ေသာၾကာသမီးေလးေတြကို ခ်စ္သူေတာ္မယ့္သူေတြ မျဖစ္မေနသိထားသင့္တဲ့ အခ်က္ (၇)ခ်က္
ေသာၾကာသမီးေတြဆိုတာ အခ်စ္နတ္ဘုရားမ ဗီးနပ္စ္ရဲ႕ ကိုယ္ပြားေတြပါ ..။
အခ်စ္၊ အလွအပ၊ ေဖာ္ေရြမႈ၊ စိတ္ကူးယဥ္ဆန္မႈ၊ ႏူးညံ့မႈနဲ႕ အနုပညာဆန္တဲ့ အသြင္အျပင္မ်ိဳးကို ပိုင္ဆိုင္ထားၾကပါတယ္။
ကိုကို၊ ေမာင္ေမာင္တို႕ ေသာၾကာသမီးေလးေတြကို ခ်စ္သူေတာ္ဖို႕ စိတ္ကူးေနတယ္ဆိုရင္ေတာ့
သူတို႕နဲ႕ ပတ္သက္ျပီး ဒါေလးေတြ သိထားဖို႕ေတာ့ လိုပါလိမ့္မယ္ေနာ္။
(၁) အပ်င္းေလးမို႕ ခြင့္လႊတ္ပါ
ေသာၾကာသမီးေလးေတြဟာ အရမ္းကို အပ်င္းၾကီးျပီး
သက္ေတာင့္သက္သာပဲ တစ္ခ်ိန္လံုးေနခ်င္ၾကတာပါ။
ပ်င္းေနရတာေလးကို ေပ်ာ္ေနတတ္တဲ့သူေလးေတြမို႕
သူတို႕ကို ေပ်ာ္ေစခ်င္ရင္ ဒါေလးကိုေတာ့ နားလည္ေပးရပါမယ္ေနာ္။
(၂) အျပစ္ဆိုလို႕ ဆြဲေဆာင္မႈရွိေနတာေလးပဲ
သူငယ္ခ်င္းေတြနဲ႕ေတြ႕ရင္ မရပ္မနားစကားေတြ မ်ားသေလာက္
သိပ္မရင္းနွီးသူေတြနဲ႕ဆို ဘာမွေထြေထြထူးထူး
၀င္မေျပာတတ္ဘဲ ခပ္ေအးေအးေနတတ္ၾကပါတယ္။
သူတို႕ဘာသာ ေအးေအးေဆးေဆးေနတတ္တာက
ဆြဲေဆာင္မႈရွိေနျပီး အဲ့ဒီအခ်က္ေၾကာင့္ ျပိဳင္ဘက္ေတြရဲ႕ မနာလိုျခင္းကို ခံရတာပါ။
(၃) တစ္ေယာက္တည္းေနရတာ ပိုေပ်ာ္သူပါ
သူတို႕ၾကိဳက္တာေလးေတြ လုပ္ရင္း
အိမ္ထဲမွာ နားေအးပါးေအး ေနေနရရင္ တစ္ေနကုန္္လည္း ေနနိုင္တယ္ဆိုတာမ်ိဳးေပါ့။
သူတို႕ကို ေပ်ာ္ေအာင္ထားမယ့္ ၊ မပြားမယ့္ ၊ နားမၿငီးမယ့္ခ်စ္သူမ်ိဳးကိုပဲ ေရြးခ်ယ္တတ္ၾကပါတယ္။
စိတ္ညစ္၊ စိတ္ရႈပ္ရမယ့္ကိစၥဆို ဘာကိုမွ လက္မခံနိုင္တဲ့သူေလးေတြပါ။
(၄) ဖန္တီးနိုင္စြမ္းရွိသူတစ္ေယာက္
အေၾကာင္းအရာတစ္ခုကို သူမ်ားေတြ မေတြးတဲ့ဘက္က ေတြးတတ္ျပီး အသစ္ဖန္တီးနိုင္စြမ္း ရွိသူေလးေတြပါ။
ျပႆနာတစ္ခုကို အေကာင္းဆံုးေျပလည္ေအာင္ ေျဖရွင္းနိုင္စြမ္းလည္း ရွိၾကပါတယ္။
(၅) အခ်စ္ၾကီးသေလာက္ နာက်င္ရမွာေၾကာက္တယ္
ဘယ္အရာမဆို အေသးစိတ္ခံစားတတ္ျပီး အခ်စ္ၾကီးတဲ့သူေလးေတြပါ။
ဒါေပမယ့္ သူတို႕ခ်စ္သေလာက္ ျပန္္မခ်စ္မွာစိုးတာရယ္၊
အခ်စ္ေၾကာင့္ နာက်င္ရမွာ ေၾကာက္တာရယ္္ေၾကာင့္ ေသာၾကာသမီးေလးေတြက ခ်စ္သူထက္ သူတို႕ကိုယ္သူတို႕ ပိုခ်စ္ၾကပါတယ္တဲ့။
(၆) အရံႈးေတြကို လက္မခံနိုင္ဘူး
ဘယ္အရာအတြက္ပဲျဖစ္ျဖစ္ ရံႈးရတာကို သိပ္မုန္းတာေၾကာင့္
ေသာၾကာသမီးေလးေတြက ျပိဳင္ပြဲေတြကိုေတာင္ ၀င္ျပိဳင္ခ်င္စိတ္ လံုး၀မရွိပါဘူး။
ဒါေၾကာင့္ ေသာၾကာသမီး ခ်စ္သူရွိတယ္ဆိုရင္
သူမကို အခ်စ္မွာ ရံႈးနိမ့္တဲ့ ခံစားခ်က္မ်ိဳး မေပးမိပါေစနဲ႕ေနာ္။
(၇) နားလည္မႈရွိတဲ့သူပဲ လိုခ်င္တယ္
ဘ၀အတြက္ အရာရာဖန္တီးေပးနိုင္တဲ့သူမ်ိဳးထက္
သူတို႕ကို နားလည္ေပးမယ့္သူကိုသာ တစ္ဘ၀စာ လိုခ်င္ၾကတာပါ။
မွတ္ထားလိုက္ေတာ့ေနာ္
ေသာၾကာသမီးေလးေတြအတြက္ ဘာမွမလိုဘူး… နားလည္မႈပဲ လိုတယ္ ဆိုတာေလး…..။
Credit
Unicode
သောကြာသမီးလေးတွေကို ချစ်သူတော်မယ့်သူတွေ မဖြစ်မနေသိထားသင့်တဲ့ အချက် (၇)ချက်
သောကြာသမီးတွေဆိုတာ အချစ်နတ်ဘုရားမ ဗီးနပ်စ်ရဲ့ ကိုယ်ပွားတွေပါ။
အချစ်၊ အလှအပ၊ ဖော်ရွေမှု၊ စိတ်ကူးယဉ်ဆန်မှု၊ နူးညံ့မှုနဲ့ အနုပညာဆန်တဲ့ အသွင်အပြင်မျိုးကို ပိုင်ဆိုင်ထားကြပါတယ်။
ကိုကို၊ မောင်မောင်တို့ သောကြာသမီးလေးတွေကို ချစ်သူတော်ဖို့ စိတ်ကူးနေတယ်ဆိုရင်တော့
သူတို့နဲ့ ပတ်သက်ပြီး ဒါလေးတွေ သိထားဖို့တော့ လိုပါလိမ့်မယ်နော်။
(၁) အပျင်းလေးမို့ ခွင့်လွှတ်ပါ
သောကြာသမီးလေးတွေဟာ အရမ်းကို အပျင်းကြီးပြီး
သက်တောင့်သက်သာပဲ တစ်ချိန်လုံးနေချင်ကြတာပါ။
ပျင်းနေရတာလေးကို ပျော်နေတတ်တဲ့သူလေးတွေမို့
သူတို့ကို ပျော်စေချင်ရင် ဒါလေးကိုတော့ နားလည်ပေးရပါမယ်နော်။
(၂) အပြစ်ဆိုလို့ ဆွဲဆောင်မှုရှိနေတာလေးပဲ
သူငယ်ချင်းတွေနဲ့တွေ့ရင် မရပ်မနားစကားတွေ များသလောက်
သိပ်မရင်းနှီးသူတွေနဲ့ဆို ဘာမှထွေထွေထူးထူး
ဝင်မပြောတတ်ဘဲ ခပ်အေးအေးနေတတ်ကြပါတယ်။
သူတို့ဘာသာ အေးအေးဆေးဆေးနေတတ်တာက
ဆွဲဆောင်မှုရှိနေပြီး အဲ့ဒီအချက်ကြောင့် ပြိုင်ဘက်တွေရဲ့ မနာလိုခြင်းကို ခံရတာပါ။
(၃) တစ်ယောက်တည်းနေရတာ ပိုပျော်သူပါ
သူတို့ကြိုက်တာလေးတွေ လုပ်ရင်း
အိမ်ထဲမှာ နားအေးပါးအေး နေနေရရင် တစ်နေကုန်လည်း နေနိုင်တယ်ဆိုတာမျိုးပေါ့။
သူတို့ကို ပျော်အောင်ထားမယ့် ၊ မပွားမယ့် ၊ နားမငြီးမယ့်ချစ်သူမျိုးကိုပဲ ရွေးချယ်တတ်ကြပါတယ်။
စိတ်ညစ်၊ စိတ်ရှုပ်ရမယ့်ကိစ္စဆို ဘာကိုမှ လက်မခံနိုင်တဲ့သူလေးတွေပါ။
(၄) ဖန်တီးနိုင်စွမ်းရှိသူတစ်ယောက်
အကြောင်းအရာတစ်ခုကို သူများတွေ မတွေးတဲ့ဘက်က တွေးတတ်ပြီး အသစ်ဖန်တီးနိုင်စွမ်း ရှိသူလေးတွေပါ။
ပြဿနာတစ်ခုကို အကောင်းဆုံးပြေလည်အောင် ဖြေရှင်းနိုင်စွမ်းလည်း ရှိကြပါတယ်။
(၅) အချစ်ကြီးသလောက် နာကျင်ရမှာကြောက်တယ်
ဘယ်အရာမဆို အသေးစိတ်ခံစားတတ်ပြီး အချစ်ကြီးတဲ့သူလေးတွေပါ။
ဒါပေမယ့် သူတို့ချစ်သလောက် ပြန်မချစ်မှာစိုးတာရယ်၊
အချစ်ကြောင့် နာကျင်ရမှာ ကြောက်တာရယ်ကြောင့် သောကြာသမီးလေးတွေက ချစ်သူထက် သူတို့ကိုယ်သူတို့ ပိုချစ်ကြပါတယ်တဲ့။
(၆) အရှုံးတွေကို လက်မခံနိုင်ဘူး
ဘယ်အရာအတွက်ပဲဖြစ်ဖြစ် ရှုံးရတာကို သိပ်မုန်းတာကြောင့်
သောကြာသမီးလေးတွေက ပြိုင်ပွဲတွေကိုတောင် ဝင်ပြိုင်ချင်စိတ် လုံးဝမရှိပါဘူး။
ဒါကြောင့် သောကြာသမီး ချစ်သူရှိတယ်ဆိုရင်
သူမကို အချစ်မှာ ရှုံးနိမ့်တဲ့ ခံစားချက်မျိုး မပေးမိပါစေနဲ့နော်။
(၇) နားလည်မှုရှိတဲ့သူပဲ လိုချင်တယ်
ဘဝအတွက် အရာရာဖန်တီးပေးနိုင်တဲ့သူမျိုးထက်
သူတို့ကို နားလည်ပေးမယ့်သူကိုသာ တစ်ဘဝစာ လိုချင်ကြတာပါ။
မှတ်ထားလိုက်တော့နော်
သောကြာသမီးလေးတွေအတွက် ဘာမှမလိုဘူး… နားလည်မှုပဲ လိုတယ် ဆိုတာလေး…..။
Credit