Love

အခ်စ္စစ္ အခ်စ္မွန္နဲ႔ ဆံုေတြ႔ေနၿပီ ျဖစ္ေၾကာင္း သက္ေသျပေနတဲ့ လကၡဏာရပ္မ်ား

အခ်စ္စစ္ အခ်စ္မွန္နဲ႔ ဆံုေတြ႔ေနၿပီ ျဖစ္ေၾကာင္း သက္ေသျပေနတဲ့ လကၡဏာရပ္မ်ား

Right time Right person ဆိုၿပီးေျပာေလ့ ရွိၾကေပမယ့္ လြယ္လြယ္ဆံုဖို႔ေတာ့ ခဲယဥ္းပါတယ္။

Right Person မေရာက္ခင္မွာလည္း အခ်စ္ကို မွားယြင္းၿပီး ေတြ႔ဆံုတတ္ ၾကပါေသးတယ္။

ဒီလိုဆိုေပမယ့္္လည္း အခ်စ္ကို တန္းၿပီးေတြ႔ၾကတဲ့ သူေတြနဲ႔ အခ်ိန္တိုအတြင္း ေတြ႔ၾကတဲ့သူေတြလည္း ရွိၾကပါတယ္။

ဒီေတာ့ အခ်စ္စစ္နဲ႔ ႀကံဳေနၿပီလားဆိုတာကို ဒီအခ်က္ေလးေတြကိုၾကည္႔ျပီး သိႏိုင္ပါတယ္ေနာ္ …။

(၁) စိတ္ခ်င္းဆက္တယ္

တစ္ေယာက္ကို တစ္ေယာက္ခ်စ္ၾကတဲ့သူေတြက စိတ္ခ်င္းဆက္ေနၾကတာ မ်ားပါတယ္။

ကိုယ္ တစ္ခုခုကို စားခ်င္ေနတဲ့အခ်ိန္မွာ သူကလည္း စားခ်င္ေနတာမ်ိဳး၊

အက်ႌအေရာင္ဆင္တူ ဝတ္ထားတတ္တာမ်ိဳးေတြကို မၾကာခဏ တိုက္ဆိုင္ ေနၾကမွာပါ …။

(၂) စကားေျပာစရာ မလုိဘူး

မ်က္ဝန္းခ်င္း စကားေျပာတယ္ဆိုတာက အခ်စ္ကို ေတြ႔ၾကတဲ့သူေတြသာ သိတာပါ။

တစ္ေယာက္ကို တစ္ေယာက္ စကားေတြ ေျပာေနစရာမလုိပဲ အၾကည့္နဲ႔တင္ သူဘာကို ေျပာတယ္ဆိုတာ

သိတာမ်ိဳးက အခ်စ္္စစ္ အခ်စ္မွန္ေတြမွာပဲ ရွိၾကပါ။

အဲ့သည့္ စကားေျပာတဲ့ အၾကည့္ေတြမွာပဲ အျပန္အလွန္ ရင္ခုန္ၾကတာပဲ ျဖစ္ပါတယ္ …။

(၃) တစ္ေယာက္ကို တစ္ေယာက္ သိတယ္

ဘယ္လိုပဲ လူေတြ တစ္ေယာက္ကိုတစ္ေယာက္ ရင္းႏွီးတယ္ဆိုၾကပါေစ တစ္ေယာက္ကို တစ္ေယာက္ သိဖို႔ ခက္ပါတယ္။

သူ ဘာေတြ ႀကိဳက္တတ္တယ္။

ဘယ္လိုေတြ မႀကိဳက္ဘူးဆိုတာေတြကို သတိထားမိ ေနတတ္တာက

အခ်စ္စစ္ အခ်စ္မွန္ကို ခံစားရေတာ့မွ သိၾကတာ ျဖစ္ပါတယ္ …။

(၄) အေလွ်ာ့ေပးတယ္

ခ်စ္ၾကတဲ့သူေတြက စိတ္ဆိုးရင္ေတာင္ ၾကာၾကာစိတ္ဆိုးေလ့ မရွိၾကပါဘူး။

တစ္ဖက္ဖက္ကေန အေလွ်ာ့ေပးရင္း ျပန္ေျပလည္သြားၾကတာ မ်ားပါတယ္။

သူ႔ဘက္ ကိုယ့္ဘက္ အေလွ်ာ့ေပးရင္း ဖူးစာဖက္ေတြ ျဖစ္ေနတတ္တာပါ …။

(၅) သူစိမ္းမဆန္ဘူး

ခ်စ္သူေတြ ျဖစ္သြားၾကတိုင္း ရင္းႏွီးသြားၾကတာမ်ိဳး မဟုတ္ပါဘူး။

လူခ်င္း ရင္းႏွီးရင္ေတာင္မွ စိတ္ခ်င္း မရင္းႏွီးတာေတြလည္း ရွိပါတယ္။

ဒါေပမယ့္လည္း အခ်စ္စစ္ကို ပိုင္ဆိုင္ထားၾကသူေတြကေတာ့ ႏွစ္ကိုယ့္တစ္စိတ္လို ရင္းႏွီးေနတတ္ပါတယ္။

ဒါေၾကာင့္ သူစိမ္းထက္ မိသားစုလို ခံစားေနရ တတ္ပါတယ္ေနာ္ …။ ။

Kham

Unicode

အချစ်စစ် အချစ်မှန်နဲ့ ဆုံတွေ့နေပြီ ဖြစ်ကြောင်း သက်သေပြနေတဲ့ လက္ခဏာရပ်များ

Right time Right person ဆိုပြီးပြောလေ့ ရှိကြပေမယ့် လွယ်လွယ်ဆုံဖို့တော့ ခဲယဉ်းပါတယ်။

Right Person မရောက်ခင်မှာလည်း အချစ်ကို မှားယွင်းပြီး တွေ့ဆုံတတ် ကြပါသေးတယ်။

ဒီလိုဆိုပေမယ့်လည်း အချစ်ကို တန်းပြီးတွေ့ကြတဲ့ သူတွေနဲ့ အချိန်တိုအတွင်း တွေ့ကြတဲ့သူတွေလည်း ရှိကြပါတယ်။

ဒီတော့ အချစ်စစ်နဲ့ ကြုံနေပြီလားဆိုတာကို ဒီအချက်လေးတွေကိုကြည့်ပြီး သိနိုင်ပါတယ်နော် …။

(၁) စိတ်ချင်းဆက်တယ်

တစ်ယောက်ကို တစ်ယောက်ချစ်ကြတဲ့သူတွေက စိတ်ချင်းဆက်နေကြတာ များပါတယ်။

ကိုယ် တစ်ခုခုကို စားချင်နေတဲ့အချိန်မှာ သူကလည်း စားချင်နေတာမျိုး၊

အင်္ကျီအရောင်ဆင်တူ ဝတ်ထားတတ်တာမျိုးတွေကို မကြာခဏ တိုက်ဆိုင် နေကြမှာပါ …။

(၂) စကားပြောစရာ မလိုဘူး

မျက်ဝန်းချင်း စကားပြောတယ်ဆိုတာက အချစ်ကို တွေ့ကြတဲ့သူတွေသာ သိတာပါ။

တစ်ယောက်ကို တစ်ယောက် စကားတွေ ပြောနေစရာမလိုပဲ အကြည့်နဲ့တင် သူဘာကို ပြောတယ်ဆိုတာ

သိတာမျိုးက အချစ်စစ် အချစ်မှန်တွေမှာပဲ ရှိကြပါ။

အဲ့သည့် စကားပြောတဲ့ အကြည့်တွေမှာပဲ အပြန်အလှန် ရင်ခုန်ကြတာပဲ ဖြစ်ပါတယ် …။

(၃) တစ်ယောက်ကို တစ်ယောက် သိတယ်

ဘယ်လိုပဲ လူတွေ တစ်ယောက်ကိုတစ်ယောက် ရင်းနှီးတယ်ဆိုကြပါစေ တစ်ယောက်ကို တစ်ယောက် သိဖို့ ခက်ပါတယ်။

သူ ဘာတွေ ကြိုက်တတ်တယ်။

ဘယ်လိုတွေ မကြိုက်ဘူးဆိုတာတွေကို သတိထားမိ နေတတ်တာက

အချစ်စစ် အချစ်မှန်ကို ခံစားရတော့မှ သိကြတာ ဖြစ်ပါတယ် …။

(၄) အလျှော့ပေးတယ်

ချစ်ကြတဲ့သူတွေက စိတ်ဆိုးရင်တောင် ကြာကြာစိတ်ဆိုးလေ့ မရှိကြပါဘူး။

တစ်ဖက်ဖက်ကနေ အလျှော့ပေးရင်း ပြန်ပြေလည်သွားကြတာ များပါတယ်။

သူ့ဘက် ကိုယ့်ဘက် အလျှော့ပေးရင်း ဖူးစာဖက်တွေ ဖြစ်နေတတ်တာပါ …။

(၅) သူစိမ်းမဆန်ဘူး

ချစ်သူတွေ ဖြစ်သွားကြတိုင်း ရင်းနှီးသွားကြတာမျိုး မဟုတ်ပါဘူး။

လူချင်း ရင်းနှီးရင်တောင်မှ စိတ်ချင်း မရင်းနှီးတာတွေလည်း ရှိပါတယ်။

ဒါပေမယ့်လည်း အချစ်စစ်ကို ပိုင်ဆိုင်ထားကြသူတွေကတော့ နှစ်ကိုယ့်တစ်စိတ်လို ရင်းနှီးနေတတ်ပါတယ်။

ဒါကြောင့် သူစိမ်းထက် မိသားစုလို ခံစားနေရ တတ်ပါတယ်နော် …။ ။

Kham