လိုက္ပါေနာ္ …။

(၂) အရြဲ႕တုိက္တယ္

ဒီလို မိန္းကေလးေတြ ဟာ ရြဲ႕တဲ့ေနရာမွာေတာ့ ႏွစ္ေယာက္ မရွိပါဘူး။

သူ႔ရင္ထဲမွာ ထိခိုက္ေလေလ ပိုျပီး အရြဲ႕တိုက္ေလေလ ပါပဲ။

သူသဝန္ တိုရင္ပဲ ျဖစ္ျဖစ္၊ ဝမး္နည္းရင္ပဲ ျဖစ္ျဖစ္၊ တစ္ခုခုျဖစ္တိုင္း ဘယ္ေတာ့မွ တိုက္ရိုက္ေျပာမွာ မဟုတ္ပါဘူး …။

သူရြဲ႕ေနျပီဆိုရင္ သင္ဘာ အမွားလုပ္မိလဲ ကိုယ့္ကိုယ္ကိုသာ ျပန္ေမး လိုက္ပါ။

သင့္ကို ရြဲ႕ေနတာ အရမ္းဂရုစိုက္ လို႔ပါ၊ သူဂရုမစိုက္တဲ့ သူဆိုရင္ ဘာ အလုပ္လုပ္ အဖက္ ကို မလုပ္တာပါပဲ …။

(၃) ကိုယ္ကစျပီး မေခၚဘူး

ခ်စ္သူအေပၚကို ဆိုးေပမယ့္ နင့္ေနေအာင္ ခ်စ္တဲ့ ေကာင္မေလးေတြဟာ

ခ်စ္သူကို ကိုယ့္ဖက္က စျပီးဘယ္ေတာ့မွ ေခၚမွာ မဟုတ္ပါဘူး။

နင္နဲ႔ငါျပတ္ျပီ လို႔ေျပာသာ ေျပာေနတာ ခ်စ္သူလာေခၚမယ့္၊ လာေခ်ာ့မယ့္ အခ်ိန္ကို ေစာင့္ေမွ်ာ္ေန ၾကတာပဲ ျဖစ္ပါတယ္ …။

ခ်စ္သူကို စသာမေခၚတာ ရင္ထဲမွာေတာ့ မိနစ္တိုင္းက နာက်င္ေနတာ ျဖစ္ပါတယ္။

ခ်စ္သူမ်ား စိတ္ကုန္ သြားမလား၊ တကယ္ျပတ္ သြားမလား ဆိုတာ ေတြးျပီး အရမ္းေၾကာက္တတ္ ၾကပါတယ္ …။

ဒါေၾကာင့္ ရန္ျဖစ္ စိတ္ေကာက္ၾက တဲ့အခါ သူ႔ကို အၾကာၾကီး ပစ္မထားပါနဲ႔၊ အျမန္ေခ်ာ့လိုက္ပါ။

သင့္ကို နင့္ေနေအာင္ ခ်စ္တယ္ ဆိုတာ သင္သိထားပါ …။

(၄) ရစ္တယ္

အရမး္ရစ္ႏိုင္ၾက တဲ့ သူေတြလည္း ျဖစ္ပါတယ္။ ခ်စ္သူကုိ ရစ္တဲ့အခါတုိင္း

ခ်စ္သူရဲ႕ အျပဳအမူ အေျပာအဆိုေတြကို ေသခ်ာ အကဲ ခတ္ေန တာလည္း ျဖစ္ပါတယ္။

ခ်စ္သူက အရင္လို စိတ္ရွည္ရဲ႕လား …၊

ကုိယ့္ကို ၾကင္ၾကင္နာနာ ဆက္ဆံရဲ႕လားဆိုတာ သိခ်င္လို႔ တမင္ရစ္တဲ့ အခါေတြလည္းရွိပါတယ္။

သူဘာေၾကာင့္ပဲ ရစ္ရစ္ ေသခ်ာတာ ကေတာ့ သင့္ကို အရမ္းခ်စ္လုိ႔ ဆိုတာပါပဲ ….။

(၅) ဦးစားေပးခံခ်င္တယ္

ခ်စ္သူအတြက္ သူကသာ နံပါတ္ (၁) ျဖစ္ခ်င္တဲ့ သူပါ။

ခ်စ္သူရဲ႕ အလိုလိုက္မႈ၊ ဦးစားေပးမႈကို အျမဲတမ္း လိုခ်င္ ပါတယ္။

ဒါေၾကာင့္ပဲ တစ္ခါေလ သူငယ္ခ်င္းေတြကိုေရြးမလား ကိုယ့္ကိုယ္ေရြးမလား

ဆိုတဲ့ အက်ပ္ရိုက္ေစတဲ့ ေမးခြန္းမ်ိဳးေတြကို ေမးတတ္ တာျဖစ္ပါတယ္ …။

ေသခ်ာတာကေတာ့ သူ႔ကိုသာ ဦးစားေပးလိုက္ရင္၊ အရာအားလံုး သင့္စိတ္ၾကိဳက္ ျဖစ္ေစမယ့္သူပါ။

ဒါေၾကာင့္ သူ႔ကို တတ္ႏိုင္ သေလာက္ ဦးစားေပး လိုက္ပါ။

သူ႔ရင္ထဲမွာ ဘယ္ေလာက္ေတာင္ ၾကည္ႏူးေနမလဲ ဆိုတာ သင္မသိ လို႔ပါပဲေနာ္ …။ ။

Unicode

အသည်းနင့်နေအောင် ချစ်တတ်တဲ့ မိန်းကလေးတွေရဲ့ လက္ခဏာ(၅)မျိုး

မိန်းကလေးတွေရဲ့ စိတ်က ခန့်မှန်းရခက် ပါတယ် ။

အကြောင်း ကတော့ စိတ်ထဲရှိတာက တစ်ခြား၊ အပြုအမူက တစ်ခြားဖြစ်နေတတ် လို့ပါပဲ …။

နောက်တစ်ခုက မိန်းကလေးတွေဟာ အရမ်းဂရိုစိုက်ခံချင်၊ အရမး်အချစ်ခံ ချင်တဲ့ သူတွေပါ။

အဲလို ဂရုစိုက်၊ အချစ်ခံရအောင်လည်း နည်းမျိုးစုံနဲ့ကြိးစား တတ်ကြ ပါတယ် …။

အခုဖော်ပြပေးမှာ ကတော့ ချစ်သူ အပေါ်မှာ ဆိုးပေမယ့် တကယ်တမ်း ရင်ထဲမှာကျတော့

နင့်နေအောင်ချစ်တဲ့ မိန်းကလေးတွေရဲ့ လက္ခဏာ (၅) မျိုး ဖြစ်ပါတယ် …။

ဒီလို မိန်းကလေးမျိုးတွေက ကလေးဆန် တာလေး ကလွဲရင်

သင့်အတွက် အစစအရာရာ ပြည့်စုံတဲ့ သူဖြစ်လို့ လက်လွှတ် မခံသင့်ပါဘူးနော် …။ ။

(၁) ဒေါသကြီးတတ်တယ်

ဒီလို မ်ိန်းကလေးတွေက ဒေါသ အရမး်ကြီး ပါတယ်။

ဒါပေမယ့် ဒီလိုဒေါသကြီးတာကလည်း သင့်ကို ချစ်လွန်းလို့ ပဲဖြစ် ပါတယ်။

သင်နဲ့ပတ်သက်ရင် အသေးအမွှားလေးက အစ အရမး်ဂရိုစိုက်တတ်တဲ့ သူဖြစ်တာကြောင့်၊

ဖုန်းမဆက်တာလေး၊ စာမပြန်တာလေးက အစ သူ့အတွက် အရမ်းစိတ် ထိခိုက် ရပါတယ် …။

ဝမ်းနည်းသွားတဲ့ သူ့ရဲ့စိတ်ကို ဒေါသအဖြစ် ပြောင်းလိုက်တာကြောင့် ဒေါသကြီးနေရတာပါ။

တကယ်တမး် ကျတော့ သင့်ကို ချစ်လွန်းအားကြီး လို့ဆိုတာ သိထား လိုက်ပါနော် …။

(၂) အရွဲ့တိုက်တယ်

ဒီလို မိန်းကလေးတွေ ဟာ ရွဲ့တဲ့နေရာမှာတော့ နှစ်ယောက် မရှိပါဘူး။

သူ့ရင်ထဲမှာ ထိခိုက်လေလေ ပိုပြီး အရွဲ့တိုက်လေလေ ပါပဲ။

သူသဝန် တိုရင်ပဲ ဖြစ်ဖြစ်၊ ဝမး်နည်းရင်ပဲ ဖြစ်ဖြစ်၊ တစ်ခုခုဖြစ်တိုင်း ဘယ်တော့မှ တိုက်ရိုက်ပြောမှာ မဟုတ်ပါဘူး …။

သူရွဲ့နေပြီဆိုရင် သင်ဘာ အမှားလုပ်မိလဲ ကိုယ့်ကိုယ်ကိုသာ ပြန်မေး လိုက်ပါ။

သင့်ကို ရွဲ့နေတာ အရမ်းဂရုစိုက် လို့ပါ၊ သူဂရုမစိုက်တဲ့ သူဆိုရင် ဘာ အလုပ်လုပ် အဖက် ကို မလုပ်တာပါပဲ …။

(၃) ကိုယ်ကစပြီး မခေါ်ဘူး

ချစ်သူအပေါ်ကို ဆိုးပေမယ့် နင့်နေအောင် ချစ်တဲ့ ကောင်မလေးတွေဟာ

ချစ်သူကို ကိုယ့်ဖက်က စပြီးဘယ်တော့မှ ခေါ်မှာ မဟုတ်ပါဘူး။

နင်နဲ့ငါပြတ်ပြီ လို့ပြောသာ ပြောနေတာ ချစ်သူလာခေါ်မယ့်၊ လာချော့မယ့် အချိန်ကို စောင့်မျှော်နေ ကြတာပဲ ဖြစ်ပါတယ် …။

ချစ်သူကို စသာမခေါ်တာ ရင်ထဲမှာတော့ မိနစ်တိုင်းက နာကျင်နေတာ ဖြစ်ပါတယ်။

ချစ်သူများ စိတ်ကုန် သွားမလား၊ တကယ်ပြတ် သွားမလား ဆိုတာ တွေးပြီး အရမ်းကြောက်တတ် ကြပါတယ် …။

ဒါကြောင့် ရန်ဖြစ် စိတ်ကောက်ကြ တဲ့အခါ သူ့ကို အကြာကြီး ပစ်မထားပါနဲ့၊ အမြန်ချော့လိုက်ပါ။

သင့်ကို နင့်နေအောင် ချစ်တယ် ဆိုတာ သင်သိထားပါ …။

(၄) ရစ်တယ်

အရမး်ရစ်နိုင်ကြ တဲ့ သူတွေလည်း ဖြစ်ပါတယ်။ ချစ်သူကို ရစ်တဲ့အခါတိုင်း

ချစ်သူရဲ့ အပြုအမူ အပြောအဆိုတွေကို သေချာ အကဲ ခတ်နေ တာလည်း ဖြစ်ပါတယ်။

ချစ်သူက အရင်လို စိတ်ရှည်ရဲ့လား …၊

ကိုယ့်ကို ကြင်ကြင်နာနာ ဆက်ဆံရဲ့လားဆိုတာ သိချင်လို့ တမင်ရစ်တဲ့ အခါတွေလည်းရှိပါတယ်။

သူဘာကြောင့်ပဲ ရစ်ရစ် သေချာတာ ကတော့ သင့်ကို အရမ်းချစ်လို့ ဆိုတာပါပဲ ….။

(၅) ဦးစားပေးခံချင်တယ်

ချစ်သူအတွက် သူကသာ နံပါတ် (၁) ဖြစ်ချင်တဲ့ သူပါ။

ချစ်သူရဲ့ အလိုလိုက်မှု၊ ဦးစားပေးမှုကို အမြဲတမ်း လိုချင် ပါတယ်။

ဒါကြောင့်ပဲ တစ်ခါလေ သူငယ်ချင်းတွေကိုရွေးမလား ကိုယ့်ကိုယ်ရွေးမလား

ဆိုတဲ့ အကျပ်ရိုက်စေတဲ့ မေးခွန်းမျိုးတွေကို မေးတတ် တာဖြစ်ပါတယ် …။

သေချာတာကတော့ သူ့ကိုသာ ဦးစားပေးလိုက်ရင်၊ အရာအားလုံး သင့်စိတ်ကြိုက် ဖြစ်စေမယ့်သူပါ။

ဒါကြောင့် သူ့ကို တတ်နိုင် သလောက် ဦးစားပေး လိုက်ပါ။

သူ့ရင်ထဲမှာ ဘယ်လောက်တောင် ကြည်နူးနေမလဲ ဆိုတာ သင်မသိ လို့ပါပဲနော် …။ ။